မိဘများနှင့်သားသမီး ဆက်ဆံရေး (Part 2)steemCreated with Sketch.

in #myanmar8 years ago

ကိုယ့်သားသမီးငယ်လေးများကိုချစ်သော မိဘများသည် ထိုသားသမီးလေးများ၏ အတွင်းသန္တာန်မှာ ခွန်အား သတ္တိ(၅)မျိုး ထည့်သွင်းပေးဖို့ လိုအပ်ပါသည်။ ထိုခွန်အားများ ထည့်ပေးရာမှာလည်း ဖိအားပေးသောနည်းဖြင့် မလုပ်ကြဘဲ သက်တောင့်သက်သာ ညင်သာပျော့ပျောင်းသော ယုတ္တဗေဒကျသော ကြောင်းကျိုးဆင်ခြင်ပြ ပညာဖြင့် "အား" များ ပေးဖို့လိုအပ်ပါသည်။
(၁) ကိုယ်အားများ ပေးပါ။
study-at-st-andrews-720x480.jpg
မိမိသားသမီးများကို အနာဂတ်မှာ အားကောင်းမောင်းသန် ယောက်ျားကောင်း မိန်းမမြတ်များ ဖြစ်စေချင်ကြပါလျှင် ခန္ဓာကိုယ် ခွန်အား သတ္တိများ ရှိလာအောင် ပြုစုပျိုးထောင်ပေးကြရပါမည်။ ကာယဗလမောင်ကြီးများလို ကြွက်သားကြီးများ အဖုဖု အထစ်ထစ်နှင့် ကျားကိုးစီး စားမကုန်နိုင်သော ခန္ဓာကိုယ်မျိုး ဖြစ်နေရမည်ဟု ဆိုလိုသည်မဟုတ်သော်လည်း ဘ၀တစ်ခုမှ အောင်မြင်သူတစ်ယောက် ပိုင်ဆိုင်သင့်သော ခန္ဓာကိုယ်မျိုးရအောင်တော့ မိဘများက ပြုစုပေးကြရပါမည်။
PoloNovember2010.jpg
ကျမ်းမာရေးမကောင်းသော ရှုနာရှိုက်ကုန်းဖြစ်နေသော လူတစ်ယောက်သည် လူမှုရေး ပညာရေး နိုင်ငံရေး ဘာသာရေး စသည်များကို မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပါ။ လေတိုးရုံနှင့် လဲပြိုတော့မလိုဖြစ်နေသော ခန္ဓာကိုယ် ပိုင်ရှင်၊ ထမင်းလေး တစ်နပ်တောင်မှ အငတ်မခံနိုင်သောသူ၊ တစ်မိုင်လောက်လေး လျှောက်သည်ကိုပင် မောနေတတ်သူသည် ဘ၀မှာ မည်သူ့အပေါ်မှာ မည်သည့်ကိစ္စကို ယှဉ်ပြိုင်လို့ အောင်မြင်နိုင်ပါမည်နည်း။
ထို့ကြောင့် မိမိ၏ သားသမီးလေးများကို ငယ်စဉ်ကပင် ခန္ဓာကိုယ် ခွန်အား သတ္တိများ ရှိလာအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်လှပါသည်။

