Cracker Life အပိုင်း(၁)

in #myanmar6 years ago (edited)

image
'တီ တီ တီ တီ. . . . . .' နာရီ နှိုးစက်ကြောင့် သူလန့် နိုး
ခဲ့ လေသည် အဆက်မပြတ် မြည်နေ သဖြင့် ထပိတ်လိုက်
ပီး မထ ချင် ထ ချင်နှင့် ထလိုက် သည်။ ဦးတည် ရာ ကား ရေချိုး ခန်း ဆီ သို့ . . . . မှန် ထဲ တွင် သေချာ ကြည့် မိရာ
မျက်တွင်း ကား အတော် ကျနေပီ အိပ်ရေးပျက် တဲ့ ည
များနေပီလေ။ ညက လဲ program တစ်ခုကို စစ်ဆေး
နေ ရင်း အချိန် အတော် နောက်ကျ မှသူအိပ် နိုင်သည်။
သွားတိုက် မျက်နှာသစ် ရေချိုး လိုက် မှ လူက အနည်း ငယ်လန်း သွားသည်။ အဝတ်စား လဲ ပီးသည် နှင့် နားမ
နေနိုင် အလုပ်ကို အမြန်သွားရမည် ပေါင်မုန့်ခြောက်ထုပ်
ကစားပွဲပေါ် အဆင်သင့် ကော်ဖီ တစ်ခွက် ဖျော်သောက်
ပီး ပြာယာ ခတ်စွာ ခေါက်ထား သောစက်ဘီးလေး ယူပီး
လမ်းပေါ် အမြန်နင်းသွား သည်။ သူ၏ ဦးတည် ရာကား
computer softwar ရေးသော နာမည်ကြီး com-
pany တစ်ခု သူ သည် ကျောင်း ပီးအောင် မတက် နိုင်
ခဲ့သော်လည်း တိုး တက်လာ သည့်နည်းပညာ ခေတ် ကြီး
တွင် ပညာ ကို online မှ ဆည်းပူးခဲ့ပီး သူသင်တန်း
တက်ခဲ့သောဆရာ တစ်ဦး မှ ချိတ်ဆက်ပေးသဖြင့် ယခု
company မှာ အလုပ်ရခဲ့ သည် လေ။ company manager က အစပိုင်း interview တွင် မကြိုက် သော်
လည်း သူ့ဆရာ ထောက်ခံပေး မှုကြောင့်သာ အလုပ်ရခြင်း
ပင် သူကိုယ် သူ မည်သည့် အရာမဆို ပေးအပ်သော တာဝန်တိုင်းကို စနစ်တကျ သေချာ စွာ လုပ်ကိုင် ဆောင် ရွက်ပါမည် အမှား ယွင်း တစ်စုံ တစ်ရာရှိပါကလဲ company မှ ထွက်ခွာ ရမည့် အပြင် လျှော်ကြေး ငွေ
ပါပေးပါမည် ဟု ကတိကဝတ် စာချုပ် တွင်လက် မှတ် ထိုး
ခဲ့ရသည်။

