ပေးတဲ့ဆုနှင့်ပြည့်အောင်ကြိုးစားပါ့မည်

in #myanmar6 years ago

image
အထက်တန်း စာသင်ကျောင်း တစ်ခုတွင် စာမေးပွဲကြီး ဖြေဆိုတော့မည်ဖြစ်၍ ဓလေ့ ထုံးစံအတိုင်း အာစရိယ ပူဇော်ပွဲကျင်းပနေ၏။ဆရာ၊ဆရာမ များအား
ရှိခိုးကန်တော့ပြီးနောက် ဆရာ၊ဆရာမ အသီးသီးက
ဆုမွန်ကောင်းများပေးကြပါသည်။ကျောင်းသူ/သားများသည်လည်း ဆရာမတစ်ယောက် ဆုပေးပြီးတိုင်း `` ပေးတဲ့ဆုနှင့်ပြည့်ပါစေ´´ဟူ၍ သံပြိုင်ဆိုကြပါသည်။ထို
ကျောင်းသားများထဲတွင် ကျွန်ုပ်သည်လည်း အပါအဝင်
ဖြစ်၏။ထိုသို့ ဆရာမများ တစ်ယောက်ပြီးတစ်ယောက်
ဆုပေးပြီးနောက် ဇီဝဗေဒသင်သော ဆရာမအလှည့်သို့
ရောက်လာပါသည်။ဆရာမသည်လည်း အများနည်းတူ
ဆုမွန်ကောင်းများ ပေးပြီးနောက် ကျွန်ုပ်တို့သည်လည်း
ထုံးစံအတိုင်း''ဆရာမ ပေးတဲ့ဆုနှင့်ပြည့်ပါစေ"ဟူ၍ ဆိုကြပြန်ပါသည်။ထိုအခါတွင်မူ BIOဆရာမ ပြောလိုက်သော စကားလေးတစ်ခွန်း ကို ကျွန်ုပ် အလွန်နှစ်သက်
မိသွားပါသည်။ဆရာမပြောလိုက်သည်ကား "ပေးတဲ့ဆု
နှင့်ပြည့်အောင်ကြိုးစားပါ့မယ်"လို့ ပြောင်းဆိုကြပါဟူ၍ပင်။ထိုစကားလေးသည် ထိုအချိန်မှစ၍ ကျွန်ုပ်အားအမြဲ
အမှတ်ရနေစေကာ ထိုသို့ ဆုပေးခံရသည့်အခါတိုင်း
ထိုစကားလေးကို ပြောင်းပြောမိပါတော့သည်။
"ပေးတဲ့ဆုနှင့်ပြည့်ပါစေ" "ပေးတဲ့ဆုနှင့်ပြည့်အောင်ကြိုးစားပါ့မယ်"။ထိုစကား နှစ်ခွန်းသည် တူသယောင်ထင်ရသော်လည်း စကားလုံးငါးလုံး ကား မတူပါ။ထိုမတူ
သော စကားငါးလုံး နောက်တွင်လည်း မတူသော အဓိပ္ပါယ်အများကြီးရှိနေသည်ဟု ကျွန်ုပ်ထင်မိပါသည်။ကျွန်ုပ်၏အတွေးသည် အများနှင့်ဆန့်ကျင် ချင် ဆန့်ကျင်နေပါ့လိမ့်မည်။သို့သော် တွေးရတာ နှစ်သက်မိသောကျွန်ုပ်
သည် ထိုအရာကို ဆက်တွေးကြည့်ချင်ပါသည်။"ကဲ..
တွေးကြည့်ပါမည်။အထက်ဖော်ပြပါ စကားစုနှစ်ခုတွင်
"ပေးတဲ့ဆုနှင့်ပြည့်ပါစေ"ဟူသော စကားစုသည် အချောင်လိုချင်သော၊အသာအယာ လိုချင်သော စကားဖြစ်သည်ဟုထင်ပါသည်။(ကျွန်ုပ်အတွေးမျှသာဖြစ်ပါသည်။)
အဘယ်ကြောင့်ဆိုသော် ဥပမေယျအားဖြင့် "စာမေးပွဲကိုဂုဏ်ထူးများနှင့်အောင်မြင်နိုင်ပါစေ၊အရာရာအောင်မြင်ပြီးချမ်းသာပါစေ"ဟု ဆုပေးခဲ့သည်ဆိုပါစို့။ယခုခေါတ်သည် ပေးတိုင်းပြည့်သောခောတ်မဟုတ်တော့ပါဘူး။ထိုကြောင့် ပေးတဲ့ဆုနှင့်ပြည့်ပါစေ ဟူသော စကားကိုသဘောမတွေ့လှပါ။ဆုပေးတိုင်း ဖြစ်လာမည်မဟုတ်။စာမေးပွဲမှာ အောင်မြင်အောင်၊ဂုဏ်ထူးများနှင့်ထူးချွန်စွာအောင်မြင်အောင် ကြိုးစားမှသာလျှင် ပေးသောဆုနှင့်ပြည့်လာနိုင်မှာပါ။ကြီးပွားချမ်းသာပါစေဟူသော ဆုကိုလည်း ဘာမှမလုပ်ဘဲ ထိုဆုသည် ပြည့်လာမည်မဟုတ်ပေ။ ပေးတဲ့ဆုနှင့်ပြည့်အောင် ကြိုးစားမှသာ အမှန်တကယ်ပြည့်လာနိုင်မည်ဖြစ်၏။
"ပေးတဲ့ဆုနှင့်ပြည့်အောင် ကြိုးစားပါ့မယ်"ဟူသော စကားသည်ကား အဓိပ္ပါယ် ပြည့်ဝလှပါသည်။အားမာန်ပါလှပါသည်။ဆုပေးသော သူသည်လည်း ထိုစကား
ကိုပြန်ကြားရသည်အခါ "ပေးတဲ့ဆုနှင့်ပြည့်ပါစေ"ဟူသော စကားထက် သဘောကျနှစ်ခြိုက်မည်မှာ အမှန်ဖြစ်၏။"မိတ်ဆွေတို့..ထိုစကားနှစ်ခွန်းကို ယှဉ်ပြောကြည့်
ကြပါ။ဘယ်လို ထူးခြားမှုရှိနေလဲ၊ဘာတွေကွဲပြားနေလည်းဆိုတာ ခံစားမိမှာပါ။တစ်ခါလောက်ဖြစ်ဖြစ် ယှဉ်ပြောကြည့်ကြပါ။ပထမတစ်ကြိမ် ပြောပြီး ဒုတိယအကြိမ် ထပ်ပြောကြည့်ပါ။ပထမတစ်ကြိမ်ထက် ဒုတိယအကြိမ်ပြောသောစကားသည် ပို၍ အဓိပ္ပါယ်ရှိနေပါလိမ့်မည်။ထိုကြောင့် ကျွန်ုပ်သည် "ပေးတဲ့ဆုနှင့်ပြည့်အောင် ကြိုးစားပါ့
မယ်"ဟူသော စကားကိုသာ နှစ်သက်သဘောကျမိပါသည်။ကျွန်ုပ်တို့မြန်မာပြည်ကြီးတွင်လည်း"ပေးတဲ့ဆုနှင့်ပြည့်ပါစေ"ဆိုသော သူထက် "ပေးတဲ့ဆုနှင့်ပြည့်အောင် ကြိုးစားပါမည်" စကားဆိုသော လူအမြောက်အများ အစဉ်လိုအပ်လျက်။