(၂) ဉာဏ်အားများ ပေးပါ။
MAC07_STUDENTSURVEYS_POST01.jpg
သားသမီးလေးများမှာ ခန္ဓာကိုယ်ကြီး တောင့်တင်းကျမ်းမာပြီး ကာယဗလ ရှိနေရုံတစ်ခုတည်းဖြင့်လည်း မလုံလောက်သေးပါ။ ဉာဏ်ရှိဖို့ ဉာဏ်ကောင်းဖို့အတွက်လည်း လုပ်ပေးကြရပါလိမ့်ဦးမည်။ ဘွဲ့ ဒီဂရီများ တစ်သီတစ်တန်းကြီးရနေမှ မဟုတ်သော်လည်း ကောင်းကျိုး ဆိုးပြစ် ကြောင်းကျိုးဆက် ဆင်ခြင်တုံဉာဏ်ပညာများ ရှိနေဖို့အတွက် သင်ပြပေးကြရပါမည်။
160624-university-of-michigan-submitted.jpg
"သက်မွေးဝမ်းကြောင်း ပညာရပ်ကိုတော့ တကယ်တတ်အောင် လုပ်ပါ" ဆိုသည့် စကားအတိုင်း လူမှုရေး စီးပွားရေး နိုင်ငံရေး ဘာသာရေး ယဉ်ကျေးမှု စသည်များမှာ ဆုံးခန်းတိုင် မဟုတ်သော်မှ တီးမိ ခေါက်မိလောက်ရုံအထိတော့ တတ်အောင် သိအောင် သင်ပေးကြဖို့ လိုပါသည်။ သို့သော်-
"စီးပွားရှာတတ်ဖို့သာ လိုတာပါကွာ၊ ပညာတတ်ဖို့ ဘွဲ့ ဒီဂရီများရှိနေဖို့ မလိုပါဘူး။ ပညာတွေ၊ ဘွဲ့ ဒီဂရီတွေဆိုတာ အလကားအရာတွေပါ" လို့တော့ မပြောမိကြပါစေနှင့်။ သည်စကားကို သားငယ် သမီးငယ်များ တကယ်ထင်ပြီး ပညာမသင်ခဲ့ကြလျှင် နောင်တစ်နေ့ လူဗိုလ်ပုံအလယ်မှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ကြရပါလိမ့်မည်။ ပညာတတ်ထားခြင်းသည် မည်သည့်အခါမှ အလကားဖြစ်ဆိုသည်ကို သင်ပြပေးခဲ့ကြပါ။

(၃)ဓနအားများ ပေးပါ။
DOLLARS4_BLED_1486_3166037f.jpg
သားငယ် သမီးငယ်များကို တကယ်ချစ်ကြလျှင် "ငွေ" ရဲ့ အပေါ်မှာ သဘောထား မှန်ကြစေဖို့ သင်ပြပေးဖို့ အထူးလိုအပ်လှပါသည်။ သေသွားသည့် လူတစ်ယောက်၏ အသက်ကို ငွေနှင့် ချိန်စက်ပြီး မ၀ယ်နိုင်သည် မှန်သော်လည်း မသေသေးသည့် လူတစ်ယောက်၏ အသက်ကိုတော့ ငွေရှိလျှင် အတော်အတန်ကို ပြုပြင်ရယူနိုင်ကြပါသည်။ ထို့ကြောင့် ကိုယ်အား၊ ဉာဏ်အားအပြင် ဥစ္စာဓနအားများဖြင့်လည်း သားသမီးများကို ပံ့ပိုးပေးကြရပါလိမ့်မည်။
MW-EY056_dollar_ZG_20161017211422.jpg
"ငွေသည် ဒုတိယ ဘုရားသခင်" လို့ တင်စားထိုက်အောင်ကိုပင် စားဝတ်နေရေး၊ ကျမ်းမာရေးများနှင့်အတူ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး စသည်များမှာပါ အဓိကအရေးပါ အရာရောက်လှသည်ကို သိကြဖို့လိုပါသည်။ ငွေမရှိလျှင် မည်သည့်အရာကိုမျှ လုပ်မရသောကြောင့် ငွေရှာနည်း ငွေသုံးနည်း ငွေစုနည်း စသည်များကိုပါ ငယ်စဉ်ကတည်းက စနစ်တကျ သင်ပြပေးကြဖို့လိုပါသည်။
"တို့က ချမ်းသာတယ်၊ ဒါကြောင့် ရော့…. အမွေ သိန်း ၁၀၀၀" ဆိုပြီး ပက်ခနဲ့ ပစ်ချ အမွေပေးနိုင်ရုံနှင့် ပြီးပြီ၊ တာဝန်ကျေပြီဟု သဘောမထားသင့်ပါ။
သေးငယ်ကျဉ်းမြောင်းသော အတ္တစိတ်များကြောင့် တချို့မိဘများသည် သူတို့ သဘောမတူသည့် ကိစ္စမျိုးကို သားသမီးငယ်လေးများ ပြုလုပ်မိကြပြီဆိုလျှင် " ဒါ….ငါ့ကို ပုန်ကန်တာပဲ" ဆိုပြီး 'အမွေပြတ်' တောင် ကြေညာနေကြသည်ကို နေ့စဉ် သတင်းစာများ၌ တွေ့ကြရပါလိမ့်မည်။ ဒါသည် ကိုယ့်၏ရင်ကဖွားလာသော သားသမီးအရင်းခေါက်ခေါက်များကို မိမိ၏ အတ္တ မာနများဖြင့် လူညွှန်တုံးပစ်လိုက်ကြခြင်းပင် ဖြစ်ပါသည်။ သားသမီးကို ချစ်ခြင်းထက် ကိုယ့်အတ္တကို ကိုယ်ပိုချစ်ကြရာမှ ဖြစ်ကြရခြင်းဖြစ်ကြောင်း သတိပြုမိကြဖို့လိုပါသည်။

