မနာလိုမှုမထားပါနဲ့ မိတ်ဆွေsteemCreated with Sketch.

in #myanmar7 years ago (edited)

ဟုတ်ကဲ့ပါ အားလုံးအတွက် ဗဟုသုတရစေချင်တဲ့စိတ်နဲ့
ကျွန်တော်ရေးတင်ပေးလိုက်ပါတယ်။
စာကိုဆုံးအောင် ဖတ်ပေးကြပါခင်ဗျာ။

အားလုံးသိတဲ့အတိုင်း ကျွန်တော့်လို
ချောမောသန့်ပြန့် ချစ်စဖွယ်ရုပ်လေးကိုမြင်ရတဲ့အခါ
မြင်ရသူများစိတ်ထဲမှာ စိတ်အေးချမ်းသားခြင်း၊
ဝမ်းမြောက်ကြည်နူးခြင်း၊ နှစ်လိုဖွယ်ခံစားမှုများကို
ခံစားကြစေလိုတဲ့အတွေးနဲ့ရေးသားတင်ပြလိုက်ပါတယ်။
တွေ့မြင်ရသူအပေါင်းတို့အတွက်
ကျွန်တော်ရဲ့ မိတ်ဆွေများ ကျွန်တော်ရဲ့
ခန့်ညားချောမောသန့်ပြန့်ပြီး ချစ်စဖွယ်ရုပ်လေးကို
မြင်မြင်ချင်း "အဲ ဒီကောင်လေးကိုကြည့်ရတာ
စိတ်အေးချမ်းလိုက်တာ အပူအပင်မရှိတဲ့ရုပ်လေးနဲ့
ငါလဲ ရှေးဘဝပြုခဲ့တဲ့ ကုသိုလ်ကြောင့် မြင်နိုင်ခွင့်ရတာပါလား။
အပြစ်မရှိပဲ ရိုးသားသန့်စင်ချစ်ခင်ဖွယ်ကောင်းလှပါလား" လို့
နုတ်မှအသံထွက်မပြောရုံလောက် ပီတိဖြစ်ပြီး
စိတ်ထဲမှာ ပြောမိမှာသေချာပါတယ်။

image

သို့ပေမဲ့ မိတ်ဆွေ...
ပီတိဖြစ်တာမပြောလိုပေမဲ့ အချို့သူများကျတော့
သူတို့ရုပ်ထွက်မှုန်ဝါးနေလို့
ကျွန်တော့်ရဲ့ ခန်ညားလှပ ရုပ်ထွက်ကြည်လင်နေတာကို
မနာလိုဖြစ်တတ်ကြပါတယ်။ မိတ်ဆွေလဲ ရုပ်ထွက်မှုန်နေလျှင်
ရုပ်ထွက်ခန့်ညားလှပကြည်လင်တောက်ပနေတဲ့ ကျွန်တော့်ကို
မနာလိုဖြစ်နေမဲ့အစား ကြည်လင်အောင်နေလို့ရတဲ့နည်းကို
အောက်မှာဆက်ပြီးဖတ်ပေးပါ။

ကျွန်တော့်လိုရုပ်ထွက်လှပကြည်လင်ဖို့ဆိုတာ ဘာမှမခက်ပါဘူး
ကိုးရီးယားသွားခွဲစိတ်စရာလဲမလိုပါဘူး။
နောင်ဘဝတွေမှာ ရုပ်အဆင်းလှချင်ရင်လဲ
အလှူအဒါန်း များများလုပ်ခြင်းဖြင့် ဘဝဆက်တိုင်း
လှပတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်နိုင်ပါတယ်။
ဥပမာ ရေလှူလို့ ရတဲ့ အကျိုး ၁၀ ပါးလိုပေါ့
သက်ရှည်၊ဆင်းလှ၊ချမ်းသာရ။
ဗလ၊ပညာ၊ ကြည်လင်သန့်ရှင်း၊ရောဂါကင်း
ခပင်းခြွေရံဖြာ၊ရေမငတ်ငြား၊လျှင်စွာသွား ဆိုသလို
နံပါတ် ၂ အချက်လို အဆင်းလှပြီး နံပါတ် ၆ အချက်လို
သန့်ရှင်းစင်ကြယ်ခြင်းဆိုတဲ့ အကျိုးတွေရနိုင်ပါတယ်။
အဲ့တာကြောင့် အလှူအဒါန်းလုပ်ပြီးလဲ
ရုပ်ထွက်ကြည်လင်နိုင်ပါတယ်ခင်ဗျာ။

