နေရာ(ရာထူး)

in #myanmar6 years ago (edited)

မင်္ဂလာပါဗျာ...

ကျွန်တော်တို့လူ့လောကနယ်ပယ်တွင် လူပုဂ္ဂိုလ်တစ်စုံတစ်ယောက်၊အရာဝတ္ထုပစ္စည်းတစ်စုံတစ်ရာအတွက် နေရာ သည်အလွန်အရေးပါသည်။

imageထိုနေရာကပင် လူတစ်ဦးတစ်ယောက်အောင်မြင်ခြင်း၊ကျရှုံးခြင်း စိတ်ဓာတ်ခွန်အားအတွက် အဓိကသော့ချက်မဟုတ်ပါလား။ ယဉ်ကျေးလိမ္မာခြင်း၊ရိုင်းစိုင်းခြင်း၊တော်ခြင်း၊ညံ့ခြင်းစသည်တို့ဟာ မိမိလက်ရှိပိုင်ဆိုင်ထားတဲ့နေရာနှင့် တိုက်ရိုက်အချိုးကျနေခြင်းသာ။ မူလတန်းဖတ်စာအုပ်တွင်ပြဋ္ဌာန်းထားသော ကျေးညီနောင် ပုံပြင်ကိုသာဓကယူ၍ရနိုင်သည်။ လိမ္မာအောင်ကျင့်ကြံရမည့်နေရာရောက်တော့ ကျေးလိမ္မာဖြစ်တယ်။ လူဆိုးသူခိုးထံရောက်တော့ ကျေးရိုင်းဖြစ်သွားခဲ့တယ်။တံငါနားနီးတံငါ၊မုဆိုးနားနီးမုဆိုး ဆိုတာရှေးလူကြီးတွေရဲ့ဆိုရိုးစကား အလကားထားခဲ့တယ်တော့မထင်ဘူး။မိမိပတ်ဝန်းကျင်းနှင့်အသားကျအောင်နေထိုင်ကျက်စားကြရမည်သာ။
image
နေရာ၏တန်ဖိုး

အထက်တွင်တင်ပြထားခဲ့အတိုင်း နေရာတစ်ခုသည် လူတစ်ဦး၊ အရာဝတ္ထုတစ်ခုအတွက် အဓိကဖြစ်သည်။
စာဖတ်သူ၏တို့ နေရာပတ်ဝန်းကျင်တွင်လည်း လက်ရှိအချိန်၌ တွေ့မြင်ကောင်းတွေ့မြင်နိုင်သည်။
ကျွန်တော်တို့ရွာမှ လူငယ်နှစ်ဦး မောင်ဖြူနှင့်မောင်နီ(အမည်လွှဲ)တို့ဟာ ရွာမှာအလုပ်အကိုင်မယ်မယ်ရရမရှိကြဘူး။အလုပ်လုပ်ပိုက်ဆံရှာရန် နေရပ်ကိုစွန့်ခဲ့ကြတယ်။အဲဒီတော့ သူတို့နှစ်ဦးလုံးနောက်သုံးနှစ်လောက်နေတော့ ရွာကိုပြန်လာကြတယ်။ တစ်ယောက်ကတော်တော်ပိုက်ဆံတွေရနေပြီ။မောင်နီလည်း ရတော့ရတယ်။မောင်ဖြူလို လူချမ်းသာလို့မခေါ်နိုင်သေးဘူး။ မောင်နီကိုမေးကြည့်တော့ ပြန်ဖြေတယ်။ ကျွန်တော်တို့အတူတူ စွန့်စွန့်စားစား တစ်ခြားနိုင်ငံမှာသွားပြီး အလုပ်လုပ်တာတောင် သူကနေရာကောင်းရသွားတာ...တဲ့။ မတူကွဲပြားတဲ့နေရာတွေက လူတွေရဲ့ဘဝကိုအနှေးနဲ့အမြန်တိုးတက်စေတာပါပဲ။
ကျွန်တော်တို့ ဝန်ထမ်းတွေဆိုတာလည်း အတူတူပဲ။
မိမိကျရာ၊တာဝန်ထမ်းဆောင်ရာနေရာကိုလိုက်ပြီး အဆင်ပြေခြင်း၊မပြေခြင်း အလုပ်အကိုင်ချောမွေ့ခြင်း၊မမွေ့ခြင်းဆိုတာ ရှိနေကြတာပါ။
နေရာတစ်ခုဘယ်လောက်အရေးပါလဲဆိုရင် အားလုံးသိကြမှာပါ။ ဝီရိယတော့ နည်းနည်းကပ်ပါနေမည်ထင်သည်။ ဥပမာ...ကျွန်တော်တို့အိမ်က နီမ နဲ့ ဂုတ်ကျား တို့ ဆောင်းရာသီရောက်ဆိုရင် ပြာပုံဦးကြသလိုပေါ့။ စောစောနေရာဦးထားတဲ့အကောင်က အဲ့ဒီညအဖို့်နွေးနွေးထွေးထွေးအိပ်ယုံပဲ။သာသာယာယာပဲလေ။
ဒါတောင် ခွေးလေးတွေအတွက် အိပ်စရာပဲရှိသေးတာ၊ကျွန်တော်တို့အတွက်ဆို ဘယ်လောက်များအရေးပါ ပါလိမ့်။


