လ-သုံးလုံး

in #myanmar7 years ago

ပညာရပ်တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်စေဖို့ မရှိမဖြစ် လုပ်ကိုလုပ်ရမည့် အဆင့်သုံးဆင့်ရှိပါတယ်။ ထိုအဆင့်သုံးဆင့် ဆိုတာကတော့
၁။ လေ့လာခြင်း
၂။ လေ့ကျင့်ခြင်း
၃။လက်တွေ့လုပ်ဆောင်ခြင်း တို့ပဲဖြစ်ပါတယ်။
လေ့လာခြင်း
kyaw 01.gif
Images Credit - Original Source
လေ့လာသင်ယူခြင်းဟာ ကျွမ်းကျင်တတ်မြောက်ဖို့အတွက် ပထမအဆင့် ခြေလှမ်းပါပဲ။ လေ့လာသင်ယူခြင်း မရှိပဲ ကျွမ်းကျင်မှုအဆင့်ကို မရောက်နိုင်ပါ။ မလေ့လာ၊ မသင်ယူဘဲနဲ့ ဘာမှသိမှာမဟုတ်ပါဘူး။ လေ့လာခြင်းဟာ အသိပညာ ဗဟုသုတတွေကို ပေးပါတယ်။ တိုးပွါးစေပါတယ်။ ဒါပေမယ့် လေ့လာခြင်း အဆင့်နဲ့ပဲ ရပ်တန့်နေလို့ မရသေးပါဘူး ဒုတိယခြေလှမ်းအနေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခြင်း
kyaw 02.jpg
Images Credit - Original Source
"ထပ်တလဲလဲလေ့ကျင့်ခြင်းဟာ ဘုရင်ပဲ" ဆိုတဲ့စကားရှိပါတယ်။ အားကစားဖြစ်စေ၊ စီးပွါးရေးဖြစ်စေ၊ ဘာသာစကားပြောဆိုတာပဲဖြစ်စေ၊ တင်ဆက်ဟောပြောတာပဲဖြစ်စေ ထပ်တလဲလဲလေ့ကျင့်မှုကို လုပ်ကြရပါတယ်။ လေ့လာသင်ယူရုံသက်သက်နဲ့တော့ ကျွမ်းကျင်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ လေ့ကျင့်မှုကသာလျှင် ကျွမ်းကျင်မှု(skill)တွေကို ဖြစ်စေမှာပါ။ လေ့ကျင်မှုတွေ များများလုပ်ထားမှ ကျွမ်းကျင်မှုနဲ့ မိမိကိုမိမိ ယုံကြည်မှုတွေရရှိလာပြီး တကယ့်လက်တွေ့ဘ၀မှာ အောင်မြင်မှုတွေရရှိလာမှာဖြစ်ပါတယ်
လက်တွေ့လုပ်ဆောင်ခြင်း
kyaw 03.jpg
Images Credit - Original Source
လေ့လာထားတယ်၊ ပြီးတော့ လေ့ကျင့်မှုတွေ ပြုလုပ်ထားတယ်ဆိုရင် လက်တွေ့လုပ်ဆောင်ဖို့ပဲ ရှိပါတော့တယ်။ "သင်ပြီး မလုပ်ရင် မသင်ထားတာနဲ့ အတူတူပဲ" ဆိုတဲ့စကားလည်းရှိပါတယ်။ ဘ၀မှာ တကယ်ပေါက်မြောက် အောင်မြင်ချင်ရင် ကိုယ်အောင်မြင်လိုတဲ့နယ်ပယ်မှာ လက်တွေ့လုပ်ဆောင်ပြီး အတွေ့အကြုံတွေကို ယူဖို့လိုပါတယ်။
ဒါကြောင့် တိုးတက်အောင်မြင်ဖို့ဆိုရင် ဒီ လ-သုံးလုံးကို အမြဲလုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။ လေ့လာပြီးရင် လေ့ကျင့်ရမယ်။ လေ့ကျင့်ပြီးရင် လက်တွေ့လုပ်ဆောင်ရမယ်။ လက်တွေ့လုပ်ရင်းနဲ့ လေ့ကျင့်နေမယ်။ လေ့ကျင့်နေရင်းနဲ့ လေ့လာသင်ယူမှုတွေ ပြုလုပ်နေမယ်။ ဒီ လ-သုံးလုံးကို အပြန်အလှန် အဆက်မပြတ် ကျင့်သုံးလုပ်ဆောင်နေခြင်းဟာ ကိုယ်လေ့လာသင်ယူနေတဲ့ ပညာရပ်နယ်ပယ်မှာ ထူးချွှန် အောင်မြင်မှုတွေ ဖြစ်လာမှာ မလွဲမသွေပါပဲ။
kyaw 04.png
Images Credit - Original Source
သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်ပွဲခံနေတဲ့လူတွေဟာ "လေ့လာ၊ လေ့ကျင့်၊ လက်တွေ့လုပ်" လမ်းစဉ်ကို ကောင်းကောင်းနားလည်ကြသူတွေ ဖြစ်ပါတယ်။ လ-သုံးလုံးကို ပြုလုပ်ခြင်းဟာ ကျွန်တော်တို့ရဲ့ အားနည်းချက် ပျော့ညံ့ချက်တွေကို အားသာချက်တွေအဖြစ် ကောင်းသထက်ကောင်းအောင် လုပ်ပေးနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။
ဒါကြောင့် stemit Platform မှာ လျှောက်လှမ်းနေကြတဲ့ steemit ချစ်သူမိတ်ဆွေများလည်း steemit Platform မှာအောင်မြင်ချင်တယ်ဆိုရင် steemit အကြောင်း အမြဲတစေ လေ့လာသင်ယူနေဖို့လိုအပ်ပါတယ်။ steemit မှာ လေ့လာစရာ သင်ယူစရာတွေ များစွာရှိပါတယ်။ လေ့လာပြီးနောက်မှာလည်း လေ့ကျင့်မှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ ယခုထိ မိမိတင်သောပိုစ့်နဲ့ လျော်ညီသော tag များ မတွဲတတ်သေးတာတွေကို တွေ့မြင်နေရပါတယ်။ post, photo credit, tag, bots စတာတွေကို လေ့လာ လေ့ကျင့် လက်တွေ့ လုပ်ဆောင်မှုတွေ ထပ်တလဲလဲ ပြုလုပ်ပေးကြမယ်ဆိုရင် ဧကန်မုချ အောင်မြင်မှုရကြမှာဖြစ်ပါကြောင်း
kyaw 05.jpg
Images Credit - Original Source

