မိဘနှင့်သားသမီး ဆက်ဆံရေး (Part 1)steemCreated with Sketch.

in #myanmar7 years ago

မရောက်တာကြာပြီးဖြစ်သော သူငယ်ချင်းအိမ်တစ်အိမ်သို့ သွားလည်တော့ နေရာမကျတာလေးတစ်ခု တွေ့ခဲ့ရလို့ ကျွန်တော် ဒီဆောင်းပါးကိုရေးနေခြင်းဖြစ်ပါသည်။
cute_baby_in_autumn-wide.jpg
သူတို့သည် ဆိုင်ခန်းတစ်ခုငှါးကာ အသုတ် အကင် ယိုးဒယားအစားအစာများ ရောင်းကြပါသည်။ ကျွန်တော် ရောက်သွားတဲ့အချိန်က နေ့လည်ခင်းဖြစ်နေတော့ အမေလုပ်သူနဲ့ ဆိုင်လုပ်သားတစ်ယောက်သည် ဆိုင်အတွက် နောက်ဖဲမီးဖိုချောင်မှာ အလုပ်များနေကြ၏။ အဖေလုပ်က ဧည့်သည်(ကျွန်တော်)နဲ့စကားပြောနေသည်။ သူတို့၏ နှစ်နှစ်သားအရွယ် သားလေးကို ဆိုင်အလုပ်သမား တစ်ယောက်က ချီပြီးထိန်းနေ၏။ ဆိုင်ထဲဝယ်သူရောက်လာသောအခါ အလုပ်သမားက ကလေးကိုအောက်ချပြီး သွားရောင်းတော့ ငါ့ကိုမချီပဲထားခဲ့ရမလားဆိုပြီး ကလေးက ငိုရော။ ကလေးငိုတော့ အဖေလုပ်သူက ငေါက်ငန်းပြီး ခြိမ်းခြောက်၏။
"ဟေ့ကောင်း မငိုနဲ့၊ တိတ်'' ကလေးကအငိုမတိတ်၊ ဆက်ငိုတယ်။
"ဟေ့ကောင် တိတ်ဆိုမကြားဘူးလား၊ အရိုက်ခံရမှာနော်၊ ခုတိတ်စမ်း" ဆိုပြီး တုတ်လေးတစ်ချောင်းကိုင်ပြီး ခြိမ်းခြောက်ပြန်သည်။ အမေလုပ်သူကလည်း ကလေးငိုသံကြားသော်လည်း အလုပ်ရှုတ်နေခြင်းကြောင့်တူပါသည်၊ ထွက်မလာချေ။
ကြားထဲ ကျွန်တော်ကပဲ "မင်းကလဲ ကလေးကို မလုပ်ပါနဲ့ကွာ" ဆိုပြီး ကလေးကိုသနားလို့ ကောက်ချီ ချော့ခဲ့ရပါသည်။
p_101528432.jpg
ကျွန်တော်ပြောချင်သည်ကား မိဘနှင့်သားသမီးကြားက နားလည်မှု
တကယ်တော့ ကလေးများသည် လူကြီးမိဘတို့ ပုံသွင်းပေးသည့်အတိုင်း လိုက်ဖြစ်ပေးနေကြရတာကပဲ များလှသည်မို့ မိမိတို့၏ကလေးများကို လူတော် လူကောင်း လူမွန် လူရည်ချွန်လေးဖြစ်ဖို့ မိဘများက ပုံသွင်းပေးတတ်ဖို့ အရေးကြီးပါသည်။
များသောအားဖြင့် မိဘများသည် သားသမီးများအပေါ်မှာ နားလည်မှု သဘောလေးများ မမျှတဘဲ ကွာဟချက်တို့ ရှိတတ်ကြပါသည်။ မျိုးဆက်ကွာဟမှုများရှိသလို ခေတ်ကာလ၏ ကွာဟမှုများလည်း ရှိကြမည်ပင်။ အစစအရာရာ အားလုံး၏အပေါ်မှာ "ငါနဲ့မတူ ငါ့ရန်သူ" ဆိုပြီး ငါတကောကောခြင်းမျိုး မိဘများမှာ မရှိကြဖို့ အထူးလိုအပ်ပါသည်။ ဒီကနေ့ခေတ်မှာ ဖြစ်နေကြသည်က-
"ငါတို့က လူကြီးပဲ၊ နင်တို့ထက်ပိုပြီး အတွေ့အကြုံရင့်ကျက်တယ်၊ ဒါကြောင့် ငါတို့ပြောတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာကြရမယ်၊ ဒါပဲ…" ဆိုတဲ့ အသံများကို နေရာတိုင်းမှာ မိုးမွန်အောင် ကြားနေရတတ်ပါသည်။ တကယ်တော့ သားသမီးလေးများ၏ ဘ၀ဖြစ်တည်မှုသဘောကို ထည့်စဉ်းစား တွက်မိကြဖို့ကောင်းပါသည်။
