ကိုယ်ပိုင် ဘဝ

in #myanmar6 years ago (edited)

image
ကျွန်တော်တို့ မြို့လေး အကျည်းမတန်ပါ ရုပ်မဆိုးပါကျွန်တော် မမုန်းပါသို့သော် စိတ်ပျက်နေမိပီ
ဘယ်တုန်းကဘယ်လိုဘယ်ညာ ဘယ်ဝှာတွေ ကြောင့်ပါနည်း။အဖြေထုတ်နေသော်လည်း အတွေးစမှာ ရေးရေးမှပေါ်မလာဘဲ ဝမ်းနည်း နေမိနေပါသည်။
ဘာလို့လဲ ဒီလိုမြင်ကွင်းတွေ မမြင်ရက် မရှုသာ ပျော်နေတဲ့ စိတ်ကလေးပင်ယခုမြင်ကွင်းများကြောင့်
ဆွဲယူလွှင့်ပစ်လိုက်သလို ပျောက်ဆုံးကုန်ပါပီ အလုပ်ကိစ္စ နဲ့အသွား မြို့စွန်လေးမှာ တွေ့လိုက်ရတာ ကျွန်တော်တို့တတွေ အားလုံး ဂုဏ်ယူမဆုံး နာမည်ကင်ပွန်းတပ် ခေါ်ဆို ခဲ့သော ရွှေ မြန်မာ ခုတော့ လမ်းဘေးမှာ ဘယ်သူ့အပြစ်လဲ ????????
ဟိုးလွန်လေသောအတိတ်တို့ဆီကို အတွေးတို့လွင်ပျံနေပါတော့သည်. . . . . . . .
image
မန္တလေး ရွှေမြို့တော် ခေါ်လို့ အတော်ကောင်းပ စားရေးသောက်ရေး နေရေးထိုင်ရေး ဆန် ဆီ ဆေး ဆား မရှား ခဲ့ ခုတော့ ဝမ်းတစ်ထွှာ တွက်ပင် အလုပ်အကိုင် တို့ရှားပါနေပါပီ မရှိတာမဟုတ် ရှိတာကို မလုပ်ကြလို့ ဒီလိုဖြစ်တယ်လို့ဘဲမြင်မိပါတယ်။ကျွန်တော်တို့လူမျိုး တစ်ချို့ကလဲ ခက်သားလားဗျာ ကို့အိမ် ကို့နေရာလေး တည်ဆောက်ထားခဲ့တဲ့ မိဘ ဘိုးဘွား ပိုင်ကို ဆက်လက်မထိန်းသိမ်း ဘဲ ဈေးကောင်းရလို့ ရောင်း ဈေးသက်သာရာ ရှာဝယ် ရင်း ပြေး လိုအပ်တာ မလိုအပ်တာမသိ သူများလုပ်လုပ်ချင် သူများဝယ်ဝယ်ချင် သူများကိုင်ကိုင် ချင် ဈေးရောင်းတာ တောင် သူများကုန်စိမ်းလေးရောင်းနေ ကောင်းစားတာများမြင်ရင် ကိုယ် ကပါလိုက်လုပ် ဒီအချက်က ကိုယ်ပိုင်ဦးဏှောက်ကို မသုံးဘဲ သူများလုပ်တာကောင်းတယ် ဆိုလိုက်လုပ် တဲ့ဥာဉ် ဆိုးလေးတွေလို့မြင်မိတယ် တကယ်ဆို ကိုယ်က ကုန်ခြောက်ရောင်းရမယ် သူကကုန်စိမ်း နောက်တစ်ယောက်က အသားငါး တာဝန်ကိုစီ စီးပွားကိုစီ နဲ့ ဆို ဒီလိုတောင်ဖြစ်မယ်မထင်ပါ တစ်ခုခုဆို လိုက်ပြိုင်ချင် အကောင်းအဆိုး ခွဲ ဖို့ဝေးစွ မနာလိုအူတိုစိတ်နဲ့ သာရင်ပီးရော လုပ်ချင်ကြတယ်ကျွန်တော်တို့ မြင်နေတွေ့ နေတဲ့အရာတွေ အဆိုးတွေ အကောင်းတွေ အားလုံး ကျွန်တော်တို့ဘဝ တွေ အားလုံး ကျွန်တော်တို့ကို တိုင်ဖန်တီးနေကြတာပါဘဲ။
image
ကျေးညီနောင် ကဗျာလေးကိုပြန်သတိရမိတယ် ငယ်စဉ်က ဖတ်တယ် ဆိုတယ် ဆရာမ ဆူရိုက်ခံရမှာဆိုးလို့ မရ ရအောင်ကျက် အလွတ် စာပြန် အရိုက်မခံရ ဖို့က ပထမအရေးကိုး တွေးတော့ဆင်ခြင်ဥာဏ်ကျွန်တော်တို့မှာ မရှိခဲ့ ဘူး စာပေက ပေးတဲ့ သင်ခဏ်းစာ ကို ကျွန်တော်တို့တွေ မသိကြဘူး ကျေး မိုက် နဲ့ ကျေးလိမ္မာ ကျေး ညီနောင်က စိတ်ဓါတ်လေးတွေ ကွဲ သွားရ တဲ့ အကြောင်းရင်းက သဘာဝဘေးကြီး တစ်ခုကြောင့် တနေရာဆီ ရောက် ရောက်တဲ့ နေရာမှာ သူတို့ကြုံ တွေ့ နေရတာဟာအမှန်လို့ယူဆပီး နေခဲ့ကြတဲ့ပုံ ကိုကျေးငှက်လေးတွေ ကိုဥပမာပြ ပီး လူသားကောင်းကျိုးရေးခဲ့တဲ့စာပေကို ကျွန်တော်တို့ ဘာလို့ဖတ်ယုံဖတ် ပီး မမှတ် သတိမထားဘဲ နေခဲ့မိကြပါလိမ့်။
image
ကျွန်တော်တို့ဟာ လူသားများဖြစ်ပီးး ကိုပိုင်ဦးဏှောက်ကို စီရှိကြပါသော်လည်း ဘာတွေကိုတွေးနေကြတာလဲ အများစု သောလူများမှာ အလုပ်ရောက်လို့အလုပ်စကားမပြော အိမ်တွင်းရေး ဆူပူမှု အသွင်ပေါင်းစုံကို စီးနေတဲ့ မြစ်ရေ အတိုင်း တဝေါဝေါ ပြောချ နေတာကိုအများဆုံးမြင်တွေ့နေရပါတယ် ။ တခါတလေ လိုတာထက်ပို တဲ့ အတွေးခေါ်တွေ ဝင်လာပီး ဂုဏ်ယူမဆုံး ဆန့်ကျင်ဖက်တွေလုပ် ကိုသိသမျှအဟုတ်တိုင်ပင်ခြင်းမရှိ ဆင်ခြင်ခြင်းမရှိ တွေးသမျှအမှန်ဂုဏ်ယူပီး ဈေး ကလေးပိုရလို့ အိမ်ပိုင်လေးရောင်း ဆိုင်ကယ်ဝယ် ကားဝယ် အိမ်ငှားလေးနဲ့သာယာပီး ဘဝပျက်ကုန်တာလဲမနည်းမနော ။ image

