တစ်ဒင်္ဂ

in #myanmar6 years ago

imageဘာလိုလို လိမ်ဖယ်လိမ်ဖယ်နဲ့ ခုဆိုစာစစ်ရတာ ငားရက်တောင်ရှိသွားပေါ့....
အရင်တစ်ပတ် pro ကလည်း ဒီကစ္စကြီးကြောင့်လွတ်သွားခဲ့ရတာ။ နှမြောမိတာတော့ အမှန်။
ဒီတစ်ပတ်တော့ ထပ်ပြီးနောင်တမရချင်တော့ဘူးလေ။ ဒါကြောင့်.......


image
မိမိရုတ်တရက်ဆေးရုံတက်ရသောကိစ္စမှလွဲ၍ မပျက်မကွက် တာဝန်ထမ်းဆောင် ရမည် ဟု တစ်ချက်လွတ် အာဏာရှင်ဆန်ဆန် အမိန့်စာတစ်ရွက်လက်ခံရရှိပြီးကတည်းက ဖြက်သန်းဖို့ကြိုတွက်ထားကြပြီးသား။ မြို့နယ်ပညာရေးမှူးရုံးကနေ သက်ဆိုင်ရာဘာသာရပ်အလိုက် စာစစ်သွားဖို့ အမိန့်စာတွေကို ဆရာ၊ဆရာမ(ကျွန်တော်တို့)တွေဆီကို ပေးပို့ပြီးအကြောင်းကြားခဲ့တယ်။ လိုအပ်ချက်အလိုက်ခေါ်တာမို့ တစ်ချို့ကစာစစ်ပါတယ်။တစ်ချို့ကမပါကြဘူး။ အများအားဖြင့်တော့ စာစစ်မလိုက်ချင်ကြသူများတာပေါ့။ ကံကြီးသူတို့လောက်သာ လွတ်တာ။ တစ်ချို့က ဟိုအကပ် ဒီအကပ်နဲ့ မပါအောင် လုပ်ကြတာပဲ။ ဒီလိုနဲ့ပဲ ကျွန်တော်စာစစ်ဖို့ ပြင်ဆင်ရတော့တာပဲ။ ဟိုရောက်ရင်သုံးဖို့ ပိုက်ဆံကို လခကြိုထုတ်ပြီးယူသွားလို့ရတော့ မဆိုပါဘူး။ မွဲ ပါတယ်ဆိုမှ ငွေကုန်ပေါက်တွေက စီရစီကိုတန်းလို့။
ဒါပေမဲ့ ဘယ်အရာမဆို ကောင်းကျိုးဆိုးကျိုး ရှိစမြဲပါ။
ပိုက်ဆံကုန်ပေမဲ့ ထိုက်တန်တဲ့ အကျိုးကျေးဇူး ကနည်းမနည်းပြန်ဘူး။ စာစစ်တဲ့အတွေ့အကြုံတွေရတယ်။ပြီးတော့ ကျောင်းတုန်းက သူငယ်ချင်းတွေ၊ ဘာဘာညာညာလေးတွေနဲ့ ပြန်တွေ့ရတာ နည်းတဲ့အခွင့်အရေး မဟုတ်ပြန်ဘူး။ အဲ့ဒီအချက်ကိုတော့ မိမိတော်တော်လေးသဘောကျတယ်။
ကဲဗျာ.....ဒီလိုနဲ့ မန္တလေးတက္ကသိုလ်မှာ စာစစ်ကိုအထုပ်အပိုးပြင်ပြီးထွက်လာရတာပေါ့။ အမိန့်စာထဲမှာကိုက မတ်လ ၃၀ ထက်မစော ၃၁ ထက်နောက်မကျရ....တဲ့။ ဝီရိယရှိရှိနဲ့ပဲ ၃၀ ရက်နေ့ကတည်းက သွားလိုက်တယ်။


