အတိတ်စာမျက်နှာ

in #myanmar6 years ago

Lovers-island6.jpg
နေလုံးကြီးဟာ နေ့ခင်းဘက်က ထွန်းလင်းတောက်ပ ပူလောင်ခြင်းအလင်းတန်း မာန်မာနတွေခ၀ါချပြီး အနောက်ဘက်စွန်းစွန်း ပင်လယ်ကြီးဆီသို့ တဖြေးဖြေးမှေးမိန်နစ်ဝင်ကာ ကမ္ဘာလောကကြီးကထွတ်ခွါဖို့ ဟန်ပြင်နေလေရဲ့။
chaungthar03.jpg
ချောင်းသာကမ်းခြေရဲ့ ညနေဆည်းဆာ ပင်လယ်ကမ်းစပ်မှာ ချစ်သူစုံတွဲလေးတွေ ရေကစားလိုက် စက်ဘီးစီးလိုက် ပြေးလွှားဆော့ကစားလိုက် ပျော်မဆုံးမော်မဆုံး ကြည်နူးနေကြသော်လည်း "ကြည်ပြာ"တယောက် ပင်လယ်ကြီးထဲ တခြမ်းနစ်ဝင်နေသော ရွှေအိုရောင် နေလုံးကြီးကို အမိအရဓာတ်ပုံရိုက်ယူလိုက်ကာ ချောင်းသာကမ်းခြေရဲ့ ညနေဆည်းဆာကိုခံစားရင်း ၀မ်းသာသလိုလို ၀မ်းနည်းပူဆွေးသလိုလို မျက်ဝန်းအိမ်ထဲ မျက်ရည်စလေးတွေ ၀ဲလာလေသည်။ ၀မ်းသာတာက ပူလောင်မှုတွေပေးပြီး အဝေးထွက်သွားလို့၊ ၀မ်းနည်တာက နှုတ်ဆက်နေတဲ့ နေမင်းမျက်နှာဟာ ကမ္ဘာမြေကိုမခွဲချင်မခွါချင် သံယောဇဉ်အမျှင်တန်းလေးကို ကြည်ပြာ တွေ့မြင်နေရလို့ပါ။ ဒီလိုနဲ့ နှလုံးသားကို ထပ်ပြီးမနာကျင်အောင် မတွေးဘူး မစဉ်းစားဘူးလို့ ဦးနှောက်ကို အထပ်ထပ်ကတိပေးထားတဲ့ ကတိစကားကို နှလုံးသားက စတင်ဖောက်ဖျက်ပြီး ဆိုးရွားနာကျင် မလှပတဲ့သူ့ရဲ့ အချစ်စာမျက်နှာကို တရွက်ချင်း လှန်ကြည့်ဖို့ အားသန်နေလေရဲ့။ စာမျက်နှာတွေ မျာများစားစားမရှိတဲ့ အချစ်စာမျက်နှာဟာ ညနေဆည်းဆာ ပင်လယ်မျက်နှာပြင်ပေါ်က တိုက်ခတ်လာတဲ့ လေနုအေးတွေအောက်မှာ တရွက်ချင်း စိတ်ဝိညာဉ်အတူ လွင့်မြောသွားပါတော့တယ်။
13255907_10154256768775559_3331222525139089022_n.jpg
ယခုလက်ရှိ အသက်(၂၈)နှစ်ပြည့်ပြီဖြစ်တဲ့ ကြည်ပြာဟာ ငယ်စဉ်အခါက အချစ်ဆိုတဲ့ဧည့်သည်ကို နှလုံးသားထဲ တကြိမ်တခါလေးမှ တံခါးခေါက်ပြီး ၀င်လည်လာဖို့မတွေးခဲ့ဘူးထင်ပါတယ်။ ဒါကလဲ ချမ်းသာကြွယ်ဝတဲ့ သူ့မိဘအသိုင်းအ၀ိုင်းနဲ့ အလိုလိုက်မှုကိုခံနေရတဲ့ သူ့နှလုံးအိမ်လေးဟာ လှပပြီး ပြည့်စုံတယ်ထင်လို့ မာန်မာနတွေခြံရံပြီး "အချစ်ဧည့်သည်မ၀င်ရ"လို့ နှလုံးသားတံခါးမှာ ချိတ်ထားလို့ထင်ပါရဲ့။ နှလုံးသားကို အကြောက်အလန့်မရှိ မျက်နှာငယ်လေးနဲ့ လာခေါက်တဲ့သူရှိတဲ့အချိန်မှာ ကြည်ပြာအသက်(၂၅)နှစ်ရှိနေပါပြီ။
ကြည်ပြာ့ နှလုံးသားထဲ မဖိတ်ခေါ်ပဲ အရဲစွန့်ဝင်လာတာကတော့ လေးလှိုင်းထဲကပေါ့၊ facebook, viber သုံးသော်လည်း လေးလှိုင်းထဲမှာ ချစ်ခြင်း မုန်းခြင်း ကြေကွဲခြင်း ခံစားချက်တွေရှိလိမ့်မယ်လို့ ထိုအချိန်တုန်းက ကြည်ပြာ မသိခဲ့သလို အယုံကြည်လည်းမရှိခဲ့ပါဘူး။ "ကိုခြိုက်"ဆိုတဲ့ အကောင့်ပိုင်ရှင်နဲ့ လေလှိုင်းမှတဆင့် ခင်မင်မှုနဲ့အစပြု သံယောဇဉ်တွေနဲ့ချီနှောင် တွယ်တာတာတွေထပ်ရစ်ဆိုတော့ အချစ်ဆိုတဲ့စာမျက်နှာ စတင်ပုံနှိပ်ရပါတော့တယ်။
szerelem_elso_webkameras_latasra_image_10064142_16-9.jpg
