"အပ်"နှင့် "ချင်"

in #myanmar6 years ago

"အပ်"နှင့် "ချင်"
image
လိုအပ်သည်နှင့်လိုချင်သောအရာသည် ရုတ်
တရက်ကြည့်သော် အဓိပ္ပါယ်တူသယောင်ထင်ရ၏။သို့
သော်ငြား များစွာပင်ကွဲလွဲလှပေသည်။ချမ်းသာချင်သူများ ချမ်းသာအောင်ကြိုးစားနေသူများသည် လိုအပ်သည်နှင့်လိုချင်သည်ကို သေချာခွဲခြားတတ်ဖို့လိုပေသည်။
လိုအပ်သည့်အရာတွင်လျှင် အမှန်တကယ်လိုအပ်သော
အရာနှင့် လိုအပ်ပေမဲ့ မရှိလည်းဖြစ်သော အရာဟူ၍ခွဲနိုင်ပါသေးသည်။လိုချင်သောအရာသည်ကား အသစ်ပေါ်
လာတာမှန်သမျှ ဖုန်းအသစ် အင်္ကျီအသစ် ဆိုင်ကယ်အသစ် ကားအသစ် အစရှိသည့် အသစ်အသစ်သော အ
ရာများကို လိုချင်သောစိတ်ဖြစ်သည်။လိုအပ်လှသည် မ
ဟုတ်သော်ငြား လိုချင်သောစိတ်ကြောင့် ဈေးကြီးစေ
ကာမူ ဝယ်ယူ၏။သို့အတွက် မလိုအပ်ဘဲ အပိုငွေကုန်စေခြင်းဖြစ်သည်။
image
ကျွန်ုပ်တို့သည် လိုအပ်သည်ထက် လိုချင်တာကိုပို၍ဦးစားပေးကြ၏။တစ်ခါတစ်ရံ အလွန်လိုအပ်သည့်
အရာတစ်ခုကို ရှောင်လွဲကြပြီး လိုချင်သည့်အရာကိုဦးစားပေးစဉ်းစားတတ်ကြပေသည်။ ဥပမေယျအားဖြင့်
ဆိုသော် အိမ်ကဆိုင်ကယ်တွင် ဘရိတ်ကုန်နေ၍လှဲရမည်ဆိုပါစို့။ဆိုင်ကယ်တွင်ဘရိတ်သည် မရှိမဖြစ် အရေး
ကြီးသောအရာဖြစ်၏။သို့သော် မနေ့ကတွေ့ခဲ့သော ဖိနပ်တစ်ရံ(သို့မဟုတ်)အင်္ကျီတစ်ထည် စသည့်အရာတို့ကို
သာ အောက်မေ့ဝယ်ချင်နေတတ်၏။အရေးကြီးသော အရာအမှန်တကယ်လိုအပ်နေသောအရာကို လျစ်လျူ
ရှုတတ်ကာ လိုချင်သောအရာ အမှန်တကယ်မလိုအပ်သောအရာ ကို ဦးစားပေးစဉ်းစားတတ်၏။ထိုလိုချင်သည့်
အရာကို အသားပေးဝယ်လိုက်သည်ဆိုပါစို့။လိုအပ်သောအရာ အရေးကြီးသောအရာအတွက်မူ ထပ်မံ၍ ဝယ်
ယူရန်လိုချေပြန်၏။ဤအတွက် မလိုအပ်ဘဲ ထွက်ငွေပို
ရပြန်လေသည်။
image
ကျွန်ုပ်သည် ဆယ်တန်းအောင်ပြီးအချိန်တွင်အလုပ်ခွင်ဝင်၏။အလုပ်တွင် စားစရိတ်အတွက် ဆန်ပေးသော်လည်း ဟင်းမူကား ဝယ်စားရသည်။ဟင်းတစ်ထုပ်ကို ၅၀၀ကျပ်ဖြင့်ဝယ်ရသည်။တစ်နေ့တွင် မနက်စာ
နေ့လည်စာ ညစာ အတွက် ၁၅၀၀ကျပ်မျှလိုအပ်၏။
သို့သော်ကျွန်ုပ်သည် နံနက်စာကို အလုပ်ကပေးသော လက်ဖက်ရည်ထုပ်နှင့် ပြီး၏။နေ့လည်စာနှင့်ညစာအတွက်ဟင်းဖိုး၁၀၀၀ကျပ်လိုအပ်သည်တွင် နေ့လည်စာအတွက် ဟင်းတစ်ထုပ်ဝယ်ယူကာ ညစာအတွက်တစ်ဝက်
ချန်စားသည်။ဟင်း၅၀၀ဖိုးသည် အဘယ်မျှပင်မရှိသော်
လည်း ကျွန်ုပ်သည် ၂နပ်စာ မျှစား၏။တစ်နေ့အတွက်လိုအပ်သော၁၅၀၀ကျပ်အတွက် ၅၀၀ကျပ်နှင့်ပြီးအောင်ချွေတာစားလေသည်။တစ်ခါတစ်ရံ ကြက်ဥများဝယ်ထားကာကြက်ဥတစ်လုံးချက် ၂နပ်စား၏။ မာမားထုပ် ၁ထုတ် ၂၀၀ကျပ် ကြက်ဥတစ်လုံး၁၅၀ မာမားထုပ်နှင့်ကြက်ဥကြော်ကာ တစ်နေ့၃၅၀ဖြစ်အောင်ချွေတာစား၏။
အဝင်အထွက် အသုံးစရိတ်ကို စာအုပ်တစ်အုပ်နှင့်မှတ်တမ်းတင်၏။ကျွန်ုပ်၏လစာမှာ ၁၂၈၀၀၀ကျပ်ဖြစ်ရာ
လကုန်သည့်အခါ စရိတ်နုတ်သော်၁၀၈၀၀၀ကျပ်မျှကျန်၏။ထိုအလုပ်တွင် ကျွန်ုပ်နှင့်တန်းတူဝန်ထမ်းများထဲတွင်ကျွန်ုပ်သည်သာ လစာအများဆုံးကျန်၏။သို့သော် လကုန်သည့်အခါ ဘာလုပ်သည်ထင်တုန်း။ဖုန်းအသစ်ဝယ်
