“ ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင် ”

in #myanmar6 years ago

“ ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင် ”
ပေးထားသောခေါင်းစဉ်ကိုမြင်လိုက်သည်နှင့် ခေါင်းစဉ်ပေးသူ၏ ရည်ရွယ်ချက် ရည်မှန်းချက် မျှော်လင့်ချက်များနှင့်အတူ မြန်မာနိုင်ငံနှင့် မြန်မာတမျိုးသားလုံးအပေါ်မှာထားရှိသော သူ၏မျိုးချစ်စိတ် စေတနာ မေတ္တာတရားများ အထင်းသားပေါ်လွင်နေပါသည်။
မှန်ပါသည်။ အဓိပ္ပါယ်အလွန်လေးနက်သော ထိုခေါင်းစဉ်အောက်၌ ယိုယွင်းပျက်စီးနေသော မြန်မာ့သဘာဝပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေးအကြောင်းများကို ချရေးမည်ဆိုပါက ကုန်အံ့မထင်။ မြန်မာ့တောတောင်ရေမြေများအကြောင်းရေးမလား၊ မြန်မာ့သစ်တောများအကြောင်းရေးမလား၊ မြန်မာ့ကျောက်မျက်ရတနာများအကြောင်းရေးမလား၊ ငွေဒင်္ဂါးများအကြောင်းရေးမလား၊ မြန်မာ့တူရိယာများအကြောင်းရေးမလား၊ မြန်မာ့ဇာတ်သဘင်များအကြောင်းရေးမလား ဘုရားပုထိုးများအကြောင်းရေးမလား စသည် စသည်ဖြင့် ကျွန်တော်တို့မြန်နိုင်ငံ၌ တဖြည်းဖြည်း ယိုယွင်းပျက်းစီး တိပ်မြုပ်ကွယ်ပျောက်လာနေပြီဖြစ်သော သဘာဝပတ်ဝန်းကျင် သယံဇာတများကား မရေမတွက်နိုင်အောင်ပင် ရှိနေပါသည်။
လူအများစုသည် "သဘာဝပတ်ဝန်းကျင်" ဟု ကြားလိုက်သည်နှင့် အမှိုက်သရိုက်များ သစ်တောများ တောင်ပူစာများ ကျောက်မျက်ရတနာများကို လှန်းမြင်မိကြမည်မှာ အမှန်ပင်၊ ထိုအကြောင်းအရာများကိုလည်း ရေးသားတင်ပြကြမည်ထင်ပါသည်။
ထိုသို့များပြားလှစွာသော အကြောင်းအရာများအနက်မှ ကျွန်တော် "ကောက်ရိုးပုံ" ဟူသော စာပိုဒ်ခွဲငယ်ဖြင့် စာတန်းပြုစု တင်သွင်းလိုက်ပါသည်။

