စာရေးသားခြင်း နှင့် ကျွန်တော့်အမြင် တစ်ခု

in #myanmar6 years ago (edited)

image
မင်္ဂလာပါခင်ဗျာ အခု ရေးမဲ့အကြောင်းရာ တစ်ခုက တော့စာပေ ရေးသားခြင်းနဲ့ ပါတ်သတ် တဲ့ အသိ အမြင်
အတွေ့ကြုံလေး အကြောင်းကို တင်ပြပေးသွား မှာဘဲ ဖြစ်ပါတယ်။ ကျွန်တော်ကိုယ် တိုင်ကလဲ ကျွမ်းကျင်တဲ့
စာရေးသူတစ်ယောက် မဟုတ်သည့် အတွက် လိုအပ်ချက် များစွာ လဲ ရှိနေဦးမှာပါ ကျွန်တော့် အနေနဲ့ ဝေဖန်
မှု တောင်းခံသည် ဟုသာ့ 

ကျွန်တော်သည် ကိုယ်ပိုင် စာပေ ရေးသားမှု ဆိုသည်မှာ မရှိခဲ့သလောက်ပင် စာဖတ်ဝါသနာပါ သော်လည်း
စာရေး သားရာတွင် အားနည်းခဲ့ပါတယ်။ယခင် က online မှာ ငွေရှာနည်းများ လိုက်လံ ရှာဖွေ စမ်းသပ်လုပ်
ကိုင်နေခဲ့ သူတစ်ယောက်သာ အနိုင်ရှုံး နဲ့လည်နေတဲ့ online ငွေရှာလောကမှာ အောင်မြင် တဲ့သူတွေ ရှိ
သလိုကျရှုံး ခဲ့သူလည်းများစွာ ရှိခဲ့သည် ကိုမြင်တွေ့ ခဲ့ရပါတယ်။ ကျွန်တော် ရဲ့အပေါင်းသင်းတ ချို့ပင် ထောင်
သောင်း ဂဏာန်းလောက်မှ စကာ သောင်း သိန်း ချီ ထိမြတ်တဲ့သူထက် ပါသွားတဲ့သူက များနေခဲ့တာကို
တွေ့ခဲ့ရပါတယ်။စိတ်မကောင်းပေ့ မဲ့ ကိုတိုင်လဲ ရှုံး ခဲ့ရတော့ ဘာမျှမတတ်နိုင်ခဲ့ပါ။ "သူမသာ ကိုယ့် အာ့သု
ဘ" ဆိုသောစကားပုံ တိုင်းဟုဆိုရပေမည်။ ဒါကိုပင် အမှတ်မ ရှိဘဲ ရ နိုးရနိုး နဲ့ တခါတလေ ဝင်ရောက်စမ်း
သပ်လုပ်ကိုင် တတ်သေးသည် ဘာထူးခဲ့ပါသလဲ မကျွမ်း ကျင်တဲ့ အလုပ်တစ်ခုဟုဆိုလေ မလား ပြန်ရခဲ့
သည်များ မှာ နောင်တများ ပင်ဖြစ်လေသည်။
image
steemit နှင့် ကျွန်တော် ယခု မှ တွေ့ဖူးခြင်းမဟုတ်ပါ လွန်ခဲ့သော 7 လ 8 လ ခန့် ထဲက စတင် သိကျွမ်းခဲ့
ပါတယ် သို့သော် မိတ်ဆွေ အပေါင်းသင်းလို စိတ်ရော ကိုယ်ပါ သူနဲ့ မနေခဲ့ သည့် အတွက်ဘာ မှ နားမလည်
ခဲ့ပါ။ စာရေးပီး ငွေရှာ ရသည် ဆိုသောအရာ တစ်ခုတွေ့ခဲ့ပါသည်။ 2captcha ဟု ခေါ်သော် စကားလုံး တစ်
စု အကြိမ် တစ်ထောင် ရိုက် လျင် 1$ ရသည် ဆိုသော online typing job တစ်ခု ဖြစ်ပါသည် ။ထိုစဉ်က
steemit ကို သေချာလေ့လာ မိသည် မှာ ယခု နောင်တ ရမိသောအချက်တစ်ချက်ပင်ဖြစ်ပါသည်။ 2captcha
ကိုတနေကုန် ထိုင်ရိုက် မှ 1$ ပင်မပြည့်ပါ မှားရင် မရသည့်အ တွက် ကြိမ်ပေါင်းများ စွာပြန်ပြန် ရိုက်ရသည့် အ
ပြင် $ ကလဲ မှန်မှ သာ တက်သောကြောင့် ဘဲ ဖြစ်ပါတယ်။ ရေရှည် မလုပ်နိုင်ပါခဲ့ပါဘူး ။ အချိန်အား ဖြင့်ပေး