ဟိုရောက်တော့ အရင်ရောက်နေနှင့်တဲ့ သူငယ်ချင်းတစ်စုလုံးက သိုက်သိုက်ဝန်းဝန်း စုပြီးလာစောင့်ပေးကြတယ်။ ဘယ်လိုပြောကမလဲ အဲ့ဒီခံစားချက်။ ပျော်တာလား ဘာလားမသိ။ ကျောင်းမှာ ရုပ်တည်နဲ့နေသားကျနေတဲ့ကောင်တွေက ခုတော့မြင်လိုက်ရတာ ပြောင်းပြန်ပဲ။ ဘောင်းဘီဖင်ကြပ်နဲ့ ရှော့ပင်နဲ့ တစ်ကယ့်ကို စိတ်လွတ်ကိုလွတ် ပုံတွေမြင်ရတော့
ခရီးပန်းတာတွေပျောက်ပီး လန်းလန်းဆန်းဆန်းနဲ့ ရှိပုံများ ဘာဂုဏ်သတ္တိတွေကြောင့်မှန်းမသိခဲ့ဘူး။


စောင်းတဲထဲက အခုမှလွှတ်ပေးလိုက်တဲ့ မြင်းလားတွေလား အောက်မေ့ရတယ်.... မြင်သမျှ သူငယ်ချင်းတွေ ၊ အခြားသူတွေရော လွတ်လပ်ခြင်းကိုစီနဲ့ မြူးထူးနေကြတာ။ ကျောင်းတုန်းက အတူတွဲခဲ့ကြတဲ့ သုငယ်ချင်းတွေ တစ်စုတစ်စည်းတည်း ဆုံတွေ့ခွင့်ရတဲ့ အခွင့်အရေးက နည်းနည်းနောနောတော့ မဟုတ်ဘူးလေ။ အတိတ်တွေ တူးဆွရတာ အတော်ကိုကောင်းတယ်ကိုး...။
စာစစ်ရက်မရောက်ခင် တစ်ရက်အလိုမှာ ဘော်ဒါတွေစုပြီး တီးတိုးအစည်းအဝေးလေးတစ်ခု လုပ်ခဲ့ကြတယ်။ အားလုံးစိတ်တူကိုယ်တူ ဆုံးဖြတ်လိုက်ကြတယ်။ မန်းမြို့အနီးက ၅ မိုင် အပန်းဖြေစခန်းကို သွားဖို့ ဆိုင်ကယ်ကိုယ်စီနဲ့ ဒွန့်ဖို့စတင်ခဲ့ပြီလေ။