နောက်တစ်ခုက အရင်သုဘလုလင်မေးတဲ့မေးခွန်း ၁၄ခုထဲက
"အချို့သောလူတွေဘာဖြစ်လို့ရုပ်ထွက်ကြည်လင်ပြီး
အချို့ကျတော့ရုပ်ထွက်မကြည်လင်တာလဲ"ဆိုတဲ့ အချက်ကို
မြတ်စွာဘုရားရှင်က "ဒေါသ၊မာန၊မနာလိုမှု မရှိတဲ့သူတွေက ရုပ်ထွက်ကြည်လင်ပြီး
ဒေါသ၊မာန၊မနာလိုမှု ကိုဆောင်တဲ့သူက ရုပ်ထွက်မကြည်လင်ဘူး"လို့
ဟောကြားတော်မူပါတယ်။ အဲ့တာကြောင့် မိတ်ဆွေလဲ
ကျွန်တော့်လို ရုပ်ထွက်ကြည်လင်ချင်လျှင် ကျွန်တော်ရဲ့
လှပချောမောခန့်ညားပြီး ချစ်စဖွယ်ရုပ်လေးကို
ဒေါသမထွက်ကြပါနဲ့ မနာလိုမှုမထားကြပါနဲ့လို့ တိုက်တွန်းပါရစေခင်ဗျာ။

ရေးသားသူ Kyaw Kyaw Naing
Credit ဘုရားဟော & အမေးအဖြေခန်း

Sort:  

ဂြိုဟ်သားတစ်ယောက်အား မိယန်မာပြည်တွင် တွေ့ရှိရခြင်း

ဟီး Post လေးမှီသေးတယ်ဆိုလို့
တွေ့ကရာကောက်ရေးလိုက်တာဆရာ

စိတ်ပိန်ဒေ

ဟီဟီ မနာလိုမှု မထားပါနက် မိတ်ဆွေ :P

ကေသာ ဆံပင်၊ လောမာ မွေးညှင်း၊ အဲဒီနှစ်ခုက ဘယ်နိုင်ငံသားလဲဟင်။

ကေသာ က ဆံပင်
လောမာ က အမွှေး
ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊
အဲ့လောက်ပဲ မှတ်မိတော့တယ် ဘဘ
ဘယ်နိုင်ငံသားတော့ မသိဘူးဗျ လူလူချင်း အတူတူပါလို့ ဘဘ

ဟုတ်ပါဘီ ကောင်းပါဘီ မနာလိုလည်းမဖစ်တော့ဘာဘူး LOL:

လဝ

ဆက်တိုင်းလေးတော့ပြင်လိုက်ပါအုံး ကိုကြည်လင်လေးရေ

ဟိ ပြင်လိုက်ပြီ ကိုစိုး ကျေးဇူးပါ
ကွကို ပြန်ကြည့်တာ ၃ လုံးတောင်မှားနေတယ် ဟီး

စာလုံးရေ 110 ပဲရှိပါတယ် ။

ပထမ ၂ ပိုဒ်ကို ကျွန်တော်ပြန်ရေတာတောင်
ဗျည်းအက္ခရာကိုပဲ ၂၁၄ လုံးရှိတယ်ကော ကိုရွှေ

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 64258.81
ETH 2772.25
USDT 1.00
SBD 2.65