"ကောက်ရိုးပုံ"
IMG_20140501_181142.jpg
"ကောက်ရိုး"ဟူသောအသံကြားလိုက်သည်နှင့် တန်ဖိုးမရှိ အဓိပ္ပါယ်မရှိသော မကြောင်းအရာဟု စာရှုသူ ထင်ကောင်းထင်ပါလိမ့်မည်။ တန်ဖိုးဟူသည် အသုံးချသူနှင့် အသုံးပြုသူအပေါ်မူတည်ပြီး တန်ဖိုးရှိခြင်း မရှိခြင်းများဖြစ်ပေါ်ပြောင်းလဲနေသည်ကို စာရှုသူ လက်ခံလိမ့်မည်ဟု ယုံကြည်ပါသည်။
ကမ္ဘာမှာ "မြန်မာဟေ့" လို့ ကြွေးကြော်နိုင်ငံခဲ့တဲ့ မြန်မာပြည် ရွှေခောတ်သို့ရောက်ခဲ့စဉ်အချိန်က မြန်မာပြည်သူ အများစုသည် တောင်ယာလုပ်ငန်း လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကာ ဘ၀ကိုအေးချမ်းစွာ ရပ်တည်ဖြတ်သန်းလာခဲ့ကြပါသည်။ မိသားစု လေးငါးခြောက်ယောက်ရှိလင့်ကစား ဖခင်ဖြစ်သူ အိမ်ထောင်ဦးစီးတစ်ဦးတည်း လယ်လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး ကျမ်းမာရေ ပညာရေး ဖူလုံသည့်အပြင် အပိုအချန်များကို စုဆောင်းနိုင်ခဲ့ကြပါသည်။
20180124_175447.jpg
20180124_180602.jpg
20180124_175741.jpg
တောသူတောင်သား လယ်သမားများသည် စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းများကိုလုပ်ရာတွင် အဓိက ကျွဲ နွားများကို အားထားကြရသည်။ ကျွဲ နွားများကို မိမိတို့၏ ထမင်းရှင် ကျေးဇူးရှင်အဖြစ်သတ်မှတ်ကာ အလေးထား ဂရုစိုက်ကြသည်၊ ထိုကျွဲ နွားများအတွက် လယ်မှထွက်သော ကောက်ရိုးများကို စနစ်တကျစုပုံကာ သိမ်းဆည်းထားကြသည်။ ကောက်ရိုးပုံများသည် ကျေးလက်ပြည်သူ တောင်သူလယ်သမားများအားထားရာ ကျွဲ နွားတို့၏ ရိက္ခာပင်ဖြစ်သည်။ ကောက်ရိုးသည် ကျွဲ နွားတို့၏ နွေ မိုး ဆောင်း အစားအစာဖြစ်သည်။ တောင်သူလယ်သမားများသည် မြက်ရှားသောကာလ အထူးသဖြင့် မိုးတွင်းအခါ မိမိတို့၏ ကျွဲ နွားများ အစားအစာဖူလုံစေရန်ရည်ရွယ်၍ ကောက်ရိုးများကို မိုးစာအဖြစ် အဓိကသိုလှောင်ထားကြပါသည်။
IMG_20140501_181249.jpg
ယခုအခါ မြန်မာနိုင်ငံ မြေပြန့်ဒေသများသို့ ကား ရထားတို့ဖြင့် ခရီးသွားလျှင် လယ်ကွင်းပြင်များ ရွာ့ဆင်ခြေဖုန်းများတွင် ကောက်ရိုးပုံများကို အနည်းငယ် တွေ့ရနိုင်ပါသေးသည်။
ထိုကောက်ရိုးများ အဘယ်ကရသလဲ အနည်းငယ်ဆန်းစစ်ကြည့်သော်-
တောင်သူလယ်သမားများသည် မိုးအခါစိုက်ပျိုးထားသော စပါးများ မှည့်ရင့်လာသောအခါ ထိုစပါးများကိုရိတ်သိမ်း၍ ကျွဲ နွားများဖြင့်ပင် တလင်းလည်ကြသည်။ ရိပ်သိမ်းထားသော စပါးပင်များကို တလင်းပြင်တွင် ဖြန့်ခင်းပြီး ကျွဲ သို့မဟုတ် နွား ၆ကောင် ၇ကောင်တို့ကို လည်ပင်းတွင် ကြိုးဖြင့်သီကုန်းကာ ပဲထိမ်းတယောက်က လှည့်လည်ပေး အကူတယောက်နှစ်ယောက်က ကောက်ဆွဖြင့် စပါးပင်များကိုလှန်ပေးဆွပေးရသည်။
20180124_160259.jpg
20180124_160303.jpg
ထိုသို့ တစ်နာရီကျော် ၂နာရီခန့် လှည့်လည်ပေးလိုက်သောအခါ စပါးများကြွေကျသွားပြီး ကောက်ရိုးမျှင်များရရှိလာပါသည်။
ထွက်ရှိလာသော ကောက်ရိုးမျှင်များကို တလင်းဘေးနားတနေရာသို့ ခေတ္တခဏပုံထားပြီး မိမိတို့ ကောက်ရိုးပုံလုပ်မည့်နေရာသို့ သယ်ဆောင်ကာ ကောက်ရိုးပုံပြုလုပ်ကြပါသည်။
20180124_171024.jpg
ကောက်ရိုးပုံပြုလုပ်ခြင်းသည် ခက်ခဲသောအလုပ်မဟုတ်ပါ၊ လယ်သမားတိုင်း အလွယ်တကူပြုလုပ်တတ်ပါသည်၊ ကျေးလက်နေ လယ်လုပ်ငန်းနှင့်ရင်းနှီးသူ ကလေးသူငယ်များပင်ပြုလုပ်တတ်ပါသည်။
20180124_155721.jpg
20180124_155717.jpg