ရာထူးနေရာ
......................
ပစ္စည်းတစ်ခုပဲဖြစ်ဖြစ်၊လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် နေရာတကျ ရှိနေခြင်းက အရည်အသွေးကိုပြသစေမှာပါ။
ကျွန်တော်တို့နေစဉ်စားနေတဲ့ထမင်းကိုလူတိုင်းတန်ဖိုးထား မြတ်နိုးကြပေလိမ့်မည်။သည်ထမင်းလုံး ထမင်းအိုးထဲပဲရှိနေတာ အသင့်တော်ဆုံးပါ။ဒီလိုမဟုတ်ဘဲ တစ်ခြားနေရာ...ဥပမာ သောက်ရေအိုးထဲ၊သောက်ရေခွက်ထဲရောက်နေရင်တော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရွံစရာအတိဖြစ်သွားမှာ အသေအချာပင်ဖြစ်သည်။ မိမိတို့တန်ဖိုးထားရာ ခေါင်းထက်တွင်ရှိနေသော ဆံပင်သည်လည်း ခေါင်းထက်မှာမရှိဘဲ အခြားတစ်နေရာရာရောက်နေရင်တော့ ရွံစရာတစ်ခုပင်ဖြစ်နေလိမ့်မည်သာ။ ထိုသည်များမှာ သက်မဲ့ပစ္စည်းများသာ ဖြစ်နေသေးသည်။ ကျွန်တော်တို့တွေအတွက် မိမိဆိုင်ရာ နေရာကိုကျော်လွန်၍ လူတွင်ကျယ်လုပ်ပြီဆိုလျှင် တန်ဖိုးတွေလျော့ကျပြီး လူ့ချဉ်ဖတ်ဖြစ်မှာသေချာသည်။
လူ့ဘောင်လောကသည် ထိုထက်ကျယ်ပြောလှသည်။ မိမိရရှိနေသော နေရာ၊ရာထူးကို သမ္မတရာထူးကဲ့သို့ထင်နေကြသူများလည်းရှိသည်။ စိုင်ကော်လို့ ခြုံပေါ်ရောက်နေသော မိမိတိုအဖြစ်ကိုတောင် မသိကြဘဲ ထင်သလိုလုပ်နေတတ်သူများလည်းရှိကြသည်။ ရရှိနေသော နေရာ၊ရာထူးကိုတာဝန်ရှိရှိနဲ့ တာဝန်သိသိနဲ့ဆောင်ရွက်လျှင် မအောင်မြင်စရာအကြောင်းမရှိ။ ကျွန်တော်တို့ရွာများတွင် သိမြင်ရလွယ်သည်။ဥပမာ..ရပ်ကွက်အုပ်ချုပ်ရေးမှုး ရာထူးလောက်ဖြင့် ဘဝထင်နေကြသူတွေ တောင်လိုပုံရှိကြသည်။ ကျွန်တော်အသက်ငယ်သေးပေမယ့် ခဏခဏမြင်တွေ့နေပါသည်။
ကျွန်တော်တို့ရွာသား ကိုဇော်မျိုးဆိုသူတစ်ယောက်ရှိသည်။ လူငယ်ပီပီ စကားကလည်းအနည်းငယ်တတ်သည်။အတည်ပေါက်နှင့်လည်း နောက်တတ်သူဖြစ်သည်။တစ်နေ့မှာ သူ့ဦးလေးနှင့် တူဝရီးနှစ်ယောက် ပေါက်တူးတစ်လက်စီထမ်း၍ ယာထဲထွက်လာကြတယ်။အဲ့အချိန်မှာ အမောင်းသင်နေတဲ့ လေယာဉ်က တဝူဝူနဲ့ ပတ်ပျံသန်းနေတာပေါ့။ အဲ့အချိန်မှာဦးလေးလုပ်သူက ပြောလိုက်တယ်။
" တော်တော် ပျံနိုင်တဲ့ကောင်တွေနော်။ မနားတော့ဘူး''
" အာဟာ....ဦးလေးကလည်း ပျံဆိုအဲ့ကောင်တွေက ဆီမှ သိပ်မကုန်တာ။ပျံမှာပေါ့ဗျ"
"ဟုတ်ပါ့မလား.ငါ့တူရာ"
"ဟုတ်တယ်...ရန်ကုန်နဲ့မန္တလေး ပျံတာတောင် ဆီကနို့ဆီဘူးတစ်ဘူးလောက်ပဲ ကုန်တာ။ ''
ဦးလေးဖြစ်သူလည်း စကားအဆုံးတွင် အသံကြားရာ လေယာဉ်ပျံဆီသို့ငေးကြည့်ရင်း ခေါင်းတဆက်ဆက်ဖြင့်။.......


