G4 မှ စကားသံများ

in #myanmar6 years ago (edited)

MSC G4ရက်သားမျှသာရှိသေးသောကျွန်ုပ်သည် ထိုခေါင်းစဉ်လေးကိုစတင်တွေ့ချိန် အတွေးထဲတရစ်တဝဲဝဲဖြင့် လည်ပတ်နေချေသည်။G4တွေ စကားပြောတဲ့ရက်များလားပေါ့။နောင်မနေနိုင်တဲ့အခါ ကျွန်ုပ်၏ဆာကီး
(သော့ဆရာမဟုတ်ပါ😆😆)SLမဟူရာ@htetwaihinကိုမေးကြည့်လေတော့သည်။မဟူရာSLကြီးက#G4မှစကားသံများဆိုတာ အစီအစဉ်သစ်တစ်ခုတစ်နေနဲ့ Group4ထဲမှာပြောဆိုနေကြတဲ့စကားတွေထဲက ကိုယ်ကြိုက်တဲ့အကြောင်းအရာကိုကိုယ့်အမြင်လေးနဲ့တစ်ယောက်နှင့်တစ်ယောက်စိတ်မဆိုးကြေး အပြန်အလှန်ရေးခြင်းဖြစ်ပါတယ်။ရည်ရွှယ်ချက်က G4 Groupကြီးမှ Member များ တစ်ယောက်နှင့်တစ်ယောက် ပို၍ရင်းနှီးမှုရရှိစေပြီး Groupပိုမိုအသက်ဝင်စည်ကားစေရန်ဖြစ်ပါတယ်"လို့ရှင်းပြတဲ့အခါရည်ရွှယ်ချက်လေးကို သဘောကျမိသည်။မဟူရာSLကြီးက အသားလေးကသာ မဟူနက်ရောင် ရှိတာ ချစ်ဖို့ကောင်းတဲ့ planလေးတွေစီစဉ်တတ်
သားဟု လေးစားမိပါသေးသည်။
image
ပထမဦးစွာ မည်သူကိုဖဲ့ရမည်နည်း(အဲ မဟုတ်ပါဘူး)မည်သူ့အကြောင်းလေးဖော်ကျူးရမည်နည်းဟု ဖုန်း
ပေါ်လက်တင် စဉ်းစားလိုက်သည့်အခါ အတွေးထဲ တလက်လက်နဲ့ ပေါ်လာသူကား ကျွန်ုပ်၏မဟူရာSLကြီးပင်။
မဟူရာဟုဆိုခြင်းမှာ မဲသည်ဟုမဆိုလို😀😀မဲသည်ထက်ပိုသော ပို၍နက်သောဟူ၍အဓိပ္ပါယ်ဖွင့်၏😜😜။
မဟူရာSLကြီးသည် G4 တွင် တတိယစကားအများဆုံး
လူတစ်ယောက်ဖြစ်သည်။တတိယဟုဆိုခြင်းမှာအရှေ့
တွင် ပထမနှင့်ဒုတိယရှိသေးသည်ဟု ဆိုလိုခြင်းပင်ဖြစ်
၏။ထိုပထမနှင့်ဒုတိယသည် အဘယ်သူများဖြစ်ကုန်
သနည်းဟု စဉ်းစားကြည့်ကြပါကုန်။(နောက်ဆက်တွဲများတွင်ဖော်ပြငြားအံ့)။
image
ယခုအချိန်မှာမူ ကျွန်ုပ်၏ဇာတ်လိုက်ကြီးကား မဟူ
ရာSLဖြစ်သည့်အလျောက် မဟူရာSL အကြောင်းသာ
ဖော်ကျူးအံ့။SLကြီးတွင် ရည်မှန်းချက် တစ်ခုရှိ၏။ဤကားငှက်ပျောတောထဲတွင် အိမ်ဆောက်နေရန်ဖြစ်လေ
သည်။အဘယ်ကြောင့်ဆိုသော် မဟူရာSLသည် ငှက်ပျောတုံးဖက် ၍ ဘဝကို ဖြတ်သန်းရန်ရှိသောကြောင့်တည်း။အသက်အားဖြင့် ၃၀နီးပါးရှိပြီဖြစ်သော်လည်း ယခုအချိန်တိုင်ချစ်စရာဆိုလို့ အုန်းသီးခြစ်တံမျှပင်မရှိသေးချေ။ဘုရားရှေ့တွင်အုပ်စုလိုက်ရှိနေသော ခိုအုပ်ထဲသို့
တစ်စုံတစ်ခု ရုတ်တရက်ရောက်လာသည့်အခါ "ခိုငှက်
များ ထပျံပြေးသကဲ့သို့" မိန်းကလေးများအပါးသို့SLချဉ်း
ကပ်သည့်အခါ အဝေးသို့ ရှဲထွက်ကုန်၏။ကျွန်ုပ်သည်
ထိုအချက်အတွက် အလွန်တရာ မကျေနပ် ဒေါသဖြစ်ရ
ချေသည်။ထိုမိန်းကလေးများသည် ကျွန်ုပ်၏မဟူရာ
SLကြီးကို အာဖရိကမှ သူလျို ဟု ထင်ချေ၍လော စစ်ပြေးတစ်ယောက်ဟု ထင်၍လော မပြောတတ်ပေ။ထို့အတွက် ကျွန်ုပ်သည် အလွန်တရာ ဒေါသဖြစ်ရလေသည်။
မဟူရာSLသည် အလွန်ထင်ပေါသောလူတစ်ယောက်ဖြစ်လေသည်။မကြာသေးမှီကပင် ရုပ်ရှင် များ ကြော်
