VPS ဆိုတာဘာလဲ?

in #myanmar6 years ago (edited)

Vps (Virtual Private Server) ဆိုတာ Internet ပေါ်ကကွန်ပျူတာတစ်လုံးပါပဲ။ သူ့မှာမောင်းနှင်တဲ့ OS တွေကတော့ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Microsoft က Window တင်ထားတဲ့ VPS တွေရှိသလို၊ VPS Service Provider အများစုမှာသုံးကြတာကတော့ Microsoft က VPS မှာသုံးဖို့ထုတ်ထားတဲ့ Window Server အပြင်၊ CentOS, Ubuntu, Debian, Fedora, Linux စတဲ့ Os တွေဖြစ်ပါတယ်။
အပေါ်မှာ Vps ဆိုတာ Internet ပေါ်ကကွန်ပျူတာတစ်လုံးလို့ပြောခဲ့သလို၊ VPS ကိုမိမိရဲ့ Computer, Tablet, Phone စတဲ့ Device တွေကနေချိတ်ဆက်ထိန်းချုပ်နိုင်တဲ့ Computer တစ်လုံးပါပဲ၊ VPS တွေက 24 နာရီအင်တာနက်ချိတ်ဆက်ထားတဲ့အတွက်။ မိမိလုပ်စရာရှိသည်များကို Online ပေါ်မှာ 24/7 Run ထားနိုင်ပါသည်။ ဥပမာ။ 999Dice လို Gambling နှင့် Forex, Binary, Crypto စတဲ့ Trading Bot တွေ Run နိုင်တယ်၊ Software များ Download ဆွဲစမ်းသပ်နိုင်သည်၊ Video များကို Vps အတွင်းမှာပင် Download ဆွဲရင်မိမိရဲ့ YouTube Channel, Blog, Website တွေမှာ Upload ပြန်တင်နိုင်တယ်၊ (VPS အတွင်းလုပ်ဆောင်သည့် Download/Upload တွေက VPS ရဲ့ Connection ကိုသာသုံးသည့်အတွက်မိမိဒေတာအပိုမကုန်ပါ) 24 နာရီပါတ်လုံးအင်တာနက်ရသည့်အတွက် Crypto Currency Mining ပြုလုပ်ရာတွင်အသုံးပြုကြသည်လဲရှိသည်၊ အင်တာနက်ရှိသည့်မည်သည့်နေရာမှမဆိုသုံးစွဲနိုင်သည့်အတွက်၊ မိမိအဝေးရောက်နေချိန်တွင်တခြား Computer နှင့်အခြား Mining စက်ကဲ့သို့ Device များကိုထိန်းချုပ်နိုင်ရန် Server Computer အဖြစ်လဲသုံးနိုင်သည်၊ Web Hosting များရှိသော်လည်းအချို့က VPS ကို Website များအတွက် Hosting အဖြစ်လဲသုံးကြပါသည်၊ နောက်တစ်ခုအနေနဲ့သုံးနိုင်တာကတော့ United State Server မှာ Run ထားတဲ့ US IP နဲ့ Vps တစ်လုံးကနေ Website တွေဝင်ကြည့်မယ်ဆိုသင်ကအမေရိကန်နိုင်ငံကနေသုံးသလိုဖြစ်သွားပါလိမ့်မယ်။ ထို့ကြောင့်မြန်မာနိုင်ငံမှပိတ်ထားသော(သို့)မြန်မာနိုင်ငံသားတွေအတွက်ပိတ်ထားသော Service တွေကိုအမေရိကန်နိုင်ငံသားတစ်ယောက်ကဲ့သို့အသုံးပြုနိုင်ပါသည်။ ဥပမာ။ Survey များဖြေရှင်းခြင်း၊ Youtube Channel များတွေကြော်ညာများထည့်သွင်းပိုက်ဆံရှာနိုင်ခြင်းစတာတွေကိုတားမြစ်ချက်များမရှိဘဲလုပ်နိုင်သည်။ ဟိုအရင်စီးပွားရေးပိတ်ဆို့ထားစဉ်က US အခြေစိုက်ဖြစ်တဲ့ PayPal ကမြန်မာနိုင်ငံသားတွေကိုသုံးခွင့်မပေးပါ၊ Myanmar Ip ဖြင့်ဝင်မိလျှင်အကောင့် Lock ချတတ်တယ်၊ တချို့နိုင်ငံခြားသားတွေတောင်မြန်မာပြည်ရောက်တုန်းမြန်မာ IP နဲ့ဝင်မိလို့အကောင့်ခဏ Lock ချခံရတဲ့အထိတင်းကြပ်ခဲ့ဖူးသည်၊ ထိုအချိန်က PTC ဆိုဒ်တွေငွေအသွင်းထုတ်လုပ်ဖို့ Bet365 လိုဆိုဒ်တွေမှာကစားဖို့အတွက်၊ ပိတ်ထားတဲ့ဆိုဒ်တွေကျော်ဖို့အတွက် VPN တွေ VPS တွေအသုံးများခဲ့ကြသည်၊ ကြားခံ WebPage တစ်ခုခုကိုခံရ်ျသွားကြသည်များလဲရှိသည်။ အဲဒါတွေအတွက်ပဲအသုံးဝင်တာလားဆိုရင်မဟုတ်ပါဘူး၊ ဒီထက်မကအသုံးဝင်ပါတယ်ယခုကျွန်တော်တို့ အသုံးပြုနေတဲ့အင်တာနက်အဝင်အထွက်အချိတ်ဆက်အားလုံးကိုအစိုးရကထိန်းချုပ်ထားပါတယ်၊ မြင်လွယ်အောင်ပြောရရင်နိုင်ငံအတွင်းရှိ Connection အဝင်အထွက်အားလုံးကို Window Firewall သဘောမျိုးခံပြီးမှပြန်လည်ဖြန့်ဖြူးပေးခြင်းဖြစ်ပါတယ်၊ အစိုးရကပိတ်ပင်လိုတဲ့ Connection တွေကိုပိတ်နိုင်စစ်ထုတ်နိုင်ပါတယ် Network Port တွေပိတ်နိုင်ပါတယ်၊ လူတစ်ဦးတစ်ယောက်ကိုခြေရာခံစုံစမ်းနိုင်ပါတယ်၊ (အစိုးရ Case တွေမဟုတ်ရင်အဲလောက်အာရုံနောက်ခံမလိုက်ပါ) VPS သုံးခြင်းဖြင့် Web Search အပါအဝင် VPS ထဲမှာပြုလုပ်သမျှကိုခြေရာဖျောက်နိုင်တယ်၊ (အစိုးရက VPS Provider နဲ့ချိတ်ဆက်ပြီးလိုက်ရင်တော့တစ်မျိုးပေါ့အဲလိုလိုက်ရအောင်လဲစနိုးဒင်လောက်နာမည်ကြီးမှ) အစိုးရကပိတ်ထပင်ထားတဲ့ TCP UDP လိုမျိုး Network Port တွေရှိပါတယ်၊ အစိုးရကပိတ်ထားတာဖြစ်လို့မြန်မာနိုင်ငံက Connection သုံးပြီးကြိုက်သလို Port Forward လုပ်ကြိုက်တဲ့နည်းသုံးအဲဒီ Port တွေဖွင့်မရပါဘူး၊ ဒါပေမဲ့အနည်းငယ်သော VPS တွေမှာတော့ Enable လုပ်နိုင်ပါတယ်။ တချို့ Port တွေကဘယ်လောက်အရေးပါပြီးဘာတွေ Control လုပ်လို့ရလဲဆိုတာတချို့နားလည်မှာပါ။