ယူရန် ဖြစ်လေသည်။ချွေတာသည်ကား ဖုန်းဝယ်ယူရန်
အတွက်မဟုတ်ချေ။ကျွန်ုပ်လက်ရှိကိုင်သောဖုန်းသည်
ပျက်၍မဟုတ် မကောင်းတော့၍မဟုတ် သုံးစွဲ၍ရဆဲဖြစ်
၏။သို့သော် ဖုန်းအသစ်လိုချင်စိတ်ကား တားဆီး၍မရ။
မပြည့်သောငွေကိုပင် ရှာကြံဖြည့်တင်း၍ဝယ်ယူလေသည်။ထိုအရာကား လိုအပ်လှသောအရာမဟုတ် မဝယ်ယူ
လည်းဖြစ်သော အရာဖြစ်၏။သို့ပေမဲ့ လိုချင်စိတ်ကြောင့်
ပင်ဝယ်ယူခဲ့၏။ကျောင်းဖွင့်သည့်အခါတွင်ကား အသုံး
ပြုရန်ငွေမရှိတော့ချေ။လိုချင်သောအရာကို ဦးစားပေးမိ
သည့်အတွက် အမှန်တကယ်လိုအပ်သည့်အခါ အခက်အခဲဖြစ်ခဲ့ရလေသည်။အစားအသောက်ကအစ ချွေ
တာစုဆောင်းခဲ့သမျှသည် အမှန်တကယ်လိုအပ်သည့်
နေရာတွင်အသုံးမပြုရဘဲ လိုချင်သောအရာတွင် အစားဝင်ခဲ့ရ၏။သို့အတွက် လိုအပ်သောနေရာအတွက် ထပ်မံ
၍အသုံးလိုခဲ့ခြင်းဖြစ်သည်။
image
image
ကျွန်ုပ်တို့သည် ဤသို့ အပ်နှင့်ချင်ကို ခွဲခြားမနိုင်၍
မလိုအပ်ဘဲကုန်ခဲ့ရပေါင်းများလှချေ၏။ကျွန်ုပ်သူငယ်ချင်းတစ်ဦးသည်ကား ကျောင်းတွင်ပေးရမည့်ငွေကို အိမ်က ပေးခဲ့သော်လည်း ထိုငွေကို လောင်းကစား ပြုလုပ်
၍ကုန်စေခဲ့၏။ လိုအပ်သောငွေကို "ချင်"စိတ်ဖြင့် သုံးပစ်၏။သို့အတွက် ထိုနေရာ၌သုံးရမည့်ငွေကိုပင် ထိုနေရာ
အတွက်ပင်ထပ်မံ၍လိုအပ်ခဲ့ရခြင်းဖြစ်လေသည်။အလားတူအဖြစ်အပျက်များသည် ကျွန်ုပ်တို့တွင် ရာပေါင်းမက
ဖြစ်ခဲ့တန်ချေ၏။ကျွန်ုပ်အဆိုပြုချက်သည် လူတိုင်းအတွက် မမှန်သော်ငြား လူတိုင်းနီးပါးအတွက်မူ အမှန်တကယ်ဖြစ်ဟန်ရှိကြ၏။မိမိအနီးအနားပတ်ဝန်းကျင်တွင် ကြည့်ရှုလျှင်ပင် ယုတ်စွအဆုံး သားသမီးတို့အတွက်အမှန်တကယ်လိုအပ်နေသော ကျူရှင်လခ ကို အရက်သောက်ပစ်ခြင်း အိမ်က လိုအပ်သောဈေးဖိုးကို လောင်းကစားလုပ်ပစ်ခြင်း စသည့်တို့အတွက် အိမ်သူသက်ထားတို့နှင့်
ပြသာနာဖြစ်ခြင်း အစရှိသော ဖြစ်ရပ်များကိုတွေ့မြင်နိုင်
ပေမည်။
image
အချုပ်အားဖြင့် ကျွန်ုပ်တို့သည် "အပ်" "ချင်"ကို
ကောင်းစွာခွဲခြားနိုင်ကာ မကုန်သင့်သောနေရာ၌ မကုန်
သင့်သော ငွေကြေးတို့ကို ထိန်းချုပ်ကာ အမှန်တကယ်
လိုအပ်သည့်နေရာတွင် အသုံးချနိုင်ကြပါစေကြောင်း ကျွန်ုပ်တို့သည် ယခုအချိန်တွင် ငွေကိုကြိုးစားရှာဖွေနေကြသည့်အလျောက်"ချင်"စိတ်ကို တတ်နိုင်သမျှလျော့ချရင်း ချွေတာစုဆောင်းနိုင်ကြပါစေဟုတောင်းဆုပြုလျက်
ကျွန်ုပ်စာစုကိုနိဂုံးချုပ်ငြားအံ့။ ။
image
မှတ်ချက်။ ။ကျွန်ုပ်သည် ပညာရှင်မဟုတ်သည့်အလျောက် ကျွန်ုပ်ရေးသောစာစုများသည် လိုအပ်ချက်
မြောက်များစွာရှိပါသည်။သို့အတွက် အမှားပါခဲ့သော်
လိုအပ်ချက်ရှိခဲ့သော် ဖြည့်စွက် ဝေဖန်ထောက်ရှုအကြံ
ပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။Steemitမှ
ဆရာများ ညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
image
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252
(photo credit-google image)