လူငယ်များမှာ သူတို့သက်ဆိုင်ရာ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ပန်းတိုင်၊ ယုံကြည်ချက်၊ မာနတရားများ ကိုယ်စီကိုယ်စီ ရှိကြပါသည်။ သူတို့ ဘ၀ကိုယ်စီမှာ လွပ်လတ်မှု၊ ပျော်ရွှင်မှု၊ ကိုယ့်ဘ၀ကို ကိုယ်ကြိုက်သလို စီမံဖန်တီးနိုင်ခွင့်များ၊ သာတူညီမျှ အခွင့်အရေး…. စသည်များလည်း ရှိကြရမှာ ဖြစ်ပါသည်။
8720604364_2ebdc6df85_o.jpg
boys-girls- wkk.jpg
အနာဂါတ် လူ့ဘောင်ကြီးနှင့် အနာဂါတ် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲပစ်နိုင်မည့်သူများမှာ ကိုယ်မွေးထားသော ကိုယ့်ရဲ့ရင်သွေးငယ်လေးများသာ ဖြစ်သည်ကို မိဘများ မေ့နေတတ်ကြပါသည်။ သားငယ် သမီးငယ်လေးများ၏ ရင်ဘတ်ထဲ ၀င်ပြီးခံစားကြည့်တတ်ကြရပါလိမ့်မည်။
သားသမီးတို့၏ မူလပင်ကိုယ်စိတ်က ကောင်းပါလျက် မိဘတို့၏ ပြောဆိုပြုမူမှုများ ပုံမကျသောကြောင့် သားသမီးများမှာ အကုသိုလ်ဖြစ်ရတာလည်း ရှိနိုင်ပါသည်။
ဥပမာ…အဖေလုပ်သူက မူလအိမ်ထောင်နဲ့ သားသမီးများရှိပါလျက် နောက်ထပ် အိမ်ထောင်ပြုတယ်၊ မယားငယ်ထားတယ်၊ မယားမြှောင်ထားတယ်။
ယင်းအဖေက မယားငယ် မယားမြှောင်တို့နှင့် ပူးပေါင်းပြီး မူလမယားကြီးနှင့် ရခဲ့ပြီးသော သားသမီးများအပေါ်မှာ နှိပ်ကွယ်တယ် ဆိုကြပါစို့။ ဟော …. သားသမီးများက မိထွေးကို စိတ်နာ၊ အဖေလုပ်သူကို မုန်းတီး၊ နှိပ်စက်ညှဉ်းဆဲခံရမှုများ များလာလျှင် မမျိုသိပ် မအောင့်အည်းနိုင်တော့ဘဲ ပြန်အော်မိကြပြန်ရော…။ အဖေမိုက်ကြောင့် သားသမီးများမှာ အကုသိုလ်ဖြစ်ကြရပါသည်။
မိဘတို့သည် နေရာတကာမှာ ငါသိ ငါတတ် ငါတကောကောပြီး မာနတံခွန်ထူတတ်သူမျိုးဖြစ်နေခဲ့လျှင် သားသမီးများ ဘာပဲလုပ်လုပ် အကောင်းမမြင် တတွတ်တွတ် တစပ်စပ်နဲ့ ပါးစပ်က ပေါက်ပေါက်ဖေါက်သလို မြည်တွန်တောက်တီးနေတတ်တာမျိုး ရှိတတ်ပါသည်။ ဘယ်လိုအ၀တ်စားဝတ်ရင် ၀တ်ပြန်ပြီ၊ ဘာကိုစားရင် စားပြန်ပြီ။ ဘယ်ကိုသွားရင် သွားပြန်ပြီ၊ နောက်ဆုံး ခေတ်ပေါ်သီချင်းတွေဖွင့်ရင်တောင် ဖွင့်ပြန်ပြီဆိုပြီး ဆူပူ ငေါက်ငန်းတတ်ကြသည်။ ထိုသို့ နေရာတိုင်းမှာ သူ့မျက်နှာ ဖြစ်လွန်းလာပြီဆိုလျှင် ကြာလာသောအခါ စိတ်ညစ်လာပြီး သားသမီးများက "အမေတို့ကလည်း နေရာတကာ ၀င်ပါနေတာပဲ၊ ကိုယ့်နေရာကိုယ်နေကြစမ်းပါ" လို့ ပြောမိကြပြန်ပါသည်။
ဘောင်ဘီရှည် ပွပွကြီးဝတ်၊ ဆံပင်ကို ပုံစံအမျိုးမျိုးပြောင်း ဆေးဆိုးရုံ၊ ခေတ်ပေါ် တေးဂီတများ နားထောင် သီဆိုကြရုံနှင့် လူဆိုးလေးများ ဖြစ်မသွားနိုင်ကြသည်ကို လက်ခံနိုင်ကြဖို့ လိုပါလိမ့်မည်။ ''ငါတို့မလုပ်ခဲ့တဲ့အတွက် မင်းတို့လည်း မလုပ်ကြရဘူး"လို့ ကျဉ်းမြောင်းသော အတ္တစိတ်များဖြင့် မပိတ်ပင်ကြဖို့ လိုအပ်ပါသည်။
