For Grade 10 Exam

in #myanmar6 years ago (edited)

image
မင်္ဂလာပါ ညီအစ်ကို တို့ရေ...
အခု ဆိုရင်ကျောင်းသား၊ကျောင်းသူတွေရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဒသမတန်း(တက္ကသိုလ်ဝင်တန်း) စာမေးပွကြီး တစ်ဖြည်းဖြည်းနီးကပ်လာနေပါပြီ။ အားလုံးသိကြတဲ့ အတိုင်းပါပဲ ။ယခုခေတ်က ဆယ်တန်းအောင်မှ ဟုတ်တော့တာကိုး။ ကျောင်းသားတစ်ယောက်ရဲ့ ဘဝရှေ့လမ်းတစ်လျှောက် ဆက်သွားဖို့ လမ်းရွေးပေးတဲ့ စာမေးပွဲတစ်ခု မဟုတ်ပါလား။အခု အချိန်မှာကျောင်းသားတိုင်းအတွက် စာလေ့ကျင့်မှု၊ ကြိုးစားအားထုတ်မှု အရှိရဆုံးဖြစ်နေရပါမယ်။ သင်ပြီး၊တတ်ပြီးသည်များကို လစ်ဟင်းမှုမရှိအောင် ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်ရမည့်အချိန်ပါ။
" တတ်ပြီးပညာ မလေ့လာ၊မကြာမရှည် ပျောက်တတ်သည်" ရှေးလူးကြီးများ အလကားနေရင်း ဆိုမိန့်ခဲ့သည်တော့မဖြစ်နိုင်ရာ။မကြာခဏ လေ့ကျင့်နေမှသာ ကြာရှည်မှတ်မိနိုင်မည်ဖြစ်သည်။ သို့အတွက် တက္ကသိုလ်ဝင်ကျောင်းသားများလေ့ကျင့်နိုင်မည့် note များရှိနေရမည်။
ဘာသာရပ်အားလုံးနီးပါး မေးခွန်းဟောင်းက အစ တစ်မှတ်တန်အထိ စနစ်တကျ ပြုစုပေးထားသော mobile application တစ်ခုတင်ပြပါရစေဗျာ။
အသုံးပြုရတာ လွယ်ကူပါတယ်။ ကျောင်းသား၊ကျောင်းသူများ အတွက်အဆင်ပြေစေမှာပါ။ အဲ့ဒီဆော့ဝဲလင့်ပါ။
image
https://play.google.com/store/apps/details?id=com.myexambuddy2
Google Play Storeမှာ ဒေါင်းလုဒ်ယူနိုင်ပါတယ်။

https://www.facebook.com/myexambuddies/ တွင်လည်းအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဆရာ၊ဆရာမများ ၊ကျောင်းသား၊ကျောင်းသူများအတွက် ရည်ရွယ်၍ စနစ်တကျပြုစုထားခြင်းပါ။ ညီကိုတို့ မိတ်ဆွေ ဆယ်တန်းကျောင်းသားရှိခဲ့သည်ရှိသော် အသုံးဝင်စေရန်အလို့ငှါ ဖော်ပြပေးပါသည်။
မြန်မာစာအတွက် ခက်ဆစ်၊အလင်္ကာကအစ တစ်မှတ်တန်မေးခွန်းများအထိ စနစ်တကျပြုစုပေးထားပါတယ်။မိမိနှစ်သက်ရာအပိုင်းကို ရွေးချယ်၍ လေ့ကျင့်နိုင်ပါတယ်။ image

English အတွက်လေ့ကျင့်ရန်အတွက်လည်း အဆင်ပြေလှပါတယ်။ poem,grammer,old questions များလည်း ပြုစုပေးထားပါတယ်။ paragraph writing ပါလေ့ကျင့်နိုင်ပါသေးတယ်။ image