သူပြောခဲ့စကားဒီစကားအကြိုက်ဆုံးပဲဗျ။ ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ရွာကို စီမံကိန်းတစ်ခုဖြင့် ချောင်းကူးတံတားတစ်ခုဆောက်ဖို့ ကျလာတယ်။ ကျေးရွာဆိုတော့မြို့နဲ့နီးစပ်သူ၊ နည်းနည်းအမြင်ရှိတဲ့သူတွေရောရွာသားတွေရော လုပ်အားပေးရင်းဝိုင်းဝန်းလုပ်ဆောင်လိုက်ကြတယ်။အောင်အောင်မြင်မြင်ပြီးမြောက်သွားတယ်ဆိုပါစို့။ အဆိုပါတံတားဖွင့်ပွဲရောက်လာတော့ မြို့နယ်ကရော၊တိုင်းကရော ဝန်ကြီးတွေ၊လွှတ်တော်ကိုယ်စားလှယ်တွေလာပြီးဖွင့်ပွဲလုပ်ပေးကြတာပေါ့။ ဖွင့်ပွဲနေ့မှာ ကျွန်တော်တို့သွားကြည့်တော့ အဆိုအကတွေနဲ့ စည်ကားနေတယ်
။ တိုက်ပုံအင်္ကျီတွေတကားကားနဲ့ ဆယ်အိမ်ခေါင်းတွေရော၊အကျိုးတော်ဆောင်တွေရော မဏ္ဍပ်ထဲမှာ မင့်မင့်ကြီးတွေ။များမကြာမီမှာပဲ ဝန်ကြီးတွေ၊ ကိုယ်စားလှယ်တွေလာပါလေရော။ ဧည့်ခံကြိုဆိုတဲ့ မဏ္ဍပ်ထဲကြွဖို့ခေါ်ကြတော့ ထိုင်စရာနေရာဖယ်ပေးရတာပေါ့။မြင်ကွင်းကကြည့်မကောင်းတော့ဘူး။တိုက်ပုံတကားကားနဲ့ ထိုင်ရမလို ထရမလိုဖစ်နေတာမြင်တော့ ငေါက်ခနဲပြောလိုက်တာ ကျွန်တော်ခုထိသတိရနေတုန်း။
" အဲ့ဒါပဲကွ...လူရာမဝင်ဖူးတဲ့သူတွေက လူရာအလွန်ချင်ကြတာ။ရတဲ့အချိန်မြှောက်ကားမြှောက်ကားနဲ့ နေရာတကာ ထောင်ထောင် ထောင်ထောင်နဲ့ ကြည့်ရတာဆိုးတယ်။ သူ့တို့ကိုယ်သူတို့တော့ မသိလောက်ဘူးရယ်။.ဘဝင်လေဟပ်နေမှာ။ "
ပြောချလိုက်တာ ကွက်ကွက် ကွင်းကွင်းပဲ။ဒီနေ့ထိ မမေ့ဘူးဗျာ...
"လူရာမဝင်ဖူးတဲ့သူတွေ လူရာအလွန်ဝင်ချင်ကြတာ"တဲ့။
..............................................................................

