ကုက္ကိုလ်ပင်အောက်မှ သရဲ

in #myanmar6 years ago

အပိုင်းဆက်..
image
အဖြစ်ကား စီးလာသော ကတ္တီပါ ဖိနပ်နှင့် အမြှစ်တစ်ခုတို့ ချိတ်လှဲလေခြင်းဖြစ်လေသည်။"တောက်..အရေးထဲကွာ"ဟု စုတ်တသတ်သတ် ညည်းရင်း လက်တစ်ဖက်ဖြင့် အားပြုကာ ပြန်ထရလိုက်၏။ထိုနောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့် အကျ င်္ီစကို တစ်ယောက်ယောက် က လှမ်းဆွဲလိုက်သလိုဖြစ်သွားလေသည်။"ဘုရား...ဘုရား" သရဲများလား၊မနှောက်ယှက်ပါနဲ့ကွာ ငါသွားပါရစေ"ဟု ပါးစပ်မှ အထစ်ထစ်အငေါ့ငေါ့ ပြောကာ နောက်သို့ မရဲတရဲလှည့်ကြည့်လိုက်လေရာ..မြေကြီးမှ.နွယ်ချိတ်ကလေးတစ်ခုသည်အင်္ကျီစမှာ ချိတ်နေလေသည်။ကနဦး လှဲကျသွားစဉ်က မြေကြီးတွင်ပြေးနေသော နွယ်ချိတ်က အကျ င်္ီမှာ ချိတ်ပါခဲ့ဟန်တူ၏။ထိုအခါမှပင် အောင်ကြီးတစ်ယောက် "တော်ပါသေးရဲ့ကွာ"ဟု သက်ပြင်းချနိုင်လေသည်။မဖြစ်ပါဘူး ဒီနေရာက အမြန်သွားမှဖြစ်မည်ဟု တွေးလျက် ဆက်သွားရာ အနောက်မှ လူတစ်ယောက်လမ်းလျှောက်သံ "တရှပ်ရှပ် "မည်သံကို ကြားရပြန်လေသည်။
image
image source
စိတ်လောနေ၍ အစက သိပ်သတိမထားမိသော်လည်း
ခြေလှမ်း၁၅လှမ်းမျှ တွင်ကား သတိပြုမိလာ၏။ခြေသံ
သည် တိတ်ဆိတ်နေသော နေရာတွင် သိသာစွာကြားနေရလေသည်။မိမိရွာက လူများ ဖြစ်နေမလားဟု ဝမ်းသာအားရ လှည့်ကြည့်လိုက်ရာ အနောက်တွင် မိမိမှတစ်ပါး အခြားသူမရှိ။ပတ်ဝန်းကျင်သည် အေးနေသော်လည်း ချွေးမျးပင်စို့လာပါသည်။"စိတ်ထင်တာနေမှာပါကွာ"ဟု အားပြန်တင်းကာ ဆက်လျှောက်အခိုက် ခြေသံ
သည် ထပ်မံပေါ်ထွက်လာပြန်ပါသည်။ခြေလှမ်းသည်
ယခင်ကထက် မြန်လာ၏။သို့သော် ခြေသံသည် မပျောက်သွား၊အနောက်မှ ကပ်လိုက်နေသလိုပင် ဖလပ် ဖလပ်နှင့်လိုက်နေပြန်ပါသည်။ဘာလဲကွာ ဟုအော်လျက် တုံ့ကနဲရပ်ပစ်လိုက်ရာ ခြေသံသည်လည်း တိတ်သွား
ပြန်၏။တဖန်ဆက်သွားပြန်လေရာ ခြေသံသည် ပို၍
ကျယ်လာသလိုပင် ထင်ရ၏။ဒူးများပင် တုန်လာပါပြီ။
ကြောက်စိတ်တို့သည် ငယ်ထိပ်ကိုရောက်လေပြီ။"အမလေး အမေရယ် ကယ်ပါဦးဗျ"ဟု ဟစ်အော်လျက် ကိုအောင်ကြီးတစ်ယောက် သုတ်ချေတင်ပြေးလေတော့သည်။သို့သော် အနောက်မှ ထိုခြေသံသည် ပျောက်၍မသွား၊"တရှပ်ရှပ်၊ဖလပ်လပ်"ဖြင့် လိုက်ပါလာဆဲပင်ဖြစ်၏။ကယ်ကြပါဦး၊ကယ်ကြပါဦး ဟု အော်ကာ ထပ်မံ
အရှိန်တင်လျက် ပြေးပြန်သည်။အနောက်မှ ထိုအသံ
သည် ပို၍ ကျယ်လောင်စွာဖြင့် လိုက်လာပြန်လေသည်။
ကိုအောင်ကြီးတစ်ယောက် အမောဆို့ကာ အသက်ရှုတာပင် မမှန်ချင်တော့ပေ၊သို့သော် ခြေထောက်တို့သည်
ရပ်တန့်၍မရ နောက်ကျသည့် ခြေထောက် သစ္စာဖောက်ဟု သတ်မှတ်လျက် စုံတင်ပြေး၏။ခေါင်းပါမကျန် တစ်ကိုယ်လုံး ကြက်သီးများ ချုပ်ကာ အားကုန်ပြေးလာ
လိုက်ရာ ရွာ ထဲရှိ အိမ်များကို လှမ်းမြင်လိုက်သည်နှင့်
"ကျူပ်ကို ကယ်ကြပါဦးဗျာ ကျုပ်နောက်သရဲလိုက်လာလို့ပါ လာကယ်ကြပါဦး"ဟု ငိုဂျီးချက်မဖြင့် အော်ကာ
ပြေးလေသည်။သို့သော်ကား အနောက်မှ ခြေသံကြီး
သည် ထပ်ကြပ်မကွာ လိုက်နေသေး၏။အသံကြားလိုက်
ပြေးလိုက်၊ပြေးလေ ခြေသံက လိုက်လေဖြင့် သံသရာလည်ကာ အိမ်အရောက် ပြေး၏။ရွာသူ၊ရွာသားများ
သည်လည်း ကိုအောင်ကြီးအော်သံကြီးကိုကြားကာ
ဘာဖြစ်တာလဲ ဘာလဲ ဟု ကိုအောင်ကြီးနောက် မီးကိုယ်စီဖြင့် ပြေးလိုက်ကြလေသည်။ကိုအောင်ကြီးသည်
ဖိနပ်ပင်မချွတ်တော့ဘဲ အိမ်ပေါ်အတင်းပြေးတက်ကာ ချွေးတဒီးဒီးဖြင့် ဟောဟဲဆိုက်နေလေသည်။ရွာသားများ
ရောက်လာသော် "ဘာဖြစ်တာလဲ အောင်ကြီး" "ဘာကောင် လိုက်လို့လဲ"စသည်ဖြင့် သူတစ်ပေါက် ငါတစ်ပေါက် ဝိုင်းမေးကြ၏။ကိုအောင်ကြီးခဗျာ ရုတ်တရက် ပြန်မဖြေနိုင်ဘဲ ဟောဟဲဆိုက်နေရာ ရွာသားများက ရေ
တိုက် လိုက်မှ အနည်းငယ်သက်သာရာ ရသွားဟန်တူလေသည်။ထိုအခါမှ "ကျွန်တော့နောက် သရဲလိုက်လို့ဗျ"
ကုက္ကိုလ်ပင်ကြီးအောက်က လိုက်လာတာ၊အိမ်ထဲထိတောင် ဝင်လိုက်လာတယ် "ဟု ပြောလေသည်။ရွာသား
များက" ဘယ်မှာလဲဟ သရဲက " "တွေ့လည်းမတွေ့ဘူး"
ဟု ဝိုင်းပြောကြရာ ကိုအောင်ကြီးတစ်ယောက် ဒေါသ
ထွက်လာကာ "ကျုပ်နောက် တကယ်လိုက်လာတာဗျ၊
တစ်လမ်းလုံးလိုက်လာတာ၊ခင်ဗျားတို့က မယုံကြဘူး
လား"ဟု ဒေါသတကြီး ဖြင့် ထိုင်ရာမှ ထရပ်ကာ အိမ်ပေါက်ဝသို့ လှမ်းအထွက်..."ဖလပ် ဖလပ် "မည်သံသည်
ပေါ်ထွက်လာပြန်လေသည်။ထိုအခါ ကိုအောင်ကြီးတစ်
ယောက် အောက်ကို ငုံ့ကြည့်မိရာ မိမိစီးထားသော
ကတ္တပါဖိနပ်အောက်ခံသား ကွာနေသည်ကို တွေ့လိုက်
ရလေသည်။ထိုမှကိုအောင်ကြီးသည် တရားခံကို သဘောပေါက်သွားပါသည်။ကုက္ကိုလ်ပင်အောက်တွင် အမြှစ်နှင့် ချိတ်မိကာ လှဲကျစဉ်က ဖိနပ်ကွာသွားဟန်တူလေသည်။ရွာသားများသည်လည်း ချက်ချင်းသဘောပေါက်သွားကြကာ "ဟင် အောင်ကြီးကတော့ လုပ်ပီဟေ့"ဟု ဝိုင်းပြောကြလေသည်။ကိုအောင်ကြီးခမျာ တုန်နေသော ဒူးတို့က မငြိမ်သေး၊ရှက်လည်းရှက်ရှက်ဖြင့်
"ဒုက္ခပေးတဲ့ ဖိနပ်စုတ် ငါ့မှာပြေးလိုက်ရတာ သေတော့မဟ်ဟ သွားစမ်းကွာ"ဟု ဆိုလျက် ခြေမှဖိနပ်ကို ဆွဲချွတ်ကာ လွှင့်ပစ်လိုက်လေတော့သည်။
ပြီးပါပြီ။
image
image source
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