ပြည့်စုံလှပြီးထင်ထားတဲ့ ကြည်ပြာရဲ့ ဘ၀အိမ်လေးဟာ အချစ်ဧည့်သည်ရောက်လာမှပဲ တကယ့်ကို အစစ်အမှန် ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ နှလုံးသားဂေဟာလေးလို့ စတင်သိလိုက်ရပါတယ်။ အချစ်ဆိုတဲ့ ကစားပွဲကို ပထမဆုံးအကြိမ်ဝင်ကစားဖူးတဲ့ ၂၅နှစ်ရှိတဲ့ မိန်းမတစ်ယောက်မှာ ရှက်ရွံ့ခြင်း သိမ်ငယ်ခြင်း ရိုးသားစွာယှဉ်ပြိုင်ခြင်းတွေနဲ့အတူ ကြည်နူး ရင်ခုန် ပျော်ရွှင်ခြင်းတွေကလဲ အနှိုင်းမဲ့ပေါ့။ ကစားပွဲမှာ သာယာကြည်နူးစွာ ကခုန်နေတုန်း ချစ်သူကိုခြိုက်က ဘ၀ကို သိမ်ငယ်ဝမ်းနည်လို့ဆိုတဲ့ ဆိုင်းဘုတ်ကိုထောင်ပြပြီး ထွက်ခွါဖို့ပြင်ဆင်နေတယ်ဆိုတာကို ကြည်ပြာတစ်ယောက် အစကမသိခဲ့ရိုးအမှန်။ ချစ်ခဲ့ပြီးတော့မှလဲ နောက်တဆင့်တက် ဘ၀နှစ်ခုကို ဘ၀တခုဖြစ်ဖို့ မေးခွန်းလေးတွေ ကြည်ပြာမေးတတ်လာပါပြီ။ မေးလိုက်တိုင်းမှာလဲ ကိုခြိုက်ကရှောင်းတတ်တယ်၊ ချစ်ခြင်းပန်းတိုင် လက်ထပ်ခြင်းကို ကိုခြိုက်က အကြောင်းပြချက်မျိုးစုံနဲ့ ပယ်ချပါတယ်။ သေချာတဲ့အဖြေတစ်ခုပေးလို့ပြောရင် မရေရာတဲ့ အကြောင်းပြချက်တွေပဲ ပြန်ရလာတယ်။ နေ့စဉ်ရက်ဆက် တွေ့နေကျနေရာလေးမှာ ကိုခြိုက်က ပေါ်လာလိုက်ပျောက်သွားလိုက် အကြောင်းရင်းကိုမေးတော့လဲ မိသားစုအဆင်မပြေမှုတွေ ငြီးတွားနေပြီး အချစ်ဆိုတဲ့ စကားလမ်းကြောင်းပေါ်တောင် မရောက်တာကြာခဲ့ပါပြီ၊
291759519_de39ff42c3_o_1183985586.jpg
အခုဆို ကိုခြိုက် လုံးဝကိုရောက်မလာတော့သည့်အပြင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပီတိတွေဝေစေတဲ့ messenger မှာတောင် သူ့အကောင့်က on လိုက် Off လိုက်၊ ကိုခြိုက်နဲ့စတင်ဆုံဆည်းရတဲ့ နေ့ရက်မှစလို့ ပျော်ဖူးတဲ့နေ့တွေအလယ် ကြေကွဲတဲ့ညတွေအဆုံး ပြန်ဖတ်ပြီး ရီလိုက် ငိုလိုက်နဲ့ နောက်ဆုံးတော့ ကြည့်ပြာတစ်ယောက် ဖုန်းနဲ့ မျက်ရည်တောင် ဆုံဆည်းခွင့်ရခဲ့ပါတယ်။
နောက်ဆုံးတော့လဲ နှလုံးသားဧည့်သည်ဟာ နှုတ်တောင်မဆက်ပဲ တိတ်တိတ်လေး နှလုံးသားတံခါးမှာ စာလေးညှပ်ပြီး အချစ်အိမ်ဂေဟာမှ အပြီးတိုင်ထွက်ခွါသွားခဲ့ပါပြီ၊ ထွက်ခွါသွားပေမဲ့ ပြန်လာနိုးနိုး messenger မှာ သူ့အကောင့်လေး Active ဖြစ်နိုးနိုးနဲ့ မျှော်ရလွန်းလို့ နှလုံးသားတောင် ပုံမှန်မဟုတ်ပဲ ရှည်မျောမျောလေးဖြစ်နေပါပြီ။ သူထားသွားတဲ့ စာခေါက်လေးကို နေ့စဉ်ဖတ်ပြီး လွမ်းရတာရက်ပေါင်းမနည်းတော့ပါဘူး။
နောက်ဆုံးလက်ဆောင်စာသားလေးတောင် များများစားစားမရေးသွားဘူးနော်
"'ကြည့်ပြာ'' ကိုခြိုက်မိသားစုက အရမ်းဆင်းရဲလို့ ကိုခြိုက်မရှိရင်မဖြစ်လို့ ရင်နာနာနဲ့ပဲ ကြည်ပြာ့ ကိုထားခဲ့ရတာပါ၊ မချစ်လို့မဟုတ်ပါဘူးကြည်ပြာရယ်၊ အချစ်ဆိုတာ အစားထိုးလို့ရပေမဲ့ အစားထိုးလို့မရတဲ့မိဘအတွက် ဒီလိုဆုံးဖြတ်လိုက်တာပါ ကိုခြိုက်ကိုခွင့်လွှတ်ပါ"တဲ။့ ဒါကတော့ ဘ၀မှာ နှလုံးသားဧည့်သည်ရဲ့ နောက်ဆုံးစာလေးပါပဲ။
DSC_3568.JPG
မချစ်ဖူးလို့ ချစ်မိခဲ့ပါတယ် ချစ်မိတော့လဲ ကြေကွဲရတာကော လွမ်းရတာကောစုပေါင်းပြီးရိုက်ချက်မှာ လူးလိမ့်နေရအောင်ခံစားခဲ့ရတဲ့ အတိတ်စာမျက်နှာတောင် အဆုံးသတ်ဖတ်လို့မပြီးသေး ကြည်ပြာအသိတရားဝင်လာတော့ ချောင်းသာပင်လယ်ပြင်မှ နေမင်းကြီးတောင်ပျောက်ကွယ်လို့ လခြမ်းလေးဟာ ကြယ်အစုတွေဝန်းရံပြီး ကမ္ဘာလောကကို ပြုံးပြပြီးစောင့်ရှောက်နေပါရောလား။

