"amm" or "အမ်"

in #myanmar6 years ago (edited)

ယနေ့ ကောဇာ သက္ကရာဇ် ၁၃၇၉ ခုနှစ် အင်္ဂလိပ် သက္ကရာဇ် 2018 ခုနှစ် သောကြာ
နေ့ အင်္ဂလိပ်လို 23 ရက် မြန်မာလို တန်ခူးလဆန်း ၇ ရက် ရက်ရာဇာ နေ့ အခါသမယ
မြန်မာစံတော်ချိန် 11:20 ကျော် အချိန် တွင် ကထက် တစ်ယောက် ပြာယာခတ်နေ
ပါတော့ သည် အဘယ့်ကြောင့် ဆိုသော် ယနေ့ ရက်ရာဇာ ကျသလို MSC မှ
Promotion အလှည့်ကျ ကျွန်တော်တို့ Group 4 ရဲ့ post တင်ရမည့် နေ့ပင် ဖြစ်လေသည် ။
image

ယခုသောအချိန် ထိ ကထက် တစ်ယောက် ရေးစရာ ခေါင်းစဉ်ဟူ ၍ ပင်ရှာ
မရသေးချေ ခက်လေပီ တော်တော်ခက်လေပီ ခေါင်းစဉ်ရှာ မရ၍ အတွေး ခက်သည်
မအား ၍ ခက်သည် နောက်ဆုံး ပြာယာပါခတ်ချေပီ။
မဖြစ်ချေ MSC မှ ပေးသော Promotion သည် တစ်ပါတ်လျှင် နှစ်ကြိမ် ကျ Group
1/2/3/4 ခွဲ ပေးပါသည် leader အပါဝင် admin များမှာ လဲ အလုပ်ကိုယ် စီနှင့်ပင်
မအားလပ်သည့်ကြားက MSC အဖွဲ့ ကြီး ရေရှည် တည်တံဖို့အရေး myanmar များ
ချမ်းသာရမည် ဆိုသော leader ရဲ့ ရည်မှန်းချက်ကြီး အတိုင်း တတ်နိုင်သည့်ဖက်က
အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်လျှက် ရှိနေပေရာ ကထက် ကမအားတာ
အကြောင်းပြ မတင်လို့ မဖြစ်ချေ တခြားသူတော့မ သိ ကိုဟင် စိတ်ဆိုးမှာတော့
ကြောက်သည် သူကပေးသည် ပေးတာမယူ ရင် စိတ်ဆိုးတတ်သည် ဟုကြားဖူး
သဖြင့် ကိုဟင် စိတ်ဆိုးမှာ ကြောက်သည် ဒါမို့ ဒီအပါတ် လဲ pro လွတ်လို့ မဖြစ်
ကိုဟင် စိတ်ဆိုးမှာလဲ ကြောက်သည် ကထက်တစ်ယောက် ပြာယာခတ်နေမြဲပင်
ခေါင်းစဉ်ကို တော့ရချေပီ စတင်ရေးတော့မည်ဟုဆိုကာ ကထက်တစ်ယောက်
စာရေးဖို့ microsoft word လေးအား ဖွင့်ကာ စာစတင်ရိုက်ချေပီ။ ခေါင်းစဉ်ပေးသူ
မှာ တစ်ခြား သူမဟုတ် Group ရဲ့ အချစ်တော် ကြီး ကိုထက်ဝေဟင်/နှင်း ဖြစ်သည်
သူပေးသောခေါင်းစဉ်မှာ ကား အောက်ပါ အတိုင်းပင်ဖြစ်လေသည်။
image
ကထက်ပျော်
နေချေပီ ခေါင်းစဉ် နဲ့ လိုက်ဖက်မည့် စာ များက တရစပ် ရိုက် ချေပီ
ကတောက် ကတောက် ကတောက် ကတောက် ကတောက်
( မှတ်ချက် keyboard ရိုက်သံ)

ကိုထက်ဝေဟင်/နှင်း ရေးခိုင်းသော ခေါင်းစဉ်
'''amm'''
ဘာရေးရပါ့ ရူးချင်ပီလေ amm ဆိုတာ chat box တို့ command တို့မှာ သာ မြန်မာလို
"အမ်" လို့ မသုံးဘဲ myanglish အနေနဲ့ ''amm''လို့သုံး ကြသည်လေ ဒါမယ့် အဆင်
ပြေအောင် post တစ်ခုဖြစ်အောင်တော့ ကထက် ဖန်တီး ရတော့ မည် ကထက် ရဲ့
ကလောင် အစွမ်း ကိုစမ်း သည့်သဘောပင် ဘယ်ရမလဲ လာပီ ရေးပီ ချပီ။