company နာမည်က Blue Screen ဆိုင်းဘုတ်ကအရင်ဆီး
ကြို နေသည် မနက် ပိုင်းပင် ဖြစ်သော် လည်း ရှေ့ မျက်နှာ
သာ တွင် led မီးလုံး များ ဖြင့် အလှ ဆင်ထားသော company ဆိုင်း ဘုတ်ကြီး ကထင်း နေသည်။ စက်ဘီး
ထားနေကျ ကားပါကင်စောင့် အဘိုးကြီး တဲဆီသို့သွားပီး
သော့ခတ်ထား ခဲ့ လိုက်သည် အဘိုးကြီး ကား အလှုပ် ရှုပ်
နေသဖြင့် morning စိုးကြီး ဟု သာနှုတ်ဆက်ပီး အလုပ်
ဆက်လုပ်နေသည် သူလဲ morning ဟု သူ နှုတ်ဆက်
ပီး သူ့အလုပ် ခွင်ကို တန်းသွားသည်။ ရုတ် တရက် ဖျက် ခနဲ သတိ ရလိုက် သည် ''ဟာ သွားပီ ဝန်ထမ်းကပ် ပါမလာဘူး" ခဏစိတ်ညစ်သွားသည် company ကို
ရောက်နေပီး အလုပ်ခန်း ကို ဝင်ရန် အခက်တွေ့ နေပီ
လေ။ ဝန်ထမ်းတိုင်းတွက် smart card ထုတ်ပေးထား
သည် card တွင် barcode ထည့်ထားပီး သက်ဆိုင်ရာ
ဋ္ဌာန ရုံးခန်းကို ဝင်တိုင်း smart card ကို scan
ဖတ်ပီးမှဝင် ခွင့် ရသည်လေ လုံခြုံရေး များ ရှိသော်လည်း
နည်းပညာ company ဖြစ်သည့် အားလျှော်စွာ အဆင့်
မြင့်လုံခြုံ ရေး စနစ် များလဲ တပ် ဆင်ထားသည်။မိမိ သက် ဆိုင်ရာ ရုံးခန်းကို ဝင်မည်လုပ်တိုင်း face scan နှင့် card scan ကို စစ်သည် မတတ်နိင် တော့ ခါတိုင်းလို
ပင် လုပ်ရပေတော့မည် ဖုန်းထုတ်ကာ smart card ကို
ရိုက်ထားသော ပုံကို ထုတ်ပီး သူ့ရုံးခန်းဝသို့သွားကာ
face scan ဖတ်ပီး ဖုန်းဖြင့် သာ card ကို ဖတ်ပီး ဝင်
သွားသည်။ သူ၏ leader မမြင်စေရန် ဦး ထုပ်ငိုက်နေ
အောင် ဆောင်းပီး သူ့စားပွဲ တွင် ဝင်ထိုင်လိုက်သည်။

စရပါ ပီ မပြီး ပြတ်သေးသော လုပ်ငန်းများ ဘယ်တော့ မှ
ပီးပြတ်သည် မရှိ သူ၏ တာ ဝန်မှာ software များ၏
error များကို စစ်ရသည် security ပိုင်းစစ်ရသည်
internet က 24 hr ချိတ်ပီး run နေသည့် အတွက်
hacker များ မှ ဝင်ရောက် တိုက် ခိုက်ပီး အချက်လက်
များ ခိုးယူသွားနိုင်သည် အသေးမွှား ဆို ကိစ္စ မရှိ ဘဏ်
နှင့် တိုက် ရိုက် ချိတ်ပီး အလုပ်လုပ် နေသော company
များ ၏ data များ ဆိုလျှင် သွားပီ ထို့ကြောင့် အားနည်း
ချက်များ ကို အထူး တလည် စစ်ဆေးရသည်။သူ၏ တာဝန်မှာ လွယ်မယောင်နဲ့ ခက်သည် အလျော် အစား
ကြီးသည်လေ project တစ်ခု အောင်မြင်ရင် 6 လ လောက် ထိုင်စားလို့ ရလောက်သော ငွေ ကြေး ကိုရသည်။
ပြဿနာ တစ်စုံတစ်ရာ တက်ခဲ့ လို့ Customer ဖက်မှ
ဆုံးရှုံး မှု ရှိလျင် သူတို့ company ဖက်မှ 10ဆ တိုး
လျော် ရမည်။ သို့သော်လည်း သူ့ တစ်ခါမှ တော့ ထို့ကဲ့သို့
မကြုံဖူးခဲ့သေးပါ သူ ကိုင်ရသော project တိုင်းသည်
ယခုချိန် ထိ ပြဿနာဟူ ၍ တစ်စုံတစ်ရာ ပင် မရှိခဲ့သေး
သောကြောင့်ပင်။ သို့သော်လည်း အတော် စိတ် ရှုပ် ရ
သည် အမှား ယွင်း မရှိစေရန် စစ်ရ လိုအပ်သည် များကို
ဖြည့်ရ ပြန် run ကြည့်ရ နှင့် အချိန်ပိုကား သိပ့်မရှိချေ
လူပင်ပန်း သည် ထက်စိတ်က ပိုပင်ပန်းသည်လေ။

Author-@kyawkohtet

ဆက်လက်ကြိုးစားပါဦးမည်

Sort:  

ခေါင်းပူတဲ့ အလုပ်ဘဲ ဒါပေမဲ့တကယ်ဝါသနာပါရင်တော့ အချိန်ကုန်မှန်းကို မသိလိုက်ဘူး

ဟုတ်ပ မတ်မတ်စု ဒါနက် မတ်မတ် စုလဲ ခွက်ကာ တျောက်များလား !!!!!!!!???? :D

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63184.34
ETH 2560.17
USDT 1.00
SBD 2.72