'ဂလိုဘယ်လိုက်ဇေးရှင်း'လို့ခေါ်သော ရွာကြီးနဲ့တူလာသော ဟောသည်ကမ္ဘာကြီးထဲမှာ အရာရာတိုင်း ကူးစက်မှုမြန်ဆန်သလို အပြောင်းအလဲများလည်း မြန်ဆန်နေမည်ပင်။ '' တို့တုန်းက facebook, viber, wechat ဆိုတာတွေ ကြားတောင်မကြားဖူးပေါင်၊ ကာတွန်းစာအုပ်တောင် ခိုးဖတ်ခဲ့ရတာ"ဆိုတာမျိုးနဲ့ သားငယ် သမီးငယ်များကို မချုပ်ချယ်သင့်ပါ။
အပြင်၊ အကာ၊ အပေါ်ယံကိစ္စလေးများထက် သားငယ် သမီးငယ်များ၏ လက်တွေ့ မျက်တွေ့ ခေါင်းထဲ ရင်ထဲ နှလုံးသားထဲမှာ ဘာရှိနေကြသည်ကို ထည့်တွက်ပြီး နားလည်နိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါသည်။ ထိုသို့နားလည်နိုင်မှလည်း တားမြစ်သင့်သည်များကို တားဖြစ်နိုင်မည်ဖြစ်ပြီး အားပေးသင့်သည်များကို အားပေးနိုင်မည်ဖြစ်ပါသည်။
images (2).jpg
ကလေးသည် ကလေးအတွေးနှင့် တွေးပါ၏။ လူကြီးသည် လူကြီးအတွေးနှင့် တွေးပါ၏။ အတွေးအမြင်ချင်း အမြင်မတူကြသော်လည်း ငြိမ်းချမ်းစွာ အတူလက်တွဲပြီး နေနိုင်ကြရပါမည်။ ကလေးတစ်ယောက်ငိုပြီဆိုလျှင် အဖေလုပ်သူက "တိတ်…အသံမထွက်နဲ့၊ အသံထွက်ရင် သတ်ပစ်မယ်" ဆိုတာမျိုး၊ "ငါ့စကားကိုပဲ မြေ၀ယ်မကျ နားထောင်၊ နားမထောင်ရင် သေပြီသာမှတ်" ဆိုသော ငါတကောကောသည့် အပြုအမူများသည် ဒီကနေ့ မိဘတော်တော်များများမှာ တွေ့ရများသည့် ပြုမူချက်များဖြစ်ပါသည်။ ၄င်းစိတ်အထာများကြားမှာ ကြီးပြင်းလာရရှာသော သားသမီးများလည်း မမျိုသိပ်နိုင်တော့သည့် တစ်နေ့မှာ-
"ဟာ…ခင်ဗျားကြီးတို့ကလည်းဗျာ၊ နားညည်းလိုက်တာ၊ ခေတ်နောက်ကျလိုက်တာ၊ အဖေတို့ အမေတို့ရဲ့အတွေးတွေက ခေတ်မမီတော့ဘူး၊ ဒိတ်အောက်နေပြီ၊ ခေတ်ဆွေးကြီးတွေဖြစ်နေပြီ၊ အဲဒီအတွေးအခေါ်တွေ အဲဒီစကားတွေ မြောင်းထဲသွားပစ်လိုက်တော့ဗျာ" ဆိုတော့ မိဘတို့ကြောင့် သားသမီးများမှာ အကုသိုလ်များ ဖြစ်ကြရပါသည်။
သားငယ် သမီးငယ်များသည် မိဘတို့ထက် အဘက်ဘက်က အစစအရာရာ သာလွန်ဖို့လိုအပ်နေသည့် ဒီကနေ့အချိန်မှာ သားသမီး တစ်ခုခုလုပ်သည်နှင့် တပြိုင်နက် "ဒါ ငါ့ကို သက်သက်ကျော်ပြီးလုပ်တာပဲ"လို့ မမြင်တတ်ကြဖို့ အထူးလိုအပ်ပါသည်။
GIRLS-TECHNOLOGY- WKK.jpg
သားသမီးများကို တကယ်ချစ်ကြရိုးမှန်လျှင် အကျင့်စာရိတ္တပျက်စီးခြင်းနှင့် မူးယစ်ဆေးစွဲခြင်းကလွဲ၍ သူတို့ ၀တ်တာ စားတာ သွားတာ လာတာ နေထိုင် ပြုမူကျင့်ကြံမှုများအပေါ်မှာ နားလည်ပေးပြီး သူတို့ကို လွပ်လတ်ပေါ့ပါးစွာ ပျော်ရွှင်ခွင့်ပေးသင့်ကြပါသည်။ အပြင်ပန်း ပျော်ရွှင်စေခြင်းနှင့်အတူ အတွင်းပိုင်း စိတ်ဓာတ်ခွန်အား သတ္တိများကိုလည်း တဖြည်းဖြည်း လေးနက်လာအောင်၊ ရင့်ကျက်လာအောင်၊ ယုံကြည်ချက်များ ခိုင်မာလာအောင်၊ အမှားအမှန်ကို ခွဲခြားတတ်လာအောင်၊ လောကနဲ့ဘ၀ကို ချစ်မြတ်နိုးသောစိတ်ဖြင့် ကြည့်တတ်လာအောင်၊ ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါသည်။
