အမုန်းတရားတွေကို ဘယ်လိုရင်ဆိုင်မလဲ

in #myanmar6 years ago

လူတွေဟာ ချစ်ခြင်းတရားကိုပဲ လိုချင်ကြတယ်၊ အချစ်ပဲခံချင်ကြတယ်၊ အမုန်းတရားကို ဘယ်သူမှမလိုချင်ကြဘူး။ ဒါပေမေ့ လူတိုင်းလူတိုင်းမှာ ကိုယ့်ကိုမုန့်တဲ့သူဆိုတာ အနည်းနဲ့အများ ရှိတတ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲညံ့တဲ့သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲဆင်းရဲတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ကိုမုန့်တဲ့သူဆိုတာရှိတယ်။
ဥပမာ ကိုယ်ကချမ်းသာတယ်ဆိုရင်လဲ ချမ်းသာလို့ ကိုယ့်ကိုမုန်းကြတယ်။ ကိုယ်ကရုပ်ချောတယ်ဆိုရင်လဲ တချို့လူတွေက ကိုယ်ရုပ်ချောလို့ မနာလိုဖြစ်ပြီး မုန်းတတ်တာတွေရှိတယ်။ ကိုယ်ကပညာတော်နေရင်လဲ ကိုယ့်ထက်ညံ့တဲ့သူတွေရဲ့ မုန်းတီးမှုကို ခံရတတ်တယ်၊ ဘယ်လိုမျိုးအမုန်းတွေပဲဖြစ်ဖြစ် ဘယ်လို ရင်ဆိုင်ကြမလဲဆိုရင်-
Just don't care!! ဂရုမစိုက်နဲ့။ ကိုယ့်ကိုမုန်းတဲ့သူတွေကို လုံးဝ ဂရုမစိုက်ပါနဲ့။ ဒါက အမှန်ဆုံးနဲ့ အလွယ်ကူဆုံး အချက်ပါပဲ။
riz7ycno5s.jpg
Images Credit - Original Source
တခါတလေကျရင် ကိုယ့်ကိုမုန်းတဲ့သူတွေများလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို သံသယ၀င်လာတတ်ကြတယ်။ " ငါ့ကိုလူတွေက ဘာလို့ မုန်းကြတာလဲ၊ ငါတခုခု အမှားလုပ်မိလို့လား၊ ဒါမှမဟုတ် ငါမပြည့်စုံလို့လား၊ ငါဘာတွေပြောင်းလဲရမလဲ" ဆိုပြီးတော့မှ ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးတတ်ကြပါတယ်။ အဲလိုမျိုး မဖြစ်ပါစေနဲ့၊ သင့်ကိုသင် ဘာမှပြောင်းလဲစရာမလိုပါဘူး။ သင့်မှာ အစစအရာရာ ပြည့်စုံနေတဲ့အတွက် သင့်ဆီမှာ သူတို့မရနိုင်တဲ့အရာ တခုခုရှိနေတဲ့အချိန်မှာ သူတို့က သ၀န်တိုလာတယ်။ မနာလိုလာတယ်။ အဲဒါကြောင့် သင့်ကို စပြီးမုန်းလာတယ်။ အဲဒီလိုအခါမှာ " ဟာ…ငါတခုခုပြောင်းလဲရမယ်၊ ငါ့ကိုလူတွေကမုန်းတယ်" ဆိုပြီး ဘယ်တော့မှ မထင်ပါနဲ့၊ သင်ပြောင်းလဲစရာမလိုဘူး။ အဲဒီလူတွေကို မေ့ပစ်လိုက်ပါ၊ ဘာလို့လဲဆိုရင် ကိုယ့်ကိုချစ်တဲ့သူဆိုတာ အမြဲတမ်းရှိပါတယ်။
စာရေးဆရာတယောက်က ပြောဖူးတယ်။ " လူအယောက် ၁၀၀ မှာ အယောက် ၃၀ လောက်က သင့်ကိုမုန်းချင်မုန်းလိမ့်မယ်။ ကျန်တဲ့အယောက် ၃၀ လောက်က သင့်ကို ဂရုမစိုက်ရင် မစိုက်ပဲရှိလိမ့်မယ်။ ဒါပေမေ့ သင့်ကိုချစ်တဲ့ ကျန်တဲ့အယောက် ၄၀ ဆိုတာ ရှိကိုရှိပါလိမ့်မယ်တဲ့"
ဒါကြောင့်မို့ သင့်ကိုမုန်းတဲ့ အယောက် ၃၀ ယောက်ကို လုံးဝမေ့ထားလိုက်ပါ။ ဂရုမစိုက်ပါနဲ့။ အဲဒါတွေကို ဂရုစိုက်နေရင် အချိန်ကုန်တယ်။ ကိုယ်ကပဲ ခံစားရတယ်။ စိတ်ဆင်းရဲရတယ်။ ပြဿနာတွေတိုးလာမယ်။ အဲတော့ ကိုယ့်ရဲ့ဘ၀မှာ နေရင်းထိုင်ရင်းနဲ့ ကိုယ့်ကို ပြဿနာလာရှာတဲ့သူ မုန်းတဲ့သူ တိုက်ခိုက်တဲ့သူတွေရှိလာရင် စကားမပြောနဲ့ အဲလိုလူတွေကို လုံးဝ လုံးဝ ရှောင်နေလိုက်ပါ။
