ဘုန်းတော်ကြီးကျောင်းအတွက် MSC Donate

in #myanmar7 years ago (edited)

20180121_075756.jpg
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းသစ် ကျောင်းလွှတ်ရေစက်ချပူဇာ အလှူမင်္ဂလာ ပွဲတော်ကြီး၌ တတပ်တအားပါဝင်လှူဒါန်းကြသော MSC မိသားစုများအား ရွာသူရွာသားများ၏ကိုယ်စား ကျွန်တော် @kyawhlaing မှ အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း လေးစားစွာဖြင့် ပဏာမ ပြောကြားပါလိုက်ပါတယ်။
q.jpg
kk.jpg
IMG_20180121_113537.jpg
s.jpg
ကျွန်တော်တို့ကျေးရွာ၏ ကျောင်းသစ်ရေစက်ချပွဲ အလှူမင်္ဂလာအခမ်းအနားကို (jan-20/21 ) ရက်များတွင်း ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ယခုအခါ အောင်မြင်စွားပြီးဆုံးသွားခဲ့ပါပြီ။
IMG_1373.JPG
IMG_1375.JPG
ထိုအလှူမင်္ဂလာပွဲတော်ကြီးတွင် ကျောင်းတိုက်အတွင်း မပြီးသေးဘဲကျန်ရှိနေသောနေရာများတွင် အသုံးပြုနိုင်ရန် MSC မိသားစုမှလှူဒါန်းသော န၀ကမ္မ၀တ္ထုငွေများကို ယနေ့ (21-1-2018) တနင်္ဂနွေနေ့ ကျွဲထိုးကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ အရှင်ဘုရားထံ အပ်နှံလှူဒါန်းခဲ့ပါတယ်။
IMG_1351.JPG
IMG_1349.JPG
ဆရာတော်ဘုရားကလည်း ၀မ်းမြောက်ဝမ်းသာစွာဖြင့် လက်ခံကာ MSC မိသားစုများ ဒီထက်မကအောင်မြင်မှုရပါစေကြောင်း မိမိတို့တိုင်းရင်းသားညီအစ်ကိုများ အချင်းချင်းလက်တွဲညီညာစွာဖြင့် အမျိုးဘာသာ သာသနာအတွက် အကျိုးပြုလုပ်ငန်းများကို ဒီထက်မကလုပ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သပေးပါတယ်။
IMG_20180121_152030.jpg
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းသစ်အတွက် အလှူငွေများပေးလှူကြသော MSC မိသားစုများကို မှတ်တမ်းတင်အပ်ပါသည်။
nyinyiwin. 2steem
domelay. 2steem
ayemomo. 2steem
Phyozawooburmes 1steem
billionairehein. 1steem
zinminhtet. 1steem
kyi. 1steem
Zinzin. 1steem
Paingphyothu. 1steem
thatkozaw. 2steem and 10000mmk
theinzawlin.1steem
shweyaungmyanmar 1steem
Ahtaroo 2 steem
konaing 3 steem
21 steem

caesarsupaimin. 1sbd
sattpaing. 1sbd
zawmyo. 1sbd
htwegyi. 2sbd
အရှင်gunapeya. 1sbd
aunggyi100. 0.5
sbd eieikhing. 1sbd
komoezaw. 1sbd
htinlinaung. 1sbd
honeysara. 1sbd
myothuzar. 1sbd
sawlwin. 1sbd
phyowaiaung 2sbd
aungzawhtwe 1sbd
konyi 3sbd
ansoe 2sbd
kyawhlain 10000 mmk
စုစုပေါင်း 21 steem, 20.5 sbd, 20000mmk ရရှိခဲ့ပါတယ်။
41.5 × 4 = 166 usd × 1400 mmk = 232,400 mmk +20000mmk= 252,400mmk
MSC မိသားစုများအားလုံး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပေးကြပါ။
နောက်နောင်လည်း msc မိသားစုများ steemit platform ပေါ်တွင် ဆက်လက်ချီတက်ရင်း လိုအပ်သောနေရာများတွင် မိမိတို့တပ်အားသမျှပါဝင်လှူဒါန်းနိုင်ကြပါစေကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
20180121_075723.jpg

@kyawhlaing
MSC -015

Sort:  

သာဓု သာဓု သာဓု ပါဗျာ ခုလိုလှူဒန်းမှု့တွေကိုမြင်တွေရတာ ဝမ်းသာပီတိဖြစ်မဆုံးဘူးဗျာ နောက်ထပ်လဲ့ဒီလိုလှူဒန်းမှု့တွေကို steemit မှာအမြဲထာဝရပြုလုပ်ချင်ပါတယ် ပြုလုပ်နိုင်လိမ့်မယ်လိုလေး မျော်လင့်မိပါတယ် msc အမြန်ဆုံး ပြန်ရှင်သန်နိုင်ပါစေလို ဆုတောင်းလျက်ပါ

ကျေးဇူးတင်ပါတယ်

နောက်ကျလှူမယ်ဗျာ ခုတော့ဘိုင်ပြတ်နေလို့ သာဓု သာဓု သာဓု ပါဗျာ

ကြိုးစားကြတာပေါ့

သာဓု သာဓု သုံးခါထု
ဝမ်းမြောက်ဝမ်းသာ ပြုပါတယ်
ကောင်းလေစွပါကွယ်
ပိုပိုကောင်းဖို့ ဆုရယ်တောင်း
နိဗ္ဗာန်ရောက်စေကြောင်း ။

ကဗျာဆရာကြီးဖြစ်နေပီလားကွယ်
ကဗျာလေးနဲ့ဆုတောင်းပေးတာ
ကျေးဇူးတင်ပါတယ်

ရှေ့ဆက်​ပြီး​တော့လဲ လှူတန်းသွားချင်​ပါ​သေးတယ်

ဟုတ် ကြိုးစားကြတာပေါ့ဗျာ
ကျေးဇူးတင်ပါတယ်

သာဓု သာဓု သာဓုပါဗျာ

ကျေးဇူးတင်ပါတယ်

သာဓု သာဓု သာဓု ပါဗျာ

ကျေးဇူးတင်ပါတယ်

နောက်နောင်လည်းအခုလို MSC မိသားစုများနဲ့အတူတကွ ထပ်လှူချင်ပါသေးတယ် ကိုချစ်ရေ။

ဖြစ်လာမှာပေါ့ ငထွေးရေ အတူကြိုးစားကြတာပေါ့

သိပ်​​ကောင်းတဲ့လုပ်​ရပ်​ပါဘဲဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်

သာဓု သာဓု သာဓု

ကျေးဇူးတင်ပါတယ်

ကျေနပ်​ဂုဏ်​ယူဝမ်း​မြောက်​မိပါတယ်

ခုလိုလှူဖြစ်လာအောင် အကြံညာဏ်တွေပေးပြီး ကိုယ်တိုင်အလှူခံပေးခဲ့တဲ့ကသက်ကို အထူးကျေးဇူးတင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 56776.60
ETH 2424.08
USDT 1.00
SBD 2.37