ဒါတွေကိုဘယ်သူလုပ်တာလဲ ? ကျွန်တော်တို့ကို တိုင်ပါဘဲ ကိုပိုင်ဘဝလေးကို ကျွန်တော်တို့ဘဲ အလူးအလဲ ရုန်းကန်တည်ဆောက်တယ် ကျွန်တော်တို့ဘဲပြန်ဖျက်ဆီးနေတယ် တစ်ရက် ငွေ ၁၀၀၀၀ ဝင်နေတဲ့သူဟာ ဘီယာ ၃ခွက်သောက်လို့ ငတ်မသွားဘူး ၅၀၀၀ ဘဲဝင်ပီး မိသားစုနဲ့လူက ၁၀၀၀၀ တန် လူနဲ့ယှဉ်ဘီယာသောက်တော့ဘာပြောကောင်းမလဲ။ ကျွန်တော်တို့ဟာ အခြေခံလူတန်းစားတွေပါ ဟိုအရင်ကထဲက ခုထိရော အခြေခံလူတန်းစားဘဲ ကျွန်တော်တို့ဘဝ တွေ ဒီလိုဖြစ်အောင် ဘယ်သူမှ မလုပ်ခဲ့ဘူး ကျွန်တော်တို့တတွေဘဲလုပ်ခဲ့တယ် ။
image
ခုမှ နောင်တရတယ်ဗျာ အဲ့နောင်တ ဘာလုပ်လို့ရလဲ စဉ်းစားလေ ကျွန်တော့ဘဝကတော့ဆုံးပါပီ ဘဝပျက်ပီ ကျွန်တော် ဘာမှမလုပ်တတ်တော့ဘူး ကျွန်တော် ကျရှုံး ပီ ။ ကျွန်တော့်ကို ပစ်ထားခဲ့ပါတော့ စိတ်ညစ်တယ် အရက်ဘဲသောက်တော့မယ်။ မင်းရဲ့ရွေးချယ်မှုပါ မင်းဒီလိုဖြစ်အောင် မင်းလုပ်ခဲ့တာဘဲ လေ မင်းဘဝ နဲ့ မင်း မင်းမှာ အခွင့်ရေး တစ်ခုတော့ ရှိတယ် လဲရင်ပြန်ထ ဒါဘဝ ဘဲ မင်းပြောင်းလဲချင် နောက်မကျသေးပါဘူး။ မပြောင်းလဲဘဲ ရှေ့ဆက်တိုးရင်တော့ မင်းအပြစ်ဖြစ်သွားပီ။ မင်းဘဝ ကို မင်းဘဲ ပိုင်တာပါ မင်း လုပ်ချင်တာ အကုန်လုပ်လို့ရပါတယ်။ မင်း အရက်သောက်ရင်အရက်သမားဖြစ်မှာသိတယ် မင်းအဆင်ခြင်ဘူး ဖြစ်လာမယ့် အကောင်း အဆိုး ဆိုးကျိုးတွေကိုမင်းသိတယ် မင်း ဆက်လုပ်တယ် ဒါဟာ မင်းရဲ့ဘဝတစ်ခုပါ မင်း ပြောင်းလဲ ပြစ်တာ ။ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူး ခု ဒီ ပါတ်ဝန်းကျင်မှာ ရှိနေတဲ့သူ အားလုံးဘဲ ဆို ခင်ဗျား ဘာပြောမလဲ။ ဒါဆိုမင်းတို့အားလုံးက အတူတူဘဲပေါ့ ငါ့ဘဝ ကို ငါကိုတိုင်ဘဲ ဒီလိုဖြစ်အောင်လုပ်ခဲ့တာဘဲ မင်းဘဝကိုလဲ ဒီလိုဖြစ်အောင်မင်းလုပ်ခဲ့တာဘဲ မင်း အတွေးတွေ ကို အင်းပြောင်းလဲ နိုင်မှ မင်းဘဝ ကိုပြောင်းလဲ နိုင်လိမ့်မယ် ကောင်လေး နောက်ကျ နာမည်တွေ ပြောင်းလာမယ် လိပ်စာတွေ ပြောင်းလာမယ် လူပုံစံ ပြောင်းလဲ လာမယ် ဆံပင်ပုံ စံ ပိုင်ဆိုင်မှုတွေပါပြောင်းလဲ လာမယ် ဒါတွေကိုဆကိပြောနေလဲ သဘောမပါတဲ့ မင်းဘဝ ကို ဇွတ်ဆွဲခေါ်ရာကြမယ် ငါ ကအကြံညာဏ်ဘဲ ပေးနိုင်မယ် ပြောင်းလဲဖို့မပြောင်းလဲဖို့ကတော့ မင်းဘဝဘဲ လေ။