ရသော်လည်း ရသည် အားဖြင့် ပြင်ပ အလုပ်လုပ်သည် ထက်ပင် လွန်စွာ နည်းပါးသည် သူ့အားကိုးဖြင့်သာ
စာရိုက်ပီး မှ ထမင်းစားရမည် ဆို လျင် ကျွန်ုပ် အဖို့ တစ်ရက် တစ်ပ်တောင် ပုံမှန်စားရမည် ဟု မထင်ပါချေ။
ထို 2captcha အားလည်း ငွေပင်မထုတ်ဖူးလိုက်ပါ အချိန်ကုန် လူပန်းအိပ်ရေး ပျက် သာဖြစ်ခဲ့ရပီး ရလဒ်
ကတော့မကောင်းခဲ့ပါ။
image
လွန်ခဲ့သော2017 နိုဝင်ဘာလ ထဲ တွင် မတော့ steemit မှာမြန်မာ နိုင်ငံတွင် အတော်ကျယ်ပြန့်နေလေပီ ထို
အချိန်က MSC ကိုပင် ကျွန်တော် စတွေ့ချိန်ဖြစ်ပါသည် ။သိပ့် ရှာစရာပင်မလိုပါ FB ပေါ်တွင် Steemit အ
ကြောင်းမှာ ပလူပျံနေပီလေ ကျွန်ုပ် လဲ ရှာဖွေ ရင်း ကိုကချင်ကြီး ခေါ် ကိုဟင် ရဲ့ pdf file များလဲ MSC မိသား စု
မျှဝေ ပေးသူများ ဆီမှ ရကာ လေ့လာဖတ်ရှု နိုင်ခဲု့သောအခါ အလွန်စိတ်ဝင်စားချေပီ ပြဿနာ က စာရေး ရမည်
ကျွန်တော် စာတစ်ပိုဒ်ကို ဖြစ်မြောက်အောင် မရေးဖူးတော့ အခက်တွေ့လေပီ ACCOUNT ကတော့ ဖွင့်ထား
တာကျနေပီ Intro တင်ရမည် ကျွန်တော် ဘာတေလိုအပ် သည် မသိ လိုက်မေး ရမြန်း ရ သည်မှာ 2 ပါတ်ခန့်
ကြာမြင့်ခဲ့ သည် MSC မိသားစုများအကူညီ ဖြင့် Intro တစ်ပုဒ်ရေးတင်ခဲ့ပါသည်။ အားမရသော် လည်း
အားပေးခဲ့ကြသည် မို့ အားတက်ပီး ဆက်ရေးဖြစ်ခဲ့ပါတော့တယ်။ အရေးအသား ပိုင်းများကို ဆရာ တင်ဦး
လှိုင် သင်တန်း တက်မှ နားလည်လာခဲ့ပါတယ်။
image
ခုချိန်မှာ ကျွန်တော် သတိထားမိလာတဲ့  စာရေးသားခြင်း မှာ ယခင်စရေးစလောက်ပင် သိပ့်မခက် ခဲတော့
ဟုမြင်မိပါသည် ။ steemit မှာ post များကို ဖတ်ရသည် မှာ စာအုပ်ဖတ်ရသည် နှင့် မတူ ပါ ကိုယ်ပိုင်ဟန်
လေးတွေဖြင့်ရေးသားကြသဖြင့် ရသ မတူ အမြင် အမျိုး မျိုး ကွဲ လွဲ ချက်လေးတွေ နှင့် ဖတ်လို့ ကောင်းသည်
လဲ ရှိ သလို ပေါ့ပျက်ပျက် လေးတွေ ကိုလဲ တွေ့ရပါသည် သို့သော် ကျွန်တော်ထက်တော့အရေး သားကောင်း
ကြပါသည် ။ တနေ့ က ကျွန်တော် phone & telephone မရေးဖြစ်ခင် အိမ်မှာ အဖေ့ စာအုပ်ဟောင်းတွေထဲ မှ
တစ်ခုကို ဖတ်နေခဲ့သည်။စာအုပ်မှာ စာရေးသားခြင်း အပိုင်းလေးကို အဓိက ထားတဲ့နေရာ ကို ဖတ်ဖြစ်ပါ
တယ်။နိုင်ငံခြား စာပေ များ နှင့် မြန်မာ စာပေ ကို ယှဉ်ပြထားခြင်းဖြစ်ပါတယ်။ပြန်တွေးကြည့်မိတော့သည်