VPS ကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင် Win-Vps လိုဈေးသက်သာတဲ့ကောင်တွေရှိသလို Free Trial တွေလဲရှိပါတယ်၊ Free Trial ဆိုပြီးပြောထားတဲ့ဆိုဒ်တွေထဲမှာတစ်ချို့ပဲအဆင်ပြေပါတယ်တချို့ကကန့်သတ်ချက်တွေတအားများပြီးသုံးရအဆင်မပြေပါဘူး၊ Free VPS ထဲမှာနာမည်ကြီးပြီးအချိန်အကြာဆုံး Free ရတာကတော့ Amazon Aws ပါ၊ Amazon Aws ကို Register လုပ်တဲ့အခါ၊ Code Verify လုပ်တဲ့နေရာမှာအနည်းငယ်အခက်ခဲရှိပါတယ်၊ Verify လုပ်ဖို့ဖုန်းဝင်လာတဲ့အချိန်မှာအသံပီပီသသပြတ်ပြတ်သားသားနဲ့ကုဒ်တစ်လုံးကိုတစ်ကြိမ်ပဲအော်ပါ၊ သူမရှင်းလို့ Once Again လို့ပြောမှသာနောက်တစ်ကြိမ်တစ်လုံးချင်းစီထပ်ပြောပါ၊ သူကအော်တို Call ပါကိုယ်ကပီပီသသပြောလဲလိုင်းကြောင့်အဆင်မပြေတာဖြစ်တတ်ပါတယ်၊ တခြားကျန်တဲ့အဆင့်တွေအခက်အခဲရှိရင် Youtube မှာရှာကြည့်ပြီးလိုက်လုပ်ပါ။

