ကျ​နော့်​အမြင်​တစ်​ချို့မှ တစ်​ချို့.......

in #myanmar7 years ago

image

ကျ​နော်​တို့နိုင်​ငံမှာ နည်းပညာအနည်းငယ်​တိုးတက်​လာမှူနှင့်​အမျှ ​ကောင်းကျိုး ဆိုးကျိုးဟုသမျှသည်​ ဝင်​​ရောက်​လာကြသည်​၊

မြို့မှာ ​နေ​သောသူအဖို့ ရွာရဲ့​အေးချမ်းမှူကို လိုချင်​တပ်​မက်​ကြသည်

ရွာမှာ ​နေသာသူအဖို့ မြို့၏ပြည့်​စုံမှူကို ခံစားချင်​ကြသည်

ရတာလို မလိုတာ ရ သလိုပုံစံဖြစ်​​နေ​သော ကျ​နော်​တို့​လောကမှာ တကယ်​တမ်းရခဲ့တာက ​ခေါင်းထဲကို​ရောက်​ရှိတဲ့အသိဥာဏ်​ပါ
ထိုအသိဥာဏ်​သာ​သောသူက ​ရှေ့သို့​ရောက်​ပြီး တိုးတက်​ကြသည်​၊ လိုချင်​တပ်​မက်​ရုံမှ လွဲပြီး
ရှေ့မဆက်​ချင်​ကြ​သောသူအဖို့ တိုးတက်​ခြင်းဆိုတာ ဟိုးအ​ဝေးမှာ...မြူမှူန်​မျှ​လောက်​​တောင်​ မမြင်​ရ​ပေ၊

တောင်​တန်း​တွေ​ကျော်​ဖြတ်​ကာ ​ရောက်​ရှိလာတဲ့​လေ​ပြေဟာ လူတိုင်းရင်​ကို​တော့ ​အေး​စေမှာပါပဲ သို့​ပေမယ့်​ ထိုသို့​အေးချမ်းမှူရ​အောင်​ ထို​လေ​ပြေ​လေး ​တောင်​တန်း​တွေဖြတ်​ခဲ့လို့ပါ၊
ဘယ်​အရာအလုပ်​ကိုမဆို ​ပေါ့​ပေါ့​လေးမ​တွေးမိ​စေဘဲ သူနဲ့တန်​ရာ ​ပေးဆပ်​ရတာပဲ ဆိုတဲ့အ​တွေး အမြဲရှိပါ​စေ ဒါမှသာ အဆင်​​ပြေလိမ့်​မည်​ဖြစ်​သည်​၊

လူသားဆိုသည်​မှာ သတ္တ၀ါ ထဲတွင်​ ဦး​နှောက်​အသိဥာဏ်​အရှိဆုံးဖြစ်​သည်​ ဒါ့အပြင်​ တီထွင်​ကြံဆနိုင်​​သော သတ္တိ ရှိသည်​၊ ထိုသို့သဘာဝတရားအရ အသက်​ရှင်​​နေ​သော ကျ​နော်​တို့သည်​ မိမိတွင်​ရှိ​သော အဖိုးတန်​ပစ္စည်းများကိုမူ သတိမ မူ ပဲ ရတနာလက်​ဝတ်​​လောက်​တင်​သာ ရတနာဟု သတိမှတ်​လျက်​ရှိ​၏

အောင်​မြင်​မှူ​နောက်​ကွယ်​မှာ အားထုတ်​ခြင်းဆိုတာ ရှိသဖြင့်​ ဟိုအ​ဝေးကြို​တွေးကာ အလုပ်​​နေကြသူများမှာ ​ပေးဆပ်​ခဲ့တာ ဒုနဲ့​ဒေးဆိုတာ ​တွေးမိပါ​စေ၊ သင်​ထမင်းစားဖို့အတွက်​ သွားက​လေး​တွေ ကြိတ်​​ပေးရသလို၊ Oxygen ကို ရူရာမှာ မိမိအားထုတ်​မှူပါမှသာ အသက်​ရူရ သလိုပါ၊

image

လွယ်​လွယ်​​တွေးတတ်​​သော ကျ​နော်​တို့လူ​တွေ၏ အကျင့်​တစ်​ခုဟာ ​ကောင်း​သောအကျင့်​မဟုတ်​ပဲ ဆိုး​သောအကျင့်​ဖြစ်​​နေပါသည်​၊
ပျင်းရိခြင်းဖြင့်​ လွှမ်းမိုးထားတယ်​၊

