Myanmar stork 2step

in #myanmar8 years ago

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း၂

#စတော့Exchange
#ဘယ်လိုအလုပ်လုပ်သလဲ
စတော့ဘယ်လိုလုပ်သလဲပြောပြပြီးပြီဆိုတော့ စတော့Exchange အလှည့်ပေါ့လေ။ စတော့exchange ဆိုတာဘာလဲမပြောခင် ဘယ်လိုအလုပ်လုပ်သလဲဆိုတာလေးပြောပြပါမယ်။

    စတော့Exchange ဆိုတာက တကယ်တမ်းတော့ အချိန်နှင့်အမျှ အလွန်များပြားတဲ့ ဈေးကွက်ငွေတွေ ဝင်ထွက်လှုပ်ရှားနေတဲ့ ကမ္ဘာ့ကွန်ရက်ကြီးတစ်ခုပါပဲ။ ဆိုလိုတာက ငွေတွေလည်ပတ်နေတာပေါ့လေ... တစ်နှစ်ကို ဥရောပငွေ 60 Trillion  (60,000,000,000,000€) လောက်ရှိတဲ့ငွေတွေ နှစ်စဉ် လည်ပတ်နေပါတယ်။ ဒါပေမဲ့ ဒီ စတော့Exchange မှာဝယ်ရောင်းနေတာဟာ မုန့်ဟင်းခါးလည်းမဟုတ်သလို တစ်ရစ်ကျဖုန်းအစုတ်လေးတွေလည်းမဟုတ်ပါဘူး။

ဘာတွေရောင်းဝယ်နေလဲဆိုတော့ လုံခြုစိတ်ချရမှုတစ်ခုပါပဲ။Securities ပေါ့။ ဆိုလိုတာက ပိုင်ဆိုင်မှု Asset တွေကိုပြောတာပါ။ တစ်နည်းထက်ဆိုရမယ်ဆိုရင် ရှယ်ယာShareအဖြစ်ပေါ့ဗျာ။ ကျွန်တော်အပိုင်း ၁ မှာရေးခဲ့သလိုပေါ့။ စားသောက်ဆိုင်လေးထလုပ်မယ်ထားပါ။ စပ်တူအကျိုးတူခေါ်တဲ့အခါမှာ အပိုင်းလိုက်ပေါ့။ တစ်ယောက်တစ်ဝက်လား ငါးပိုင်းပိုင်း ၅စုခွဲမလား?
ဒီအတိုင်းလေးစဉ်းစားကြည့်တော့ အလွယ်သား
လက်တွေ့မှတော့ အရှုပ်အရှင်းတွေရှိလာတာပေါ့။
ပြီးတော့ရှယ်ယာဈေးကိုကော ဘယ်သူကသတ်မှတ်မလဲ။ ရောင်းလိုက်တဲ့ရှယ်ယာတွေကိုကော ဘယ်သူကသတ်သေခံပေးမလဲ။ သတ်သေခံပေးတဲ့သူပဲရှိပြီထားပါ။ စပ်တူလုပ်ချင်တဲ့သူ ဘယ်လိုရှာမလဲ။
ဒါတွေအားလုံးကို စတော့Exchange က ပြုလုပ်ပေးကြောင်းပါ။ တကယ်တော့ စတော့exchangeဟာ ရှယ်ယာတွေမပိုင်ပါဘူး။ နားလည်အောင်ပြောရင် ကားပွဲစားတန်းက လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်လိုပါပဲ။ ရှယ်ယာရောင်းချင်တဲ့သူ နဲ့ ဝယ်ချင်သူတို့ရဲ့ ဆုံဆည်းရာလေးပေါ့။ (ရိုမန်းတစ်တော့ဆန်သား)
စတော့တွေကို ကမ္ဘာအဝန်းမှာရှိတဲ့ စတော့Exchange တိုင်းမှာရောင်းဝယ်နေကြပါတယ်။ NewYork Stock Exchange (NYSE) ဆိုရင် နာမည်ကြီးပေါ့။ အခုဆန်ရှင်ဖွင့်ပေးလိုက်ပြီဆိုတော့ မကြာ့မကြာမှီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရန်ကုန်စတော့exchange ထဲကိုဝင်လာတော့မှာပါ။ အဲပါလေ လိုရင်းကိုမရောက်တော့ဘူး။ စတော့Exchange လေးမှာ ရောင်းချင်တဲ့သူတွေလည်းလာ ဝယ်ချင်တဲ့သူတွေလည်းလာ ဈေးတည့်ရင်ရောင်းကြဝယ်ကြပေါ့။ ဒါကအလွယ်နည်းလေးပြောတာပါ။ တကယ်တမ်းတော့နည်းနည်းလေးပိုရှုပ်တယ်ဗျ။ ဈေးသတ်မှတ်ပေးတာတွေ ရောင်းလိုအားဝယ်လိုအားတွေ Company ရဲ့ Liquidityတွေထိန်းပေးတာတွေ အစုံပေါ့။ ဒါတွေကတော့ နောက်မုန့်ဟင်းခါးအကြောင်းပြောမှ ငါးဖယ်လေးပါထည့်ထည့်ပြောသွားပါ့မယ်။ စတော့exchange သာမရှိခဲ့ရင် ဘီးမပါတဲ့ကားလိုပါပဲ။ အင်ဂျင်လောက်အဓိကမကျပေမဲ့လည်း ဘီးမပါတော့ ဘယ်မှမရောက်တော့ဘူးပေါ့ခင်ဗျာ။ ဒီလောက်ဆိုရင် စတော့ Exchange ဘာလဲဘယ်လိုအလုပ်လုပ်လဲဆိုတာကိုတော့ အကြမ်းဖျင်းလေးနားလည်သွားလောက်ပါပြီ။
Auction Exchanges အကြောင်းတွေ Nasdaq အကြောင်းတွေ ECNs အကြောင်းတွေတော့ အခုတော့ မရေးတော့ပါဘူး နားရှုပ်သွားမှာ စိုးလို့ပါ။နည်းနည်းချင်းစီခွဲရေးသွားဖို့စိတ်ကူးထားပါတယ်။

      အားလုံးမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျား

စတော့နဲ့ပတ်သက်တဲ့ သင်ခန်းစာအခြေခံလေးတွေကို ကျွန်တော်ရေးသွားမှာပါ။ ဘာလဲကအစ ဘယ်လိုဝယ်လဲ ရောင်းလဲ ဘယ်လိုအကဲဖြတ်မလဲကအဆုံးပေါ့
အခု အောက်မှာပေးထားတဲ့ link လေးကိုနှိပ်ပြီး သူ့စိတ်ကူး page လေးကို like ပြီးရင် See First လုပ်ထားပါ ... တော်ကြာကျွန်တော်တင်တဲ့အခါ သင်ခန်းစာလေးတွေ လွတ်သွားမှာစိုးလို့ပါသည်​141016-stockmarket-stock-816x427.jpg
Ref.www.google.com

Coin Marketplace

STEEM 0.10
TRX 0.32
JST 0.031
BTC 114407.21
ETH 4139.86
BNB 1298.50
SBD 0.62