မှတ်သားစရာ ကြက်ဥ ဥပမာ

in #myanmar6 years ago (edited)

Steemit ချစ်သူမိတ်ဆွေများအားလုံး မင်္ဂလာပါ။
လက်ရှိအချိန်မှာ sbd ဈေးတွေကကျ Pro တွေက အရနည်းလာလို့ စိတ်ဓာတ်ကျနေကြပြီးလား၊ ခုကတော်ပါသေးတယ်ဗျာ၊ ကျွန်တော်တို့စလုပ်ခါစဆို 1usd နားမှာပတ်ချာလည်နေတာပါ။
U5dscqnNC8SrM5ejJkP9FsfTREbf4CG_1680x8400.jpg
IT ခေတ်မှာမွေးဖွါးလာကြတဲ့ လူငယ်အများစုက စိတ်ရှည်သီးခံနိုင်မှု အားနည်းလာကြတယ်။ ကျွန်တော်အမြင်သက်သက်ပါ။ အရာရာမှာ အလွယ်လမ်းကလိုက်တတ်ကြတယ်၊ မြန်ဆန်မှုကို သဘောကျကြတယ်။ ကျွန်တော်တို့ steemit မှာ ၀င်ရောက်ရေးသားနေကြတဲ့ တချို့သော လူငယ်များကလည်း မြန်မြန်အကျိုးအမြတ်ရမည်အထင်ဖြင့် ၀င်ရောက်လာကြဟန်တူပါတယ်။ steemit အကြောင်းကို အသေအချာမလေ့လာပဲ တစ်လတန်သည် နှစ်လတ်သည် လုပ်ကြည့်ပြီး ထင်သလောက် အကျိုးအမြတ်မရသောအခါ စိတ်ပျက်ကာ နောက်ဆုတ်သွားတတ်ကြတယ်။ ထို့ကြောင့်ပင် မြန်မာ tag ပြန်ဆင်းသွားတယ် ထင်ပါ၏။
တကယ်စိတ်ဝင်စားရင် မလုပ်ခင်ထဲက သေချာလေ့လာသင့်ပါတယ်။ အင်္ဂလိပ်လိုနားမလည်ရင်လည်း steemit အကြောင်းကို ကိုဟင်နရီ အခြေခံမှစ၍ အသေးစိတ်ရေးသား တင်ပြထားပါတယ်။ ကျွန်တော်တို့လည်း အဲဒီကစ လေ့လာခဲ့ပါတယ်၊ ခုလည်းလေ့လာနေဆဲပါပဲ။ စိတ်ပျက် အားငယ်နေကြရင် သူ့ပိုစ့်တွေကို ဖတ်ပါ။ ကိုဟင်နရီ ရေးတဲ့ပိုစ့်တိုင်းက MSC Member တွေအတွက် အားဆေးတခွက်ပါပဲ၊ အားတက်စေတယ်၊ ယုံကြည်မှုပြည့်ဝလာစေတယ်။ steemit သည် စိတ်ရှည်ရှည်ဖြင့် မိမိ၏ ကိုယ်စွမ်း ညာဏ်စွမ်းကိုအသုံချကာ လျှောက်လှမ်းနေသူများ၏ အနာဂတ်ဘ၀ရပ်တည်မှုအတွက် အထောက်အပံ့တခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ပြီး မလျှော့သောဇွဲဖြင့် ဆက်လျှောက်ကြပါ။ ကျွန်တော်လည်းသည်အတိုင်းပင် ခရီးဆက်နေပါတယ်။
DQmXGwk9sniu7DwJH5q8NM7mEGPXP3w7ArmkRA41tLL5ZFN_1680x8400.jpg
စဖိုမှူးသင်တန်းတက်နေသည့် ကောင်လေးတစ်ယောက် လက်တွေ့သင်ခန်းစာအနေနဲ့ ဟိုတယ်မှာ Training ဆင်းရသည်။
မီးဖိုချောင်ကိုရောက်တော့ ကြက်ဥကို Egg's cup လို့ခေါ်တဲ့ ကြက်ဥခွက်ကလေးနဲ့ ထောင်ထည့်ပြီး စမတ်ကျကျ ဧည့်ခံဖို့ ပြင်ဆင်ကြရပါသည်။
အိမ်ပြန်ရောက်လို့ သူ့အဖိုးကိုပြောပြတော့ အဖိုးက ရယ်ပြီးတော့ ကောင်လေးကိုပြေသည်၊
"မင်း ကြက်ဥကို ဒီအတိုင်း၊ ဘာအကူအညီမှမပါပဲ ထောင်လို့ရနိင်မလား"
ကောင်းလေးက ခနစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"မရပါဘူး အဖိုး…"
"မင်းကြိုးစားပြီးပြီလား၊ လုပ်ကြည့်ပြီးပြီလား၊ မလုပ်ကြည့်ရသေးပဲ မရဘူးလို့မပြောပါနဲ့ကွာ"
ဒါနဲ့ပဲ ကောင်လေးက ကြိုးစားကြည့်ပါသည်။ ဘယ်လို့ပဲထောင်ထောင် မရ၊ တစ်မနက်လုံး လေ့ကျင့်ထောင်နေသည် ဘယ်လိုမှမရပါဘူး။
"ဘယ်လိုလုပ်လို့ရမှာလဲ။ အောက်ခြေက လုံးနေတဲ့ဟာကြီးကို" လို့ ဆင်ခြေတက်ရင်း သူ့အဖိုးကို ပြန်ပြော လိုက်မိပါသည်။
အဖိုးက ကောင်လေးမျက်နှာကို သေချာကြည့်ပြီး ကောင်လေးဆီက ကြက်ဥကိုယူကာ စားပွဲပေါ်ကို ခပ်ပြင်းပြင်းလေး ဆောင့်ချလိုက်သောအခါ ကြက်ဥအောက်ခြေက နည်းနည်းကြေမွသွားပြီး ကြက်ဥက စားပွဲပေါ်မှာ ထောင်သွားပါတော့သည်။ ကောင်လေး နားမလည်နိုင်ဖြစ်ကာ မျက်လုံးပြူသွားသည်။
3 (1).jpg
ပြီးတာနဲ့အဖိုးက သူမြေးကို ဆုံးမစကားများ ဆက်ပြောလိုက်သည်။
"ဒါလေးများ ငါလည်းလုပ်တတ်တာပေါ့" လို့ မင်းတွေးနေလား၊ ငါလုပ်မပြခင်က မင်းဒါကို မတွေးမိဘူးမဟုတ်လား။ လူတွေအားလုံးက ဒီအတိုင်းပဲကွ။ ကိုယ်ဘက်က လုံးဝအနာမခံချင်ကြဘူး။ လိုချင်တာအားလုံးကို ကိုယ့်ဘက်ကအနာမခံဘဲ ၁၀၀% လိုချင်ကြတယ်၊ ဆုံးရှုံးမှုကို အောင်မြင်ခြင်းရဲ့ အခြေခံအစိတ်အပိုင်းတစ်ခုအဖြစ် မြင်ရမယ်ကွ။ ကိုယ်ဘာသာကိုယ် တစ်ယောက်တည်းရပ်တည်ချင်တဲ့လူဟာ နည်းနည်းတော့ အနာခံရတယ်။ အဲဒီအနာခံရတဲ့အပိုင်းမှာ မင်းရဲ့ ကိုယ်ရေးကိုယ်တာ နှလုံးသားရေးရာတွေနဲ့ တစ်ခြားအရာတွေပါနိင်ပါတယ်၊ တစ်ခါတစ်လေ မင်းရဲ့ ဂုဏ်သိက္ခာဆိုတဲ့အရာတွေလည်းပါမယ်၊ ဒါမှသာ မင်းဘာသာမင်း တစ်ယောက်တည်းထောင်နေနိုင်မှာ။"
DQmW9gAt29weFtJDFVX3jrhh6vdKF9yMvLqmvey5BFUydYq_1680x8400 (1).jpg
ဒီလိုပါပဲ ကျွန်တော်တို့ steemit မှာ အောင်မြင်ချင်တဲ့လူဟာ အစပိုင်းမှာ စိတ်ရှည်ဖို့ အနစ်နာခံနိင်ဖို့လိုပါတယ်။ အလွယ်တကူလက်မလျှော့ပါနဲ့၊ ကိစ္စတိုင်းမှာ သူ့အဖြေနဲ့သူရှိပါတယ်၊ ပုံမှန် သမားရိုးကျတွေးလို့မရတဲ့ ကိစ္စတွေမှာ ပုံမှန်ထဲကဖေါက်ထွက်ပြီး တွေးကြည့်ဖို့လိုတယ်ဆိုတာလေးတော့ပြောပါရစေ ..
DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt.png