ကျ​နော်​အပါအဝင်​ ငပျင်းအဖွဲ့ထဲ ပါပါတယ်​၊
ပျင်းရိခြင်း​ကြောင့်​ ဘဝပျက်​သွားနိုင်​သလို ပျင်းရိခြင်း​ကြောင့်​ ဖြစ်​တဲ့အကျိုးကို ပညာယူပြီး ဘဝတက်​နိုင်​ပါသည်​၊

မိမိကိုယ်​ကို အားကိုးပါ သူတစ်​ပါးကိုအားကိုးတတ်​​သော ကျ​နော်​တို့မြန်​မာ​တွေရဲ့ စိတ်​​တွေ​ကြောင့်​ တိုးတက်​မှူ ​နှောင့်​​နှေး​နေရတာပါ ဒါလည်း​ပြောင်းလဲသင့်​​သော အချက်​တစ်​ခုအပါအဝင်​ဖြစ်​ပါသည်​၊

ကျ​နော်​ကိုယ်​တိုင်​ပြုပြင်​စရာ​တွေ ဒုနဲ့​ဒေး ရှိ​နေ​သေး​တော့ ​မနက်​ဖြန်​များစွာမှာ ​ကောင်း​သောအကျင့်​​တွေ​မွေးရင်း မ​ကောင်းတာ​တွေ ပြုပြင်​ ပြီး ​ရှေ့ဆက်​ရ​အောင်​ဗျာ.........

Written by Kyawthuu
Myanmar

Sort:  

I think you need to write little bit long.
Just advise. Keep Carry On.

ကောင်းလိုက်​တာဗျာ

အ​ရေးအသား​ကောင်းတယ်​ ထပ်​ကြိုးစား​နော့

တစ်ထောင်ကျပ်တန်ငွေစက္ကူလေးဟာ သစ်လွင်နေလို့လဲ သူ့ရဲ့တန်ဖိုးက ၁၀၀၀ ပါ ဟောင်းနွမ်းသွားခဲ့ ရင်လဲ ၁၀၀၀ ပါဘဲ ။ ရောင့်ရဲတတ်ဖို့သာ အရေးကြီးတယ်လို့ ထင်မိတယ် ။ ဘယ်မှာနေနေပေါ့ ကိုယ့်နေရာနင့်ကိုယ့်တန်ဖိုးပေါ့ ။ ဖက်လို့ကောင်းပါတယ် ။

စာများများလေးရေးပါဗျာ အကြောင်းအရာတင်ပြပုံ ကောင်းပါတယ် ချဲ့ ရေးပါ

Thank for sharing

စာရေးတာကောင်းပါတယ်ခင်ဗျာ စာတိုနေပါတယ် စာတိုနေပါက promotion တင်ပေးသူများအတွက် promotion တင်ရန်အခက်အခဲရှိပါတယ်ခင်ဗျာ

စိတ်ကူး အတွေးအရေးလေးတွေ ကောင်းနေသော်လည်း ဆောင်းပါးပီပြင်အောင် စာပိုက်များများရေးသင့်ပါတယ်။ ပရိုမိုးရှင်း တင်သည့်နေရာတွင် နောက်ကျန်နေခဲ့နိုင်သည်။ ပြန်လည် edit လုပ်ပီး စာအကြောင်းအရာများ ထပ်ဖြည့်စေချင်သည်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66494.63
ETH 3508.10
USDT 1.00
SBD 2.66