သင်္ချာအတွက်ကတော့ (၁)မှတ်တန်Multiple choice လေ့ကျင့်လို့ရပါတယ်။chapter တစ်ခုချင်းစီအလိုက် လေ့ကျင့်လို့အဆင်ပြေပါတယ်။

မိမိလေ့ကျင့်မှုကိုလည်း ပြန်လည့်ဆန်းစစ်နိုင်ပါသေးတယ်။ စုစုပေါင်းမိမိဖြေခဲ့သည့် မေးခွန်း ဘယ်နှပုဒ်မှန်လဲဆိုတာ အဖြေရောပါ စစ်ဆေးကြည့်လိုရပါသေးတယ်။ image


တခြားသော ဘာသာရပ်များအတွက်လည်း စနစ်တကျပြုစုပေးထားပါသည်။
အဆင်သင့်ထုတ်ဝေထားသော စာအုပ်များလေ့ကျင့်လို့ရသော်လည်း ယခုအပလီကေးရှင်းသည်လည်း ကျောင်းသားကျောင်းသာများအတွက် လွန်စွာမှ အသုံးဝင်ဟု ထင်မိသည်။ အရာရာတိုင်းတွင် ကောင်းကျိုးနှင့်ဆိုးကျိုး ဒွန်တွဲနေသည်သာ။ ကျောင်းသားများ အသုံးပြုရန် သေချာပေါက် ဟန်းဆက်ကောင်းကောင်းတစ်ခုတော့ လိုအပ်နေခြင်းဖြစ်သည်။ ကျောင်းသားများက စာကိုအကြောင်းပြ၍ တလွဲလုပ်မည်စိုးရိမ်ရအုံးမည်။
ဤဟန်းဆက်ဖြင့် နောက်ကွယ်တစ်နေရာတွင် ဂိမ်းဆော့ကောင်းဆော့နိုင်သည်။ video ဖိုင်တစ်ခုကြည့်နေနိုင်သေးသည်။တစ်လွဲအသုံးပြုသွားမှာစိုရိမ်ရသည်။ဤမှာ သတိထားရမည့် အရေးကြီးဆုံးဟု ထင်နေကြမည်။ ဟုတ်နိုင်ပေသည်။ နားလည်အောင်သွန်သင်ရမည်။ အကျိုးရှိရှိအသုံးချစေရန် တိုက်တွန်းပေးရမည်။

...
သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျူရှင်၊ဘော်ဒါ မနေရသော ကျောင်းသားများအတွက် မိမိကိုသာ အားကိုးရာဖြစ်နေမည်။ သို့အတွက် ထိုapplication လေးက များစွာအထောက်အကူပြုနိုင်မည်လော။
ညီကိုတို့ ဒေါင်းလုဒ်ပီး အသုံးပြုကြည့်ပါ။
မိမိတို့ခေတ်က ထို့ကဲ့သို့သော နည်းပညာများမရှိ၍ နှမြောတသ အားမလိုအားမရ ဖြစ်နေမည်လား။
...................,.......
ဘာသာရပ်တစ်ခုချင်းစီ လေ့လာဖို့အသေးစိတ်စီစဉ်ထားရာ ကျွန်တော်အလွန်ကြိုက်သည်။စီစဉ်ထားသော
App developerကိုလည်း လေးစားဂုဏ်ယူသည်။
ကျောင်းသား၊ကျောင်းသူများအဖို့ အလွန်တန်ဖိုးရှိပါမည်။သေချာပါသည်။သူတို့အတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။ ညီကိုတို့ရဲ့ ညီ၊ညီမငယ်များရှိရင်အသုံးဝင်ဝေဖို့ တင်ပြပေးခြင်းဖြစ်ပါတယ်။
အသုံးဝင်မည်ဟုလည်း မျှော်လင့်ပါတယ်။
လေးစားလျက်.....
@kyawthetaung(MSC-125) image

Sort:  

ဒီapp လေးမှာ လိုအပ်တာတော်တော်များများပါနေတော့ ကျောင်းသားတွေ အတွက်တော်တော်အသုံးဝင်မယ်bro

