လောကဓံ လောကဓံ Steemit နှင့် လောကဓံsteemCreated with Sketch.

in #myanmar7 years ago

steemit.jpg
မွေးဖွားသည်မှ သေသည့်တိုင် လူသားများအမြဲကြုံတွေ့နေရသော လောကဓံတရားရှစ်ပါးရှိသည်။
လာဘ်ရခြင်း လာဘ်မရခြင်း
ချမ်းသာခြင်း ဆင်းရဲခြင်း
ချီးမွမ်းခံရခြင်း ကဲ့ရဲ့ခံရခြင်း
အခြွေအရံပေါခြင်း အခြွေအရံမရှိခြင်း တို့ဖြစ်သည်။
အကောင်းလောကဓံလေးပါး အဆိုးလောကဓံလေးပါးပေါ့။
လူဖြစ်လာသည်နှင့် မကြုံချင်လို့မရ ရှောင်ပြေးလို့မလွတ် နေ့စဉ်နှင့်အမျှ ကောင်းဆိုးနှစ်တန် လောကဓံနှင့် ကြုံနေရသည်မှာ ဧကန်မလွဲပေ။ လူတချို့သည် အကောင်းလောကဓံနှင့်ကြုံရလျှင် စိတ်ဘွင်မြင့်သွားပြီး အောက်ခြေလွတ်သွားတတ်ကြသည်။ အဆိုးလောကဓံနှင့်ကြုံရလျှင် တော်တော်ကံဆိုးတာပဲ ငါလောက်ကံဆိုးသူ ဒီကမ၁္ဘ မှာရှိပါဦးမလား ညည်းတွားကာ စိတ်ဓာတ်ကျသွားတတ်ကြသည်။
တကယ်တော့ လောကဓံသည် ကြောက်စရာမဟုတ်သလို ချစ်ခင်နှစ်သက် မက်မောစရာလည်းမဟုတ်ပါ။ လူမှန်သမျှ မလွဲမသွေတွေ့ကြုံနေရမည့် ဖြစ်မြဲတရားသာဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ အကောင်းလောကဓံနှင့်ကြုံလာလျှင် မမြောက်ကြွားဖို့၊ အဆိုးလောကဓံနှင့်ကြုံရလျှင် တုန်လှုပ်မသွားဖို့သာလိုသည်။
မွေးသည်မှသေသည်အထိသာ လောကဓံရှိတာမဟုတ်၊ steemit မှာလဲ လောကဓံရှိတယ်။
မိမိတင်လိုက်သောပိုစ့် အကြောင်းအရာနှင့်အညီtagတွဲတာလဲမှန်ကန် အရေးအသားလဲကောင်း လူအများစိတ်ဝင်စားလို့ vote တွေများများရ $တွေတက်လာ၊ steem power တွေတက်လာခြင်းသည် အကောင်းလောကဓံ၊
တခါတလေ အပြင်ကအလုပ်တွေလဲရှိသေးတော့ စာရေးဖို့အချိန်မရ တွေ့ကရာ သူများရေးထားတာတွေကို ကော်ပီကူးပီးကောက်တင် cheetah comment ထိ vote ပေးမဲ့သူမရှိ၊ သူငယ်ချင်းအရင်းတွေ vote ပေးသော်လဲ $မရ၊ Steem Power ကနည်းတဲ့အထဲ သူငယ်ချင်းတွေကိုပြန် vote တွေပေးရ၊ power က ဒုန်းဒုန်းကျ၊
Power တက်လိုဇောနဲ့ ကော်ပီတွေပဲလိမ့်တင် cheetah comment အထိများလာတော့ steem cleaner ပါရောက်လာပြီး မရှိမဲ့ရှိမဲ့စုထားတဲ့ $လေးတွေအကုန်မသွား အကောင့်ပါထိမ်းသိန်းခံလိုက်ရတာတွေက အဆိုးလောကဓံတွေပေါ့ကွယ်။
ကောင်းတလှည့် ဆိုးတလီ တလှည့်စီသွားနေတဲ့ လောကဓံကိုသဘောပေါက်ထားလျှင် steemit social media platform ပေါ်တွင်လုပ်နေသော မိတ်ဆွေများ vote မရလို့လည်း စိတ်ဓာတ်ကျစရာမလို အားငယ်စရာမလိုသလို vote တွေရ $ တွေရနေလို့လဲ မြောက်ကြွစရာမလို၊ ပုံမှန်အတိုင်း မိမိတို့ aida ကို အကောင်းဆုံးချပြနိုင်အောင် ကြိုးစားဖို့ပဲလိုပါတယ်။ မိမိတို့တွေ့ကြုံနေရသော လောကဓံတွေကြားက အကောင်းဆုံး original post များရေးသားတင်ပြခြင်းဖြင့် steemit မှာ အောင်မြင်မှုရကြပါစေ
(မည်သူတဦးတယောက်ကိုမျှရွယ်ရည်ပြီး ရေးသားခြင်းမဟုတ်ပါ အားငယ်နေကြသော new user များအား အားပေးရုံမျှသာ)

@kyawhlaing

Sort:  

အိမ်း တယ်​လဲ တတ်​ပါ့😃😃😃

နိတယ်ရင်းပဲလေ :-D

ဟုတ်နေပီ ဘရိုရေ

ဟီးး လျှောက်ရေးနေတာပါ

like နှင့်vote

ကျေးကျေး

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58004.44
ETH 2579.54
USDT 1.00
SBD 2.40