သွေးလိုက်ကြစို့

in #myanmar6 years ago (edited)

Steemit members အားလုံး မင်္ဂလာပါ
Steemit သည် အလွန်ကျယ်ပြန့်သော social media တခုဖြစ်ပါသည်။ Steemit Platform နဲ့ပတ်သက်ပြီး လေ့လာစရာတွေ အမြားကြီးရှိပါတယ်။ ကျွန်တော်တို့တထွေ လေ့လာနေဖို့၊ မိမိတို့ရဲ့ စွမ်းဆောင်ရည်တွေ တောက်ပြောင်နေဖို့ အမြဲသွေးနေဖို့လိုပါတယ်လို့ သတိပေးလိုက်ပါရစေ။

တစ်ခါတုန်းက အလွန်သန်မာတဲ့ သစ်ခုတ်သမားကြီးတစ်ယောက်ဟာ သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်သွားလျှောက်တော့ အလုပ်ရသွားပါတယ်။ သူရဲ့လစာကလည်း အလွန်ကောင်းသလို အလုပ်ခွင်အခြေအနေကလည်း အလွန်ကောင်းတော့ သစ်ခုတ်သမားဟာ သူအလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
U5dr2e2tv6gir1gYpTGBPSsL2xwVDjG_1680x8400.jpg
သူဋ္ဌေးက သစ်ခုတ်သမားကြီးကို ပေါက်ဆိန်တစ်လက်ပေးပြီး သစ်ခုတ်ရမယ့်နေရာကို လိုက်လံပြသပေးပါတယ်။
ဒီလိုနဲ့ ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် (၁၀) ပင် ခုတ်လှဲနိုင်ပါသတဲ့”
“ဂုဏ်ယူပါတယ်ကွာ ဒီအတိုင်းသာ ဆက်ပြီးအလုပ်လုပ်” လို့ သူဋ္ဌေးကြီးက သစ်ခုတ်သမားကို ပြောပါတယ်။
သူဋ္ဌေးရဲ့ချီကျူးခံရတာကြောင့် သစ်ခုတ်သမားကြီးလည်း စိတ်အားအလွန်တက်ကြွသွားပြီး နောက်တစ်နေ့မှာ ဒီထက်ပိုပြီး ကြိုးကြိုးစားစားနဲ့ သစ်ပင်တွေကို ခုတ်ပါတယ်။ ဒါပေမယ့် (၇) ပင်သာ ပြီးအောင် ခုတ်လှဲနိုင်ပါတော့တယ်။
တတိယမြောက်နေ့မှာလည်း ပိုပြီးကြိုးစားပေမယ့် သစ်ပင်(၅)ပင်သာခုတ်လှဲနိုင်ပါတော့တယ်။ ဒီလိုနဲ့ နောက်နေ့တွေ နောက်နေ့တွေခုတ်လာလိုက်တာ သစ်ပင်ခုတ်နိုင်တဲ့ အရည်အတွက်လည်း နဲသထက်နဲနဲ လာပါတယ်။
12417597_1688277011385105_170380102110201059_n.jpg
သစ်ခုတ်သမားကြီးဟာ သူ့ရဲ့ခွန်အားတွေ ယုတ်လျော့ကျဆင်းလာတယ်လို့ တွေးမိပါတယ်။ အဲဒါနဲ့ သူ့ရဲ့သူဋ္ဌေးဆီကိုသွားပြီးတော့ "တောင်းပန်ပါတယ်၊ နောက်ပြီးတော့ ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်ဆိုတာကို တွေးလို့မရဘူး"လို့ ပြောပါတယ်။
ဒါနဲ့ သူဋ္ဌေကြီးက သစ်ခုတ်သမားကိုမေးပါတယ် “မင်းကို ပုဆိန်ပေးပြီးတဲ့ နေ့ကစပြီး ပုဆိန်ကိုရော သွေးဖြစ်ရဲ့လား” တဲ့
“ပုဆိန်ကိုသွေးဖို့…… ကျွန်တော် ပုဆိန်ကို သွေးဖို့ အချိန်မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သစ်ပင်တွေကိုဘဲ အာရုံစိုက်ပြီး ခုတ်ဖို့လုံးပန်းနေလို့” ဆိုပြီးတော့ သစ်ခုတ်သမားကြီးက ပြန်ပြောပါတယ်။
ဒီလိုပါဘဲ… ကျွန်တော်တို့ တစ်တွေလည်း sbd ရဖို့အရေးသာတွေးပြီး စာတွေရေး ပို့စ်တွေတင်နေကြတယ်။ မိမိတင်တဲ့ပိုစ့် အရည်အသွေးကို ပြန်လည်ဆန်းစစ်ဖို့၊ ပိုမိုတိုးတက်ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝတဲ့ ပိုစ့်တစ်ခုဖြစ်အောင်လုပ်ဖို့ မေ့လျှော့နေတတ်ကြပါတယ်။ နောက်ပြီး steemit အကြောင်း ကျွန်တော်တို့ လေ့လာထားသလောက်ကရော ပြည့်စုံနေပြီလား။ တစ်ကယ်တော့ steem မှာ အောင်မြင်ဖို့ဆိုရင် အမြဲမပြတ်လေ့လာနေဖို့၊ ကျွန်တော်တို့ရေးနေတဲ့ပိုစ့်တွေရဲ့ အရည်အသွေး ပိုမိုထက်မြက်တောက်ပြောင်လာအောင် အမြဲမပြတ် သွေးနေဖို့ လိုအပ်ပါကြောင်းးးးး
DQmSQkGjn9nYY1PMCcXmX8XcUZVnuKw5yBobAtULFxXx8i3.png
Steemit ချစ်​သူမိတ်​​ဆွေအ​ပေါင်း​အောင်​မြင်​ကြပါ​စေ
@kyawhlaing
photo - google image

Sort:  

မှန်​ပါတယ်​ရှင်​။proအတွက်​​ရေးတဲ့postတင်​မဟုတ်​ဘဲdaily postများ၏အ​ရေအ​သွေးကိုလည်းတ​နေ့​ထက်​တ​နေ့​ကောင်း​အောင်​ကြိုးစားရမှာပါရှင်​။

ဟုတ်ကဲ့ပါ
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

အရမ်းကောင်းတဲ့ ပညာပေးပုံပြင်လေးပါဗျာ.. ကျေးဇူးတင်ပါတယ်အကို

ပုံပြင်လေးအရမ်းကောင်းတယ် ကိုကျော်ရေ အားလည်းဖြစ်စေပါတယ် ကျေးဇူးပါလို့

သွေးနေပါတယ်ဗျ

သွေးထား
5ting

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.

ဟုတ်ကဲ့ပါခင်ဗျာ ကြိုးစားပြီးရေးနေဆဲပါ

မသွေးဘဲ ခုတ်နေရင် သစ်ပင် မြန်မြန် မလှဲနိုင်သလို
နည်းပညာဗဟုသုတ မလေ့လာလဲ ရမ်းသမ်းလုပ်နေရင်လည်း
အောင်မြင်မှု အမှန်မရနိုင်ပါပေါ့။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 66845.00
ETH 3089.30
USDT 1.00
SBD 3.72