လမ်းတစ်လျောက်လုံး ကားတွေကလည်း တဝီဝီနဲ့
ဆိုင်ကယ်တွေကလည်းမှိုလိုပေါက်အောင် အလျိုလျို သွားနေကြတာ အတန်းကြီးလိုက်ပဲ။ များမကြာမီမှာပဲ ၅မိုင် အပန်းဖြေဥယျာဉ်ရောက်တော့တာပါပဲ။ သိပ်တော့မဆိုးဘူး ဝင်ကြေးတစ်ယောက်ကို တစ်ထောင်ပေးရသေးတယ်။ လူတွေမှ ကြိတ်ကြိတ်တိုးပဲ ။တစ်ရက်ဝင်ငွေ ဘယ်လောက်တောင်များရလိုက်မလဲ စဉ်းစားရင်း။ image
မြန်မာလူမျိုးတွေအတွက် အကြိုက်ဆုံးရာသီပွဲတော်ဟာ သင်္ကြန်ဆိုတို အားလုံးသိကြမှာပါ။
စိတ်ကျဉ်းကြပ်မှုတွေ ပြေလျော့သွားအောင် ရေကစားကြတယ်လေ။ အခု ဒီမှာလည်း ရေကစားဖို့အတွက် အထူးစီစဉ်ထားပုံက မိုက်တယ်။ ရေပန်းတွေကြားထဲမှာ မက်တပ်ရပ်ပြီး ရေကစားသူတွေရှိကြတယ်။ တစ်ချို့ ချစ်သူရည်းစားအတွဲလေးတွေ၊ လူငယ်လေးတွေ၊ အရွယ်စုံပါပဲ စိတ်လွတ်ကိုယ်လွတ် ဖြင့် ဂီတစင်မြင့်ထက်က အဆိုတော်တွေရဲ့ ဖျော်ဖြေမှုနဲ့ စီးမျောနေကြတယ်။ လက်တွေ လေပေါ်ဝှေ့ရမ်းပြီး စီချက်ညီညီ ဒွန့်နေကြသူများထဲ ကျွန်တော်တို့်အဖွဲ့ ရောလိုက်ကြရင်း တစ်ခဏကြာတဲ့ အထိ....။
နောက်ထပ်ရှိသေးတယ်။ ရေကူးကန်လေ။...ဟိုးအပေါ်စင်မြင့်ထက်ကနေ လျှောစင်နဲ့လျှောချပီး ရေးကန်ထဲကို လျှောချတယ်။အသည်းတလှပ်လှပ်နဲ့ တဝှီဝှီးပြုတ်ကျရင်း ဗွမ်းခနဲ ရေထဲကို ရောက်သွားတေယ်။ ရုပ်ရှင်ထဲကလို ဘာလိုလိုခပ်တည်တည်နဲ့ ရေကူးတာပေါ့။ မဆိုးပါဘူး လူ ရာဂဏန်းရှိနာတောင် ရေကကြည်စိမ်းလို့။ ဆိုင်ကယ်သော့ ကျသွားတာတောင် ရေငုပ်ပြီးရှာလိုက်ရသေးတယ်။ ကျွန်တော်တော့မဟုတ်ပါ.. အကိုတစ်ယောက်ငုပ်တာပါ😁😁😁..ရေချိုးတုန်းဆပ်ပြာတိုက်ချင်ရင် တိုက်ဖို့ဆပ်ပြာပန့်စင်က သပ်သပ်ရှိသေးဗျာ...မဆိုဘူး မိုက်သားပဲ တွေးမိနေတုန်း.... စတိတ်စင်မြင့်ဆီက အသံတစ်ခု သေချာနားစွင့်မိလိုက်တယ်။
သေချာပြီလေ...ကိုဇော်ပိုင်အသံ ကောင်းကောင်းကြားလိုက်ကတယ်။ သွားစို့ဟေ့ စတိတ်စင်ဆီကို.... ဘောဒါတွေအသံပေးရင်း စတိတ်စင်အောက်က ရေပန်းတွေဆီ အပြေးကလေးလွှားခဲ့ကြတယ်။
ရိုးစရာမရှိအောင် ဆန်းသစ်နေတဲ့သင်္ကြန်မိုးသီချင်းတီးလုံးသံက အစပျိုးနေပြီ။ ကျွန်တော်တို့ စိတ်၏လွတ်လပ်ခြင်း အပြည့်အဝဖြင့် ဂီတမှာ စီးမြောရင်း ရေပန်းတွေကြားထဲ၌ လက်တွေဝှေ့ရမ့်ရင်း..........။

#@@@@@
လေးစားမှုဖြင့်...
@kyawthetaung(MSC125)

Sort:  

တစ်ချက်ခုတ် ၂ချက်ပြတ်ပေါ့😁😁

ကဲချင်​​နေပြီ

ရေကစားထွက်ရင်း ခဏတဖြုတ်အပန်းဖြေကြသေးသည်ပေါ့😁😁

ဟုတ်ကဲ့ဗျ... အရမ်းအားရတယ်

ဒီအချိန်ကအကောင်းဆုံးအချိန်ပါပဲဗျာ။ ပျော်ဖို့လည်းအကောင်းဆုံးအချိန်ပါ။ သင်္ကြန်လေ ဟဲဟဲ

ပင်းပန်းခဲ့သမျှ သင်္ကြန်ရောက်မှ အတိုးချပြီး ကဲတော့မယ်😁

တူတူကဲကြမယ်

အတိုးချကဲတော့မယ်ပေါ့လေ😂

အကြို ကဲနေပြီပေါ့လေ ...

ပျော်စရာကြီး ၅မိုင်နီးနီးလေးကို မရောက်ဖူးသေးဘူး
သွားလယ်ဦးမယ်ဗျာ

သွားစို့လေ...နောက်တစ်ခေါက်

သွားစို့ဗျာ

စာစစ်ပါတယ်လားဗျ
အောင်ချက်တွေကောင်းကြလား?

ပါတယ်ဘရိုရေ... အောင်..ကျ ပါတယ်😁😁😁😁

မန္တလေးရောက်နေတယ်ဆိုတော့ admin @thatkozaw ,
@myanmarkoko တို့နှင့် တွေ့ဘူးလား။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 61757.74
ETH 3388.32
USDT 1.00
SBD 2.51