ငွေဆောင်သွားပီးရေဆော့မလား ဒါကိုအယင်ဖတ်

in #myanmar6 years ago (edited)

အခုလိုပူပြင်းတဲ့ရာသီမှာ လူတိုင်းရဲ့စိတ်ထဲမှာ ပင်လယ်ကမ်းခြေကို အရင်ဆုံး မြင်တတ်ကြပါတယ်။ အလုပ်တွေရဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ဖြေဖျောက်ဖို့အတွက် ရုံးပိတ်ရက်တွေကို ပင်လယ်ကမ်းခြေမှာ ပျော်ပျော်ကြီး အချိန်ကုန်ဆုံးတတ်သူတွေအတွက် ကမ်းခြေမှာ ရေဆော့ပြီးရင် ပြုလုပ်သင့်တဲ့အရာလေးတွေကို လက်တို့ပေးလိုက်ပါတယ်။
Screenshot_12.jpg
Author : kyawhlaing
လူအများစုဟာ ကမ်းခြေရောက်ပြီဆိုတာနဲ့ ရေထဲကို ပြေးဆင်းတတ်ကြပါတယ်။ သို့ပေမယ့် သတိပြုရမယ့် အချက်ကလေး တစ်ချက်နှစ်ချက်လောက်ကိုတော့ မေ့နေတတ်ကြပါတယ်။ ပင်လယ်ရေတွေဟာ အညစ်အကြေးပေါင်းစုံ စုနေနိုင်တဲ့အတွက် မျက်လုံးနဲ့ ပါးစပ်တွေထဲ မ၀င်အောင် အထူးသတိပြုသင့်ပါတယ်။ ကျွန်တော် ငွေဆောင်ရောက်တဲ့အခိုက်အတန့်မှာတော့ ပင်လယ်ထဲ ရေးကူးဆော့နေကြတာ အများကြီးပါပဲ၊ ပျော်စရာလည်းကောင်းပါတယ်။ ဒါပေမေ့ အဲဒီလူတွေရဲ့ 30% လောက်သာ မျက်မှန်တပ်ပီး ရေဆော့တာတွေ့ရပါတယ်။ ပါးစပ်ကို Mask တပ်ပီး ဆော့တဲ့သူ တယောက်တလေမှ မတွေ့ရပါဘူး။
f5.png
Images Credit - Original Source
ပင်လယ်ရေမှာ ဘက်တီးရီးယားမျိုးစုံ ပါဝင်နေနိုင်တဲ့အတွက် မျက်လုံးနဲ့ပါးစပ်နေရာတွေကို ရေတွေဝင်သွားတဲ့အခါ မျက်လုံးနာတာ၊ ၀မ်းပျက်ဝမ်းလျှောဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကမ်းခြေမှာ ရေဆော့မယ်ဆိုရင် မျက်လုံးနဲ့၊ ပါးစပ်ထဲကို ပင်လယ်ရေတွေ မ၀င်အောင် ဂရုစိုက် ကာကွယ်သင့်ပါတယ်။
mask.jpg
Images Credit - Original Source
ထို့ပြင် ပင်လယ်ကမ်းခြေမှာ ရေဆော့တော့မယ်ဆိုရင် သက်သောင့်သက်သာ အရှိဆုံးဝတ်စုံတွေကို ရွေးချယ်သင့်ပါတယ်။ သောင်ပြင်ကျယ်နဲ့ ပင်လယ်ပြင်ကြီးရဲ့ ရှေ့ကို ရောက်နေပြီဆိုမှတော့ ဟန်တစ်လုံး ပန်တစ်လုံးနဲ့ ပွဲတက်သလိုတွေ ၀တ်ဆင်မယ့်အစား သက်သောင့်သက်သာရှိပြီး စတိုင်လ်ကျမယ့် ကမ်းခြေဖက်ရှင်မျိုးကို ၀တ်ဆင်သင့်ပါတယ်။ လှရင်ပြီးရောဆိုပြီး နေရထိုင်ရတာ အဆင်မပြေတဲ့ အ၀တ်အစားမျိုးတွေ ၀တ်မိတဲ့အခါ နေကပူ၊ ရေကစိုနဲ့ တော်တော်လေး ကသိကအောက် ဖြစ်စေနိုင်ပါတယ်။ ရေကူးဝတ်စုံနဲ့ဆော့တာ ပိုကောင်းပါတယ်။ ကြပ်ထုတ်ပြီး နေရထိုင်ရ ခက်စေတဲ့ အ၀တ်အစားတွေနဲ့ ရေဆော့မယ်ဆိုရင် လိုအပ်တာထက်ပိုပြီး ပင်ပန်းစေတယ်ဆိုတာကိုလည်း သတိပြုပါ။
Screenshot_14.jpg
Author : kyawhlaing
ပင်လယ်ထဲ စိတ်ကြိုက် ရေဆော့ပြီးတဲ့အခါ အချို့က ပင်ပန်းလွန်းတဲ့အတွက် အမောပြေ အုန်းစိမ်းရည်သောက်ပြီး ရေချိုးမနေတော့ဘဲ အ၀တ်အစားလေး လဲလိုက်တာမျိုး လုပ်တတ်ကြပါတယ်။ ပင်လယ်ရေတွေနဲ့ ထိထားတဲ့ အသားအရေကို ပြန်လည်သန့်စင်စေဖို့အတွက် မဖြစ်မနေ ရေချိုးဖို့ လိုအပ်ပါတယ်။ အချို့ကျပြန်တော့လည်း ရေတော့ချိုးလိုက်ပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့ သေသေချာချာ ပွတ်တိုက်ဆေးကြောမနေတော့ဘဲ ရေပန်းအောက်မှာ ရေဆေးပြီးတော့ ပြန်ထွက်လာတာမျိုး လုပ်တတ်ကြပါတယ်။ ရေဟာ သန့်စင်ပေးတဲ့ သဘာဝရှိတယ်ဆိုပေမယ့် မသန့်ရှင်းတဲ့ ရေတွေက ကပ်ငြိပါလာတဲ့ ဘက်တီးရီးယား၊ ပိုးမွှားအားလုံးကို သန့်ရှင်းသွားအောင်တော့ မစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် မသန့်ရှင်းတဲ့ ရေကတစ်ဆင့် ဖြစ်ပွားစေနိုင်တဲ့ ဖျားနာတာတွေ၊ မျက်စိနာတာတွေ၊ ၀မ်းပျက်ဝမ်းလျှောဖြစ်တာတွေကို ကာကွယ်ပေးနိုင်တဲ့ ဆပ်ပြာကောင်းကောင်းနဲ့ သေသေချာချာ ပွတ်တိုက်ဆေးကြော သန့်စင်ပေးသင့်ပါတယ်။ စိတ်အညစ်အကြေးလို့ ပြောနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ပင်လယ်ကမ်းခြေမှာ လာရောက်ဆေးကြောသလိုပဲ မသန့်ရှင်းတဲ့ ရေတွေကတစ်ဆင့် ကူးစက်ဖျားနာစေမယ့် ဘက်တီးရီးယား၊ ရောဂါပိုးတွေကိုလည်း မမေ့မလျော့ ဆေးကြောသန့်စင်ဖို့ လိုပါတယ်လို့ တိုက်တွန်းပါတယ်။
အားလုံးပဲ ကျန်းမာရွှင်လန်းပြီး ပျော်ရွှင်ဖွယ်အချိန်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကိုယ်တွေကတော့ ငွေဆောင်အပြန်မှာ ညိုပြာနက် ဖြစ်လာပါတယ်။ ဒါပေမေ့ ပျော်ပါတယ်လို့စ့်