ကျွန်တော် ဘာသာပြန် စာအုပ်တော်တော် များများ လဲ ဖတ်ခဲ့ဖူးပါသည်။ဘာသာပြန်စာ အုပ်များ နှင့် မြန်မာ စာ
အုပ်များ ကွာခြားချက် များစွာ ရှိသည် ကိုတော့ ဖြင့် ကိုယ်တိုင် ဖတ်ရှု လေ့ လာကြည့် ကြဖို့တိုက် တွန်းလိုပါ
သည် ဒါမှသာလျင် စာပေ အနှစ်သာ ရကို ပိုနားလည် လာမည်ဟု ထင်ပါသည်။
image
အဲ့စာအုပ်လေးဖတ်ပီး ကျွန်တော် phone & telephone ဆိုသော post လေးကို ရေးဖြစ်ခဲ့တာပါ အစပိုင်း အ
နည်းကျဉ်းသာဖတ်ရပါသေးသည် ဆက်လက်မျှဝေပါဦးမည်။ ပေးထားတဲ့ massage လေးက စာရေးမည့်သူ
တစ်ဦး အတွက် အကြောင်းရာပေါင်း များစွာ သိနားလည်နေ စရာ မလို မိမိ ရေးသော အကြောင်းအရာ တစ်
ခုကို ပီးပြည့် စုံ အောင် ဖွဲ့ နွဲ့ ရေး တတ်ဖို့သာလိုသည် ဟုဆိုပါတယ်။ ကျွန်တော်ရေး ထားသော post အား ဝင်
ဖတ်ရှု နိုင်ပါသည်။ ဖုန်း နဲ့တယ်လီ ဖုန်း နဲ့ တင် post တစ်ခုရသွား ခဲ့ပါတယ်။ နိုင်ငံခြား စာပေအများစုမှာ
လည်း ထို့အတူ ပင် တောတောင် ထဲ ရောက် နေလျင် တောတောင် အကြောင်း ကိုဖွဲ့နွဲ ထားသည်မှာ စာ 5
မျက်နှာ ခန် အခမ်းနား တစ်ခု အကြောင်း ဆိုလျှင်လဲ ဖွဲ့ နွဲ့ ဖေါ်ပြထားသည် မှာ အပိုင်း တစ်ပိုင်း ပင် ပီးသည်ထိပင် အတွေး ခေါ် ကွာ ၍ အရေးသားကွာသည် ဟုမြင်မိပါသည်။ ကျွန်တော် မြင်တွေ့နေရသော
steemit မှ post များသည် လဲ အရေးသားကောင်းသည်များစွာ တွေ့ပါသည် ကိုက ချီးကျူး လို့မဆုံးသေး
တစ်ချို့ က copy သမားများ ဖြစ်နေသေးသည် ။
image
စာအရေး အသား သည် ခက်သည် မဟုတ်ပါ မရေးလို
ခြင်းကသာ ခက်နေသည် မြင်ပါသည်။ ကျွန်တော် ကိုယ်တိုင် လဲ တစ်ကယ် ချရေးရင်း ဒီလောက် အထိ ဒီ
post လေးမှာ စာရှည် လာသည်မှာ ရေး ရင်း တွေး ရင်း ဖြင့် ရေးစရာ များတိုးလာခြင်း ဖြစ်ပါတယ်။
အတွေး ခေါ် ရင့်သန်ဖို့တွက်လဲ စာများများ ဖတ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ စာများများဖတ်ရင် စာများများ
ရေးနိုင်မည်ဟု မြင်မိပါသည် ကျွန်တော်ပင် ဖတ်ဖူးသောစာအုပ်လေး စာမျက်နှာ အနည်းငယ်က ပေးသော ခွန်
အားကြောင့် ယခုထိ ရေးနိုင်နေခြင်းဖြစ်ပါသည် ။ steemit မှ ဆရာ အကိုအမများ ရဲ့ လက်တွေ့အားပေးမှု များ
လဲပါပါသည်။ကျွန်တော် အမြင် တကယ် မလုပ်လို့ တကယ်မဖြစ်သေးတာ ဟုသာ
ယခု post လေး ဖြင့် သင်ဆရာ မြင်ဆရာ ကြားဆရာများ အား ဂါရဝ ပြု လိုက်ပါသည် ခင်ဗျာ
photo from google
MSC-227
Author-@kyawkohtet

