Ha Ha ပေးသောချစ်သူများ "သတိ"

in #myanmar6 years ago (edited)

ha 1.jpg
Images Credit - Original Source
!! လူတိုင်း လူတိုင်း မှာ ဘယ်လိုလဲ လူတိုင်း လူတိုင်းမှာ
ဒီဇိုင်းကာလာ ဘာညာအနေအထား…အယ်လဲ့!!

ခုတလောခေတ်ထနေတဲ့ သားစစ်ရဲ့ အသံဖိုင်ကို ringtone ထည့်ထားသော ကိုခြိုက်၏ဖုန်းမြည်သံကြောင့် Breakfast စားနေရင်း ကောက်ကိုင်လိုက်သည်။

" ခြိုက် ... နင်နဲ့ငါ ပြတ်ပြီ "

သူ့ချစ်သူကောင်မလေး၏ စောစောစီးစီး ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်သော စကားသံကြောင့် ကိုခြိုက်တယောက် မျက်စိမျက်နှာပျက်တွေ ပျက်သွားပြီး စားလက်စ ထမင်းကြော်ကိုတောင် ကုန်အောင်မစားနိုင်တော့။

" ငမ့် ... သဲလေးကလဲ စောစောစီးစီး ဘာလို့လဲ၊ ညကအိပ်မပျော်ဘူးလား၊ ဒါမှမဟုတ် အိပ်မက်ဆိုးတွေမက်လို့လား၊ Breakfast ရောစားပီးပီလား "

" တော်စမ်းပါ၊ အပိုတွေလျှောက်ပြောမနေနဲ့
နင်စဉ်းစားလေ၊ ညက ဘာလို့ ငါ့ပုံကို Ha Ha ပေးတာလဲ "

" ဟို အဲဒါက "

ကိုခြိုက် စဉ်းစားရ ခက်၏ …။
တမင် ပေးလိုက်ခြင်းတော့ ဟုတ်မည် မထင်၊ အမှန်က မရည်ရွယ်ပဲ ပေးလိုက်ခြင်းသာ
Ha Ha ရီအက်ရှင်က ကိုခြိုက်၏ ဖေ့ဘရိတ် မဟုတ်ပါလား…။

Images Credit - Original Source

" နင် တစ်ယောက်ထဲဆို ခံသာသေးတယ်။ ခုဟာက နင်တို့ တစ်မိသားစုလုံး ဝိုင်းလုပ်ကြတာ "

" ဘာ ... ဘာလုပ်တာ "

" Ha Ha ပေးတာလေ "

" စိတ်မဆိုးပါနဲ့သဲရေ နော် ... တမင်ပေးတာ မဟုတ်လောက်ပါဘူး၊
သဲလေးဆီ ခြိုက်ခုလာခဲ့မယ်။ ဘယ်သွားမလဲ၊ ဘာစားမလဲ အကုန်လိုက်ကျွေးမယ်…OK "

" တကယ်နော်၊ အာဆို ခုချက်ချင်း အိမ်ကိုလာခဲ့၊ လူချင်းတွေ့မှ ပြောမယ် "

ကိုခြုက် နှင့် အိတုံ တို့ ချစ်သူသက်တမ်း ၈ လကျော်လေပြီ။ တစ်ရပ်ကွက်ထဲ တစ်လမ်းကျော်တွင် နေကြ၍ နှစ်ဘက်မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သဘောတူထားကြသူမို့ မိသားစုချင်းရင်းနှီးနေကြသည်။
ကိုခြိုက် အိတုံ တို့ အိမ်ကိုရောက်လာလေပြီ။

" တောက် ... တောက် ... တောက် "

အိတုံ က တစ်ဖက်လှည့်၍ ဖုန်းကီးဘုတ်အား ပေါက်ထွက်မတတ် အားပေးနေပြန်၏ ...

"ဟိတ်.." ဟု အသံပေးကာ ကိုခြိုက်က အိတုံ ဘေးနားဝင်ထိုင်လိုက်သည်။

" ဟာ ... ခြိုက်...

ဒီမှာကြည့်စမ်း…ဒါတော့ တော်တော်များသွားပြီ "
ငတိမက သူ့ဖုန်းအား ကိုခြိုက်ထံ ထိုးပြ၏။
သူမ၏ ဂျက်စ်နောင်း စတေးတပ်တွင် Ha Ha တစ်ခု ရောက်နေပြန်သည်။ ပေးသူက တခြားလူ မဟုတ်၊ ကိုခြိုက်၏ညီမ မြင့်မိုရ်…။
ha 2.jpg
Images Credit - Original Source

" ထွီ ...မြင့်မိုရ်တော့ လုပ်ပြီ "

" အဲဒါကြောင့် နင့်ကိုပြောတာပေါ့…
ငါက feel status ပဲ တင်တာ၊ သူတို့က Ha Ha ပဲ ပေးတယ်လေ "

" သဲက ဘာတင်လိုက်တာလဲ "

" အီအီးပါတိုင်း လွမ်းတယ် ခြိုက်ရယ်…. လို့ "

" ဖီးးး ... "

" နင့်အိမ်က လူတွေကို ပြောထားဟာ ... ငါ့ကို ဟဟ မပေးနဲ့လို့
မပြောရင် နင်နဲ့ငါ ပြတ်မယ်နော် "

" ဗုဒ္ဓေါ ... "

ကိုခြိုက် ချော့ရပြန်၏။
ချော့သော်လည်း မပြေ ငတိမက Ha Ha မပေးရန်သာ အတင်းတောင်းဆို၏။
ထို့ကြောင့် ချက်ကင်နှင့် အတူ ကိုခြိုက် status တင်ရလေတော့သည်။