IMG_0085.JPG
လူဖြစ်အောင် မွေးလာခဲ့၊ ကျွေးလာခဲ့ကြသော မွေးမိခင် ကျွေးဖခင်တိုင်း ကိုယ့်သား ကိုယ့်သမီးကို လိမ်မာကြစေချင်သည်မှာ သဘာဝကျပါသည်။ သားသမီးလေးများကို လိမ္မာစေချင်လျှင် မိဘတို့၏ မေတ္တာဓာတ်များကမှ အရင်ဆင်းသက်ကြရပါလိမ့်မည်။
လူများကို လူကောင်း၊ လူယုတ်မာဟု ကွဲပြားသွားစေတဲ့ အကြောင်းရင်း နှစ်ချက်မှာ ဗီဇနဲ့ပတ်ဝန်းကျင် တို့ပင်ဖြစ်သည်။ မွေးရာပါ သန္ဓေ ဗီဇ ဓာတ်ခံ ညံ့ဖျင်းလွန်း၍ ညံ့ကြ၊ ဖျင်းကြ၊ ယုတ်မာကြသည်လည်းရှိသလို ပတ်ဝန်းကျင်း မကောင်းလို့ ညံ့ဖျင်း ယုတ်မာကြတာသည်လည်း ရှိကြပါသည်။ လူငယ်များကို ပြဋ္ဌာန်းသော အရေးကြီးသည့် ပဓာနပြောင်းလဲကြောင်းတရားကမှာ ပတ်ဝန်းကျင် ဖြစ်ပါသည်။ များသောအားဖြင့် ပတ်ဝန်းကျင်ကောင်းနှင့် ထိတွေ့ခွင့်ရသည့် သားငယ် သမီးငယ်လေးများသည် လူကောင်း သူကောင်းလေးများ ဖြစ်လာတတ်ကြပြီး ခပ်ညံ့ညံ့ ပတ်ဝန်းကျင်ထဲမှာ ရောက်သွားခဲ့ကြရမည်ဆိုလျှင်တော့ သားသမီးများပါ ညံ့သွားတတ်ကြသည်မှာ ဓမ္မတာဖြစ်ပါသည်။ ထို့ကြောင့် သားသမီးများကို တော်စေချင်၊ တတ်စေချင်၊ ထက်မြက်စေချင်သည့် မိဘတိုင်းသည် ပတ်ဝန်းကျင်ကောင်း ရရှိနိုင်အောင် စီမံဖန်တီးပေးကြရပါမည်။ ဤသို့ပြော၍ ကျောင်းကောင်းကောင်းမှာ ထား၊ ဆရာ ဆရာမ ကောင်းကောင်းမှာ အပ်၊ လူတော်များနှင့် ပေါင်းသင်းစေသည်လို့ချည်းပဲတော့ မတွေးမိလိုက်ကြစေချင်ပါ။ သည်နေရာမှာ အဓိကပြောချင်သည်ကား ''လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ဗုဗ္ဗာစရိယ၊ မိနှင့်ဖ" ဆိုတဲ့ မိဘနှစ်ပါးကို ရည်ညွှန်းဦးတည်ပြီး ပြောခြင်းဖြစ်ပါသည်။ အပြင် ဘေးက ပတ်ဝန်းကျင်ဆိုသည်များ၊ ကျောင်းနဲ့ ကျောင်းက ဆရာ ဆရာမ ဆိုသည်များသည် နောက်မှထိတွေ့ကြရမည့် အရာများဖြစ်ပါသည်။ စင်စစ်မှာ ပထမဆုံး သေချာပေါက် ထိတွေကြရမသည့် ပတ်ဝန်းကျင်ကြီးကတော့ မိဘနှစ်ပါးကိုယ်တိုင်ပင်ဖြစ်ပါသည်။
image-1382918439622-V.jpg
ထို့ကြောင်း သားကောင်း သမီးမြတ်လေးများ ရချင်ကြပါသည်ဆိုလျှင် မိဘများကိုယ်တိုင်က မိကောင်း ဖကောင်းများ အရင်ဖြစ်ခဲ့ကြဖို့လိုမည်ဆိုသည်ကို မမေ့သင်ကြပေ။ တကယ်တမ်းမှာတော့ ကိုယ့်သားငယ် သမီးငယ်လေးများကို အမှန်ချစ်ကြလျှင် ထိုသားသမီးများ၏ အတွင်းသန္တာန်မှာ ခွန်အား သတ္တိ(၅)မျိုးကို ထည့်သွင်းပေးကြပါမည်။
ဒုတိယပိုင်းတွင် ဆက်လက်ရှုစားပါရန်