တစ်ခါကလည်း တိုင်းပြည်ကြီးတစ်ခုမှ ဘုရင်တစ်ပါးအုပ်ချုပ်တာပေါ့။ဘုရင်ကြီးက စိတ်သဘောထားကောင်းတယ်။စိတ်ထားဖြူစင်ပြီး သူ့မို့လို့၊ငါ့မို့လို့ဆိုတာမရှိဘူး။အားလုံးတန်းတူအခွင့်အရေးပေးတယ်။
ဘေးတိုင်းပြည်တွေနဲ့လည်း သဟဇာတတည့်တော့ လက်ဆောင်ပစ္စည်းတွေ လာလာဆက်သကြတယ်။
တစ်ခါကျတော့ ဘုရင်ကြီးလည်း အခြားတိုင်းပြည်ကို မင်းရေးကိစ္စနှင့် ချစ်ကြည်ရေးသွားတုန်းကျန်ခဲ့တဲ့သူတွေကို တိုင်ပြည်ရေးလွှဲအပ်ထားတာပေါ့။အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဆိုပြီးတော့မှာထားခဲ့တယ်။ အဲ့အချိန်မှာပဲ အခြားတိုင်းပြည်က သစ်သီးတွေ၊ဆန်တွေစတဲ့ စားစရာတွေ အများကြီးလာပြီးလက်ဆောင်ပေးတယ်။ခါတိုင်းကဲ့သို့ပဲ အားလုံးဝေငှပြီး ခွဲပေးဖို့ တာဝန်ရှိလာပြီ။
မင်းကြီးမရှိတုန်းသူတို့ပဲလက်ဝါးကြီးအုပ်ချင်တော့ အကြံအစည်တွေထုတ်တာပေါ့။အကြောင်းပြချက်တွေ၊ခွဲဝေမှုစည်းမျဉ်းတွေထုတ်ပြီးသူ့တို့နဲ့နီးစပ်ရာလူတွေကိုပဲခေါ်ပြီးတော့ ဝေပေးလိုက်တယ်။ တစ်ခြားမရလိုက်တဲ့ ဆင်းရဲပြည်သူတွေက မင်းကြီးပြန်လာတော့ တိုင်တာပေါ့။
အဲ့ဒီမှာ မင်းကြီးက ခေါ်ပြီးဆုံးမလိုက်တယ်။
"ရေရာ၊ရာထူးကို ချစ်ရတယ်။နေရာ၊ရာထူးကို အသုံးချ အကြောင်းပြပီးတော့ အခွင့်အရေးယူပါများလာရင် တစ်ခြားသူတွေက အဲ့ဒါကို ''လုပ်ပိုင်ခွင့်'' လို့ပဲသက်မှတ်သွားတတ်ကြတယ်။''


ဆက်လက်ကြိုးစာပြီးရေးသားပါအုံးမယ်ဗျာ...

@kyawthetaung(MSC 125)

image

Sort:  

ဒူးနေရာ ဒူး၊ တော်နေရာ တော် ဟုဆိုသော စကားပုံကြားဖူးတာပဲ။
ဘယ်အရာမဆို သူ့နေရာနှင့်သူမှ အံဝင်ခွင်ကျ ဖြစ်ပေတော့မပေါ့လေ။

အမှန်ပေါ့အကိုရာ

တင်ပြသွားပုံကတော့ စုံလင်လှပါတယ်ဗျာ သူ့နေရာနှင့်သူ တန်ဘိုးရှိပုံကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ စာကောင်းတစ်ပုဒ်ပါဗျ။

ကျေးဇူးပါဘရို

နေရာ ရာထူးနဲ့လုပ်ပိုင်ခွင့်တွေကို တစ်ချို့ကျတော့လည်း အလွဲသုံးစားလုပ်နေကြတာ မြင်နေရပါ့ဗျာ။

မကောင်းဘူးပေါ့အကိုရာ

အမှန်ပဲအစ်ကိုရေ
အားပေးလျှက်ပါ

ကျေးဇူးပါဗျာ

တန်ဖိုးသည်နေရာတိုင်းတွင်
ရှိသည်
နေရာမှန်ဖို့တော့လိုသည်
bro စာဖတ်ရတာဗဟုသုတရတယ်ဗျာ

ဟုတ်ကဲ့ပါ...ကျေးဇူးပါဗျ

ရေးသားပြသထားတာ အရမ်းကို ကောင်ပါတယ်ဗျာ
ဆက်လက်ပြီး အားပေးနေမယ် ညီ

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

အရေးသားကတော့ဆရာမလို့လားမသိအရမ်းgoodတယ်တက်အာယပေးနေပါတယ်ဆရာရေ

😁😁
ဟုတ်ကဲ့ပါဗျာ...

အမှန်​ပဲဗျာ ရာထူးရူး​တွေ အာဏာရူး​တွေေ​ကြာင့်​ အရမ်းစိတ်​ညစ်​ရတယ်

တော်တော်များများက ရာထူးနေရာတွေကို ကိုယ်ကျိုးအတွက် လုပ်နေကြတာများတယ်

ကျနော်အဓိကပြောချင်တာ အဲ့ဒါပဲဗျ

ကျန်တော်တို့ msc member တွေကိုအဲ့ဒီ နို့ဆီဘူး တစ်ဘူးပဲကုန်တဲ့ လေယာဉ်လေးမစပါဘဒို 😁

အော်ဒါတင်ထားတယ် broရေ..😁😁😁

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 61804.64
ETH 3395.13
USDT 1.00
SBD 2.51