@kyawhlaing
MSC - 015

Sort:  

လ- သုံးလုံးဆိုတဲ့ခေါင်းစဉ်ကို စစခြင်းတစ်မျိုးကြီး ဖတ်ဖြစ်လိုက်သေးတယ် သေချာဖတ်ကြည့်မှ လ- သုံးလုံးလို့ အမှန်အတိုင်းမြင်ရတယ်။😁😁😁

ငင့် ရိုးရိုးလေးရေးထားတာ နိလိုရာဆွဲနေနက်😁

တကယ်​အကျိုးရှိ​သောမှတ်​သားစရာအချက်​များပါပဲရှင်​။

ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ

လေ့လာ​လေ့ကျင်​​နေဆဲပါ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မှတ်သားစရာကေင်းလှပါတယ်ဗျာ။steemitမှာတော့ လေ့လာစရာတွေ မကုန်နိုင်နိုင်ဘူးဗျာ

ဒီလိုပဲလေ့လာရင်းလုပ် လုပ်ရင်းလေ့လာသွားရတာပေါ့ဗျာ

ဗဟုသုတရရပါတယ်ဗျာ...

ကျေးဇူးတင်ပါတယ်

လေ့လာ လေ့ကျင့် လက်တွေ့လုပ်ဆောင်

လေးလုံးတောင်ဖြစ်သွားပီ ဟီးး

မှတ်​သားစရာ​တွေပါ

ကျေးဇူးတင်ပါတယ် Bro

အကျိုးရှိတဲ့စာလေးတွေ ဖတ်ခွင့်ပေးတာကျေးဇူးတင်ပါတယ်

လာရောက်ဖတ်ပေးတာကျေးဇူးတင်ပါတယ် bro

ဘဝအတွက် လ-သုံးလုံး အမြဲဆောင်ဖို့လိုပါတယ်။

မှန်တာပေါ့ဗျာ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 75263.74
ETH 2718.66
USDT 1.00
SBD 2.46