ဘုရားထံဂူမှ ဖြစ်ရပ်မှန်များ

in #myanmar6 years ago (edited)

[ယခင်အပတ်မှအဆက်]
image
၂၀၀၀ခုနှစ်အတွင်း၌ ကျောက်တောင်ရွာသို့ ဘုန်းတော်ကြီးတစ်ပါး ကြွရောက်လာ၏။သက်တော်အားဖြင့်(၅၀)နှစ်ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။ထိုဘုန်းတော်ကြီးသည် ဘုရားထံဂူ၌ တစ်လအဓိဌာန် ဝင်ရန်အလို့ငှာ ရောက်လာခြင်း ဖြစ်လေသည်။
ဘုန်းတော်ကြီးသည် ထိုဘုရားထံဂူ ၌ သီတင်းသုံး
ကာ အဓိဌာန် ဝင်နေခဲ့ပါသည်။တစ်ပတ်မျှ ကြာသော
အခါ ညသန်ခေါင်ယံအချိန်၌ ထိုဘုရားထံဂူ မှ ကြောက်
လန့်တကြား စူးစူးဝါးဝါး အော်ဟစ်သံကို အိပ်မောကျ
နေသော ကျောက်တောင်ရွာသားများ ကြားလိုက်ကြရ
သည်။ထိုအခါ ရွာရှိ ယောကျာ်း မိန်းမ များ မီးတုတ်ကိုယ်စီဖြင့် ဘုရားရင်ပြင်ပေါ်သို့ အပြေးအလွှားသွားရောက်ကြည့်ရှုကြအခိုက် ထိုဘုန်းတော်ကြီးမှာ မျက်လုံးများပြူးကျယ်လျက် ကြောက်လန့်တုန်လှုပ်နေသည်ကို တွေ့ကြရလေသည်။နှုတ်မှလည်း "ကြောက်တယ် ကြောက်တယ်" "ငါ့ကို ဒီက အမြန်ခေါ်သွားကြပါ" စသည့် စ
ကားများကိုသာ ထပ်ထပ်ခါခါမြည်တမ်းပြောဆိုနေပါတော့သည်။
ရွာသားများမှာ အဆိုဘုန်းတော်ကြီးကို ဘုရားထံဂူ
ပေါ်မှာ ပြန်လည်ပင့်ဆောင်လာခဲ့ကြလေသည်။လမ်း
တစ်လျှောက်တွင်လည်း "ကြောက်တယ် ကြောက်တယ်" ထိုစကားကိုသာ တွင်တွင်ပြောနေလေသည်။မည်
သို့ဖြစ်ပျက်ခဲ့သည်ကို လျှောက်ထားမေးမြန်းသော်လည်းထိုကြောက်တယ်ဟူသော စကားကိုသာပြောလျက် နေပါတော့သည်။ထိုနောက် ထိုဘုန်းတော်ကြီးမှာ အာရုံဆွမ်းပင် မဘုန်းပေးနိုင်တော့ဘဲ ထိုကျောက်တောင်ရွာမှ ထွက်ခွာသွားလေတော့သည်။
image
အဆိုပါဖြစ်ရပ်နှင့်အလားတူအဖြစ်အပျက်များသည် မကြာခဏ ဖြစ်ပျက်သည်ဟုသိရသည်။ဒေသခံရွာ
သားများ အဓိဌာန် ဝင်အားထုတ်ကြသည့်အခါ များတွင်
လည်း ဂူအတွင်းမှ မိန်းမများထွက်လာ၍ သမာဓိ ရှိမရှိ
စမ်းသပ်ခံရကြကြောင်း ဆိုကြ၏။လပြည့်နေ့များတွင်ထိုဘုရားထံဂူမှ အလင်းရောင်များဖြာထွက်နေသည်
ကိုလည်း ရွာသားများ မကြာခဏတွေ့မြင်ကြသည်။
စောင်းတီးသံ၊ဗုံတီးသံ စသည့် အသံများကိုလည်း လပြည့် လမိုက်ညများတွင် ရံဖန်ရံခါ ကြားကြရတတ်သည်ဟူ၏။
တကယ့်သမာဓိနှင့်ပြည်စုံသောသူများ အဓိဌာန် ဝင်သောအခါများတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ က ပြုစု
စောင့်ရှောက်၊အစားအသောက်များ ကျွေးမွေးတတ်သည်ဆိုကြသည်။ဤကျောက်တောင်ကြီးသည် အေးချမ်း
မှုအတိပြီးသော နေရာဌာနဖြစ်၏။အေးအေးချမ်းချမ်းနှင့်တိတ်ဆိတ်သောနေရာ၌ အဓိဌာန်ဝင်လိုသော မိတ်ဆွေများအား ဤမဟာကျောက်တောင်ကြီးကို လာရောက်ရန်ဖိတ်ခေါ်အပ်ပါသည်။ဤအံ့ဖွယ်ထိပ်ခေါင် မဟာကျောက်တောင်ကြီးကား သူတော်စင်တို့မွေ့လျော်ရာ နတ်တို့ပျော်စံရာ ဌာနဘုံဖြစ်လေသည်။
မှတ်ချက်။ ။ကျွန်ုပ်၏postမှာ အနည်းငယ် စာတို
သွားသည်ဖြစ်၍ စာရှုသူများ သည်းခံနားလည်ပေးကြပါ
ရန်မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။
image

