ကျွန်ုပ်နေချင်သောအနှစ်သက်ဆုံးည

in #myanmar6 years ago (edited)

အသူရာနေမင်းကြီးသည် တောင်စဉ်တောင်စွယ်များကို မှေးတင်ပြုကာ အနောက်ဂေါ်ယာကျွန်းဆီသို့ တဖြည်းဖြည်း ယွန်းသွားခဲ့လေပြီ။ကမ္ဘာလောကတစ်ခွင် ကို အလင်းဖြန့်ကျက်ပေးနေသော နေမင်းကြီး အိပ်စက်အနားယူသွားသည်နှင့် အရပ်ရှစ်မျက်နှာတစ်ခွင်သည် တရိပ်ရိပ် အမှောင်ကျသွားလေတော့သည်။ထိုသို့ အမှောင်ရိပ်ကျသွားခြင်းကို ည ဟူ၍ ကျွန်ုပ်တို့လူသားများက အမှတ်သညှာ ပြုကြပါသည်။
အမှောင်ကျသော ညတွင် မြို့ပြကြီးများမှာမူ
သဘာဝလွန် အရောင်စုံ အသွေးစုံ မီးရောင်တလက်လက်ဖြင့် ထိန်လင်းတောက်နေမည်ဖြစ်သော်ငြား ကျွန်ုပ်
၏ဇာတိ ရွာကလေးတွင်မူ ပျောက်တိပျောက်ကြား မီးရောင်ကလေးများကို မြင်တွေ့ရသော်လည်းအမှောင်အတိကျနေသလိုပင်ရှိချေ၏။ထိုသို့ အမှောင်အတိ ကျနေ
သော်လည်း ကျွန်ုပ်သည် မီးရောင်စုံများဖြင့် လှပနေသောမြို့ပြကြီးကို မလွမ်းမိပါ။အဘယ်ကြောင့်မူ တောရွာများတွင် မြို့ပြကြီး၌ရှိသော အလှအပများထက် သာလွန်သည့် သဘာဝအလှများ ရှိနေသောကြောင့်တည်း။
image
ဒီအချိန် မြို့ပြတွင် ကားသံ၊ဆိုင်ကယ်သံ အစရှိသည့် အသံများ ဆူညံနေမည်ဖြစ်သော်လည်း အခု တော
ရွာကလေးတွင်မူ ညပိုးကောင်များ၏ သေးငယ်သော အော်သံများမှအပ ဆူညံသံများအလုံးစုံ ကင်းပလျက်ရှိနေသည်။တိတ်ဆိတ်ခြင်းကို နှစ်သက်သောကျွန်ုပ်အဖို့
ထိုသို့ နေရခြင်းသည် အေးချမ်းသာယာလှပါသည်။ည အချိန်သည် မြန်မာစံတော်ချိန်၈နာရီလောက်ပင်ရှိသော်
ငြား တောရွာဓလေ့အရ လူငယ်အိပ်ချိန်ပင်ရှိလင့်ကစား လူကြီးခေါင်းချချိန်လည်း တစ်ပြိုင်တည်း ဖြစ်နေပါတော့သည်။
ည ကောင်းကင်ယံသည် ကြယ်ပွင့်ကလေးများ
ဟိုတစ်ပွင့် သည်တစ်ပွင့်ဖြင့် အလှဆင်ထား၏။ထက်
ဝေယံပြင်သည် ရေးတေးတေး လင်းလက်နေသည်ကို
တွေ့ရသောအခါ ကျွန်ုပ်သည် ပျော်ရွှင်လာမိပါသည်။
အဘယ်ကြောင့်မူ မကြာမှီအချိန်တွင် လမင်းကြီး ထွက်လာတော့မည်ကို သိရသောကြောင့်တည်း။အတွေးသည် မကြာလိုက်ပါချေ။လမင်းကြီးသည် လင်းလက်သောအဆင်တန်ဆာကို ဆင်မြန်းလျက် တိမ်တိုက်နန်းတော်
ထဲမှာ ခံ့ငြားစွာဖြင့် တရွေ့ရွေ့ ထွက်လာပါတော့သည်။
IMG_20180629_235900_HHT.jpg
မကြာမှီအချိန်တွင်း၌ပင် အမှောင်အတိကျနေသော
ကမ္ဘာလောကတစ်ခွင်သည် လမင်း၏ လင်းရောင်စဉ်
များဖြင့် လွှမ်းခြုံပြီးသကာလ ဝန်းကျင်တစ်ခွင် လင်း
ထိန်လာခဲ့ပါသည်။လမင်းစန္ဒာ၏ ဖြာကျနေသော ရောင်
စဉ်များကို ကမ္ဘာ မြေပေါ်ရှိ ပန်းပွင့်လေးများသည် အလုအယက် ဖမ်းယူစားသောက်ကြကာ အမွှေးရနံ့များ ထုတ်
