ပြန်ခံစားမိသောကျောင်းသားဘဝ

in #myanmar6 years ago

steemit မိတ်ဆွေအပေါင်းတို့ မင်္ဂလာပါ ဗျ ကျောင်းသားဘဝဆိုတာလေးမှတ်မိကြမလားမသိဘူး လူတိုင်းလိုလို ငယ်ကကျောင်းသားဘဝကိုပြန်လိုခြင်ကျတယ် imagephoto Crd -facebook
ဒါပေမဲ့ဖြစ်နိုင်လားဆိုတော့ကိုယ့်လက်ရှိအချိန်မှာဖြစ်ခြင်လို့မရတော့ဘူး ဖြစ်နေကြတယ် ဟိုအရင်တုန်းကဆိုရင် ကျောင်းတက်စဉ်ကပျော်ရွှင်မှုတွေပဲအမြဲရခဲ့တယ် ခုချိန်ကျတော့လည်းပြန်တမ်းတမိတယ် ကျွန်တော့်အနေနဲ့ဆို ခုလက်ရှိကျောင်းသားဘဝကသာယာပေမဲ့အရင်တုန်းကလို သဘာဝကျကျပျော်ရွှင်မှုမျိုးမပေးနိုင်သေးဘူး အပျော်ခြင်းလဲမတူပါချေ တချိန်ကဆိုရင် မနပ်အိပ်ယာထသွားတိုက် မျက်နှာသစ် ထမင်းလေးစားပြီး ကျောင်း သွား အဖြူအစိမ်းဆိုတာလေးဝတ်ပီး ယဉ်ကျေးသိမ်မွေ့စွာသွားရတယ် ကျောင်းလဲရောက်ရော အသင်းလုပ်တယ် စုပေါင်းသန့်ရှင်းရေး လုပ်ကြ ကျောင်းသူကျောင်းသားတွေအများကြီးစုပေါင်းပြီးတော့ လုပ်ကြတယ်တပျော်တပါး ပြီးသွားရင်ဆော့ကျတယ် စိန်ပန်းသီးတွေလည်း အပြိုင်ပေါ့ ကြက်ဖခွတ်တမ်းဆော့ရတာလဲအမော ကြိုးလဲခုန်လိုက်သေးမိပါရဲ့ နောက်ပီး ထုတ်ဆီးထိုးတန်းဆော့ကြတယ် ပျော်လို့မဆုံးပါဘူး သူငယ်ချင်းတွေစလိုက်နောက်လိုက်နဲ့ ပေါ့ ကျောင်းတက်လို့သံချောင်းခေါက်ပီဆိုရင် ဆရာ /ဆရာမ ဆီသွားပြီး လာမူကြိုဆီးလုပ်ပေးတယ် စာသင်ချိန်လဲ ဆရာမပြောတာသေချာလိုက်နားထောင် သင်တွေးအံရွတ် တပည့်ဝတ်ဆိုတဲ့အတိုင်း သင်သမျှ သေချားနားထောင်မှတ်သားခဲ့ပါရဲ့ ကျောင်းဆင်းပြီဆိုရင် လက်ပိုက်ပြီး အိမ်ကိုတန်းတန်းမတ်မတ်ပြန်ကြရတယ် တစ်နှစ်တစ်ခါဆုပေးပွဲလုပ်လို့ ဆုပေးတဲ့အချိန်ရောက်ရင်အလိုလိုပြောခဲ့မိတယ် စားလိုက်သောက်လိုက် ဆော့လိုက် ကစားလိုက်နက် စာတွေကတစ်ဖက် ကျက်မှတ်ကြပြီး စာမေးပွဲဖြေလို့ အမှတ်အများကြီးရပြီး ဆုတက်ယူရမယ်ဆိုရက် ကိုယ့်ကိုယ်ကို ကြည်နူးလို့ မဆုံးခဲ့ဘူး လက်ရှိအချိန်နဲ့တော့အ ရမ်းကိုကွာခြားလွန်းခဲ့ပီချေ ကျောင်းပိတ်ရက်ဆိုလည်း ရွာ့တောင်ဘက် က လက်ပန်းပွင့်တွေကောက်ခဲ့တာက မေ့မရနိုင်တဲ့အရာတစ်ခု အဖြစ်နဲ့ရှိနေသေးမိပါတယ် အရာရာဟာကွခြားခဲ့ပီလေ
steemit platform ပေါ်က မိတ်ကောင်းဆွေဖော် များလည် ကျန်းမားချမ်းသာ လို့ လမ်းဖြာနိုင်ကျပါစေ

@kyawhtaynaing
Msc no. လျှောက်ထားဆဲ

Sort:  

this photo remind me of my primary school.. though not a very fan of childhood life though..good luck with your MSC application..

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58000.61
ETH 3105.20
USDT 1.00
SBD 2.42