@kyawhlaing
photo = google image

Sort:  

ကွီးကျော် ကွ ဒို့ ကွီးကျော် အရမ်းကောင်း

ရေးရကျိုးနပ်ပီလေ

အရမ်းကောင်းတဲ့ပိုစ့်တစ်ခုလို့ပြောပါရစေ

ကျေးဇူးတင်ပါတယ် bro

ကိုချစ်ကို ကို အရင်က အခုလောက်အထင်မကြီးမိဘူး ။

ဟားးး ခုတော့ အယင်တိုင်းပဲမလား

thanks for your sharing,brother!

ကျေးဇူးတင်ပါတယ် bro

အရမ်းကောင်းပါတယ် bro ရေ ကျွန်တော့်အဖြစ် နဲ့တချို

ကျေးဇူးတင်ပါတယ် bro

ကချစ်​​တောင်​ အခန်းဆက်​​ရေးလာပြီ😁😁😁

အိမ်းးး အခန်းဆက်တွေ ခေတ်ထနေတော့လဲ 😁😁

ရေးနိုင်ပါပေ့ ဆာချစ်ရယ် ကောင်းပါတယ်ဗျာ ဆက်လက်ရေးသားနိုင်အောင်ကြိုးစားပါခင်ဗျာ

ရေးနိုင်ပါဘူးဗျာ

ကောင်းလိုက်တဲ့ ဆောင်းပါး... ၃ ခါ ပြန် ဖတ်ဖြစ်တယ်....

ဝိုးးးးပျော်ပီလေ 😁
ကျေးဇူးအများကြီးတင်ပါတယ် brother

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60385.82
ETH 2321.90
USDT 1.00
SBD 2.51