ညီမလေး သို့ 

in #myanmar7 years ago (edited)

image

မတွေ့တာကြာပီ နော် ပြောင်းလဲ မလား အကိုစောင့်ကြည့်နေပေမယ့် တလွဲ တွေဖြစ်နေတယ် အဆင်ပြေပါ့မလား
တွေးနေမိပေမယ့် အဆင်မပြေတာသိနေခဲ့တယ်။ အကိုနဲ့စသိတဲ့ ညီမလေးက သွက်လက် ထက်မြတ်တဲ့လူငယ်လေးပါ အခုတော့ . . . . . . . . . .
လောကဓံ ကိုရင်မဆိုင်နိုင် တော့လို့ မနေချင်တော့ဘူး လို့ပြောခဲ့တယ်နော် ညီမလေး မနေ ချင် တိုင်းမနေလို့မရဘူး ညီမလေးစိတ်ကိုအလိုလိုက် ခံစားချက်တွေကို ဦးစားပေးခဲ့ရင် ညီမလေး မျှော်လင့်တဲ့ပန်းတိုင် နဲ့ ပိုပီးအလှမ်းဝေးသွားမယ် အရင်လို သွက်လက် ထက်မြတ်မှုတွေ ကိုအသုံးချပီးလောကဓံကို ရင်ဆိုင်လိုက်စမ်းပါ။ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ်

တစ်ခါက ရွာ တစ်ရွာ မှာ သိပ်ချစ်ကြတဲ့ သူငယ်ချင်း နှစ်ယောက်ရှိ ကြသတဲ့။ ငယ်ရွယ်တဲ့သူတွေ ဆိုတော့ သွက်သွက် လက်လက် ထက်ထက်မြက်မြက် လေးတွေ ဘဲပေါ့ တောသူတောင်သားတွေ ဆိုတော့ လယ်ယာမြေဘဲ လုပ်ကိုင် စားသောက်ကြတယ် ပေါ့ ပုံမှန်လည်ပတ်သွားလာ လုပ်ကိုင်စားသောက် ပျော်ရွှင်နေကြတယ် တစ်နေ့တော့ သူတို့ နှစ်ယောက် မဆုံခင် မှာ တစ်ယောက်သော သူက ဗေဒင်ဆရာကြီး ဆီဗေဒင် သွားမေးတယ် ဗေဒင်က မြင်တဲ့အတိုင်းဘဲ ဟော လိုက်ပါတယ် မင်းဟာ တစ်ချိန်ကျ ဘုရင်ဖြစ်မယ့် လက္ခဏာ ပါတယ် လို့ဟောလိုက်တယ် အဲ့နေ့က စလို့သူဟာ အလုပ်မလုပ်တော့ဘူး သူ့သူငယ်ချင်းကအံသြနေတာပေါ့ ဘာလို့ပြောင်းလဲသွားတာလဲ ဒီကောင် အရင်က ဆို အလုပ်အတူတူလုပ်သွားလာစားသောက်အတူတူဘဲ ခု ဘယ်လိုဖြစ်သွားတာလဲ ပေါ့ မေးတယ်
သူပြန်ပြောလိုက်တာက ငါဟာ တစ်ချိန်ကျ ဘုရင်ဖြစ်မှာ ငါ့ကိုဗေဒင်ဆရာ ကဟောထားတယ်
သူဟာ ဘုရင်ဖြစ်မှာမို့ ဘုရင်လို နေထိုင်ပြောဆို သွားလာပီး ဘုရင်ရူးရူး နေတော့ တာပေါ့ အဲ့ တနေ့ကို သူက ဘာအလုပ်မှ မလုပ် ဘယ်သို့သောအရာကိုမှ ကြိုးစား အားထုတ်မှု မရှိဘဲ မျှော်လင့်တကြီးနဲ့ ထိုင် စောင့်ရင်း သုံးဖြုန်းနေလိုက်တာ နှစ် အနည်းငယ် အတွင်းမှာ ဘဲ သူဟာ ရှိသမျှ စည်းစိမ်တွေ ကုန်သွားပီး နောက်ဆုံးဖျာ လေးတစ်ချပ်ဘဲ ကျန်တော့တယ် သူဟာ ဇွဲ မလျှော့ ခဲ့ပါဘူး ဝရိယ ကောင်းစွာ နဲ့ သူ့ယုံကြည့်မှု ကိုလဲ မတွေဝေ ဘဲ ဆက်စောင့်နေခဲ့တယ် ဒီလို နဲ့ ငတ်ငတ်ပြတ်ပြတ် နဲ့ သူ့ဘဝ ရဲ့ နောက်ဆုံး အချိန်ကို ရောက်လာတော့တယ် သူ့သူငယ်ချင်းက တော့ သူဌေး ဖြစ်နေပီ သူသူငယ်ချင်းဒီလို အခြေနေကို မြင်လိုက်တော့ စိတ်မကောင်းဖြစ်ပီးသူ ဆီသွားတယ် ဒါနဲ့ အခြေနေ ကိုသုံးသပ်ပီးသူတစ်ခုစီစဉ်တယ်
ငါ့သူငယ်ချင်း ဒီတိုင်းသာသေသွားရင်တော့ မကျွတ်မလွတ်တော့ ဖြစ်တော့မှာဘဲဆိုပီး မင်းလောင်း အဝတ်တွေငှား အိပ်ယာပေါ်လဲနေတဲ့ သူ့သူငယ်ချင်း ကို ရေမိုးချိုး ပြင်ဆင်ပေးပီး အရှင်မင်းကြီး အရှင် မင်းကြီး ဘုရင်ဖြစ်ပါပီ ဘုရင် တင်မြှောက်ပါတယ် ဆိုပီးတော့ ပြောလေသတဲ့ အဲ့မှာ သူ့သူငယ်ချင်းဘုရင်ရူးက ထပြောတယ် ဘုရင်ဖြစ်ပီ ဆိုတော့ ဘုရင် နာမည် မှည့် ရအောင် ဘာနာမည်ပေးရင်ကောင်းမလဲ လို့သူ့သူငယ်ချင်းကို မေးလေ သတဲ့ အဲ့ဒါနဲ့ သူဌေး သူငယ်ချင်းလဲကြံရာမရဖြစ်သွားတယ် ဘေး ကို တက်ချက်ဝှေ့ ကြည့်တယ် ဘာ မှမရှိဘူး ကျောတစ်ခင်းစာဖျာလေးတစ်ချပ်ဘဲပိုင်တော့တာကိုး ဒါနဲ့ ဖျာတစ်ချပ်မင်း ဆိုရင်မကောင်းဘူးလားဘုရား
အေး ကောင်းတယ် ဖျာတစ်ချပ်မင်း ဖျာ တစ်ချပ် မင်း ဖျာ တစ် ချပ် . . . . ဆိုပီး အသက်ထွက်သွားတော့တယ်။ image

