ဘ၀အမြင်နှစ်မျိုး

in #myanmar7 years ago

Capture.JPG
လူတိုင်းလူတိုင်း ဘ၀တစ်ခုစီရရှိထားကြလို့ လူတိုင်းလူတိုင်းမှာ ကိုယ်စီ ဘ၀ကလေးတွေရှိနေကြတယ်၊ သို့သော် ဘ၀နဲ့ပတ်သက်ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း မတူကြပေ။ တချို့ကဘ၀ကို ပျော်စရာလို့မြင်ကြတယ်၊ တချို့က ဘ၀ကို ငြီးငွေ့စရာလို့မြင်ကြတယ်။
ဘ၀မှာ အဆင်ပြေနေတဲ့သူတွေက ငါတို့ရထားတဲ့ဘ၀ဟာ သာတောင့်သာယာရှိတယ်၊ အင်မတန်မှကောင်းတယ်လို့ ဘ၀ကို အကောင်းမြင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို ဘ၀မှာ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကျတော့ "အို…ဘ၀ကြီးကလည်း ခါးလိုက်တာ ငြီးငွေ့စရာကောင်းလိုက်တာ"တဲ့။ ဒီလို ဘ၀ကနေထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်လာလောက်အောင် ဘ၀ကို စက်ဆုပ် ရွံမုန်းတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒီလို ဘ၀နဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြတယ်။
ဘ၀ကို ကောင်းတယ် သာယာတယ် လှပတယ်လို့ မြင်တဲ့ပုဂ္ဂိုလ်ကတမျိုး၊ ဘ၀ကို အရုပ်ဆိုး အကျဉ်းတန်တယ်လို့ မြင်တဲ့ပုဂ္ဂိုလ်ကတမျိုး၊
ထိုနှစ်မျိုးစလုံးရဲ့အမြင်တွေဟာ သေချာစဉ်းစားကြည့်ရင် ဓမ္မအမြင်နဲ့မြင်တဲ့ အမြင်မျိုးမဟုတ်ဘူး။
ဘ၀ကို လှပတယ် သာယာတယ် ပျော်စရာကောင်းတယ်လို့ မြင်တဲ့ပုဂ္ဂိုလ်တွေက ဒီထက်ကောင်းတဲ့ဘ၀ကို မျှော်လင့်တောင့်တပြီး ကောင်းသထက်ကောင်းအောင် လုပ်ယူနေကြတယ်။ တိုတောင်းတဲ့ဘ၀ကလေးတောင်မှ တချို့ပုဂ္ဂိုလ်တွေက ဘ၀ဟာ အင်မတန်တိုတယ်၊ ရနိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နေရမယ်၊ ပျော်ပျော်နေ သေခဲ ဆိုပြီးတော့ ဘ၀မှာ အပျော်ရှာပြီးတော့ အကောင်းဘက်ကတွေးနေကြတယ်။
အနောက်တိုင်းကလူတွေ ပြောလေ့ရှိကြတယ်၊ ဘ၀ကလေးဟာ တိုတိုလေးပဲ ပျော်ပျော်နေပါတဲ့၊
Sgxi4-1455230024-666-blog-Real Love Boat.jpg
The Love Boat ဆိုတဲ့ရုပ်ရှင်ကားကို ကြည့်ဖူးကြပါလိမ့်မယ်။ အဲဒီမှာ အဘိုးကြီး အဘွားကြီးတွေ ဘာမှအလုပ်မရှိ အကိုင်မရှိတော့ ပျင်းရိငြီးငွေ့ပြီး အပျော်ရှာတဲ့အကြောင်းကို ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အဲဒီဇာတ်ကားထဲမှာ သင်္ဘောကြီးကိုစီးပြီးတော့ စိတ်ပျော်ရွှင်မှုကိုရှာကြတယ်။ သင်္ဘောကြီးပေါ်မှာနေတုန်းကတော့ အလွန်ပျော်ကြတယ်၊ ပြန်လည်ရောက်လာလို့ သင်္ဘောကနေဆင်းကြတဲ့အခါမှာ အဘိုးကြီး အဘွားကြီးတွေ မျက်ရည်စက်လက်နဲ့ ၀မ်းနည်းငိုယိုနေကြတာ တွေ့ရတယ်။
