* အဖိုးမထိုက်တဲ့ပန်း *
ညဆိုတာ မရှိရင်
ပိုးစုန်းကြူးတကောင်ရဲ့ အလှကို
ဘယ်လိုမှမမြင်နိုင်
ဘ၀ဆိုတာကို မသိရင်
ပပ၀တီလို လှနေလည်း
မင်းရဲ့အလှက အချဉ်းအနှီးပါပဲ ညီမငယ်
အတိုင်းအတာ များစွာ ၀တ်စားနိုင်ပါလျှက်နဲ့
တပိုင်း တထွာ မျှဝတ်ပြီး ကြွားချင်နေရင်တော့
မြင်မြင်သမျှလူတွေက မဆင်မချင်
ချ(သိက္ခာ)ချင်နေမိမှာ အမှန်ပါ
ပန်းအလှပေါ်လွင် ခူးချင်ကြတာ သဘာဝပါ
မင်းက ဗျောင်ပဲ ဆိုမှတော့ သူတို့ဘက်ကလည်း ထောင်ဆဲ(တံခြူ)ဖြစ်နေကြမှာပါ....
မပေါ့်တပေါ် အရွက်ကြားက ပန်း အမြင်းဆန်းသကွယ့် ညီမငယ်
ခြူချင်သူ ရင်ဖိုမောလို့
သောကဇောနဲ့ စိုးစိတ်ကြွယ်
ခြူကြမ်းသွားမှာ စိုးကြောက်နေသလို
သူ နမ်းသွားမှာလည်း စိုးကြောက်နေတတ်တယ်
အဖိုးမထိုက်တဲ့ ပန်းက အမျိုးစရိုက်
ညံ့လှချဉ်လားရယ်လို့ ဝေဖန်ခံရလိမ့်မယ်
အဖိုးထိုက်တဲ့ ပန်းက အမျိုးတသိုက်
အတွက်လည်း အဖိုးထိုက်တာ အမျိုးလိုက်လို့ပါ
ဆိုပြီး ဂုဏ်ယူနေကြမှာပါ ညီမငယ်.
Get a $13.00 Upvote and Your Post Resteemed to My 2 Accounts @a-0-0 and @a-a-a with 72,500+ Followers. Send 3 SBD with Your post URL in MEMO to @a-0-0