ညာများ ရိုက်ကူးရန်ကမ်းလှမ်းခံရလေသည်။ကမ်းလှမ်း
ခံရသော ရုပ်ရှင်များမှာ အာဖရိက တောတွင်းဇာတ်ကား
များ အမေရိကန်လူဖြူလူမဲ ခွဲခြားသောကြောင့် လူဖြူ တို့
အားဆန့်ကျင်သည့်ဇာတ်ကားတွင် ဆန့်ကျင်ရေးခေါင်းဆောင်အဖြစ် သရုပ်ဆောင်ရမည့် actor အနေဖြင့်လည်းကောင်း နိဂရိုးဇာတ်ကားများ စသည့်ဇာတ်ကားများတွင် ဇာတ်ဆောင်အဖြစ် ရိုက်ကူးရန်ကမ်းလှမ်းခံရလေသည်။
တစ်နေ့တစ်နေ့ ကြော်ညာများရိုက်ကူးရန် ကမ်းလှမ်းမှုများသည် မပြတ်ရှိ၏။Skin Beautiful Cream ကြော်ညာများတွင် အသားမဖြူ၍ ထိုcream လိမ်းရာမှ
ချက်ချင်းဖြူဥသွားသော ကြော်ညာမျိုးတွင် လူဖြူတစ်ယောက်နှင့် တွဲ၍သရုပ်ဆောင်ရန်ဖြစ်သည်။ထိုကဲ့သို့အလားတူကြော်ညာမျိုး ရိုက်ကူးရန်Cream ကုပ္မဏီ များမှ သူ့ထက်ငါ အလုအယက် ကမ်းလှမ်းကြ၏။ဤမျှ နာမည်ကြီး ထင်ပ်ါသော ကျွန်ုပ်၏မဟူရာSLကြီးပေတကား။
image
ကျွန်ုပ်၏မဟူရာSLကြီးသည် အလွန်အသန့်ကြိုက်
သောသူတစ်ယောက်ဖြစ်၏။ရေချိုးသည့်အခါ ဆပ်ပြာ
ကို အကြိမ်ကြိမ်တိုက်၏။ဆပ်ပြာကလေးတိုက်လိုက်
ရေချိုးလိုက် ဆပ်ပြာကလေးပြန်တိုက်လိုက်ဖြင့် တနေကုန် ရှိ၏။ကျွန်ုပ်မှာ" SLကြီး တော်ပါတော့ ဒီဆပ်ပြာ သည်ရေ တို့သည် SLကြီးအတွက် မစွမ်းဆောင်နိုင်တော့ပါ "ဟု ပြောဆိုမှပင်နားတော့သည်။သို့သော်ငြား ဇွဲ လုံ့လမလျော့ စိတ်ဓာတ်မကျချေ။အကြိမ်ကြိမ်ကြိုးစားရန်ပြင်ဆင်၏။လေးစားစရာစိတ်ဓာတ်ပင်ဖြစ်ချေ၏။
SLကြီးသည် အလှအပလည်း ခုံမင်၏။မျက်နှာတွင်
သနပ်ခါးဖွေးဖွေးလေးရှိမှနေတတ်၏။အဝတ်အစား ဝတ်
သည့်အခါလည်း လိုက်ဖက်မည့်ဝတ်စုံကိုရွေးချယ်ဝတ်ဆင်တတ်၏။အမဲရောင် အနက်ရောင် ရှိသည့် အဝတ်အစား တို့ကို တတ်နိုင်သရွေ့ ရှောင်ဝတ်၏။မလွှဲရှောင်သည့်အခါလည်း အမဲရောင်ချည်း မဝတ်ဆင်တတ်
အဖြူ (သို့)အခြားအရောင်များဖြင့်တွဲဝတ်တတ်၏။အပြင်
ထွက်သည့်အခါ အဖြူရောင် အင်္ကျီလက်ရှည် ဝတ်စုံလေးဝတ် မျက်နှာမှာသနပ်ခါးအဖွေးသားနှင့် လှပကျော့
ရှင်းစွာထွက်တတ်၏။အင်္ကျီလက်တိုများ V-Shape အကျ င်္ီများ ဘောင်းဘီတိုများ ဘယ်သောအခါမှဝတ်ဆင်လေ့မရှိပေ။စမတ်ကျလွန်းသော ထောင့်စေ့သော SL
ကြီးအဖြစ် လေးစားမိပေသည်။
image
မဟူရာSLကြီး၏ဂုဏ်ကို စိတ်ရှိအားရစွာ ဖွဲ့ဆို
ဖော်ကျူးမည်ဆိုသော် ကောင်းကင်ကြီးကို ပေလွှာပြင်
ကမ္ဘာမြေကြီးကို ကလောင်အဖြစ်တင်၍ရေးဖွဲ့မည်ဆိုသော်လည်းလောက်ငှလိမ့်မည် မထင် ။အချိန်အားဖြင့်မလုံလောက်သည့်အတွက် "G4မှစကားသံများ"အစီအစဉ်မှ မဟူရာSL ကြီးအကြောင်း ဖော်ကျူးရေးသားခြင်းကို အားရအောင် ထုတ်ဖော်ပြောကြားခွင့်မရသည့်အတွက်
မလုံလောက်သော အချိန်ကို မကျေနပ်စိတ်နှင့်ပင်
ဤနေရာ၌ တစ်ကွက်တစ်ခန်းနိဂုံးချုပ်ဦးအံ့။ ။

