Airdrop များနှင့်ကျွန်တော်

in #myanmar6 years ago

image
image source
တစ်နေ့တစ်နေ့ အားချိန်ကလေးရတာနဲ့ Facebook
တစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွားနေတော့သည်။အချိန်တွေကလည်း အရင်ကလို မပေါတော့ပေ။ကျောင်းကတစ်ဖက်၊ကျူရှင်က တစ်တွယ် နှင့် စာမေးပွဲကလည်း
နီးကပ်လာပြီဖြစ်၍ အချိန်ကို လုနေရပါသည်။အားလပ်ချိန်လာရသည်နှင့် Facebook ပေါ်ရောက်လာခဲ့ပါပြီ။Facebook ပေါ်ရောက်လျှင်လည်း သူငယ်ချင်းများနှင့်
အရင်လိုစကားမပြောဖြစ်တော့ပေ။ခုချိန် စိတ်ဝင်စားဆုံး
ကား Steem ဈေးလေးတွေ အခြေအနေပြေးကြည့်လိုက်၊Btc ဈေးများ တက်နေပြီလား ရင်တထိတ်ထိတ်နဲ့ သွားချောင်းလိုက်နှင့် အလုပ်ရှုပ်နေမိတော့သည်။

ထို့ထက် အလုပ်ရှုပ်သည်ကား Airdrop များပင်ဖြစ်ပါ

သည်။တစ်နေ့တစ်နေ့ တက်လာတဲ့Airdrop ပေါင်း
တစ်သောင်းခြောက်ထောင် မျက်စိများပင်နောက်လှသည်။သို့ပေမဲ့လည်း ကိုယ်ကမနေနိုင်တော့ ဟိုဟာလေးတက်လာ ပြေးလုပ်လိုက်၊ဒီဟာလေးတက်လာ ပြေးလုပ်လိုက်၊ဒီဟာလေးက မဆိုးဘူး၊ဟိုဟာလေးလည်း ကောင်းမယ်ထင်တယ်၊ဒီလိုနှင့်ပင် လုပ်ထားပြီးလား မလုပ်ရသေးဘူးလားပင် မမှတ်မိအောင် အပြေးအလွှားလုပ်နေမိသည်။အခြားသူတွေ ရပြီး ကိုယ်ကျ မရမှာလည်း စိုးသည်ကိုး။သို့သော်လည်း ယနေ့ထိ တကယ်ရခဲ့သည်
က ရှိကိုမရှိသေးသလိုပင်။ဆိုးသည်ကား ကိုယ်တွေလုပ်
မိတာဆိုလျှင် မရ၊မလုပ်မိတဲ့ဟာလေးတစ်ခုက သောက်
သောက်လဲ ရကျပြန်ရော။ဒီလောက်ထိ ကောင်းလိုက်သည့် ကျွန်ုပ်ရဲ့ကံရာဇာတာပါ။ဒါပေမဲ့လည်း အားမလျော့ပါဘူးလေ။တစ်နေ့တော့....မျှော်လင့်ချက်တစ်ပုံတစ်ပင်နဲ့ပေါ့။
image
image source
Airdrop တွေနဲ့ အလုပ်ရှုပ်ပေမဲ့ Steemit မှာလည်း
စာရေးမပျက်အောင် ကြိုးစားနေရပြန်ပါသည်။MSC ညီကိုတွေရဲ့ Postလေးတွေကိုလည်း အချိန်ပေးပြီးဖတ်ရသေး၏။ဒီကြားထဲ IA,GA ဆိုတာ ခောတ်စားနေတော့
နောက်မကျအောင် အပြေးအလွှား မေးကြည့်ရပြန်ပါသေး၏။အခြားသူတွေ လုပ်နေတာအကောင်း၊ကိုယ်တွေလုပ်ပီဆို တစ်ခုမဟုတ် တစ်ခု ဖြစ်ပါပြီ။ဒီလို ကံကောင်း
လွနိးတဲ့ကျွန်ုပ်ပါ။ဒါပေမဲ့လည်း မျှော်လင့်ချက်နဲ့အသက်ရှင်နေရတဲ့ ကျွန်ုပ်အဖို့ ရှိတာလေးနဲ့ ဘေထည့်ပြီး
မလွတ်တမ်း လိုက်ရပြန်ပါသည်။
Airdrop ဆိုတဲ့ ငနဲကလည်း များလွန်းလှသည်မို့
Note ထဲလည်း linksတွေနဲ့ ပွကျဲလန်နေပါပြီ။တစ်ခုခုဆို ပြန်ရှာရသည်ကအမော။ရေးလက်စ စာလေးတွေတောင် ပျောက်ပျောက်သွားလို့ တော်တော်ပြန်ရှာယူရသည်။လက်ရှိဖုန်းလေးက ထမဖောက်သေးသည်မို့ တော်လှသည်။ဒီဖုန်းလေးသာ လစ်ရင်တော့ ဒူးနဲ့မျက်ရည်သုတ်ရမယ့်ဘဝပါ😂😂။Airdrop လေးတွေသာ ရခဲ့ရင်ပေါ့၊ဒီမျှော်လင့်ချက်လေးနဲ့ပဲ့ ဆက်ပြီး ဆက်ပြီး Airdrop ရဦးမှာပဲ့လေ။
image
image source
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252

Sort:  

Congratulations @kyawthuyein! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

airdropကိုရှင်းပြပါအုးံ

အဲလောက်ကြီးလည်း ကျွမ်းကျင်ပါဘူးဗျာ ..

လေပြုတ်ကျလေးတွေ ရဖူးသေးဘူး😁😁😁

ဘဝတူတွေပါဗျာ.

ရထားတာ​လေး​တွေကလည်းမဖြစ်​စ​လောက်​ဆိုဘာမှလုပ်​မရပါကွယ်​။

သူများတွေရရင်လသောက်သောက်လဲကိုယ်တွေလုပ်တာ ရရင်လတစ်ပဲ့ခြောက်ပြား

Airdrop ... Airdrop ... Airdrop

တစ်ခါလောက်တော့ ရချင်ပါရဲ့

ထို airdorpနဲ့အချိန်ကုန်နေတာ ကြာပြီး။ခုမှစာပြန်ရေးနေရတယ်

ဘဝတူတွေပါဗျ.

အနော်လည်း အဲဒေါ့လေးရှင်းပြပါ

Airdrop ဆွာ လေပြုတ်ကျပါ

လုပ်​လိုက်​တာ တုံကင်​​တွေ ​သောင်းကဏန်းရတယ်
ဘာလုပ်​လို့လဲမရ စားလို့လဲမရ ​သောက်​လို့လဲမရ

အပြင်မှာ မှတ်ထားတာ ကောင်းပါတယ် ဖုန်းက ပိုရုန်းရရင် format ချခိုင်းတတ်တယ်

အလွယ်တကူ မှတ်ထားလိုက်တာပဲ့ကိုစောရေ

Bitbase က​နေစလုပ်​ခဲ့ဖူးတယ်​ မနှစ်​ကဒီလိုအချိန်​​ပေါ့
အဲ့​နောက်​ ico ​တွေ မနည်းမ​နော တန်းစီထွက်​လာတယ်​ ဝယ်​တယ်​ ဝယ်​တယ်​ ​နောက်​​တော့......

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63248.94
ETH 2576.33
USDT 1.00
SBD 2.85