ပုံပြင်လေးက ဒါပါဘဲ ညီမလေး ယူတတ်မယ် ဆို မှတ်သားစရာတွေ ပါတယ် သူငယ်ချင်း နှစ်ယောက်တစ်ယောက်က ငယ်ရွယ် တဲ့ အချိန် ခွန်အား သုံး နိုင်တဲ့ အချိန် ညာဏ လဲ ပါတာပေါ့ သူ့အား သူကိုးကြိုး စားလို့ သူဌေးဖြစ်နေချိန် ဘုရင်ဖြစ်ပါမယ် လို့ယုံ ပြီး ဘာမှ မလုပ်ဘဲ မင်းလောင်း မြောက်မယ့် နေ့ကိုထိုင်မျော်နေတဲ့ သူနဲ့ ဘယ်သူက ဘာဖြစ်သွား လဲ ညီမလေး စဉ်းစားပါ ညီမလေး စိတ်ညစ် လို့ဆိုပီး သီးသန့်ခွဲ ထွက် ရှောင်ဖယ်နေချိန် မှာ ညီမလေး တည်ငြိမ် အေးချမ်း မှု ကိုရမသွား ဘူး ညီမလေး ရသွား တာ ဆုံး ရှုံးမှု ဒါကတော့ အချိန် ဘဲ ငယ်ရွယ် နုပျို စဉ်မှာ အချိန် ကိုတန်ဖိုး ထား အသုံး မချ ခဲ့ တဲ့ ဖျာ တစ်ချပ်မင်း ယုံကြည် မှု လွဲ မှားနေတဲ့ ဖျာ တစ်ချပ်မင်း ညီမလေးရော ဘယ်သူလိုလူလဲ ? ခုဖြစ်နေတဲ့ အခြေနေတွေကို သုံးသပ် အမှား အမှန်ဝေဖန်ပါ ။ ညီမလေး ဟာ ခပ်ပိန်းပိန်း တစ်ယောက်မဟုတ်သလို အိုမင်းမစွမ်းတဲ့ လူမမာ လဲမဟုတ်ပါဘူး ငယ်ရွယ် နုပျို မှု ကာယ ညာဏ ဝရိယ ဒီအရာ တွေကိုပေါင်းပီးကြိုးစားပါ ကဲ ဒီနေ့တော့ ဒီလောက်ပါဘဲ အကိုလဲ အလုပ်ရှိသေးလို့ စာ ကို အဆုံးသတ်ပီ အကို့ ညီမလေး အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ။