ကျယ်နော်တို့ binary code လေးတေအကြောင်း သိကြလားဗျ ?
သိတဲ့သူသိပီး မသိတဲ့ သူတွေ မသိကြပါဘူး။ သိတဲ့သူတေလဲသိကြပါတယ်။
code ကတော့အမျိုးမျိုး ရှိလို့ နောက်မှ ခွဲ ခြားပီး တင်ပြပေးပါမယ် ခုက 'amm'
အကြောင်းလေး အနဲငယ်ရှင်းပြချင်လို့ပါ။ အံသြစရာ တစ်ခုခု ကို မြင်တွေ့ရင်
အာမေဋိတ် သံတစ်ခုထွက်လေ ရှိတယ် ''အမ်'' ဒါများစွာ ထဲက တစ်ခုပါ တချို့ လဲ
''ဟင်''ဟု သာ အမျိုးမျိုး ရှိသည်ပေါ့။ ကျယ်နော် တို့စာရိုက် နေကြတယ် computer
mobile phone စသဖြင့် electronic စပ်စပ် တဲ့ ပစ္စည်း လေးတစ်ခုခု နဲ့ပေါ့ဗျာ
စာလုံးလေး တစ်လုံးပေါ် အောင် ကျွန်တော် တို့က key board ကနေ ရိုက် လိုက်
ယုံ တန်းပေါ်လာတယ် ဒါက a ကိုရိုက် ရင် a ပေါ်တယ်ဆိုတာ ကိုသိနေလို့ပါ။
အဲ့လိုပေါ် အောင် code တေနဲ့ run ထားရပါတယ် computer , mobile phone
စသဖြင့် ဘယ်ပေါ်မှာ ရေးရေး စာရိုက်ရိုက် အခြေခံ အားဖြင့် 0,1,0,1 ဒီဂဏာန်းများ
စွာ သာ run နေ့ခြင်း ဖြစ်ပါတယ် binary code တစ်ခုအနေနဲ့ ချပြပါ့မယ် အောက်ပါပုံ
ကိုကြည့်ပါ။

a ကိုပြထားပါတယ် m ကိုပြထားပါတယ် space တစ်ချက် ကိုပြထားပါတယ်
amm ကို ပြထားပါတယ် သူ့ ဂဏာန်းလေးတွေ ကိုကြည့်ပါ တစ်ခုနဲ့ တစ်ခု မတူပါဘူး။
image
image
image
a မှာ 01100001
m မှာ 01101101
space မှာ 00100000
စသဖြင့်ကွဲ လွဲပါတယ် amm အားလုံးကိုပေါင်းပါမယ်။
image
amm - 01100001 01101101 01101101
binary code အနေ နဲ့ ဂဏာန်း နဲ တဲ့ အတွက် bit နဲ ပါတယ် byte နဲပါတယ်။
''အမ် 'ကို ခွဲခြမ်း စိတ်ဖြာ ကြည့်ရအောင်
image
image
image
အ မှာ 0001000000100001
မ မှာ 0001000000011001
် ငသတ် မှာ 0001000000111001
အားလုံးလိုပေါင်းကြည့်ပါမယ်။
image
အမ် - 0001000000100001 0001000000011001 0001000000111001
ဆိုတော့ မြန်မာလို ရေးလိုက်မယ်ဆိုရင် bit ပိုများလာတဲ့ အတွက် massage ပို့
ရာမှာ မြန်မာလို ရေးခြင်း ဟာ data အနေနဲ့ ပိုများ လာတာ ကို တွေ့ရပါတယ်။
'' အမ်'' လို့သုံး ခြင်း ထက် 'amm'' ဟုသုံးခြင်းက data စားပိုမိုသက်သာစေတာကိုမြင်
တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုတော့ "အမ်" လို့သုံး သူနဲ့ ''amm'' ဟုသုံးသူ နှစ်ဦးမှာ
ဘယ်သူက ကပ်စီးနဲ လဲ သိသာစေပါတယ် ကျွန်တော်သိတဲ့ ''amm'' လို့သုံး သူ
ကတော့ first command မှာ ရှုစားကြပါခင်ဗျာ။

Author-@kyawkohtet
MSC-227

Sort:  

Binary လဲကျွမ်းတာပဲလား Binary kyawkohtet ရေ Umm လို့ သုံးမယ်ဗျာ

ဒါက ငပေါ တလိုင်းဘာ bro ဟီးးးး

01100001 01101101 01101101
0001000000100001 0001000000011001 0001000000111001

ဒါ copy တာ ချီးပုံတက်နင်းမိမယ်

ကြီးကြောင် ကြာပေါ

ဘာလား

အူးယေး ပို့စ် ခေါင်းစဉ်ကြီးကလဲ ဟဟ😂😂😂
ဘိုခေါင်းစဉ်ကြီးတုန်း. ဟဟ😂 ပေါက်ပေါက်ရှာရှာ ပေး. တတ်တာ. . 😂😂

ဒါ အူးယေး sl ပေးခိုင်းတာ

အမ်း ဘာမန့်ရမှန်းကို မသိတော့ပါဘူးအေ

မန့်ချင်တာသာမန့်မစု 15 ကျော်ဖို့ဘဲ အရေးကြီးတယ်
:D

တင်သမျှ ဘာတေ လား ဖဲ နေပြင်းတေ အရူးရေ ကျိလုပ်

အမ် အမြန်ရေးရတယ်လေ မွမွ ရဲ့ အမ်

ပုံ​ပေါ်ဘူး telenor လိုင်းက😢😢

အမ်းးးးကွောင်ကြီးးးး

amm နောက်လဲ amm အမြဲ amm မယ်😁😁

မာမားသိသွားပီ

ဒါနက် ဒီညနေ အကယ်ဒမီ ပွဲတက် ရအူးမေ လစ်ပီ

ပြန်လာမှသွားမယ်လေ ဘာဖစ်နေ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54642.70
ETH 2317.98
USDT 1.00
SBD 2.33