Sort:  

စာအုပ်စာပေလူ့မိတ်ဆွေပေါ့ကိုကျော်ရေ။များများဖတ်ကြတာပေါ့ဗျာ။ခုကတော့ကိုကျော့်ကိုလူတိုင်းမသိသေးပေမယ့်နောက်အောင်မြင်လာတဲ့အခါကိုကျော်ကလူတိုင်းကိုမသိပေမယ့်ကိုကျော့်ကိုတော့လူတိုင်းကသိပြီလေ။အဲ။

အာာာာာာ ပါတွေလား

လာဖတ်​တဲ့လူ​တွေကိုတစ်​ခုခုရ​စေချင်​တယ်​ ကြိုးစားပြီးဥာဏ်​စွမ်းရှိသ​လောက်​​ရေးပါတယ်​ကို​ကျော်

ကောင်းပါတယ် ကအောင် post မာ ss မတင်လို့ကျေးဇူးတင်ပါတယ် ခံဗျားးးး

အမက steemကို သိတာနောက်ကျတယ် သိသိချင်း တပတ်အကြာမှာဘဲ mscနဲ့ တွေ့ခွင့်ရပြီးတော့ လမ်းမှန်ပေါ်လျှောက်လှမ်းနိုင်ခဲ့တယ်

အမက ကံကောင်းတာပေါ့ မကြာခင် တန်းပါဝင်ခွင့်ရတာ ကျော်တုန်းက အတော်အလှမ်းဝေးခဲ့တာ ဗျ

Online typing​လေးလဲ ​ခေတ်​စားခဲ့​သေးတယ်​​နော်​အကို​ရေ လက်​​ညောင်း​ပေမယ့်​ ​နောက်​ဆုံး​တော့လဲ ဘာမှမရ

ဟုတ်ပါတယ် post တွေတင်တာများလာတဲ့အခါ ကိုယ့်post လေးကို လာဖတ်ကြတဲ့ သူတွေ ကို တစ်ခုခု ရသွားစေချင်တယ်။ ဒါပေမဲ့ ကြိုးစားရေးရဦးမယ် အဲလိုဖြစ်ဖို့ ကလဲ မလွယ်ကူဘူး။အနည်းဆုံးတော့ ဖတ်လို့ ကောင်းအောင် ကြိုးစားရေးနေရတာ

ဟုတ်တယ် bro ရေးရင်း နဲ့ အမှား နဲလာမယ် နဲလာပီး နောက် တစ်ခုခုရအောင်ရေးနိုင်လာမယ် တဆင့်ခြင်းပေါ့ ဒီလိုဘဲ ကြိုးစားယူရမှာပါဘဲ အတူတူပါဘဲ ဗျာ

စာများများဖတ်​​နေရတယ်
ကိုယ်​ကစာ​ရေးချင်​​တော့ မျက်​လုံးက မ​ကောင်းချင်

Steemitမရောက်ခင်က ယောင်ချာချာနှင့် အချိန်တော်တော်များများ ကုန်ခဲ့ပါတယ် .တော်တော်လေးကိုစုံခဲ့ပါတယ် ကုန်ခဲ့တာလည်းမနည်းလှပေါ့ .Steemitရောက်မှ စာတွေလည်းအားစိုက်ပြီးပြန်ဖတ်ဖြစ်လာပါတယ်.စာအရေးအသားကောင်းအောင် ကြိုးစားနေဆဲပါbroရေ

ဟုတ်ကဲ့ ကျော်တို့လည်းတူတူပါဘဲ ဗျာ ကြိုးစားဆဲပါ bro ဖတ်လည်း ဖတ် ရေးလည်းရေးပေါ့ အမြင်မတူတာလေးတေ ကို ပြန်ရေးလို့ရပါတယ်

ကျွန်​​တော်​လည်းစ​ရောက်​တုန်းက ဘာမှန်းကိုမသိတာအကို​ရေ စာ​ကလည်းမ​ရေးတတ်​ myanmar tagကျန်​ခဲ့တာနဲ့ ဘာနဲ့...စုံလို့

ကောင်းတယ် ကိုကျော်ရေ..ကျနော်တို့လည်းအလားတူပဲ၊ ကြိုးစားရေးနေဆဲပါ။ကိုယ့်စိတ်ထဲရှိတာလေးချရေးနေတာပဲ။ရေးလက်စရှိတော့လည်း ရေးရတာအဆင်ပြေလာတာပဲ။ :) :)

နှင်းနဲ့ ကကျော်ဟာ နှစ်ပါးသွား တူတူ ကနာဘဲလေ :D

ဟုတ်တယ် ကိုကျော်ရေ တကယ်က မရေးတတ်တာမဟုတ်ဘူး ရေးလိုစိတ်မရှိကြတာဖြစ်နေတာ ပြောလည်းမောလှပြီပေါ့ လူတွေက အလွယ်ကြိုက် copy လိုက်နေသမျှတော့ ရေးတတ်ကြမှာ မဟုတ်ဘူးဆိုတာ သိအောင် ပြောပြနိုင်ဖို့  ကြိုးစားကြတာပေါ့ဗျာ

ဟုတ်ကဲ့ ဦးဇင်းရေ တတ်နိုင်သမျှတော့တားရဦးမယ်ပေါ့ အလွယ်လိုက်သူတေ ရလဒ်ဘာလဲ လိုက်တဲ့သူတေသိလာကြမှာပါဘုရား

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60782.22
ETH 2915.02
USDT 1.00
SBD 3.64