Vps တစ်ခု Register လုပ်ပြီးပြီဆိုရင် Computer နဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် Computer မှ Remote Destop Conection ဖြင့်လည်းကောင်း၊ VPS Provider မှပေးတဲ့သီးသန့် App ဖြင့်လည်းကောင်းချိတ်ဆက်အသုံးပြုနိုင်သည်၊ ဖုန်းဆိုလျှင်သက်ဆိုင်ရာ App Store တွေမှာ Remote Destop အတွက် App များရှိပြီးအဆင်ပြေတဲ့တစ်ခုကို Install လုပ်ပြီးမှာချိတ်ဆက်နိုင်ပါလိမ့်မယ်။
ချိတ်ဆက်ပုံကတော့အတိကျပြောလို့မရပါ၊ ကိုယ်သုံးတဲ့ VPS Service အလိုက်အနည်းငယ်ကွဲနိုင်သည်၊ ၄င်း Website ရှိ FAQ တို့ Help တို့ How? တို့မှာရေးထားတတ်ပါတယ်၊ တချို့က Video Tutorial တင်ပေးထားပြီး၊ တချို့ဆိုဒ်တွေမှာ Live Chat ရှိတတ်ပါတယ်မေးကြည့်ပါ၊ မရှိရင် Support ကို Email ပို့ပြီးမေးမြန်းနိုင်ပါတယ်။

အားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်၊
ကျေးဇူးတင်ပါတယ်...
vps.jpg

ရေးသားသူ
@Kyawsantun
MSC-024

KST.png

Sort:  

ဗဟုသုတရစေပါတယ်ဗျာ

@nanmhtike's friend

ဟုဗျ

thanks for knowledge sharing post

ဒီတခါ ဆြာရေးတာ နားမလည်ပု ဥဏ်မမီပုဂျာ

အဆက်စပ်မရှိလို့ ပါလုပ်တာကလွယ်ပါတယ် :)

thanks for knowledge sharing bro..

ဟုတ်ကျေးဇူးပါ

@kyawsantun ရေးတော့ ဘာပုမှာစိုးလို့ လားဟမ်

နာ့တျဲလာမပြောပဲနေမှာစိုးလို့  😜

နည်းပညာတွေမျှဝေပေးတာ ကျေးဇူးပါ မောင်လေးရေ

ဟုတ်အားပေးတာကျေးဇူးပါ :)

မလုပ်တတ်သေးဘူး bro ရေ အာ့ကို laptop ဝယ်ပီးမှ အမုန်းဝုန်းမလားလို့

ဟုတ်လွယ်ပါတယ်ဗျဖုန့်းလဲရတယ်

အာ့ဆိုသင်ပေးပါ :D

Hope to be able to support each other, I have to support you

Yes, I can. Now I followed U.

pvs စိတ်ဝင်စားတယ်ဗျာ

Free တွေရှိတယ်စမ်ကြည့် Bro

thanks for knowledge sharing

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57743.27
ETH 3083.77
USDT 1.00
SBD 2.42