ကောက်ရိုးပုံပြုလုပ်ရာတွင် အဓိက ၀ါးတစ်လုံးသာလိုအပ်ပါသည်။ ၀ါးတစ်လုံးကိုခိုင်ခိုင်စိုက်၊ ခြွင်းချက်အနေဖြင့် မိုးတွင်း လေမုန်တိုင်းမိတတ်သော အရပ်ဒေသများတွင် ပိုမိုခိုင်ခန့်စေရန် ၀ါးနှစ်လုံး သုံးလုံး ခိုင်ခိုင်စိုက်ပြီး ကောက်ရိုးများကို ကောက်ဆွဖြင့်ထိုးဆွကာ စိုက်ထားသောဝါးတိုင်သို့ အ၀န်းညီစွာ ပုံထည့်လိုက်သောအခါ ညီညာလှပသော ကောက်ရိုးပုံတစ်ခုကို ရရှိလာပါသည်။
IMG_20140501_181154.jpg
တောင်သူလယ်သမားများသည် မိမိတို့၏ လယ်ထဲမှထွက်ရှိလာသော ကောက်ရိုးများကို အလည်အလွင့်မဖြစ်စေဘဲ ကျွဲနွားများ၏အစားအစာအဖြစ် ထိုကဲ့သို့ ကောက်ရိုးပုံများပြုလုပ်ကာ သိမ်းဆည်းထားကြလေသည်။ မိုးရာသီ အာရုဏ်ဦး မိုးလေများကြားထဲ လယ်ထွန်၍ ပင်ပန်းနေရှာသော ကျွဲနွားများကို ထိုကောက်ရိုးများ ကျွေးကြရပါသည်။
မြန်မာ့တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက် ဘိုးစဉ်ဘောင်ဆက် ထိုသဘာဝအရင်းအမြစ်များဖြင့်ပင် လယ်လုပ်ငန်းများကို လည်ပတ်စေပြီး ဘ၀ကို အေးချမ်းစွာရပ်တည်လာခဲ့ကြရာ ကမ္ဘာမှာ မြန်မာသည် ရွှေခောတ်သို့ ရောက်ရှိခဲ့ဖူးပါသည်။
Screenshot_185.jpg
ထိုခောတ်ထိုအခါတုန်းက မြန်မာနိုင်ငံသည် သဘာဝအတိုင်းတည်ရှိသော သစ်ပင်တောတောင်ရေမြေများ သဘာဝသယံဇာတများ မြစ်ချောင်း အင်းအိုင်များ ပေါကြွယ်ဝကာ နွေမိုးဆောင်း ရာသီဥတုသမျှတသော နိုင်ငံတနိုင်ငံဖြစ်သည့်အပြင် ကျေးငှက်တိရစ္ဆာန်များ ရာသီအလိုက် ဖူးပွင့်ကြသော ပန်းမန်များဖြင့် အလွန်သာယာလှပပြီး နေချင်စဖွယ်ကောင်းသော နိုင်ငံလည်းဖြစ်ခဲ့ပါသည်။
Screenshot_188.jpg
တခေတ်တခါက ဆန်စပါးအဓိကထုတ်ကုန်အဖြစ် ထင်ရှားကျော်ကြားခဲ့သော မြန်မာနိုင်ငံသည် "ခောတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကိုတည်ဆောက်မည်" ဟူသော ခေါင်းစဉ်အောက်မှာ လက်မှုလုပ်ငန်းများကို စက်မှုလုပ်ငန်းအဖြစ် အစားထိုးလာကြသည်၊ လက်မှုလယ်ယာကို စက်မှုလယ်ယာအသွင်ပြောင်းလာကြသည်။
Screenshot_232.jpg
Screenshot_233.jpg
Screenshot_244.jpg
မြို့နှင့်နီးသော တချို့လယ်ယာများကို စက်မှုဇုံများလုပ်ကာ စက်ရုံအလုပ်ရုံများ အိမ်ယာများ တည်ဆောက်လာခဲ့ကြသည်။
စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းကား ကောင်းပါ၏၊ သို့သော် အစားထိုး စက်မှုလုပ်ငန်းများ များပြားလာသည်နှင့်အမျှ မြန်မာ့သဘာဝပတ်ဝန်းကျင်အလှတရားများ တောတောင်ရေမြေ သယံဇာတများ ကျေးငှက်တိရစ္ဆာန်များ တဖြည်းဖြည်း တိမ်ကော ကွယ်ပျောက်လာနေသည်ကို သတိပြုသင့်ပါသည်။ တဖန် စည်းကမ်းမဲ့ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွာ သဘာဝသယံဇာတများကို အသုံပြုမှုများလာခြင်းကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ ရာသီဥတုဖေါက်ပြန်မှုများဖြစ်ပေါ်ကာ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်တွေ့ကြုံခံစားလာနေရပါသည်။
118729.jpg
2 (1).jpg
Steemit ချစ်သူ မိတ်ဆွေများခင်ဗျားး
လူသားတို့၏ စည်းကမ်းမဲ့စွာ အသုံးပြုတိုက်စားခြင်းကြောင့် အနာဂါတ်တွင် မြန်မာ့သဘာဝအရင်းအဖြစ်များ သဘာဝအလှတရားများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည့်အပြင် ယခုကျွန်တော်ရေးနေသော ကောက်ရိုးပုံ၊ ကျေးလက်နေ တောသူတောင်သားလယ်သမားများနှင့် မြန်မာပြည်သူတို့၏ထမင်းရှင် ကျွဲ နွားတို့၏ အစားအစာတစ်ခုဖြစ်သော ကောက်ရိုးပုံများကိုလည်း ရွာ့ဆင်ခြေဖုးန်းများနှင့် လယ်ကွင်းပြင်များတွင် တွေ့မြင်ရတော့မည်မဟုတ်ပေ။
ထိုသို့ တစတစ ယိုယွင်း တိမ်မြုပ် ကွယ်ပျောက်လာနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို မိမိတို့၏အသိစိတ်ဖြင့် ယခုကစ ပြုပြင်ထိန်းသိမ်းကြပါစို့လားးးခင်ဗျားးး
20180124_171009.jpg