အမှ်ပေါ့ဗျာ

ျွန်နော်တော့ မသုံးဖူးပါ ဒါပေမယ့်
ကျာင်းသားလေးတွေ အတွက် တကယ်အသုံးဝင်မယ်ထင်ပါတယ် ။
အိမ်နားပတ်ဝန်းကျင်က ကလေးတွေကိုလဲ Shareလိုက်ပါမယ်ဗျ။

ကျူရှင်ဆိုလို့ ကျွန်တော်ဆိုကျူရှင်ကို ကောင်းကောင်းမတက်နိုင်ခဲ့ပါဘူးဗျာ ကျူရှင်တက်တဲ့သူငယ်ချင်းတွေစီကနေ စာပြန်သင်ရတယ် စာပြန်ကူးရတယ်

ဒီကောင်လေးက လေ့ကျင့်ဖို့အတွက်တော်တော်ကောင်းတယ်ဗျ

အစ်​ကို​ရေးထားတာ​ကောင်းပါတယ်​​ဗျ👍
၁၀တန်းက grade 11ပါ bro ​ရေ အကို ချမ်းသွားတာဖြစ်​မယ်​ပြင်​​ရေးလိုက်​ပါအုန်း​ဗျ

ဆယ်တန်းကို grade 10လို့ပြောင်းလဲသက်မှတ်ခဲ့တာယခင်နှစ်ကတည်းကပါအကို....😁😁😁ဟီးဟီး ကျေးဇူးပါ အကိုရေ

ကျနော်လည်း ခုမှသိတယ်ဗျိုး

စာပြန်သင်နေရ သလိုဘဲ
လေးစားပါတယ်ဗျ

ဒေါင်းပီးကြည့်လိုက်ဗျာ...ကောင်းတယ်ဗျ ဆယ်တန်းတွေအတွက်

Congratulations! This post has been upvoted from the communal account, @minnowsupport, by Khantgyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုယ်တွေက အလယ်တန်းအဆင့်ထိပဲ ကျောင်းနေခဲ့ရဖူးတော့ အားတောင်ငယ်သွားတယ်😁

အားငယ်စရာမလိုပါဘူးအကိုရာ..

ခုလိုတင်ပေးတာကျေးဇူးတင်ပါတယ်ဗျာ
နီးစပ်ရာပြန်လည်မျှဝေလိုက်ပါဦးမယ်

မြန်မြန်လုပ်လိုက်ပါဗျာ

ပညာရေးအတွက် အထောက်အကူဖြစ်စေသော Applicationလေးတခုပါ
App developer ကလည်း တော်တော်လေးတော်ပါသည်
ဆရာတွေတွက် လွန်စွာအသုံးဝင်မှာ အမှန်ပါ
ကျနော်လည်း Grammarလေးတွေပြန်ကြည့်ချင်နေတာနဲ့အတော်ပဲဗျ ဒေါင်းပီးလေ့လာလိုက်အူးမယ် ကျေးဇူးပါနော်

ကျောင်းသားလေးတွေတွက်ကျ
အစ်ကိုပြောသလိုပဲမမြင်ကွယ်ရာတွင် Videoကြည့် gameဆော့မည်ကို လွန်စွာမှစိုးရိမ်းရပေလိမ့်မည်
ခုခေတ်က ခလေးလေးတွေတောင်ဖုန်းကလိတတ်နေတဲ့ခေတ်ဆိုတော့ ကျနော်ညီလေးကိုတော့ ဖုန်းပေးမသုံးဘူးဂျ

ဟုတ်တယ်ဗျ ict project schoolတွေဆို ပိုပြီးအဆင်ပြေတယ်

အလကားလားဗျ အရင်တုန်းက ငွေပေးရတယ်လို့ ကြားထားလို့

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60906.91
ETH 2920.56
USDT 1.00
SBD 3.69