မှတ်ချက်။ ။G4မှစကားသံများ အစီအစဉ်လေး၏ရည်ရွှယ်ချက်လေးသည်တကယ်ပင် ကောင်းမွန်ပေ၏။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

SL ကြီးတစ်ယောက်ထဲနဲ့တင် တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်အောင် ရေးပြမလို့ လား ဒါတောင် အားမရသေးဘူးဆိုတော့ ငိငိ

ဟီး SL အထ္ထုပတ္တိက ရှည်လှပါတယ်ဘုရား

အော်မဟူရာ SL ကြီးလို့ နာမည်ကြီးနေတာ ဘယ်သူလဲမှတ်တယ် တို့စတင်းရွာက မီးသွေးဖုတ်တဲ့ ဘာဘူကြီးကိုးဟ။

အော်မဟူရာနှင်းရယ်မင်းအတွက်ရေနဲ့ဆပ်ပြာတို့သည်ဖြူလာအောင်မဆွမ်းဆောင်နိုင်တော့ပြီ။

အသားဖြူ ဆပ်ပြာ Cream ဝယ်သုံးလည်း ဖြူလာတော့မယ်မထင်ဘူးဗျာ😂😂

Sl တစ်​​ယောက်​ထဲ​ရေးမယ်​ဆို​တောင်​​တော်​​တော်​​ရေးလို့ရတယ်

ဟုတ်ပါ့.

G4တစ်ခုလုံး နှင်းမှ နှင်း

SL ကတော့ ပွဲဦးထွက် မှာ Popular ပေါ့ဗျာ

ဈေးဦးပေါက်သွားတာလေ

မဟူရာslကြီးက ကျော်ဝူကျိတို့ရွာသဂျီးဖြစ်နေပီဗျ လာကြည့်လိုက်ဦးနော်

လာကြည့်မယ်ဗျ

ကျွန်​​တော်​တို့ရဲ့ ချစ်​လှစွာ​သော SL ကြီးသည်​ကား ဇာတ်​လမ်းများ လက်​မလည်​​အောင်​ ရိုက်​​နေ​သော ဇာတ်​လိုက်​​ကျော်​ကြီး ပါ​ပေတည်း ..

ဇာတ်ဆောင်မင်းသားကြီး.

ဒီလောက်ရေးတာတောင် မ၀သေးဘူးလားအေ။နိပို့စ်ဖတ်ပီး မှောင်အတိကျသွားသလိုပဲ။ရေးတတ်ပါပေ့။

မဝသေးပါဘူးအေ အချိန်မရလို့နော် အချိန်များရရင်တော့
ဟင်း ဟင်း

မယ်နှင်းက မဲချောလေးဟက်

မဟူရောင် တောက်တောင်ပြောင်၍

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52