Valentines-Day

in #myanmar7 years ago (edited)

ဒီနေ့ V day နဲ့ပတ်သက်ပြီး အနည်းငယ် ရေးသားလိုက်ပါတယ်
happy-valentines-day-in-2018-happy-valentines-day-images-for-whatsapp-dp.jpg
ယနေ့ခေတ် ကမ္ဘာကြီး ကျဉ်းမြောင်းလာမှုနှင့်အတူ အနောက်တိုင်းယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် အယူအဆများသည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လာနေပါသည်။ ထိုဝင်ရောက်လာမှုများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုများရှိသလို မကိုက်ညီသည်များလည်း ရှိပါသည်။
585907622-cute-valentine-wallpapers-and-backgrounds.jpg
Valentine Day မှာ ချစ်သူခင်သူများကို ချစ်သူရည်းစားများကို Valentine’s Surprise ပန်းစည်းများ ချော့ကလက်များ အရုတ်များပေးတာ ကောင်းပါ၏။ ယနေ့လူငယ်များကား လက်မထပ်ပဲ အတူနေချစ်ရည်လူးဖို့ ကြိုးစားလာနေကြပါသည်။
အထူးသဖြင့် ယခုလို valentine day မှာ ချစ်သူရည်းစားများ (အားလုံးကိုမဆိုလိုပါ) လက်မထပ်ဘဲ ချစ်ရည်လူးကာ အတူနေထိုင်ခြင်းကို အနောက်နိုင်ငံအများအပြားတွင် မထူးဆန်းသောအဖြစ်အပျက် တစ်ခုအဖြစ် ရှုမြင်ကြသော်လည်း ဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင်မူ ထိုသို့ လက်မထပ်ဘဲအတူနေထိုင်ခြင်းကို မြန်မာ့ယဉ်ကျေးမှုနှင့် ချိန်ထိုးကြည့်ရာ၌ အများစုက လက်မခံနိုင်ကြကြောင်း တွေ့ရှိရပါသည်။
images.jpg
ကျွန်တော်အတွေးအခေါ်များ ခောတ်နောက်ပြေးနေသည်ဟု ပြောမလား။ မြန်မာနိုင်ငံတွင် လက်မထပ်ဘဲအတူနေထိုင်ခြင်းသည် မဖြစ်သင့်ကြောင်း၊ ထိုသို့လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုအရ မလုပ်သင့် မလုပ်ထိုက်သောအရာတစ်ခုဖြစ်ကြောင်း သုံးသပ်မိပါသည်။
ဟိုယခင်က စုံတွဲများသည် အားလပ်ရက်များတွင် ဘုရားသွားခြင်း၊ ကန်တော်ကြီး၊ ပန်းခြံကဲ့သို့သောနေရာများတွင် သွားရောက် အပန်းဖြေလေ့ရှိကြသည်။ ယခုအခါတွင်မူ အချို့သော ငယ်ရွယ်သည့်စုံတွဲများပင်လျှင် ဆိတ်ကွယ်ရာဖြစ်သော ဟိုတယ်၊ တည်းခိုခန်းများသို့သွားရန် ဝန်မလေးကြတော့သည်ကို ပိုမိုတွေ့မြင်လာရပါသည်။ ပိုပြီးရဲတင်းလာကြသည်။ အစကတော့ အဝတ်အစား၊ နောက်တော့ အနေအထိုင်များ ရဲတင်းလာကြသည်။ ရန်ကုန်တွင် ဟိုတယ်များ တည်းခိုခန်းများ ပေါများနေခြင်းမှာလည်း ထိုအကြောင်းများကြောင့် ထင်ပါရဲ့။
ချစ်သူများနေ့ကဲ့သို့သောနေ့များတွင် တည်းခိုခန်းများ၌ အခန်းပြည့်သည်အထိ လူများကြောင်း Taxi မောင်းနေသော သူငယ်ချင်းတစ်ယောက်နှင့် စကားစပ်မိ၍ ပြောဆိုသည်။
“အဲဒီလိုနေ့တွေမှာဆိုရင် ထိုင်စောင့်ရတာတောင်ရှိတယ်။ အဲဒီလောက် လူများတာ” ဟု သူ၏အတွေ့အကြုံကို ပြောပြသည်။ ထိုသို့ တည်းခိုခန်းသွားကြသူများထဲတွင် အများအားဖြင့် အသက် ၂၀ ဝန်းကျင်အရွယ်များပြားကြောင်း သူက ဆိုသည်။ “အများအားဖြင့်တော့ တက္ကသိုလ်စတက်စ ပထမနှစ်၊ ဒုတိယနှစ် အရွယ်လေးတွေ ပိုများတယ်” ဟုဆိုသည်။
လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည် လူမှုရေးအရကြည့်လျှင် မသင့်တော်သောလုပ်ရပ်ဟု ယူဆထားကြသော်လည်း အချို့သူများသည် ထိုသို့နေထိုင်ခြင်းကိုပင် ဖုန်းကင်မရာဖြင့်ရိုက်ကူးကာ facebook ကဲ့သို့သော social media ပေါ်သို့ ပေါ်ပေါ်ထင်ထင် တင်လာကြသည်။ ယဉ်ကျေးမှုအရ မသင့်တော်သော်လည်း အွန်လိုင်းပေါ်တွင် ဗီဒီယိုများ၊ ဓာတ်ပုံများမှာ တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်ကို ကျွန်တော်တို့တွေ အမြဲတမ်းကြားနေ၊ မြင်နေရပေသည်။
423216_300725813322393_103865773008399_812438_841913756_n.jpg

