Advantages of Eating Plum Gooseberrys prat(2)

in #myanmar6 years ago (edited)

ဇီးဖြူသီးကနှလုံးသွေးကြောစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ ဇီးဖြူသီးမှာ နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်တာကြောင့်နှလုံးသွေးကြောပိတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်း လျှော့ချပေးပါတယ်။ နှလုံးကြွက်သားတွေကို ကျန်းမာစေပြီး ကိုလက်စထရောကိုလျော့ကျစေတဲ့အပြင်သွေးမတိုးအောင်လည်းထိန်းညှိပေးပါတယ်ဇီဖြူသီးကအကျိုးပြုကိုလက်စထရောတွေတိုးလာအောင်လည်းလုပ်ဆောင်ပေးပါတယ်။ နှလုံးသွေးကြောတွေထဲမှာအဆီတွေစုပုံပိတ်ဆို့တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။
ဇီးဖြူသီးမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် carcinogenic ဆဲလ်တွေကြီးထွားဖြစ်ပေါ်မှုကို ကန့်သတ်ပေးခြင်းဖြင့်ကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်ဇီးဖြူသီးကဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအန္တရာယ်ရှိတဲ့freeradicalတွေကိုကန့်သတ်ထိန်းချုပ်ပေးတာကြောင့် အစာအိမ်(stomach cancer)၊အရေပြား နဲ့အသည်းကင်ဆာ(liver cancer) တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်ကင်ဆာကျိတ်တွေကြီးမလာအောင်လည်းထိန်းသိမ်းပေးပါတယ်ဇီးဖြူသီးမှာကင်ဆာဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုတုံ့ပြန်နိုင်တဲ့အစွမ်းလည်းရှိပါတယ်။
ဇီးဖြူသီးမှာသကြားဓာတ်ပါဝင်မှုနည်းပြီးအမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့်ဆီးချိုသမားတွေစားသုံးဖို့သင့်တော်ပါတယ်ဆီးချိုသမားတွေမှာသွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်ပါတယ်chromiumကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဇီးဖြူသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပြီးchromiumပမာဏကိုကျဆင်းစေပါတယ်။
ဇီးဖြူသီးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူမကြီးနဲ့ အစာချေအူလမ်းကြောင်းသန့်ရှင်းအောင်လုပ်ဆောင်ပေးပါတယ်။ အစာချေစနစ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်စုပ်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဇီးဖြူသီးရဲ့ချဉ်ပြီးဖန်တဲ့အရာသာကအစာချေအင်ဇိုင်းတွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်အေးမြပြီးဝမ်းသွားစေနိုင်တဲ့အာနိသင်တွေရှိတာကြောင့်ဝမ်းလျှောတာကိုကုသရာမှာအသုံးပြုနိုင်ပါတယ်ဝမ်းချုပ်တာနဲ့အူမကြီးဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။
ဇီးဖြူသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကိုကြည်လင်ဝင်းပစေပြီးအဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်ဝက်ခြံတွကိုကင်းစေပြီးချွေးပေါက်တွေကိုကျဉ်းစေပါတယ်အရေပြားမှာဖြစ်တတ်တဲ့ရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ free radical တွေကြောင့်အရေပြားပျက်စီးတာတွေကိုလျှော့ချပေးပါတယ်။
ဇီးဖြူသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်သလိုဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်းဆံပင်ကိုသန်စွမ်းနက်မှောင်စေပါတယ်ဆံပင်တွေကိုသန်စေပြီးဗောက်လည်းကင်းစေပါတယ်။ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်စေဖို့ ဇီးဖြူသီးကိုအသုံးပြုပေးနိုင်ပါတယ်။
နှာခေါင်းသွေးလျှံတဲ့အခါ ဇီးဖြူသီးအရည်ကိုနှာခေါင်းထဲကို အစက်ချပေးမယ်ဆိုရင် နှာခေါင်းသွေးလျှံတာကို သက်သာစေမှာဖြစ်ပါတယ်။
ဇီးဖြူသီးဖျော်ရည်ကသွားတွေနဲ့လက်သည်းခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။
ဇီးဖြူသီးကသံဓာတ်ပါဝင်မှုများတာကြောင့်သွေးဖြူဥပမာဏကိုတိုးစေပြီးသွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ဇီးဖြူသီးမှုန့်ကိုပျားရည်နဲ့သောက်ပေးမယ်ဆိုရင်သွေးသန့်စေမှာဖြစ်ပါတယ်။
ဇီးဖြူသီးအမှုန့်ကိုမုန်လာဥအဖြူနဲ့တွဲဖက်စားပေးတာကကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့ဇီးဖြူသီးစားသုံးတဲ့အခါဘေးထွက်ဆိုးကျိုးတွေရှိနိုင်တာကြောင့်ဇီးဖြူသီးကိုမစားသုံးသင့်ပါဘူး။
ဇီးဖြူသီးကအချို့သူတွေမှာသွေးတအားထွက်တာမျိုးဖြစ်စေနိုင်တာကြောင့်Bleedingdisordersရှိတဲ့သူတွေအနေနဲ့ ဇီးဖြူသီး ကို အတိင်အချင့်နဲ့သာစားသုံးသင့်ပါတယ်။
ဇီးဖြူသီးကသွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တာကြောင့်ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။
ဇီးဖြူသီးက အသည်းရောဂါရှိအခံရှိသူတွေမှာ ရောဂါကိုပိုဆိုးစေနိုင်တာကြောင့် မစားသုံးသင့်ပါဘူး။ ဆရာဝန်ရဲ့ အကြံပြုချက်ကိုတောင်းခံသင့်ပါတယ်။
ဇီးဖြူသီးက ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနပြ ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာသွေးထွက်များစေနိုင်တာကြောင့် ခွဲစိတ်မှုမခံယူခင်အနည်းဆုံး၂ပတ်လောက်အလိုကတည်းက ဇီးဖြူသီးစားတာကိုရပ်လိုက်ပါ။ image image
လိုသူသုံးကြိုက်သူစားကျန်းမာရွှင်လန်းနိုင်ကြပါစေ...
crd#google image
K.K.A
HFS:30

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64400.33
ETH 3140.71
USDT 1.00
SBD 3.93