(၄)မိတ်ဆွေအားများ ပေးပါ။
hopkins.jpg
မိတ်ကောင်းဆွေကောင်းများသည် ဘ၀ကိစ္စ အ၀၀ကို ပြီးမြောက်အောင်မြင်အောင် ကူညီနိုင်ကြသူများဖြစ်သည်။
ကိုယ့်ဘ၀မှာ ရှားပါးလှသော မိတ်ကောင်းဆွေကောင်းများရဖို့ လိုအပ်သလို ကိုယ်ကိုယ်တိုင်ကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်း ဖြစ်နေဖို့ လိုအပ်ပါသေးသည်။ ကိုယ်ချင်းစာနာသောစိတ်၊ သူတစ်ပါးကြီးပွါးချမ်းသာသည်ကို ၀မ်းသာနိုင်သောစိတ် စသည်များဖြင့် အခြေခံအရင်းတည်ပြီးမှ ကိုယ့်ဘ၀တစ်သက်တာမှာ အားကိုလောက်သော မိတ်ဆွေကောင်းကို ရှာဖွေရရှိနိုင်ကြပေမည်။
P5101905.JPG
မိဘများသည် သားသမီးလေးများကို "ဟေ့ ….. ဟိုကောင်လေးနဲ့ မပေါင်းနဲ့။ သူက အဆင့်တန်းချင်းမတူဘူး။" ဆိုပြီး တားမြစ်တတ်ကြသည်မှာ မိတ်ဆွေရှာတတ်ဖို့ အခွင့်အလမ်းကိုပါ ပိတ်ပစ်သလို ဖြစ်သွားတတ်သည်ကို မမေ့သင့်ပါ။ မှတ်သားမိခဲ့သော စကားလေးတစ်ခွန်းကို လက်ဆောင်ပါးပါရစေ။
"သင့်မှာ မိတ်ဆွေ ၁၀၀ ရှိပါသလား။
နည်းပါသေးတယ်။
သင်မှာ ရန်သူ တစ်ယောက် ရှိနေပြီလား။
များလွန်းနေပါပြီ …." တဲ့။
မိတ်ဆွေကောင်းရအောင် ကြိုးစားဖို့ အထူးလိုအပ်သလို ရန်သူတစ်ယောက်မှမရှိအောင် နေတတ်ဖို့လည်း လိုအပ်လှပါသည်။

(၅)ကိုယ်ကျင့် စာရိတ္တအားများ ပေးပါ။
1891026_259235827570325_483812514_n.jpg
ကိုယ့်သားသမီးလေးများကို ကိုယ်ကျင့်စာရိတ္တကောင်းမွန်ပြီး ယဉ်ကျေးအာင် မိဘများ သင်ပေးကြဖို့ မမေ့သင်ပါ။ ကိုယ်ကျင့် စာရိတ္တပိုင်းဆိုင်ရာမှာ စိတ်မချရသော တစ်နပ်စား ကြံစည်တတ်သူများနှင့် မည်သူမှ ယုံကြည်ရင်းနှီးစွာ ပေါင်းသင်းလိုကြမည် မဟုတ်ပါ။ ကိုယ်ကျင့် စာရိတ္တမကောင်းပါဘဲ လောကကြီးထဲမှာ အောင်မြင်ဖို့ဆိုသည်မှာ ခက်ခဲ့လှပါသည်။ ဒါကို အဓိကထားပြီး သတိတရ သင်ပြပေးခဲ့ကြဖို့ လိုအပ်လှိပါသည်။

