Advantages of Wild Yam

in #myanmar7 years ago (edited)

ဆီးချိုရှိလျှင်တောမျောက်ဥသာရှာပါမဟာမြိုင်တောတွင်းသီတင်းသုံးသောရသေ့ကြီးက ဒကာဖြစ်သူဦးကိတ်အား သနားဂရုဏာသက်စွာကြည့်ရင်း”ဒကာကြီးကသိပ္ပံဆေးတွေနဲ့ကုနေတယ်ဆိုတော့ပိုကောင်းတယ်ထင်လို့ရသေ့မပြောတာပါပျောက်တာမပျောက်တာတော့ဒကာကြီးကံနဲ့ပဲဆိုင်မယ်ကျုပ်ထံလာသူတိုင်းတော့သက်သာပျောက်ကြသူချည်းပဲ”လုပ်ကြည့်ပါဆိုကာ ကျောင်သင်္ခမ်းနှင့်မလှမ်းမကမ်းတွင် နွယ်များတက်နေသောမျောက်ဥပင်မှမျောက်ဥများကိုတူးပြီး နေ့စဉ်သာနံက်ညပြုတ်သောက်ရန်နည်းလမ်းပေးခဲ့ပါသည်။
(၁၅)ရက်ဆက်တိုက်ပြုတ်ကျိုသောက်ခဲ့ရာ ဆီးချိုရောဂါ သက်သာရာမှပျောက်ကင်းခဲ့သည်ဟုဆိုပါသည်ဆီးချိုရောဂါဆိုသည်မှာခန္ခာကိုယ်၏သွေးထဲမှဂလူးကို့ခေါ်အချိုဓာတ်များရှိသင့်သည်ထက်ပို၍ကာလကြာရှည်များပြားပြီးဖြစ်ပေါ်လာသောရောဂါ အစုအဝေး ဟုဆိုပါသည်။ တကယ်တော့ ဆီးချိုနဲ့သွေးချိုဆိုတာအတူတူပါပဲ..ဆီးချိုလို့ခေါ်ကြတာက ပိုများပါတယ်မဟာမြိုင်တောမှရသေ့ကြီးဦးကောဝိဒ ပေးသောဆေးနည်းမှာမျောက်ဥ(၂)ကျပ်သားကိုရေသန့်တစ်ဗူးစာရေထဲ့ပြုတ်ကျိုပြီး(၃)ခွက်(၁)ခွက်တင်သောက်ပေးရပါသည်မျောက်ဥကိုအခြောက်လှန်းအမှုန့်ပြုပြီးတစ်နေ့တစ်ကြိမ် လက်ဖက်စာဇွန်း(၁)ဇွန်းစားပေးခြင်းဖြစ်ပါသည်။ထိုနည်းဖြင့်ဆီးချိုဝေဒနာရှင်များတော်တော်များများသက်သာရာမှ ပျောက်ကင်းသည်ဟုဆိုပါသည်။
မျောက်ဥနှင့်ပတ်သက်ပြီး စိတ်ဝင်တစား ထပ်မံလေ့လာ ကြည့်ရာအမှတ်မထင်နက္ခတ္တရောင်ခြည်စာအုပ်ဟောင်းတွင် မသိသူကျော် သွားသိသူဖေါ်စားဆေး ဆောင်းပါးလေး အားဖတ်မိပြန်ပါ သည်။မျောက်ဥအကြောင်းသုတ
နွယ်ပင်မျိုးဖြစ်ပါသည်။ရုက္ခဗေဒအမည်(Dioscorea Persimilis)ဖြစ်သည်အမြစ်(ဥ)တစ်ခုချင်း(သို့)အတွဲလိုက်ရှိသည်ဥမှာထွားသောလည်းလုံးဝိုင်းမှုနည်းပြီးပြားယောင် ယောင်ရှိပါသည်အပွင့်နှင့်အရွက်အရွက်သည်ကြီးပြီး