မိတ်ဆွေတု(ဂျင်းကောင်)

in #myanmar7 years ago (edited)

Middle-earth-Shadow-of-Mordor-Free-setup-download1.jpg
လူတွေပြောလေ့ရှိတယ် ဘ၀မှာမိတ်ကောင်းဆွေကောင်း ရှိဖို့လိုတယ်၊ မိတ်ဆွေကောင်းဆိုတာ တကယ်လဲ လိုအပ်ပါတယ်၊ ဘယ်လိုလူမျိုးဟာ မိတ်ဆွေကောင်းလဲဆိုတာတော့ လူတိုင်းကြားဖူးနားဝ ရှိနေကြလိမ့်မယ်လို့ထင်ပါတယ်၊ ခုရေးမှာက မိတ်ကောင်းဆွေကောင်းအကြောင်း မဟုတ်ပါဘူး။ online ပေါ်မှာ များသောအားဖြင့် တွေ့ကြုံနေရတဲ့ မိတ်ဆွေအတု(ဂျင်းကောင်)ဆိုတာ ဘယ်လိုလူမျိုးလဲ၊? ဒါလေးနဲနဲ ရေးမလို့ပါ။ :-P
ကျွန်တော်တို့ Online ပေါ်မှာငွေရှာတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် မြင်ဖူး တွေ့ဖူးကြတာ တော်တော်နဲပါတယ်။ မမြင်မတွေ့ဘူးကြသော်လည်း အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတစ်ခုတည်းကိုအရင်းတည်ပြီး PM BTC currency USD စတဲ့ digital money တွေကို ရောင်း ၀ယ်ဖေါက်ကား ချေးငှါး လုပ်နေကြရတာပါ၊ ဒီထဲ အမှန်အကန်ရှိသလို ဘာမှမဟုတ်တဲ့ bill 1000,3000, 5000, ပမာဏလောက်ကိုတောင် လိမ်ညာနေကြတဲ့လူတွေလဲရှိနေပါတယ်။ အပြင်လောကမှာတောင် မိတ်ဆွေအယောင်ဆောင် ဂျင်းကောင်တွေရဲ့ လိမ်လည်လှည့်ဖျား အယုံသွင်းခြင်းတွေကိုခံရပြီး ငွေတွေဆုံးရှုံးနေကြတာတွေကို များဝါးထင်ထင်တွေ့မြင်နေကြရတာပဲ၊ online ပေါ်မှာဆိုပြောစရာမတောင်မလိုတော့ဘူး၊ ခံရပေါင်းလည်း မနည်းတော့ပါဘူး။ ဒီလူဟာ ဂျင်းကောင်ဆိုတာကို သိတာမှမဟုတ်တာ၊ ဂျိုပါတာမှမဟုတ်တာလေ နော့။
ဒါကြောင့် Online money ရှာနေကြတဲ့ဘော်ဒါများ ဂျင်းကောင်တွေရဲ့ ဂျင်းထည့်တာမခံရလေအောင် ဂျင်းကောင်တွေရဲ့သဘောသဘာဝတွေကို လက်လှမ်းမိသမျှရေးသားဖေါ်ပြရင်း သတိပေးလိုတာပါ။
ဘ၀မှာကြီးပွါးတိုးတက်ဖို့ မိတ်ကောင်းဆွေကောင်းတွေလိုအပ်သလို မိတ်ဆွေတု(ဂျင်းကောင်)တွေနဲ့ ပေါင်းမိပြန်ရင်လည်း ကိုယ့်အတွက်အကျိုးမရှိတဲ့အပြင်း ဆိုးကျိုးတွေ စိတ်ဆင်းရဲမှုတွေပဲရနေပါလိမ့်မယ်။ လောကမှာ ရွှေအစစ်ကိုတုထားတဲ့ ရွှေတုရှိသလို မိတ်ဆွေစစ်ကိုတုနေတဲ့ မိတ်ဆွေအတုတွေရှိနေတဲ့အတွက် မိမိကိုယ်တိုင်လည်းမိတ်ဆွေတုမဖြစ်စေပဲ မိမိပေါင်းသင်းတဲ့သူလည်း မိတ်ဆွေတုမဖြစ်ရလေအောင် သတိဆောင်၍ ပေါင်းသင်းဖို့အရေးကြီးပါတယ်၊
အဲတော့ မိတ်ဆွေအတု(ဂျင်းကောင်)ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်ပါသလဲ..?
တကယ်တော့ အတုဆိုတာ အစစ်မဟုတ်တာပါပဲ…ငိငိ ။
မိတ်ဆွေယောင်ထင်ရတဲ့ ဂျင်းကောင်(၄)ယောက်
(၁)နဲနဲပေးပြီးများများယူတတ်တဲ့သူ
ကိုယ်ပေါင်းသင်းတဲ့သူဆီက ဘာဖြစ်ဖြစ် သူက ရအောင်ယူတတ်တယ်။ ဟိုဟာလေးတောင်းမယ်၊ ဒီဟာတောင်းမယ်၊ ဒါလေးယူမယ်၊ ဟိုဟာလေးယူမယ်၊ အမြဲတမ်းရအောင်ယူတတ်တယ်၊ သူ့ဆီကနဲနဲပေးပြီးတော့ များများယူသွားတာ၊ ဟင်းလေးတခွက်လာပေးပြီးတော့ ဆန်တစ်ပြည်လောက်ယူသွားတာမျိုး၊ ဒီလိုမိတ်ဆွေမျိုးတွေ လောကမှာအများကြီးပါပဲ၊ သူဒုက္ခရောက်နေပြီဆို အကူညီရဖို့အတွက် တဖက်သားကို ကျိုးနွံပြီးပေါင်းတယ်၊ တဖက်လူသနားလာအောင် ပေါင်းတတ်တယ်၊ ဆရာ အားကိုပါတယ်၊ အစ်ကိုကြီး အားကိုပါတယ်၊ အစ်မကြီး အားကိုပါတယ်နဲ့ ကျလောက်အောင်ပြောပြီးတော့ ပေါင်းတတ်တယ်။ ဒါမျိုးဟာ မိတ်ဆွေတု ဂျင်းကောင်ပါပဲ။ ဝေးဝေးရှောင်သင့်တယ်။
(၂)အပြောနဲ့လောကွတ်လုပ်တတ်တဲ့သူ
