သက်ငယ်မုဒိန်း (၁)steemCreated with Sketch.

in #myanmar8 years ago (edited)

သက်ငယ်မုဒိန်းဟု ကြားလိုက်သည်နှင့်ပင် ဘယ်ရှုထောင့်ကကြည့်ကြည့် ကြားရသူအဖို့ မည်သို့မျှအဆင်မပြေနိုင်သော ပြဿနာတစ်ရပ် ယခုတလော ကျွန်တော်တို့နိုင်ငံမှာ အဖြည်းဖြည်း အဖြစ်များလာနေပြီး နားနဲ့မဆန့်အောင် ကြားနေ မြင်နေရပါသည်။ သည်လိုမျိုးအဖြစ်အပျက် အခြေအနေသည် ကျားမ မရွေး၊ အသက်အရွယ် မရွေး ကြုံတွေ့ရနိုင်ပါသော်လည်း အများအားဖြင့် အရွယ်မရောက်သေးသော ကလေးများကို အနိုင်ကျင့် စော်ကားမှုများ ပိုများနေပါသည်။
2017_6$largeimg18_Sunday_2017_140229176.jpg
ကလေးများသည် လူကြီးထက်စာရင် အသိပညာနည်းပါ၏။ ခွန်အားနည်းပါ၏။ သို့အတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ရသည်။ အကြမ်းဖက်လို့ရသည်။ ဒါသည်ပင် လူကြီးနှင့်ကလေးကြားက ကွာခြားချက်ဖြစ်သည်။ ကလေးတစ်ယောက်ကို တွေ့သည့်အခါ ကိုယ်ကျင့်သိက္ခာ ကောင်းသူသည် ထိုကွာခြားချက်ကို အလွဲသုံးစား မလုပ်ပေ။ ကလေးကို စောင့်ရှောက်ပေးမည်။ ကာကွယ်ပေးမည်။ ကိုယ်ကျင့်တရားမကောင်း ဆင်ခြင်တုံတရားမရှိသူကတော့ ကလေးတစ်ယောက်ကို တွေ့သည်အခါ အနိုင်ကျင့်စရာဟု မြင်သည်။ အကြမ်းဖက်စော်ကားမည်။ အဘယ်ကြောင့်ဆိုသော် "ကလေးပဲ၊ ငါဘာလုပ်လဲ သိမှာမှမဟုတ်တာ"ဟု တွေးပါသည်။ ထို့ကြောင့်ပင် ကလေးငယ်များအပေါ် အနိုင်ကျင့် စော်ကားမှုများ ကျူးလွန်နေကြပါသည်။
rap-550x347.jpg
မကြာသေးမီရက်များက မိုးကောင်းမြို့နယ်မှ (၁၀)နှစ်အရွယ် စတုတ္ထတန်းကျောင်းသူလေးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်ကြသည့်အမှု မြန်မာတနိုင်ငံလုံးသာမက social media တခုလုံးပါပျံ့နှံ့သွားလေသည်။ လူ့အသက်တစ်ချောင်းကား အလွန်ရခဲပါ၏။ အရွယ်မရောက်သေးသော ကလေးငယ်များကို အရှက်အကြောက်မဲ့ကာ လူသားမဆန်စွာ အနိုင်ကျင့် စော်ကားသည့်အပြင် အသက်ကိုပါချမ်းသာမပေးနိုင်ပဲ ကြက်ကလေး ငှက်ကလေးများကိုကဲ့သို့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်လိုက်ခြင်းကား ရိုင်းစိုင်းယုတ်မာလွန်းပါသည်။
လူသားမဆန် မောင်နှမချင်း ကိုယ်ချင်းမစာနာနိုင်ပဲ ကလေးများကို မုဒိန်းကျင့်ခြင်းသည် ခံရသူကလေးများ၏ အိပ်မက်ထဲကို အမြဲကြောက်လန့်စေသော အရိပ်မဲကြီးတစ်ခု ပို့ပေးလိုက်သည်နှင့်တူပါသည်။ ကလေးများကို မုဒိန်းကျင့်လိုက်သည်နှင့် ထိုကလေးများ၏ဘ၀တသက်တာ အမဲစက်ထင်းသွားလေပြီ။ ယခုမှစ၍ သူငယ်ချင်း မိဘဆွေမျိုးများအလယ်တွင် အမြဲနှိပ်ချခံရတော့မည်၊ အမြဲအားငယ်နေရတော့မည်ဖြစ်ပါသည်။ ကလေးများ၏ ဘ၀တက်လမ်းများကို ပိတ်ပင်ရာလည်းရောက်ပါသည်။
bulliedgirls.jpg
သက်ငယ်မုဒိန်းမှုများသည် အယင်က ကြားကိုမကြားဖူး။ နောက်ပြီး သူစိမ်းပြုကျင့်တာထက် ရင်းနှီးသူများ၏ပြုကျင့်ခြင်းကို ခံရသည်ကများပါသည်။ ဆွေမျိုးသားချင်း အရင်းအရှာများကြားမှာလဲ ဖြစ်သည်။ ဒါကတော့ အကျင့်စာရိတ္တပိုင်းနဲ့ပတ်သက်ပြီး အလွန်အမင်း အားနည်းသွားပြီဆိုတာကို ပြနေပါသည်။ နောက်တခါ ထစ်ခနဲရှိလူသတ်၊ ထစ်ခနဲ့ရှိရိုက်၊ သေးသေးလေးပစ္စည်းတစ်ခုနှင့်လည်း လူသတ်လိုက်ကြသည်။ တခါတလေ ဘာမှမဟုတ်ဘဲ အခြေအတင် စကားများတာမခံချင်လို့ လူသတ်ကြသည်။ အဲသည်တော့ ကျွန်တော်တို့ ဒေါသ အာဃာတများ အရမ်းများလာသည်ဆိုတော့ ကျွန်တော်တို့၏ ယဉ်ကျေးမှုအပိုင်း နုညံ့သိမ်မွေ့မှုအပိုင်း မေတ္တာတရားအပိုင်းလည်း အလွန်အားနည်းသွားသည်ကိုတွေ့ရပါသည်။ ဆိုတော့ အဲဒါတွေဘာကြောင့်ဖြစ်လာသလဲ၊ အခုမှ ဘာဖြစ်လို့ဖြစ်လာသလဲ ဆိုတော့-