မြန်မာ steemit များအားလုံး အောင်မြင်မှုရကြပါစေ….။

@kyawhlaing
MSC-015
photo - google image

Sort:  

ရေးထားတာလေးကောင်းတယ်။ စိတ်ကူးလေးလည်းကောင်းတယ်။

သတ်ပုံမှားတာလေးတွေ ပြန်ပြင်ပေးပါဗျာ ။ အားပေးပါတယ်။

ဟုတ် ပြင်လိုက်ပါမယ်ဗျာ
ကျေးဇူးတင်ပါတယ်

0.001 up vote 😁😁😁

yes,fighting together

ကျေးဇူးပါနော်

လွယ်​လွယ်​ကူဖြင့်​မည်​သည့်​အရာမှမရရှိနိုင်​ပါ။ အချိန်​တခု​ပေးကြိုးစားမှရပါတယ်​။Good writing;bro.

မှန်တာပေါ့ဗျာ

ကိုယ် ရေးခြင်တာလေးတွေ ရေးနေရတာနဲ့တင် ကျေနပ်လှပါပြီ။ဝင်ရောက်ဖတ်ပေးနေတဲ့ ပရိတ်သတ်ရှိရင်ပဲ ပျော်နေတာ။ကိုယ်မရေးတတ် ရေးတတ်စာစုလေးတွေကြည့်ပြီး ကျေနပ်ပြီ။ဒီအဖွဲ့အစည်းကြီး နှစ်ပေါင်းများစွာ တည်တံ့ပါစေ။

အမှန်ပဲ၊ ကိုယ့်စာကို သူများလာကြည့်ရင်ပဲ ကျေနပ်ပီတိဖြစ်ရတယ်

အတူတကွကြိုးစားပြီး အရှည်တည်တန်းရေးကိုရှေ့ဆောင်ကြမယ်လေ

ခု ကတော့ ပါသေးတယ် steemit အစ ကဆို $0.01 တောင် မရခဲ့ဘူး

ဟုတ်ပါ့

မှတ်သားထိုက်ပါတယ်

ကျေးဇူးတင်ပါတယ် Bro

စိတ်ရှည် သည့်ခံ လမ်းကြောင်းမှန်ဆို သလိုလား ကိုချစ်

ဟုတ်တယ်ဗျာ စိတ်ရှည် သည်းခံနိုင်မှ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57621.01
ETH 3094.14
USDT 1.00
SBD 2.32