မိမိချစ်သူကို ကိုယ်ပိုင်ဆိုင်ချင်တယ်။ ဆုံးရှုံးရမှာကြောက်တယ်။ ဒါပေမဲ့ လက်ထပ်ဖို့ကျတော့ အဆင်သင့်မဖြစ်သေးဘူး။ တစ်ချိန် လက်ထပ်ကြမှာပဲဟုယူဆပြီး အတူနေဖြစ်သွားကြသည်။ လက်မထပ်ဘဲ အတူနေထိုင်ကြသူအချို့ အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်ဖြစ်ခဲ့ပါက အမျိုးသမီးများသာမက အမျိုးသားများတွင်လည်းနစ်နာမှုများရှိပါသည်၊ အမျိုးသမီးများကို ဥပဒေအရလည်း အကာအကွယ် ပေးထားသေးပါသည်။
ကိုယ်မပိုင်သော အနာဂါတ်မှာ ကံကိုယုံပြီး ဆူးပုံမနင်းသင့်ပါ။ တကယ်လို့ မယူဖြစ်ခဲ့ကြရင် အပေါင်းအသင်း တွေကြားထဲမှာ မိန်းမတစ်ယောက်ကို အတည်မယူနိုင်ဘဲ အပျော်ကြံတယ်ဆိုပြီး နာမည်ပျက်၏။ ပတ်ဝန်းကျင်မှာ လူကြီးလူကောင်းလိုနေတတ်တဲ့သူဆိုရင် ပိုဆိုးပါသေးသည်။
ထို့ပြင် လက်မထပ်ဘဲ အတူနေထိုင်ကြခြင်းဖြင့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း၊ ကာလသားရောဂါ ကူးစက်ခံရခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။ ထိုသို့ ကိုယ်ဝန်ရှိလာမှ လက်ထပ်ရန် ပြင်ဆင်ကြသဖြင့် လိုအပ်ချက်တွေများပြားကာ အိမ်ထောင်ဦးကာလမှာပင် အဆင်မပြေမှုများနှင့် တွေ့ကြုံကြရပါတော့သည်။ ကိုယ်ဝန်ရှိလာတော့မှပဲ ကတိုက်ကရိုက် လက်ထပ်ဖို့လုပ်ကြတော့ ပြည့်စုံတဲ့သူတွေက ကိစ္စမရှိသော်လည်း မပြည့်စုံသူများမှာတော့ စုဆောင်းထားတာမရှိရင် တော်တော်ကို ဒုက္ခရောက်ကြရပါသည်။ ထိုကဲ့သို့ လက်မထပ်နိုင်သူများသည် လူ့အသိစိတ်ကင်းမဲ့ကာ ရရှိလာသောကိုယ်ဝန်ကိုဖျက်ချဖို့ ကြိုးစားကြသည်။ ကိုယ်ဝန်ဖျက်ချခြင်းကြောင့် အခြားသော ရောဂါများဝင်လာနိုင်သည့်အပြင် အခန့်မသင့်ပါက မိခင်ပါ အသက် ဆုံးရှုံးနိုင်ပါသည်။
ဓလေ့ထုံးစံအရ မိန်းကလေးများသည် အိမ်ထောင်မကျမချင်း မိဘ၊ ဆွေမျိုးတို့၏ အုပ်ထိန်းမှုအောက်က မလွတ်သေးပါ။ ဒါကို လက်မထပ်ဘဲ အတူနေထိုင်မယ်ဆိုရင် ဗုဒ္ဓဘာသာအရ ကံငါးပါးထဲမှ တစ်ခုဖြစ်သော ကာမေသု မိစ္ဆာစာရ ကံကို ချိုးဖောက်ရာရောက်ပြီး ကိုယ်ဝန်ဖျက်ချခြင်းသည်လည်း ပါဏာတိပါတကံကို ကျူးလွန်ရာရောက်ပါသည်။
လက်မထပ်ဘဲ အတူနေထိုင်ပါက အမျိုးသမီးများဘက်မှ နစ်နာဆုံးရှုံးမှုရှိသကဲ့သို့ အမျိုးသားများဘက်တွင်လည်း ပြဿနာ တစ်စုံတစ်ခုဖြစ်လာပါက တရားဥပဒေပိုင်းဆိုင်ရာအရ တရားစွဲဆိုခံရခြင်းများ ဖြစ်လာနိုင်ပါသည်။