ရွာတစ်ရွာမှာ အမေတစ်ယောက်က သမီးငယ်လေးတစ်ယောက်ကို အိမ်ဆိုင်လေးတစ်ဆိုင်မှာ အာလူးဝယ်ခိုင်းလိုက်ပါသည်။ အဲသည်မှာတင် သမီးငယ်လေးက ဘာရယ်လို့တော့မဟုတ်ပါ၊ ခြေဆော့ လက်ဆော့နှင့် အာလူးတောင်းထဲက အာလူးများကို ပိုင်ရှင်မသိအောင် နှိုက်ယူလာခဲ့ပါသတဲ့။ အဲဒါကို အိမ်ရောက်တော့ အမေလုပ်သူက ချီးမွမ်းခန်းထုတ်ပါသည်။
"ဟယ်….ငါ့သမီးလေးက ငယ်သာငယ်တာ၊ ဈေးဝယ်တော်တယ်တော့။ ကြည့်စမ်း…..အာလူးတွေ အများကြီးရတယ်"
ထိုစကားသံကို ကြားလိုက်ရသော သမီးငယ်လေး၏စိတ်ထဲမှာ အတွေးတစ်ခု ရသွားပါသည်။
"သြော်…ငါ့အမေက ငါခိုးတာကို ခွင့်ပြုတာပဲ၊ ငါခိုးတာကို ကျေနပ်စွာနဲ့ ချီးမွမ်းတာပဲ၊ ဒါကြောင့် ငါ့အမေရဲ့ ခွင်ပြုချက်အရ ငါ့အမေ ကျေနပ်အောင် ချီးမွမ်းခံရအောင် ဈေးဝယ်ရင် ငါခိုးမယ်"
ထိုအချိန်မှစ၍ သည်မလိုမိုး မလိမ္မာ လူမမည်ကလေးမလေးသည် သူခိုးဘ၀ကို ရောက်ခဲ့ရပါတော့သည်။
222443_110537492363278_100002210831770_101848_4326276_n.jpg
တကယ်ဆိုလျှင် အမေလုပ်သူက သေသေချာချာ စစ်ဆေးပြီး ဆိုင်ရှင်ကို ပြန်တောင်းပန်၊ ပစ္စည်းကို ပြန်ပေး၊ ကလေးကို နားလည်အောင် သွန်သင်ဆုံးမခဲ့ရပါမည်။

