ရေးချထားမိတဲ့ အတွေးတွေ
အခြေအနေတွေက ပြောင်းလဲလို့ မရတော့ဘူးဆိုရင်တောင်
တုံ့ပြန်မှုကိုတော့ ပြောင်းလဲလို့ရသေးတယ်။
ဘဝတွေဆိုတာက ကိုယ်စီအတွက်တော့ အမှန်ကန်ဆုံးဖြစ်နေကြတာပဲ။ လူတိုင်းမှာ သူ့စိတ်ကြိုက် လက်ခံတည်ဆောက်ထားတဲ့ အတွေးနဲ့ ဘဝခံယူချက်တွေ ကိုယ်စီရှိကြတယ်။
ခွင့်လွှတ်ခြင်းဆိုတာက
သူ့အတွက် နည်းနည်း။
ကိုယ့်အတွက်က များများ။
ဘဝမှာ အနိုင်ရတဲ့အခါ ရှိမယ်။
အနိုင်မရနိုင်တဲ့အခါ သင်ယူတတ်ရမယ်။
ဗရမ်းဗတာ ဖြစ်နေတယ်လို့ ထင်ရတဲ့ တစ်ချို့ အခိုက်အတန့်တွေဟာ စည်းချက်ကျကျဖြစ်ပျက်နေတဲ့ အချိန်ကာလ စနစ်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းသေးသေးလေးတွေ ဖြစ်တယ်။
ကိုယ်က ခွင့်ပြုလိုက်တဲ့ အကြောင်းအရာတွေနဲ့သာ
ကိုယ့်ဘဝက ဆက်လက်ဖြစ်ပျက်ရတယ်။
ကိုယ့်ခန္ဓာကိုယ်က ကြားသိ လက်ခံရသမျှဟာ
ကိုယ့်စိတ်ရဲ့ လက်ခံမှုကနေသာ အရင် လာတယ်။
သူ့ကို မြှင့်တင်ရင်း ကိုယ်လဲ မြင့်လာရတယ်။
စာတွေရေးဖို့ စာဖတ်တယ်။
စာတစ်ပုဒ်ရေးဖို့ စာဆယ်ပုဒ်ဖတ်ရတယ်။
အတွေးတွေ အများကြီးတွေးရတယ်။
ဘက်ပေါင်းစုံက အမြင်တွေနဲ့ လေ့လာချဉ်းကပ်ရတယ်။
အလုပ်ဆိုတာကို ဝါသနာတစ်ခု ဖြစ်လာတဲ့အထိ ပျိုးထောင်နိုင်ရင်
အဲ့ဒီအလုပ်ကပဲ ကိုယ့် စိတ်ချမ်းသာမှု၊ အပန်းဖြေမှုဖြစ်လာတယ်။
အကောင်းဆုံး အတိတ်ဆိုတာထက်
ကောင်းတဲ့အချိန်က အခုတွေးနေတဲ့အချိန် ဖြစ်တယ်။
ထူးချွန်တဲ့ အထူးကုဆရာဝန်တစ်ယောက် ဖြစ်လာဖို့
ထူးချွန်တဲ့ အထွေထွေကု ဆရာဝန်ဖြစ်ဖို့ အရင်လိုတယ်။
ဒီလိုပဲ စစ်မှန်တဲ့ ဘာသာဝင်တစ်ယောက်ဖြစ်လာဖို့
မှန်ကန်တဲ့ ကမ္ဘာသားတစ်ယောက် အရင်ဖြစ်ဖို့လိုတယ်။
-မှတ်စုကြမ်း #nayaung