~ အိတုံမ စိတ်ကောက်နေသည် ... Ha Ha မပေးရ၊
Ha Ha ပေးရင် တန်းစီ block မည် ...။
ပုံ/ ခြိုက် ###

အိတုံမ အနည်းငယ် ပြန်ပြုံးသွား၏
ထိုအပြုံးကား ကြာကြာ မခံလိုက်ပေ။

" ဟာ ... Ha Ha တက်လာပြန်ပြီ "

ကြည့်လိုက်တော့ ... အဖေ
နောက်ဆက်တွဲ ကွန်မန့်တစ်ခုပါ ထပ်ဝင်လာ လေသေးသည်။
😂😂😂

~ ဟဟပဲ ရမယ် ငါ့သား ~ :-D
ပုံ ... မှတ်ကြီး

ha 3.jpg
Images Credit - Original Source

" ကိုင်း ... ခြိုက် ဘလော့စမ်းးး "

ကိုယ့်စကားနှင့် ကိုယ်မို့ ကိုခြိုက်တယောက် အဖေ့ကို ရင်နာနာနှင့် ဘလော့ရတော့သည်။
အဖေလည်း စိတ်ကောင်းမည် မထင်။

" ဟာ ... Ha Ha တက်လာပြန်ပြီ ... မြင့်မိုရ်တဲ့ "

စကားသံအပြီး ကိုခြိုက်ညီမ၏ ကွန်မန့်လဲ ထပ်ဝင်လာလေတော့၏

~ ဟဟ မလိုချင်လဲ Ha Ha ပဲ ရမယ် ကော်ရီး ငိငိ ~

" ခွီး ... "

ha 4.jpg
Images Credit - Original Source

မြင့်မိုရ်ကိုလည်း ဘလော့ရပြန်၏။
ကိုခြိုက်အမေလည်းပါ၏။
အကောင့်ထဲမှ ကိုခြိုက်တို့အကြောင်း သိနေသော
အရင်းနှီးဆုံးသူငယ်ချင်း တော်တော်များကို ဘလော့ လွှတ်လိုက်ရ တော့သည်။
၎င်းနောက် ကိုခြိုက်အကောင့်မှာလည်း လူ ဆယ်ယောက် ပျော့ပျော့သာ ကျန်တော့သည်။
အဲဒီတော့မှ အိတုံမ စိတ်ပြေသွားတော့သည် ...။

" ခြိုက် ... ဘလော့ကို ပြန်မဖြုတ်ရဘူးနော် "

" အေးပါ "

" နေဦး ... status တင်ဦးမယ် "

သိပ်မကြာလိုက်
ကိုခြိုက် News Feed ထဲ အိတုံမ နာမည်နှင့် stutas တစ်ခု တက်လာတော့၏။
ငတိမအား ဆီးဖက်စ် လုပ်ထားရသေးသည်။

~ ခြိုက် ... အရမ်း ချစ်တယ် ...
အူမွ ~~~

ကိုခြိုက် ဝမ်းသာအားရနှင့် အသဲပုံပေးရန် like ခလုတ်အား ဖိနှိပ်ထား လိုက်သည်။

" ကျဒိ ကျဒိ ... "

ပြီးနောက် ... love ပုံလေးအား အားရပါးရ ဖိနှိပ်လိုက်တော့သည် ...

" ဘိုတောက် ... "

" လခွမ်းးးး ... Ha Ha "

ကိုခြိုက်မှာ ပြန်ပြင်ချိန်ပင် မရလိုက်
အိတုံမ ပွဲကြမ်းလေ တော့သည်။

ha 5.jpg
Images Credit - Original Source

" နင် Ha Ha ပေးတယ် ပေါ့လေ "

" ဟိုလေ… "

" ဘာမှလာမပြောနဲ့ နင်နဲ့ငါ ပြတ်ပြီ "

" အာ… "

" ဒီမှာ ကိုခြိုက် နင်သေလည်း ငါ့ကိုမဖိတ်နဲ့
ငါလည်း နင်သေရင် မလာဘူး "

ပြောဆိုပြီး မ အိမ်ပေါ်ကိုတက် တက်သွားတော့သည်။

" ဖီးး ... "

ရန်တွေ့တာတောင် သူ့ဖက်က အကောင်းချည်း ပြောသွားသေးတယ်
ဂန်းနာမ ...။

စိတ်ဆိုး၍ ထွက်သွားသော အိတုံမ၏ နောက်ကျောကို ကြည့်ရင်း ...
အိတုံမ အကောင့်ထဲအား ဝမ်းနည်းစွာ ပြန်ဝင်ကြည့်လိုက် သော အခါ ...

" ကွန်တက် နော့ အဗေးလေဘဲလ် "

" ဖာ့ခ် "

ထိုအချိန်မှစ၍ ကိုခြိုက်တစ်ယောက် ဟဟ ရီအက်ရှင်အား လွန်စွာ နာကျည်း မုန်းတီးခဲ့လေတော့သည် ... ။

ကတောက်စ်!
ha 8.jpg
Images Credit - Original Source

@kyawhlaing
ရယ်မောပျော်ရွှင်နိုင်ကြပါစေ

Sort:  

ha…ha ha…ha ha…ha……………………
ပေးသွား သည် … ဟီးဟီး ရယ်ရဒယ် တော့

ဖတ်ပေးတာကျေးဇူးတင်ပါတယ်

ဟဟ..ဟီးဟီး

ဟဟ ဆို အသေမုန်းတာနော် ခ်ခ်

Congratulations @kyawhlaing! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63725.17
ETH 2619.74
USDT 1.00
SBD 2.82