loveboat-1024.jpg
လောကမှာ ပျော်စရာရှာပေမေ့လို့ ပျော်စရာချည်းတွေ့တာမဟုတ်ပါ။ အကောင်းထင်ပြီးတော့ ရှာပေမေ့လို့ အကောင်းချည်း တွေ့တာမဟုတ်ပါဘူး။ ဘ၀ဆိုတာ အကောင်းအဆိုး ရောနေတာ၊ ကောင်းတဲ့အကွက်ကလေးတွေရှိတယ်၊ ဒါကြောင့်လည်း လူတွေဟာ ဘ၀ကြီးမှာပျော်နေကြတာပေါ့။ ဘယ်အရာဖြစ်ဖြစ် အကောင်းရှိသလို အဆိုးလည်းရှိပါတယ်။
လောကမှာ ကျေနပ်စရာ ကြိုက်နှစ်သက်စရာ ပျော်ရွှင်စရာ စွဲမက်စရာဆိုတာရှိတယ်၊ ဘ၀မှာ ကြိုက်နှစ်သက်စရာတွေရှိတယ်၊ ဘ၀ကိုအကြောင်းပြုပြီးတော့လည်း ပျော်ကြတယ်၊ ချမ်းသာသုခတွေရကြတယ်၊ အဆင်ပြေနေတဲ့ဘ၀မှာဆိုလို့ရှိရင် ပျော်လို့ ရွှင်လို့၊ ဒါ ဘ၀ရဲ့သာယာမှုကလေးတွေပေါ့၊ ဒ်ီသာယာမှုလေးတွေက ထာဝရလားဆိုတော့ ထာဝရမဟုတ်ပါဘူး၊ ခဏလေးပါပဲ။ ခုပျော်ရွှင်စရာတွေ တွေ့ပေမေ့ တော်ကြာ ပျော်ရွှင်စရာတွေ ကုန်ဆုံးသွားတာရှိတယ်။ ဒါဟာ ကျေနပ်စရာမကောင်းတဲ့အချက်ပါပဲ။
လောကမှာ သတ္တ၀ါတွေ ပျော်ပြီးရင်း ပျော်နေကြတာ ဘ၀မှာ ပျောစရာရှိနေလိုသာ ပျော်နေကြတာ။
မျက်စိက လှပတဲ့အဆင်းရူပါရုံလေးကို ကြည့်ပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်၊
နားက သာယာတဲ့ နားထောင်လို့ကောင်း နားဝင်ချိုတဲ့ အသံကလေးကို နားထောင်ပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်၊
နှာခေါင်းက မွှေးကြိုင်တဲ့ အနံကလေးကို နမ်းရှုပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်၊
လျှာက ကြိုက်နှစ်သက်တဲ့ အရာသာလေးကို ခံစားပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်၊
ခန္ဓာကိုကြီးကလည်း သာယာနုညံ့တဲ့ အထိအတွေ့လေးတွေကို ထိတွေ့ပြီးတော့ ပျော်ရွှင်မှုကိုရှာကြတယ်။ ဘ၀ကိုအရင်းအနှီးပြုပြီးတော့ ကြိုက်နှစ်သက်စရာတွေ၊ ပျော်ရွှင်စရာတွေရကြတယ်။ ဒါကြောင့် ဘ၀ကို ပျော်စရာလို့မြင်ကြတယ်။
images (1).jpg
တချို့ကျတော့ ဘ၀ကြီးနဲ့ပတ်သက်ပြီး အဆင်မပြေကြဘူး။ နေရေးထိုင်ရေး စားရေးသောက်ရေး အဆင်မပြေဘူး။ ဒုက္ခ သုခတွေရောနေတဲ့ ဘ၀ကြီးထဲ ရောက်လာတဲ့အခါကျတော့ ဘ၀ကြီးနဲ့ပတ်သက်ပြီး ကျေနပ်နှစ်သိမ့်မှုမရရှိတော့ ဘ၀ကြီးကနေ ထွက်ပြေးချင်တဲ့စိတ်တွေ ပေါ်ပေါက်လာကြတယ်။ ငယ်ရွယ်သူတွေကြား တချို့က ချစ်သူရည်းစားနဲ့ အဆင်မပြေလို့၊ အိမ်ထောင်ရေးဖေါက်ပြန်လို့၊ စာမေးပွဲကျလို့ စသည်ဖြင့် ဘ၀မှာ ဆင်းရဲဒုက္ခပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ လောကဓံအလှည့်အပြောင်းဒဏ်ကို မခံနိုင်တဲ့နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး လက်ရှိဘ၀ကနေ ထွက်ပြေးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘ၀ကိုငြီးငွေ့စရာကြီး စိတ်ပျက်စရာကြီးလို့မြင်ကြတယ်၊