Congratulations @kyawthuyein! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဖိနပ်စုပ်သရဲနဲ့ တွေ့တာကိုး...

ဟီး ဟီး ဟုတ်ပါ့ ကိုဟိန်းရေ

သရဲ​​ကြောက်​ပါတယ်​ချို

သရဲလွှတ်လိုက်မယ်

သရဲကားလဲကြည့်ရတယ်ဟ

အာ့လိုဘဲ ကိုယ်​​တွေလည်း ​ပြေးရင်​​နောက်​ကိုလှည့်​မကြည့်​တာ😂

ခုလည်း ပြေးနာပဲ့

‌ကြောက်‌စိတ်‌‌တော်‌‌တော်‌များများသည်‌ ကိုယ့်‌အထင်‌များသာဖြစ်‌ပါတယ်‌။

မှန်ပါတယ် ကိုမဟော်

ငိုအားထက် ရီအားသန်

ဟီးဟီး

သရဲတော့ ကြောက်ပါသည်ခင်ဗျ

တူတူပဲ့

သချိုင်းထဲ လကွယ်ည မှာ ငုတ်ရိုက်ခိုင်းရမှာ ☺☺☺

Voteခဲ့ပါတယ်ဗျာ
ညကြီးမလို့မဖတ်တော့ဘူး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62763.51
ETH 2579.20
USDT 1.00
SBD 2.72