Myanmar stock 7step

in #myanmar8 years ago

#စတော့အကြောင်းသိကောင်းစရာ
#အပိုင်း_၇

#စတော့တွင်ကောင်းမွန်စွာ
#ရင်းနှီးမြှုပ်နှံတတ်ဖို့

      စတော့စတော့လို့ပြောနေပေမယ့်လဲ စတော့ဈေးကွက်ဆိုတဲ့ စစ်မြေပြင်ကြီးကို မဝင်ခင်လေးမှာ အဓိကစဉ်းစားရမယ့် အချက်သုံးချက်ရှိပါတယ်။

၁) ကိုယ်ရင်းနှီးမြှုပ်နှံချင်တဲ့အချိန်ပမာဏ
၂) ကိုယ်အဆုံးအရှုံးခံရဲတဲ့ငွေကြေးပမာဏ
၃) စတော့တွေကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းချင်တဲ့ အချိန်ပမာဏ ဆိုပြီး အကြမ်းဖျင်း ၃ ချက်ရှိပါတယ်။

  ကျွန်တော့်ကို လာလာပြီးမေးကြပါတယ်။ စတော့ကစားချင်ပါတယ်။ ဘယ်လောက်ကနေစသင့်သလဲတဲ့။ ကစားတယ်ဆိုတဲ့ စကားအတွက်တော့ ကျွန်တော့်မှာ အဖြေမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် စတော့မကစားပါဘူး။ ရင်းနှီးမြှုပ်နှံတာပါ။

ဘာတွေလား မောင်ယုတစ်ယောက် ဘာတွေလာပြောနေတာလဲ။ ထင်ကောင်းပါရဲ့။ တကယ်တော့ကွာပါတယ်။ ထားပါ။ ဘယ်လောက်ကနေစသင့်သလဲလို့မေးရင် ကိုယ်ဘယ်လောက်အဆုံးခံနိုင်လဲဆိုတဲ့ အပေါ်မူတည်ပါတယ်။

#ဘယ်လောက်ရင်းနှီးမြှုပ်နှံသင့်သလဲ

၁) ကိုယ်ဆုံးရှုံးခံနိုင်တဲ့ငွေပမာဏထက်ဘယ်တော့မှ ရင်းနှီးမြှုပ်နှံခြင်းမပြုပါနဲ့
ကိုယ်အရေးပေါ်လိုအပ်ရင် သုံးဖို့ငွေချန်ထားစေချက်ပါတယ်။ တစ်လနှစ်လလောက် စားသောက်နေထိုင်လို့ရတဲ့ငွေပမာဏပေါ့။ ဆိုလိုတာက မိမိဝင်ငွေရဲ့ ၂၀မှ၃၀ ရာခိုင်နှုန်းလောက်ကို အရံငွေအဖြစ်ထားထားမှ အဆင်ပြေပါလိမ့်မယ်။

(ရှိသမျှ ငွေတွေအားလုံးကိုစုထားမယ်ဆိုရင်ပြန်တော့လည်း ငွေကြေးဖောင်းပွလာတဲ့အခါမှာ တန်ဖိုးလျော့ကျသွားတတ်ပါတယ်။)

၂) ကိုယ်ရင်းနှီးမြှုပ်နှံမယ့် အချိန်ကာလပေါ့နော် များလေလေ ကိုယ့်ရဲ့စုငွေတော်တော်များများကို ပိုများများမြှုပ်နှံနိုင်လေလေ အမြတ်အရှုံးကြီးလေလေပေါ့။ ဒါကတော့ ကျွန်တော့်ရဲ့ စတော့သင်ခန်းစာများကို ပုံမှန်ဖတ်လာတဲ့ စာဖတ်ပရိတ်သတ်တွေ သိလိမ့်မယ်ထင်ပါတယ်။ တစ်စုမှာ ၁၀၀ မြတ်ရင် အစု ၁၀၀ ဆိုရင်အမြတ် ၁၀၀၀၀ ပေါ့ ဒီ ၁၀၀၀၀ ဟာ အရှုံးလည်းဖြစ်နိုင်တယ်။ တစ်စုကို ၁၀၀ ရှုံးရင်ပေါ့။

   စာဖတ်သူရဲ့အသက်နဲ့လည်းပြောချင်ပါတယ်။ တကယ်လို့ကိုယ်က ငယ်သေးတယ် အသက် ၄၀ ၄၅ အောက်ဆိုရင် ကိုယ့်ဝင်ငွေစုငွေရဲ့ ၆၀ကနေ၈၀ ရာခိုင်နှုန်းအထိ မြှုပ်နှံလို့ရပါတယ်။ ရှုံးသွားရင်တောင်မှ  ဘဝကို ပြန်စဖို့ အချိန်အများကြီးရပါတယ်။တကယ်တော့စတော့ဆိုတာ တဖြည်းဖြည်းတိုးပွားလာတဲ့အခါ စတော့ထက်ပိုပြီး လုံခြုံတဲ့ ပိုအရှုံးနည်းတဲ့ ပိုင်ဆိုင်မှု Asset တွေထံပြောင်းလဲလို့ရပါတယ်။ တကယ်လို့ စာဖတ်သူက မကြာခင် retire အနားယူတော့မယ်ဆိုရင်တော့ အစိုးရဲ့ Bond လို့ခေါ်တဲ့ ငွေစာချုပ်တွေ ရွှေတွေ ကို ပိုပြီး ဝယ်စုသင့်ပါတယ်။

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များလည်း စတော့မှာ ရင်ူနှီးမြှုပ်နှံခြင်းမပြုခင် မှန်ကန်သင့်လျောတဲ့ ဆုံးဖြတ်ချက်တွေပြုနိုင်ပါစေဗျာ
ထပ်ပြီးတော့တော့သတိပေးပါရစေ စတော့ဆိုတာ ၁၅ ရက် တစ်ခါငွေတွေထပ်ပေးနေတဲ့ ငွေလှိမ့်စက်မဟုတ်ကြောင်းပါ။

Sort:  

V&m done😂😂😂😂

@kyawmoe123 က ဆရာဂျော်နီကျော်မိုးလား
ညီမ သိလား။

Coin Marketplace

STEEM 0.12
TRX 0.34
JST 0.033
BTC 123122.64
ETH 4506.82
BNB 1313.05
SBD 0.77