လွှင့်ကြ၏။ညမွှေးပန်းခြုံများထံမှ ရနံ့များသည်လည်း လေပြေတစ်ချက် ဝေ့လိုက်တိုင်း သင်းပျံ့စွာ နှာဝသို့ ရောက်ရှိလာကြ၏။လရောင်လေးများသည် အပူအပင်ကင်းမဲ့စွာဖြင့် ဖြန့်ကျက်နေသည်မှာ အေးချမ်းလှပါသည်။
လမင်းစန္ဒာ၏ လရောင်စဉ်ဖြာများသည် ကျွန်ုပ်ဦးခေါင်းထက် ဖြာကျနေ၏။ထို့အတူ ကျွန်ုပ်တို့ခြံဧရိယာတွင်းရှိ တစိမ့်စိမ့် တသွင်သွင် စီးဆင်းနေသော စမ်းချောင်း
လေးပေါ်သို့လည်း လမင်းစန္ဒာသည် ဖြာကျနေ၏။စမ်း
ချောင်းလေးဆီမှ စီးဆင်းနေသော ရေသံလေးများသည်
တိတ်ဆိတ်သော ညအလယ် သံစဉ်တစ်ခုပမာ နဝင်ပီယံ
ဖြစ်လှပါသည်။ထိုသံစဉ်များနှင့်စမ်းချောင်းဘေးတွင်ကား ကျွန်ုပ်ရှိ၏။ကျွန်ုပ်ထိုင်နေရာ ရှေ့တွင်ကား
လက်ကိုင်ကိုင်းပါလက်ဖက်ရည်ကြမ်း အိုးလေးတစ်လုံး၊
အဖန်ရေသောက် ကြွေခွက်လေးတစ်လုံး၊ဖြစ်သလို ဆီဆမ်းထားသော လက်ဖက်သုပ်ခါးခါး တစ်ပန်းကန်၊လက်
ထဲတွင်ကား ထိုစာရေးလက်စ ဖုန်းလေးတစ်လုံး ရှိ၏။
သီချင်းဖွင့်ချင်သော်လည်း စမ်းချောင်းလေး၏သံစဉ်များ၊ညပိုးကောင်လေးများ၏သံစဉ်များကို ပီသစွာ မနားဆင်
ရမည်စိုး၍မဖွင့်တော့ပေ။ထို့အခိုက် လေပြေလေးသည် ဝေ့ကာဝှိုက်ကာဖြင့် ကျွန်ုပ်၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်မှာ မွှေးညှင်းလေးများ ထောင်သွားသည့်အထိ အေးစိမ့်စိမ့်လေးဖြစ်သွားပါသည်။လရောင်ဖြာကျနေသော စမ်းချောင်းလေးတွင်း၌ ငါးသေးသေးလေးများကို ချစ်စဖွယ်တွေ့ရ၏။ထိုသို့ တောရွာရှိ စမ်းချောင်းလေးတွင် အသက်ရှင် ပေါက်ဖွားလာသော ထိုငါးလေးများအတွက် ကျွန်ုပ်ဝမ်းသာ ရပါသေးသည်။မြို့ပြနှင့်နီးသော နေရာတွင်သာ ထိုငါးလေးများသည် ဖောက်ဖွားလာငြားအံ့၊ထိုငါးလေးများသည် အရွယ်ရောက်သည့်တိုင်အောင် အသက်ရှင်ရမည်မဟုတ်ပေ။
ထိုသို့ လရောင်ဖြာကျနေသော စမ်းချောင်းလေး
ဘေးတွင် အဖန်ရေပူပူလေး တဖူးဖူးမှုတ်သောက်၊
လက်ဖက်ခါးခါး ခပ်စားရင်း၊လမင်းစန္ဒာ၏အလှကို
တဝကြီးခံစားကာ စမ်းချောင်းလေး၏ ရေစီးသံလေးကို တမြေ့မြေ့နားဆင်ရသော အခိုက်၊ သဘာဝလေစစ်စစ်
နှင့်မွှေးပျံ့သော ညမွှေးပန်းရနံ့ များကို တဝကြီးရှုရှိုက်ကာ စာရေးနေရသော အခိုက်အတန့်သည် ကျွန်ုပ်အတွက် လူ့လောက၏ ပြည့်စုံလှသော လောကီစည်းစိမ်တစ်ခုပင်ဖြစ်ပါတော့သည်။ထိုသို့ညလေးမျိုးကား ကျွန်ုပ်ညစဉ် မက်မောတမ်းတရသော၊ညစဉ်နေချင်မိသော အနှစ်သက်ဆုံးညလေးတစ်ညပင်ဖြစ်ပါတော့သည်တကား။ ။
image
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