@kyawhlaing
MSC - 015
photo = google image

Sort:  

လေလှိုင်းထဲကချစ်သူတွေက လေလှိုင်းထဲမှာပဲ ပျောက်ကွယ်သွားကြရတာများပါတယ်

တကယ်အစစ်အမှန်တွေလဲရှိမှာပါ

ဟုတ်ကဲ့ ရှိပါတယ်ဗျာ

အိုက်စစ် အရေးသားကတော့ ရှည်ဗျာ

ကျေးဇူးပါ bro

ရှယ်လုပ်ပါ

ဘဒိုက ခံစားချက်အပြည့်နဲ့ပါ့ကောဗျ
ကောင်းတယ်ဗျာ

ကျေးဇူးပါ

အော်🙃🙃ကိုခြိုက်ရယ်😂ကြည်ပြာ နဲ့ ဒီဘဝ ဒီမျှသာပေါ့လေ 😁😁သတိရရင် ပန်လာနော်🤗🤗ဟိ😜😜😜

ဟီးး ချောင်းသာကိုလိုက်ပို့မယ်ဆိုမှ ပန်လာမယ် 😜😜

ဇာတ်လမ်းက ပီးတာလား
မပီးတာလား

အချိန်ကရပုရယ် 😜

Vote ခဲ့သည်

ကျေးဇူးတင်ပါသည်

မချစ်ဖူးလို့ချစ်မိခဲ့ပါတယ်။
ချစ်မိတော့လည်း ကြေကွဲရတာကော…

ဟီးး ဖတ်ပေးတာကျေးဇူးတင်ပါတယ်လို့စ်

ကောင်းလိုက်တာရှင်

အယ်မကလဲမြှောက်နေပြန်ပီ

အ​ရေးအသား​တွေ
မိုက်​တာကွာ ......
အား​ပေး​နေတယ်​ fighting !!

ကျေးဇူးပါ

ကြည်​ပြာရယ်​ အဟင့်​ 😂

အင့်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 66383.47
ETH 3513.15
USDT 1.00
SBD 2.53