ဆုံးမစာ

in #myanmar6 years ago

သာကိုချစ်ရ ငယ်စဉ်မျှသာ

သာသည် ငယ်စဉ်ဘဝ ကလေးသာသာတွင်သာ ချစ်ဖွယ်ကောင်းသည်။ထိုမှ ကြီးလာသောအခါ အသားစားကျားလိုဖြစ်လာတတ်ကြသည်။သားသမီးတို့အရေးနဲ့ပတ်သတ်ပြီး သိနိင်ရန် ခက်လှသည်။ငယ်စဉ်ကလေးဘဝသာ ကိုယ်သားဟုပိုင်ပိုင်နိင်နိင်ပြောဆိုရဲသောလည်း ကြီးလာသောအခါတွင် မိဘတို့အလိုအတိုင် ဖြစ်လာရန် ခက်ခဲပေ။ထိုကြောင့်လောကတွင် အဘထက်သားကြီး၊မီးထင်ငြမ်းမြင့်၊သခင်ထက်ကျွန်ကဲဖြစ်ရခြင်း မရှိစေချင်။

ဆရာတို့ထံ ရိုသေဟန်

လောက၌ လိမ်မာစေရန် တတ်မြောက်မြင်အပ်သောပညာတို့သည် များစွာရှိသည်။ထိုသို့ပညာများကို ဆရာမရှိဘဲ တတ်မြောက်လိမ့်မယ်မဟုတ်။ဒါကြောင့် ဆရာတို့ဆီ နည်းလမ်း စနစ်များကို လေ့လာကာ ဆရာအပေါ် ရိုသေရပါမည်။

ကျိုးလိုစိတ်နှင့် ဆုံးမတတ်သူ

အာစရိယဂုဏ်နဲ့ပြည့်စုံသော ဆရာတို့သည် တပည့်များအပေါ် လစ်လျူမရှုထားဘဲ အပြစ်တွေ့သည်အခါ ဆုံးမတတ်သည်။မေတ္တာကို ဝမ်းထဲတွင်မထားဘဲ ဟုတ်မှန်ကြောင်းပြောဆိုသည်။တပည်ဖြစ်သူ၏အကျိုးကိုသာရှေ့ရှုပြီး တပည်က မိမိကိုမုန့်းလျင် အမုန်းခံကာ မကောင်းသောအပြစ်များကို နောက်မလုပ်အောင် ဒဏ်ပေးတတ်ပါသည်။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62795.05
ETH 2941.10
USDT 1.00
SBD 3.55