Sort:  

လိုချင်​တာ​တွေ အရမ်းဝယ်​ရင်​ တကယ်​အ​ရေးကြီးတဲ့အချိန်​မှာ လိုအပ်​တာ​တွေ ထုတ်​​ရောင်းရတတ်​တယ်​ ဆိုသလိုမျိုး​ပေါ့ အစ်​ကို​ရေ ..

မှန်တာပေါ့ဗျာ

ချွေတာဖို့လိုတယ်နော်။ကောင်းတယ်ညီ။

ကျေးဇူးပါBro

လူ​တွေမှာ လိုအပ်​ချက်​နဲ့ လိုချင်​ ရချင်​တာက
အဆုံးမရှိ​ပေါ့ဗျာ

တတ်​စွမ်းသမျှ​ချွေတာပြီးသုံးစွဲပါ့မယ်​bro
မလိုအပ်​တာ​တွေလည်း​ရှောင်​ပြီး လိုအပ်​တာ​တွေဘဲသတိထားဝယ်​ပါ့မယ်​bro

ချွေတာစုဆောင်း သူဌေးလောင်း သူဌေးကြီးဖြစ်ပါစေဗျာ

သင့်နဲ့ ချင် ကိုလည်း အဲ့လိုရေးပေးပါဦး ဖြစ့်သင့်တာ ဖြစ်ချင်တာလေ

အတွေးပေါက်မိတာလေး ရေးထားတာပါဘုရား

မှန်ပါတယ်ဗျာ ကျွန်တော်တို့တွေဟာ အပ် နဲ့ ချင်ကို ကွဲကွဲပြားပြားမသိခဲ့ကြတာ ကြာခဲ့ပါပီ။

good တယ်
တရား စကားနဲ့ပြောရရင် ချင် ဆိုတာက တဏှာ ပေါ့ကွယ်
အာ့ဒါကို သတိ ဆိုတဲ့ အသိတရားလေးထိမ်းထား ရပါမယ်ကွယ်

ဟုတါကဲ့ပါအစ်မ

ဟုတ်တာပေါ့ တကယ်လိုအပ်တဲ့အရာတွေအတွက်သာ ငွေကို သုံးဆွဲသင့်တယ်

ဟုတ်ကဲ့ပါbro

တစ်ခါတလ ဈေးသွားလို့ စာရင်းမရေးထားရင် မလိုတဲ့ ပစ္စည်းက များများပါလာတက်ပြီး အဓိက ဝယ်ရမဲ့ဟာက မေ့နေတာတွေလည်း ရှိတယ်

မှန်ပါတယ်အစ်မ အဲလိုလည်းအမြဲဖြစ်တတ်ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34