တချို့လူငယ်များသည် ဘာသာရေးအသိစိတ်များ ကင်းကွာလာကြပါသည်။ ယေဘုယျသဘော ခြုံပြီးသုံးသပ်ရလျှင် ကျွန်တော်တို့တိုင်းပြည်သည် ဥစ္စာဓနပေါများကြွယ်ဝချမ်းသာသင့်ပါလျက် မှားယွင်းသည့်စနစ်ကြောင့် တိုင်းပြည်သည် တော်တော်လေးကို ဆင်းရဲသွားပြီး လူများတော်တော့်ကို ဆင်းရဲနေကြပါသည်။ ထိုသို့ ဆင်းရဲသည့်အခါကျတော့ ပညာမသင်နိုင်ကြပါ။ ကျောင်းနေအရွယ် ကလေးငယ်များ စားပွဲထိုး ဆိုင်အကူ ပန်းရံ ငါးဖမ်း လယ်လုပ် စသည်ဖြင့် တဖက်တလမ်းမှ မိသားစုဝင်ငွေရှာနေကြသည်ကို နေရာအနှံ့မှာတွေ့နိုင်ပါသည်။ ပညာမသင်နိုင်သည့်အခါ ပညာမတတ်တော့ ဆင်ခြင်တုံတရားအပိုင်းလည်း အားနည်းသွားပါသည်။ ဆင်ခြင်တုံတရား အားနည်းတော့ အကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ပါ။ နောက်တခါ လူအများသည် သည်ဒီဆင်းရဲမှုဒဏ်၏ မွန်းကျပ်မှုအောက်မှာ ထွက်ပေါက်မရှိ ပိတ်မိနေသလိုဖြစ်နေသည်။ အဲသည်တော့ အဲသည်လိုလူသတ်တာတို့ မုဒိန်းကျင့်တာတို့သည် သူတို့စိတ်ထွက်ပေါက်အနေနဲ့ ထင်ရာမြင်ရာလုပ်သည့် သဘောများပင်ဖြစ်ပါသည်။ အားလုံးအရင်းစစ်လိုက်ရင်တော့ ကျွန်တော်တို့တိုင်းပြည်သည် ပညာရေးမှာအားနည်းသည်၊ စီးပွါးရေးမှာအားနည်းသည်။ အဲသည်အထွေထွေနိမ့်ကျမှုဒဏ်၏ နောက်ဆက်တွဲအနေနဲ့ အခုလို ရာဇဝတ်ပြစ်မှုများ ထူပြောလာခြင်းဖြစ်ပါသည်။
သည်နေရာမှာပြောစရာတခုရှိပါ၏။ "ရဲတပ်ဖွဲ့ရှိတာပဲ၊ အစိုးရဆိုတာရှိတာပဲ၊ ဒီအစိုးရမင်းတွေရှိလျက် ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးဌာန အစရှိသည်ဖြင့် နိုင်ငံ့ဘဏ္ဍာနဲ့တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိနေတဲ့ကြားထဲက ဘာဖြစ်လို့ ဒါတွေဖြစ်ရတာလဲ၊ လူတွေဆိုးလာရင်တောင် ရဲကထိမ်းနိုင်ရမှာပေါ့။" သည်လိုတော့ မေးစရာ မေးခွန်းများရှိပါသည်။ သည်အပိုင်းကိုပြောရရင် ဒါသည် တရားဥပဒေစိုးမိုးရေး အားနည်းသည်ဟုခေါ်ပါသည်။ တရားဥပဒေမစိုးမိုးသည့် လက္ခဏာပါ။ တနည်းအားဖြင့် တရားဥပဒေကို လူများက မလေးစား မလိုက်နာကြတော့သည့် လက္ခဏာပါ။ အဲသည်တော့ ဥပဒေကို တိုင်းသူပြည်သားများနှင့်တကွ တိုင်းပြည်အုပ်ချုပ်သည့် အာဏာပိုင်များကလည်း လေးစားလိုက်နာဖို့လိုပါသည်။ လူများက ဥပဒေကိုလေးစားရမည်၊ မလေးစား ချိုးဖောက်သည်ဆိုလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များက ဒီလူများကိုဖမ်းရမည်။ တရားစွဲရမည်၊ တရားရုံးတင်ရမည်၊ တရားရုံးက ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်များပေးမည်ဆိုလျှင် မည်သို့ပင်ဆိုစေကာမူ မှုခင်းများ ကျဆင်းသွားပါလိမ့်မည်။ အဲသည်တော့ ယခုကျွန်တော်တို့နိုင်ငံမှာ အဲသည်အပိုင်းမှာ အရေးယူသည်အပိုင်းမှာ အလွန်အားနည်းနေပါသည်။ ဒါသည်လည်း အကြောင်းတချက်ပင်။
ကျွန်တော်တို့တိုင်းပြည်သည် အာဏာရှင်စနစ်အောက်မှာ လုံးချာလိုက်နေသည်။ ပြီးတော့ စီးပွါးပျက်သွားပြီး ဆင်းရဲမှုဒဏ်ကိုခံရသည်။ ပညာရေးနိမ့်ကျသွားသည်။ အဲသည်လို အဖက်ဖက်က ကျဆင်းမှုများ၏ နောက်ဆက်တွဲအနေဖြင့် တိုင်းပြည်သည် ဒီကနေ့ မတည်မငြိမ် မအေးမချမ်းဖြစ်နေသည်ဟု သုံးသပ်မိပါသည်။
Screenshot_297.jpg
အပိုင်း(၂)ဆက်လက်​ဖော်​ပြပါမည်
လာ​ရောက်​​ဆွေး​နွေး​ပေကြပါလို့
အားလုံးကို​ကျေးဇူးတင်​ပါတယ်
@kyawhlaing
MSC-015
photo - google image