ငွေဆောင်အပိုင်းအစ
Author : kyawhlaing
MSC-015

Sort:  

မသိဘူးကဲမယ်ဆိုတာရီးဘဲ ခုမှအန္တရာယ်တွေသတိထားမိတယ်ဗျာ

သိထားသင့်တယ်ဗျာ

ကချစ် နိက လက်နှစ်ချောင်းထောင်ပြနေတေ..အဟိ ဒါက..ဘာကိုဆိုလိုသလဲဆို..
အဟီး..အဟင်း.😂😅 ကြောတော့ပါဝူး😁

ပြောကျိလေ ရင်ထဲပေါ့တွားတာပေါ့

အေးဗျာ ကိုချစ်ရေးပြမှ သတိထားမိတော့တယ် ကျေးဇူးပါဗျာ

ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျာ

အရာရာသတိရှိတာကောင်းပါတယ်၊ ဘက်တီးရီးယားဆိုတာကတော့ ပင်လယ်ရေမှမဟုတ်ပါဘူး၊ ပိုးသတ်ထားတဲ့ရေသန့်ကလွဲရင် ရေတိုင်းမှာရှိပါတယ်

ဟုတ် သတိထားသင့်တာပေါ့ဗျာ

ဒါကို အယင်ဖတ် နေရာမှာ #ဒါကိုအရင်ဖတ်#လို့ ပြောင်းစေချင်တယ်အကိုရေ

တခါမှကမ်း​ခြေမသွားဖူးဘူးရှင်​။ဒီလို​ရေးပြ​တော့လည်းသွားဖြစ်​ရင်​ဆင်​ခြင်​ရတာ​ပေါ့ရှင်​။

ဟုတ် ရေးရကျိုးနပ်တာပေါ့ဗျာ
ဖတ်ပေးတာကျေးဇူးတင်ပါတယ်

ဆပ်​ပြာ​များများ​ဆောင်​ရမှာ​ပေါ:-)

Oki တို့ဘာတို့ဆောင်သွားလေ 😄

ဟုတ်တယ် ရေမြန်မြန်ချိုးဆပ်ပြာဖြစ်သလိုတိုက်ပြီး
အဆုံးသတ်လိုက်တာ

ဆပ်ပြာကိုသေချာတိုက်သင့်ပါတယ်

ရေနစ်​မှာပို​ကြောက်​တယ်​ 😄

ငင့် ဘောကွင်းနဲ့ကူးလေ😄😄

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 63338.07
ETH 2589.58
USDT 1.00
SBD 2.82