အကြောများထင်ရှားပါသည်သုံးမြှောင့်ပုံအရွက်ဖြစ်ပြီးအပွင့်မှာသေးငယ်ကာအ၀ါရောင်ဖြစ်သည်ထိုမျောက်ဥပန်းလေးများကိုမေလနှင့်ဇူလှိုင်လကြားတွင်တွေ့ရပါသည်အမြစ်ဥတူးယူချိန်အပင်ကျသောနွေနှင့်ဆောင်းဦးပိုင်းတိုတွင်အမြစ်ဥကို တူးဖော်ကြပါသည်။ ကြာရှည်စွာအထားခံရန်အတွက် မျောက်ဥများကို ကျောက်ချဉ်ရည်ထဲ(၂)နာရီမှ(၃)နာရီ အထိစိမ်ပြီးမှအခြောက်ခံ၍ထိန်းသိမ်းရပါသည်ပါဝင်သောဓာတုဒြပ်ပေါင်း
ဟိုက်ဒရိုကာဗွန်ဓာတ် (၆၃.၂၃)%
ပရိုးတင်းဓာတ်(၆.၇၅)%
အဆီဓာတ် (၀.၄၅)%
အချွဲဓာတ် (၂၀၈)%
နှင့်အခြားသောဓာတ်များပါဝင်သည်။
အမြစ်ဥကို ကျန်းမာရေးဓာတ်စာအဖြစ်လည်းကောင်း၊ အဖျားကျဆေးအဖြစ်လည်းကောင်း၊ခံတွင်းပျက်ခြင်း၊အစာ အိမ်အချဉ်ပေါက်ခြင်း၊အထွေထွေအားနည်းခြင်း၊နာတာရှည်အူရောင်ပြီးလေနာခြင်း၊နာတာရှည်ဝမ်းကိုက်၊၀မ်းပျက်ရောဂါ၊နှင့်သုက်လွတ်မြန်သောရောဂါများတွင် သုံးပါသည်ထိုပြင်ညအိပ်ပျော်စဉ်ချွေးအလွန်ထွက်သောရောဂါ၊ဆီးချိုရောဂါ၊ဆီးလွန်ရောဂါ၊ရာသီသွေးလွန်ရောဂါ၊ခါးနားရောဂါ၊ချာချာလည်အောင်မူးသောရောဂါ၊မျက်စိကျိန်းစက်သောရောဂါများအတွက်ပေးလေသည်။
အချိန်အဆပမာဏသာမန်အားဖြင့်တစ်နေ့လျှင်မျောက်ဥဆေးချိန်(၁)ကျပ်သားမှ(၁)ကျပ်ခွဲသားအထိပြုတ်၍ပြုတ်ရည်အဖြစ်လည်းကောင်းအမှုန့်အဖြစ်ပေးနိုင်သည်ဟုဆိုပါသည်။အနာလုံး၊အကြိတ်လုံးမျောက်ဥအမှုန့်ကို ရေနှင့်ရောပြီးအနာလုံး၊အကြိတ်လုံးများ ကိုလိမ်းပေး၊အုံပေး နိုင်လေသည်။
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း(၉/၂၀၀၂)
ဒေါက်တာအောင်နိုင်(ဆေးသုတေသန)မသိသူကျော်သွား၊သိသူဖော်စားမှကိုးကားဖေါ်ပြသည်။ image image
လိုသူသုံးသိသူစားကျန်းမာရွှင်လန်းကြပါစေ...
K.K.A
crd#google image
HFS:30

Sort:  

မှတ်ထားလိုက်ပြီဘဒို

ဟုတ်ကဲ့ပါ...ကျေးဇူးတင်ပါသည်

ဗဟုသုတရလို့ ကျေးဇူးပါ

အခု့မန့် တဲ့အတွက်ကျေးဇူးအရမ်းတင်ပါသည်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62907.73
ETH 2531.30
USDT 1.00
SBD 2.62