သူကလက်မပါဘူး အပြောသက်သက်ပဲ၊ အပြောကလေးအရမ်းချိုတယ်၊ ဆိုပါစို့ … အိမ်တစ်အိမ်သွားတယ်၊ ''ဟာ…သူငယ်ချင်း မင်းကွာ နောက်ကျလိုက်တာ၊ မနေ့ကလာရင် အိမ်မှာကြက်သားဟင်းထားတာ၊ အခုတော့ ချည်ဟင်းပဲရှိတော့တယ်'' ချက်မချက်တော့မသိဘူး၊ ဟိုလူကမစားရဘူး၊ မနေ့ကဟာနဲ့ ဧည့်ခံလွှတ်လိုက်တာပဲ။ တခါတရံ မနှစ်ကဟာနဲ့ ဧည့်ခံလွှတ်တတ်သေးတယ်၊ "ဟိုမနှစ်က ငါစီးပွါးဖြစ်တုန်း မင်းပေါ်မလာဘူးကွာ၊ ငါမင်းကိုမျှော်နေတာ၊ ခုတော့ ငါလဲဒုက္ခရောက်နေတယ်ကွာ" ဟော.. မပေးရဘူးလေ။ ဒါပေမေ့ ဟိုလူကတော့အဟုတ်မှတ်ပြီး ၀မ်းသာသွားတယ်၊ သြော် ဒီကောင် ငါ့အပေါ်စေတနာရှိသားပဲလို့ထင်သွားမှာပဲ၊ အဲဒါမျိုး နှုတ်သာပါတာ လက်မပါဘူး။
တချို့က အကျိုးမရှိတာနဲ့ လောကွတ်လုပ်တတ်ကြတယ်၊ သူငယ်ချင်းတယောက်ကိုတွေ့ပြီဆိုရင် " သူငယ်ချင်း လာကွာ၊ မင်းဝတ်ထားတာကလဲ မကောင်းဘူး၊ ငါ့လည်း ဒီတထည်တည်းရှိလို့ကွာ၊ နို့မို့ မင်းကိုငါပေးပါတယ်''။ ပြီးတော့ ပေးတာလဲဟုတ်ဘူး။ တကယ်စိတ်ထဲကမပါဘူး အပြောသက်သက်ပဲ။ တချို့ကရှိသေးတယ်၊ "သူငယ်ချင်း ငါအရေးတကြီးသွားစရာရှိလို့ကွာ မင်းကား ငါ့ခဏငှါးစမ်းပါ"၊ "ဟာ ငါ့ကားဒီနေ့မှ ရှော့ဘားမကောင်းလို့၊ ကားကဘာဖြစ်နေလို့ ခရီးဝေးသွားမရဘူး" တကယ်တော့ ကားကအကောင်း ဘာမှဖြစ်တာမဟုတ်ဘူး မငှါးချင်လို့ အပျက်ပြပြီးပြောတာ။ ဒါလဲ မိတ်ဆွေတု ဂျင်းကောင်တစ်မျိုးပါပဲ၊ မပေါင်းသင့်ဘူး။
(၃)အကြိုက်လိုက်ပြီးပြောတတ်တဲ့သူ
သူ့အကြိုက်လိုက်ပြောတာ၊ ကောင်းတာလဲပြောတာပဲ၊ မကောင်းတာလဲပြောတာပဲ၊ ဘယ်လိုပြောသလဲဆိုရင် မကောင်းတာပြောလဲ "အေး ကောင်းတယ် ကောင်းတယ်"။ ကောင်းတာပြောလဲ "အေး ကောင်းတယ် ကောင်းတယ်"။ တဖက်သားအကြိုက်ကိုလိုက်ပြောတာ၊ ဘယ်တော့ဖြစ်ဖြစ် အကောင်းဘက်ကနေ လိုက်ပြောတာ၊ မကောင်းတာလုပ်လဲ ဟာကောင်းတာပေါ့၊ ကောင်းတာလုပ်လဲ ဟာကောင်းတာပေါ့၊ သူ့စကားသံနောက်လိုက်ပြီး သူ့အကြိုက်လိုက်ပြောတတ်တဲ့သူ။ ဒီလိုလူမျိုးက ရှေ့တင်ကောင်းတယ်၊ ကွယ်ရာကျတော့ အတင်ပြောတတ်တယ်၊ ဒါလဲ မိတ်ဆွေတု ဂျင်းကောင်းပါပဲ။ ရှောင်သင့်တယ်။
(၄)ပျက်စီးဖို့ အပေါင်းအသင်းဖြစ်နေတဲ့သူ
ပစ္စည်းဥစ္စာတွေပျက်စီးဖို့အတွက် အပေါင်းအသင်းလုပ်နေတဲ့သူမျိုး၊ ဘယ်လိုလူမျိုးလဲဆိုတော့ ဘီယာဆိုင်သွားမယ်ဆိုရင် ခေါ် လိုက်မယ်။ ဘီယာဆိုင် အရက်ဆိုင် KTV နိုက်ကလာပ်သွားမယ်ဆို အေးလိုက်မယ်။ အချိန်မတော် လမ်းထွက်လည်ပတ်ဖို့ခေါ်ရင် လိုက်မယ်၊ အဲဒီဖက်စိတ်ဝင်စားတယ်၊ ဘုရားသွား ကျောင်းတက် တရားပွဲသွားမယ်ဆို လာမပြောနဲ့ အားဘူး၊ မလိုက်ဘူး။
ဘယ်နေရာသွားပြီးဖဲရိုက်ရအောင် ဆေးသွားချရအောင် ဘောပွဲသွားလောင်းရအောင်ဆိုရင် လိုက်တယ်၊ အဲလိုကိစ္စတွေမှာလိုက်လျော့တဲ့ အဖေါ်ပြုတဲ့သူဟာလဲ မိတ်ဆွေတု ဂျင်းကောင်ပါပဲ။ ဒီလိုမိတ်ဆွေမျိုးတွေလည်း လောကမှာအများကြီးပါပဲ။ ဒီလိုလူမျိုးတွေကိုပေါင်းသင်းခြင်းဖြင့် ပထမတော့ ဟုတ်သယောင်ရှိတယ်၊ တကယ်တော့လဲ ကိုယ့်ဘ၀ပျက်စီးဖို့ပါပဲ။ ဒီလိုပုဂ္ဂိုလ်မျိုး ကိုယ်တိုင်လည်းမဖြစ်သင့်ဘူး၊ ကိုယ်ပေါင်းသင်းနေတဲ့သူတွေထဲမှာလဲ ဒါမျိုးကို မိတ်ဆွေလို့ မသတ်မှတ်သင့်ဘူး၊ ဒါ ဂျင်းကောင်တွေပါပဲ။
လူဆိုတာကတော့ တွေ့ကြုံကြမှာပဲ၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အထူးသဖြင့် online ရေစီးကြောင်းပေါ်မှာ digital money ရှာဖွယ်နေကြတဲ့ မိတ်ဆွေများ မိမိကိုယ်တိုင်လဲ ဂျင်းကောင်အဖြစ်မရောက်စေပဲ မိမိပေါင်းသင်းတဲ့သူတွေလဲ ဂျင်းကောင်း ဟုတ် မဟုတ် အကဲခတ်ပြီးသကာလ ဂျင်းကောင်တွေကိုဖယ် မိတ်ကောင်းဆွေကောင်းတွေကို လက်တွဲ အကျိုးတူပူပေါင်းကာ ပညာချင်းဖလှယ်ကူညီရင်း အောင်မြင်မှုရကြပါစေ