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252
[MY PHOTOS]

Sort:  

သီလ သမာဓိ အား​ကောင်းမှ ကျင့်​နိုင်​ ​နေနိုင်​မယ့်​ ​နေရာကိုးဗျ .. ​တစ်​ချို့ က မိမိကိုယ်​ကို ​သေချာမသိဘဲ တကယ့်​​နေရာသွားကျင့်​​တော့ အစမ်းခံရတာ ​နေမှာ အစ်​ကို​ရေ ..

ကျောင်းလေး ဆောက်လှုစမ်းပါ သွားနေချင်စမ်းပါဘိ

ကျောင်းက ရှိတယ်ဘုရား အဆင်သင့်ပဲ့ ကျောင်းလာထိုင်လှည့်ပါဘုရား😂😂

ဘုန်း​တော်​ကြီး ဘုရားဂူ​ပေါ်မှာ ဘာများမြင်​ခဲ့ပါလိမ့်

ထင်တာကတော့ တောင်အစောင့်အရှောက်တွေ ရဲ့သီလသမာဓိ စမ်းသပ်တာခံလိုက်ရာတာထင်တယ် မိန်းမလှ တွေနဲ့မြူဆွယ်မယ် ကြောက်စရာ ရုပ်ပုံတွေနဲ့ခြောက်လန့်မယ် ဒါတွေထင်တာပဲ့ကိုအောင်ကြီးရေ

ကဲ ဆရာတော်ဘုရားကတော့
ကျောင်းလှူဒါန်းဖို့ ပြောနေပြီ
ဘုရားဂူမှာ

ဟုတ် ဦးထွေး ဂူထဲမှာ အေးဆေးပဲ့ ကျောင်းတောင်မလိုဘူး

ရောက်ဖူးချင် လိုက်တာ

ဟင်းချက် သင်ပေးရင်းနဲ့ဘိတ်ကို ဆင်းလာပါ

ကဲ ဦးဇင်းက သွားနေမယ်တဲ့ ကျောင်းလှူတဲ့ ကျောင်းတိုင်စရာလုပ်မလို့တဲ့ လုပ်ပေးလိုက်တော့။

အဆင့်သင့်ပဲ့broရေ ဆရာတော်ဘုရားကို ပင့်ခဲ့တော့

ဘုန်းတော်ကြီး အစစ်ကော ဟုတ်ရဲ့လားအေ သိုက်ဆရာများလား

သီလ သမာဓိမပြည့်စုံလို့ထင်တာပဲ့

သွားဖူးချင်လာပြီ

စကီအလန်းလေးတေပုံပဲပြမယ်ဆိုရင်တော့ သွားနေရဲတာပေါ့အေ... :P

လာပါ လာပါ အလန်းလေးတွေ ပြမယf

ဘုန်းတော်ကြီးဘာတွေ့သွားတာပါလိမ့် ....

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63595.77
ETH 3415.98
USDT 1.00
SBD 2.49