မိဘများသည် သားသမီးများကို ကြီးပွားစေချင်၊ တိုးတက်စေချင်၊ ချမ်းသာစေချင်ကြရာမှာတော့ အတူတူပင် ဖြစ်ပေလိမ့်မည်။ ချစ်သည်မှန်သော်လည်း ဆုံးမတာရော မှန်ကြပါရဲ့လားဆိုသည်ကိုပါ တွေးခဲ့ကြစေချင်ပါသည်။ "ငါက အကောင်းပြောတာ" ဆိုပေမယ့် "ငါပြောပုံကရော ကောင်းရဲ့လား" ဆိုသည်ကိုပါ မိဘများ တွေးမိစေချင်ပါသည်။
တကယ်တော့ သားငယ် သမီးငယ်လေးများသည် လူကြီးများမဟုတ်ကြပါ။ လူကြီးများ မဟုတ်ကြသည့်အတွက် လူကြီးတစ်ယောက်၏ အတွေးများ၊ ပြုမူဆောင်ရွက်ပုံများ၊ ဆင်ခြင်တုံတရားများနှင့်တော့ ဘယ်မှာလာပြီး တူနိုင်ကြပါမည်နည်း။ မိဘများ သတိထားကြရမည်ဖြစ်ပါသည်။ မိဘနှင့်သားသမီးများ၏ကြားမှာ အဓိက ကွာခြားချက်က နားလည်မှု လွဲနေတတ်ကြခြင်းပင်ဖြစ်ပါသည်။ မိဘများကလည်း မိဘဆိုသည့် အရှိန်အ၀ါနှင့် "ငါပြောတာ နားထောင်၊ နားမထောင်ရင် သေမယ်" လို့ ငါတကော ကောခြင်းမျိုးမလုပ်သင်ကြဘဲ အား(၅)မျိုး အမွေပေးပြီး သားလိမ္မာ သမီးလိမ္မာလေးများ ဖြစ်စေကြရမည်သာ။
13521977_499173883621710_2078236271966150112_n.jpg
"ယနေ့…..လူငယ်၊ နောင်ဝယ်…..လူကြီး" ဆိုသည့်အတိုင်း ဒီကနေ့ သားသားမီးမီးလေးများသည် နောင်တစ်ချိန်မှာ လူကြီး သူမကြီးများ ဖြစ်လာကြတော့မည်။ ထို့ကြောင့် သားလိမ္မာ သမီးလိမ္မာလေးများဖြစ်အောင် အခုကတည်းက ပြုစုပျိုးထောင်ပေးခဲ့ကြရမည်ဖြစ်သည်။
ပြောပြခဲ့ပြီးသည့်အတိုင်း သားငယ် သမီးငယ်လေးများကို လေ့ကျင့်ပြုစုပျိုးထောင်တော့မည်ဆိုလျှင် သူတို့၏ စိတ်နေစိတ်ထား သဘာဝများကို အရင်းဆုံး စာနာနားလည်ထောက်ထားနိုင်ကြရပါမည်။ ကာလ၊ ဒေသ၊ အခြေအနေများနှင့် လိုက်လျောညီထွေရှိအောင် လုပ်ပေးကြရပါမည်။ သူတို့ နားလည်နိုင်သည်များနှင့် စကြရပါမည်။
Teacher.jpg
သူတို့၏ ခေတ်ကာလနှင့် ဘ၀ရှင်သန်မှု၊ သူတို့လေးများ၏ ခံစားချက်၊ ရည်မှန်းချက်များကို သိအောင် ကြိုးစားပေးကြရပါမည်။ ရောနယ်ဒင်ဟိုကို အားကျသည့်သားကို ဆုံးမတော့မည်ဆိုလျှင် ကိုယ်ကိုယ်တိုင်ကလည်း လဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းခြင်း၊ ဘောလုံးပွဲ လောင်းခြင်း၊ ဘီယာဆိုင်ထိုင်ခြင်းများ အရင်မရှိကြဖို့ လိုပါလိမ့်မည်။
အဓိကကတော့ မိဘ၏ မေတ္တ၊ ကရုဏာ၊ မုဒိတာ အရိပ်အောက်မှာ စနစ်တကျ ကြီးပြင်းခွင့် ရလာခဲ့ကြသော သားသမီးလေးများသည် သားလိမ္မာ သမီးလိမ္မာလေးများ ဖြစ်ခွင့်ရကြသည်သာ။
800px-Parents_with_child_Statue_Hrobakova_street_Bratislava.JPG

photo = google image
@kyawhlaing

Sort:  

သားသမီး​တွေကိုအညွန့်​တလူလူထွက်​​နေတဲ့အချိန်​အညွန့်​ကျိုး​စေတဲ့စကားမျိုးမ​ပြောမိဖို့ လိုပါတယ်

ဟုတ် ဖတ်ပေးတာကျေးဇူးတင်ပါတယ် bro

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

မြင့်မိုရ်တောင်ဦး မကကြီးမာလှတဲ့ မိဘတို့ရဲ့ ဂုဏ်ကိုကြည်ညို ပွားများနိုင်ကြပါစေ။

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ခင်ဗျား

အရမ်ူကောင်းပါတယ် ဒီစာလေးကို မိဘရော သားသမီးတွေပါဖတ်သက့်ပါတယ် ကျေးဇူတင်ပါတယ်ခင်ဗျာ

ကျေးဇူးပါ Bro

အသိပညာ ရရှိလို့ကျေးဇူးပါ

ရေးရကျိုးနပ်ပီလေ

အရမ်းကောင်းပါတယ်ရှင်

ကျေးဇူးတင်ပါတယ်ဗျာ

မိဘ​နေရာ​ရောက်​လာတဲ့သူ​တွေသ်​သင့်​တယ်

နိကလေးကိုသေချာဂရုစိုက် ဒါပဲ 😂😂

မိဘတိုင်း သိထားသင့်တဲ့ ရင်သွေးပျိုးထောင်ခြင်း အနုပညာရပ်တွေကို ဝေမျှပေးလို့ ကျေးဇူးပါ။

ကျေးဇူးတင်ပါတယ်

လေ့လာထားသင့်တယ်

ကြိုတင်ပြင်ဆင်ခြင်း 😂

good your post

တကယ်ကြီးပေါ့

Coin Marketplace

STEEM 0.14
TRX 0.35
JST 0.035
BTC 115778.24
ETH 4667.20
SBD 0.86