fairy11.jpg
အဲဒီအမြင်နှစ်မျိုးရှိရာမှာ အကောင်းမြင်တဲ့ပုဂ္ဂိုလ်တွေကို optimist လို့ခေါ်တယ်၊ အဆိုးမြင်တဲ့ပုဂ္ဂိုလ်တွေကိုကျတော့ pessimist လို့ခေါ်တယ်။ စာရှုသူမိတ်ဆွေကော ဘယ်အမျိုးအစားထဲပါဝင်ပါသလဲ
Optimist or pessimist?
တကယ်တော့ လောကမှာ အကောင်းချည်းလည်း မဟုတ်ဘူး။ အဆိုးချည်းလည်း မဟုတ်ဘူး။ နှစ်သက်ပျော်ရွှင်စရာတွေရှိသလို ခါးသီးစရာတွေလည်း ရှိပါတယ်။ ဒီနှစ်ခုကို ခွဲခွဲခြားခြား ကွဲကွဲပြားပြားသိမြင်မှ ဓမ္မအမြင်လို့ပြောပါတယ်။ ဒါကြောင့်မို့ မိမိတို့ဘ၀ကို အကောင်းမြင်စိတ်ဖြင့် ဆင်ခြင်သုံးသပ်ပြီးတော့ မိမိတို့၏ ကံစွမ်း ညာဏ်စွမ်း ၀ီရိယစွမ်းအားတွေနဲ့ ဆင်းရဲဒုက္ခတွေကြားမှရုန်းထွက်ကာ အောင်မြင်မှုရကြပါစေကြောင်းးးး
photo = google image
@kyawhlaing

Sort:  

နှစ်မျိုးစလံးဘဲ

ငင့် နှစ်မျိုးလုံးရဘူးအေ

ဒီလိုမျိုးသိခွင့်ရလို့ကျေးဇူးပါ

ကျေးဇူးပါ

ပေးတဲ့ဆုနက် ပြည့်ရပါစေ အေ။

မြန်မြန်ပြည့် မေ့နဲ့ညော်

ဘွတ်လိုက်တီ

ကျေးဇူးအကြီးကြီးတင်တီ

တကယ့်ကို ဗဟုသုတ ရတယ်

တီကယ်ပေါ့လေ

Congratulations @kyawhlaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

This post has been ranked within the top 80 most undervalued posts in the second half of Aug 30. We estimate that this post is undervalued by $13.73 as compared to a scenario in which every voter had an equal say.

See the full rankings and details in The Daily Tribune: Aug 30 - Part II. You can also read about some of our methodology, data analysis and technical details in our initial post.

If you are the author and would prefer not to receive these comments, simply reply "Stop" to this comment.

great post kyawhlaing! keep it up! and thanks again for following!

thank for support

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.029
BTC 57020.43
ETH 3081.72
USDT 1.00
SBD 2.41