ယခုလို ခေတ်မီတိုးတက် မြန်ဆန်နေသော ခေတ်ကြီးတွင် စားဝတ်နေရေးကြောင့် သော်လည်းကောင်း၊ မိသားစု အရေးကိစ္စများကြောင့်သော်လည်းကောင်း လက်မထပ်ဘဲအတူနေထိုင်လျက်ရှိကြသည်။ သို့သော် မြန်မာ့ဓလေ့ထုံးတမ်းအရတွင်မူ ထိုသို့နေထိုင်ခြင်းကို အားမပေးပေ။ ထို့ကြောင့် ယနေ့ မြန်မာလူငယ်များအနေဖြင့် မြန်မာ့ဂုဏ် မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် အတတ်နိုင်ဆုံး လက်ထပ်ပြီးမှသာ အတူ နေကြသင့်ပါကြောင်းးး
5957480a0a3d9254eb658ed457ca35de--puppy-cupcakes-puppy-cake.jpg
@kyawhlaing
MSC-015
photo - google image

Sort:  

ဓလေ့ထုံးတမ်းတွေကအလကားဖြစ်လာကြတာမဟုတ်ဘူး၊ မြန်မာအပါအဝင် အရှေ့တိုင်းသားတွေက စိတ်ပိုင်းဆိုင်ရာအဓိကထားကြတော့ ကြုံတွေ့တတ်တဲ့ပြဿနာတွေကိုအခြေခံပြီးစည်းကမ်းတွေရေးဆွဲရတာ ကျန်တာတွေ ကမ္ဘာကိုမမှီပေမယ့် ၊ စိတ်ယဉ်ကျေးမှုမှာ မြန်မာတွေကသာတယ်ဗျ

ဟုတ်​ပါတယ်​ဆရာ

သိပ်မှန်တာပေါ့ရှင်၊မြန်မာတစ်ယောက်အနေနဲ့အားမပေးပါ

ဟုတ်ပါတယ်
ဖတ်ပေးတာကျေးဇူးတင်ပါတယ် sis

အမှန်ပေါ့ကိုချစ်

ကျေးဇူးပါ ကိုမြင့်စိုး

အမှန်​ပါပဲရှင်​။မြန်​မာ့ယဉ်​​ကျေးမှူထုံးတမ်းအစဉ်​အလာအရလုံးဝအားမ​ပေးပါ။

ဟုတ် အားမပေးသင့်ပါ

မဖြစ်​သင့်​ဘူး​ပေါ့​နော်

တကယ်မဖြစ်သင့်ပါ

မှန်ပါတယ် အကို။ လုံးဝအားမပေးပါဖူးရှင်။

ဟုတ်တယ် အားပေးနဲ့

ဆုံးမ အကြံပေးတဲ. Post လေးပါ အရမ်းကောဂ်းပါတယ်

ကျေးဇူးတင်ပါတယ် Bro

အရမ်းကောင်းတဲ့postလေးပါ

ဖတ်ပေးတာကျေးဇူးတင်ပါတယ်

မှန်ပါတယ်ဗျာ

ကျေးဇူးပါ

ပွင့်လင်းတာ ခေတ်မီတာကိုလက်ခံပေမဲ့ living together နေထိုင်တာကိုတော့ မြန်မာမျက်စိနဲ့ကတော့ အမြင်ရိုင်းနေတုန်းဘဲ

ဟုတ်ပါတယ်ဗျာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71