photo.jpg
photo = google image
ရေးသားသူ = @kyawhlaing

Sort:  

thanks for sharing, good post

nice post,bro!

ကောင်းပါတယ် ဂျင်းကောင်ရေ ဟီး

ငိ ဂျင်းဒေရမယ်ဗျိုးး ဂျင်းဒေ ခ်ခ်

ကျန်း အကြီးကြီးဂျင်းထည့်သွားဒေ

ဂျင်းဒေကိုဖယ်မို့ဘာဂျာ :-D

ဂျင်းကောင် is kyawhlaing ( or) ချစ်ကို

အမ် နိတော့ဂျင်းထည့်ခံရတော့မျယ်

steemit မှာလဲ ဂျင်းကောင် စကားလုံး ပါလာပြီ ဟီး ကောင်းတယ် ချချ

ဟီးး ဂျင်းတွေပေါလာတယ်လေ

ဟာဟျောင် ဂျင်းကောင် မင်းကတော့ ဒိုးခဘဲကွာ လုပ်ချလိုက်ပြန်ပြီ ဟီး ဂျင်းအသံဖြင့်ပြောတွားသည်

ဟျောင့် ဂျင်းကောင် ဒိုးခပဲကွာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 62991.12
ETH 2685.43
USDT 1.00
SBD 2.55