Sort:  

လူမဆန်​တဲ့လူ​​တွေရဲ့လုပ်​ရပ်​​ပေါ့​ဗျာ

ဟုတ်ပါ့ဗျာ

စိတ်​မ​ကောင်းစရာ​နေ့တိုင်းလိုလိုကြား​နေရတယ်​။

ဟုတ်တယ် Bro

သက်ငယ်မုဒိန်းမှုတွေက အမြဲလိုလိုကြားနေရပါတယ်။

ဟုတ်တယ် စိတ်မကောင်းစရာတွေ

သက်ငယ်မုဒိန်းမှုတွေအမြန်ဆုံးပပျောက်ပါစေ

ဟုတ် ၀ိုင်းဝန်းကူညီပေးကြဖို့လိုပါတယ်

့ဘောင့် လောက့ မထိုက်တန်တဲ့ လူုးတွေအတွက် သေဒဏ်သာပေကြ့ တောင်းဆိုပါတယ်ဗျာ

ဟုတ် လာရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Bro

ခေတ်လူတွေရဲ့ လောဘဒေါသမောဟတွေများလာတဲ့ ပုံရိပ်တစ်ခုပဲထင်ပါ့ဗျာ

လောဘဒေါသတွေထူပြောလာကြပြီး bro ရေ

လူတိုင်းမှာ စဉ်းစားဆင်​ခြင်​နှုံတရားသာရှိမယ်​ဆိုရင်​ ဒီကိစ္စ​တွေ ဖြစ်​လာစရာ အ​ကြောင်းမရှိ​ပေ။

ဘာသာရေးအသိစိတ် ဆင်ခြင်တုံတရားရှိဖို့လိုအပ်ပါတယ်

သေဒဏ်နဲ့ပဲထိုက်တန်ပါတယ်

ဟုတ် လာရောက် ဆွေးနွေးပေးတာကျေးဇုးတင်ပါတယ် sis

သေဒဏ်​​ပေးသင့်​တယ်

လာရောက် ဆွေးနွေးပေးတာကျေးဇုးတင်ပါတယ်bro

သိပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်မို့သေဒဏ်သာပေး

ဟုတ် အရုပ်ဆိုးအကျဉ်းတန်လွန်းပါတယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59996.92
ETH 1580.26
USDT 1.00
SBD 0.42