Kyaw Ko Htet
MSC-227

Sort:  

ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည် ။ အချင်းချင်းစည်းလုံး ကြိုးစားကြပါ ပြောသာပြောရသည် oline မှာ လူနှစ်ရာလောက်တောင် စည်းရုံးရေးတရား ဟောမနိုင်ပါ ။

အားမငယ်ပါနဲ့ bro ရယ် နေရာတစ်ခုတော့ ရခဲ့ ပီ ဘဲ admin တေကြိုးစားမှု ကအားရစရာပါဗျာ

It is not easy to build a life.

မြန်မာတွေ မြို့ပြင်ရောက်ကြပြီ

တချို့နေရာလေးတွေမှာ အတော်ကို စုတ်စုတ်ပြတ်ပြတ် နေနေရတာတွေ့ရတယ် bro

ဟုတ်ပါတယ်လေ …ဆင်းရဲတဲ့သူက မွဲပီးရင်းမွဲ ချမ်းသာတဲ့သူက ပိုချမ်းသာ…နေတဲ့ခေတ်

ကိုယ်တိုင် ပြောင်းလဲမှ အဆင်ပြေလိမ့်မယ်ထင်ပါတယ် ခင်ဗျ

ကိုယ်ပိုင်ဘ၀ဆိုတော့ ကိုယ်တိုင်ပြောင်းလဲမှရမှာပေါ့..

မိမိသာလျှင်​ မိမိဘဝရဲ့ ပဲ့ကိုင်​ရှင်

thumb up!

လမ်းဘေးကဘဝလေးတွေခုလိုရာသီဥတုနဲ့ဆိုဘယ်လောက်များဒုက္ဃံရမလဲ..😔😔😔

ဟုတ်တယ် bro လယ်ကွင်းဘေး မှာ ဆောင်းဆို အရမ်းအေးတဲ့နေရာတွေပါ

ဒီစာကိုဖတ်ရတာ အရမ်းအားရှိတယ်@kyaw

thanks bro

ဘယ်သူမပြု မိမိမှုပါဘဲ

ဟုတ်ကဲ့ sis

thanks bro

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29