မြို့မှာဆို လမင်းကို ကောင်းကောင်းကြည့်လို့မရ၀ူး

အို ကျွနုပ်သည် သင့်အား မနာလိုမိပါရောလား
ငါးခြောက်ဖုတ်လေးဆိုပိုကောင်းမှပ

လက်ဖက်ပဲ့ကြိုက်တယ်

တောထဲတောင်ထဲ စမ်းရေသံကြားရတဲ့ အပင်ကြီးအောက်က ကွပ်ပျစ်ထက်ဝယ် ဆတ်သားခြောက်ဖုတ်လေးနဲ့ ရေနွေးကြမ်း ဘယ်ညာက ကမ်းမယ့် ပျိုမဒီတစ်သိုက်နဲ့ အကြည်ဆိုက်ရမယ်ဆိုရင်ဖြင့် အယ်မလေးး အာဂဘဝလူဖြစ်ကျိုးနပ်ပေအံ့တကားးး

ငမ်း ပျိုမဒီတစ်သိုက်ရယ်ဖြင့် အကြည်ဆိုက်ကာ ပျော်ချင်ပါသေည်လည်း နုနယ်သောအရွယ်မို့ ခွန်အားဖြင့်မခိုင်လုံ..ဒန့် ဒန့် ဒန့်

ကို​ကျော်​​တော့ စည်းဇိမ်းအပြည့်​နဲ့​ရေးထားတဲ့စာပါလား

ဟဲဟဲ ..လောကီစည်းစိမ်တစ်မျိုးပေါ့

စတ်ကူးလေးကောင်းပ။

ကျေးဇူးပါ ဦးညီရေ

ဖတ်လို့ ကောင်းပါတယ်

ကျေးဇူးပါ ကွာကာကြီး

ရန်ကုန်လိုမြို့ကြီးပြကြီးထက် ဘိတ် ထားဝယ်ဘက်က တောင်တောင်ရေမြေ သဘာဝမှာ နေထိုင်ရတာ ပိုပျော်တယ်ကွယ်

တောသားတွေဆိုတော့ တောသဘာဝကို ပိုအကြိုက်တွေ့တယ်ကွယ်

အိုးအစုံပါပဲလား။ကိုယ်တောင်လာချင်သွားပီလေ။

လှမ်းခဲ့ပါ သားတို့ဌာနီ

တစ်ကယ့် သဘာဝအလှစစ်ပါပဲ သားလေး

ကျေးဇူးပါ တီတီရေ.ခုလို လာရောက်အားပေးလို့

လသာညမှာ လမင်းကြီးကို မော့ကြည့်ပြီး လွမ်းနေရတာလောက် အရသာရှိတာ မရှိဘူး ငယ်တုန်းကပါ

လသာရင် အိပ်လို့ကို မပျော်ဘူး မစုရေ

Coin Marketplace

STEEM 0.16
TRX 0.14
JST 0.028
BTC 59117.70
ETH 2597.31
USDT 1.00
SBD 2.43