@kyawhlaing
MSC-015
photo= google image

Sort:  

ဆုရပါစေကွယ်
ဒါနဲ့ အဲ့ဗွက်ထဲက နိလား

ဟာဟ နာကကင်မရာမင်းလေ
ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်လိုစ့်

အစမှအဆုံးထိ တစ်လုံးခြင်းကိုစိတ်ဝင်တစားဖတ်သွားအောင် ဆွဲဆောင်နိုင်တဲ့ kokyawhlaing ရဲ့ကောက်ရိုးပုံလေး ဆုရပါစေလို့ဆုတောင်းပေးပါတယ်အကိုရေ။

ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်
ပေးတဲ့ဆုနဲ့ပြည့်ပါစေ

ဆုရရှိပါစေကိုချစ်

ကျေးဇူးပါ bro

ကောက်ရိုးပုံတဲ့လား ကွီးကျော်လှိုင်ဆီရောက်မှ အတူတူ စားကြရအောင်ပါ

ကွကိုစားဟောင့် အားနာစာလိုဘူး သက်လား

ကောက်​ရိုးပုံမှာအတူ​ဆော့ကစားကျတာ​ရော 😄

မမေ့နိုင်စရာတွေ

ဆုရပါစေ အကို။

ကျေးဇူးတင်​ပါတယ်
ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေ

အရေးသားရော၊photoရော အရမ်းကောင်းပါတယ်
ဆုရပါစေနော်

တကယ်ကြီးလား
ကျေးဇူးတင်ပါတယ်နော်

တကယ့်ကိုအရေးသားကောင်းတာပါ ဆုရပါစေ

ကျေးဇူးပါ ဆုရရင်မုန့်ကျွေးမယ်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66293.76
ETH 3282.25
USDT 1.00
SBD 2.70