Credit ပုံအသုံးပြုခွင့်ပေးသော
ညီမလေး ကို ကျေးဇူးတင်ပါတယ်

Author @kyawkohtet
MSC-227

Sort:  

ကောင်းလိုက်တဲ့ပုံပြင်လေး

ကျေးဇူးပါ bro စိတ်ညစ်ဖို့လားဗျ ဟီးးးးးး

ပုံပြင်လေးနဲ ဥပမာပေးပီး လိုချင်တဲ့မက်ဆေ့ပေးသွားတော့ပိုထိရောက်တာပေါ့...

ဟုတ် bro အဲ့ အာ့ တကယ်ပြောချင်တဲ့ ဇကားတေဘာဘဲ စာတစ်စောင်လို ရေးလိုက်တာ သဘောကျတာနဲ့ တင်ပလိုက် တာ ဆက်ရန်တွေ က slလဲပါမယ် ကျေးကျူး

နောက်ခါမှာ ပုံပြင်အပြင် အခြားစားသားတွေ ပိုများများထည့်ပေး နိုင်ဖို့ လုပ်ပေးပါ နော် ။

ဟုတ်ကဲ့ပုံပြင်က ကူးထားတာမဟုတ်ပါဘူး ကိုဒို အဖေ ပြောပြဖူးတာက တိုတိုလေးပါ ထပ်ဖြည့်ပီးရေးထားတာပါ အကြံပေးတာကျေးဇူးတင်ပါတယ် နောက်ကြိုးစားပီးရေးသွားပါ့မယ် ခင်ဗျ

ကောင်းတယ်ဟေ ဥပမာပြ ပုံပြင်လေးထိရောက်တယ် ။

ဟုတ်ကဲ့ ကျေးဇူးပါ bro ငယ်ငယ်က အဖေကျွန်တော့်ကို သင်ပြဆုံးမခဲ့တဲ့ ပုံပြင်ဥပမာလေးပါ

ကောင်းမွန်တဲ့သင်ခန်းစာလေးတစ်ခုပါဗျာ ကျေးဇူးတင်ပါတယ် အောက်ဆုံးမှာ ရေးသားသူ သို့မဟုတ် writer, author လေးထည့်ပေးပါဗျာ

ဟုတ်ကဲ့ bro ကျေးဇူးပါ ပြင်လိုက်ပါပီ ခင်ဗျ

ပိုလ့်ကောင်းလေးပါဘဲ

ကျေးဇူးပါ sis

တကယ်​​ကောင်းပါတယ်​ဗျာ

ကျေးဇူးပါ bro

ကောင်းတယ်ဗျ ဖျာတစ်ဖျပ်မင်း အကြောင်း

ဟုတ်ကဲ့ ကျွန်တော် အဖေ ကျွန်တော်ငယ်ငယ် ကသင်ပြ ဆုံးမ ခဲ့တဲ့ ပုံပြင် ဥပမာလေး ပါ thanks bro

ဟုတ် ကိုကို😋😋😋

လိမ်မာ ဒေ ;) :P

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63706.08
ETH 2615.50
USDT 1.00
SBD 2.82