မှတ်ချက်။ ။ထိုစာစုသည် ကျွန်ုပ်အတွေးသက်သက်
သာဖြစ်ပါ၍ မည့်သည့်တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုသော အခြင်းအရာအလျင်းမရှိပါကြောင်း။

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

ဆုပေးတိုင်းမပြည့်စုံနိုင်ပါ ပြည့်စုံဖို့အတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ရမှာပါဗျာ ဆုတောင်းတယ် ဆုပေးတယ်ဆိုတာက စိတ်ရဲ့ထွက်ပေါက်တစ်ခုအဖြစ်ရှိနေတာ ဖြစ်မှာပါ ဒီတော့ ပေးတဲ့ဆုနဲ့ပြည့်စုံအောင်ကြိုးစားပါ့မယ်ပေါ့

အရမ်းကောင်းတဲ့ comment တစ်ခုပါပဲ့ဦးစိုးရေ

လူ့ဘုံဆိုတာ လုံ့လဝီရိယဘုံဟု အဆိုရှိ၍ လုပ်ယူမှရမည်...

မှတ်သားထိုက်ပါတယ် ကိုဘီလျံနာရေ

ပေးတဲ့ဆုနဲ့ပြည့်အောင်ကြိုးစားပါမည်ဆိုတော့စကားသည်လူအများနားလည်သင့်ပါသည်

ဟုတ်ကဲ့ ပါခင်ဗျ

အောင်မြင်ပါစေ မောင်လေးရေ

ကျေးဇူးပါ မမစု

ဟုတ်တယ်ပညာရေးကို ဆုပေးလို့မရပါဘူး၊ကိုယ်ဘာသာကြိုးစားရတာပါ

မှန်ပါတယ် ဆရာ

လူတိုင်းအတွက်မဟုတ်တောင်မှ ခုထိတော့ ဆုတောင်းနေဆဲပါပဲ။ မျှော်လင့်ချက်လည်း မပျက်ပါဘူး။

လူဆိုတာ မျှော်လင်ချ့က်ရှိမှပါ broရေ

စကားနှစ်​လုံးအဓိပ္ပါယ်​ကတူသလိုနဲ့ကွဲပြားတယ်​....မှတ်​သားစရာပါ...

မှတ်သားထိုက်ပါတယ်ဗျာ

ဆု‌တောင်းနဲ့ ဂတိ ဟာ ကွာ ခြားတယ်‌ ။ဘာပဲေ ပြာေ ပြာ ညီ‌ပေးတဲ့message ‌လေးက ‌ကောင်းတယ်‌။

ကျေးဇူးပါ ကိုမဟော် .အတွေး သက်သက်သာ ရေးထားတဲ့အတွက် လိုအပ်ချက်များရှိရင် ထောက်ပြပေးပါခင်ဗျ

လူကြီးတွေကလဲဆုပေး လူငယ်တွေလဲကြိုးစားရတာပေါ့ဗျာ

ဟုတ်ပါ့ဗျို့

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58157.69
ETH 3122.82
USDT 1.00
SBD 2.42