နောက်တချက်က အမုန်းတရားတွေကို မပြန့်ပွါးပါစေနဲ့။
7xhnb0jao9.jpg
Images Credit - Original Source
အမုန်းတရားဆိုတာ တော်တော်ကူးစက်ရလွယ်ပါတယ်။ ဘယ်လိုကူးစက်ရလွယ်သလဲဆိုရင် ဥပမာပေါ့-ကျွန်တော့်ရဲ့ အရမ်းချစ်ရတဲ့ အချစ်ဆုံးသူငယ်ချင်းတယောက်က ကျွန်တော့ဆီလာပြီးတော့ သူမုန်းတဲ့(ကိုခြိုက်) အကြောင်းကို ခနခန လာလာပြောနေမယ်ဆိုရင် ကျွန်တော်ကပါ နေရင်းထိုင်ရင်း (ကိုခြိုက်)ကိုမုန်းသွားတတ်ပါတယ်။ ကျွန်တော် သူ့ကိုလဲမသိဘူး။ ဒါပေမေ့ ကျွန်တော် သူ့ကိုမုန်းသွားမှာ။ ဘာလို့လဲဆို ကျွန်တော့ အချစ်ဆုံးသူငယ်ချင်းက သူ့ကိုမုန်းတဲ့အတွက်။
တကယ်တန်းကျတော့ အဲဒီလိုမျိုးတွေ မလုပ်သင့်ပါဘူး။ ဘာသာရေးအရကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ခရစ်ယန်ပဲဖြစ်ဖြစ် လူတယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာ ပြန့်ပွါးဖို့ပဲပြောတယ်။ တယောက်နဲ့တယောက် ချစ်တတ်ဖို့ပဲသင်ပေးပါတယ်။ တယောက်နဲ့တယောက် မုန်းတတ်ဖို့ မသင်ပေးပါဘူး။ ကိုယ်က ကိုယ့်သူငယ်ချင်းတယောက်ကို အခြားလူတယောက်အကြောင်း မုန်းတတ်ဖို့သင်ပေးလိုက်တဲ့အချိန်မှာ ကိုယ်ရော အကုသိုလ်ရတယ်၊ ကိုယ့်ရဲ့သူငယ်ချင်းလဲ အကုသိုလ်ရတယ်။ အဲဒါကြောင့်မို့ အဲလိုအမုန်းတရားတွေကို မပြန့်ပွါးပါစေနဲ့။ ကိုယ်ပြောလိုက်တဲ့စကားတခွန်းကြောင့် ကိုယ့်သူငယ်ချင်းက သူများကိုမုန်းသွားမယ်ဆိုရင် ဒီအရာက မကောင်းပါဘူး။
a7lbjrt46b.jpg
Images Credit - Original Source
အနောက်ဆုံးအတိုချုပ်ပြီးပြောရမယ်ဆိုရင် သင့်ကိုလူတွေမုန်းတယ်ဆိုရင် သင်က မကောင်းလို့မဟုတ်ဘူး၊ သင်က မပြည့်စုံလို့မဟုတ်ဘူး။ သင်က သူတို့ထက် သာနေလို့ပါ။ အဲဒါ ကိုယ့်ကိုယ်ကို ဘယ်တော့မှသံသယမ၀င်ပါနဲ့။ အထူသဖြင့်အောင်မြင်လာပြီဆိုရင် ကိုယ်က အောင်မြင်လာပြီဆိုရင် လူတွေက မုန်းတတ်လာကြတယ်။ ကိုယ့်ရဲ့အောင်မြင်မှုကိုမနာလိုပြီးမှ မုန်ုးလာတယ်။ အဲဒီလိုမုန်းလာတဲ့အချိန်မှာ သူတို့မုန်းတာကို ဂရုမစိုက်ပါနဲ့။ လုပ်စရာရှိတာလုပ်ပါ။ ကိုယ်လျှောက်ရမဲ့လမ်းကိုပဲ ဆက်လျှောက်ပါ။ ကိုယ့်ကိုမုန်းတဲ့သူတွေကို ရှောင်ကြည်ပါ။ အမုန်းတရားကို လုံးဝ မပြန့်ပွါးပါစေနဲ့လို့ ပြောရင် နိဂုံးချုပ်လိုက်ပါတယ်။

@kyawhlaing

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

right ပေါ့အေ
နာ့ ကို မနာလိုဒဲ့သူတေ များကြီး ရှိတာ မို့ ဟီးးးး

နိကအစားပုတ်လို့နေမာပေါ့ ခ်ခ်

မှန်ပ ဗျာ။ အမုန်းတရားကို မပြန့်ပွားစေနဲ့တဲ့။ တော်တော် အဓိပ္ပာယ် ပြည့်ဝတဲ့ စကားစုလေးပါပဲ။ လုံးဝ ဂရုမစိုက်နဲ့တဲ့။ ဟုတ်လိုက်လေ bro 👍 ချစ်တာ ဖြစ်ဖြစ် မုန်းတာ ဖြစ်ဖြစ် သတိရ နေတာကတော့ အမှန်ပဲလေ။

Posted using Partiko Android

ကျေးဇူးပါ bro

Hi, @kyawhlaing!

You just got a 0.29% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

မုန်းခံရတယ်ဆိုတာ အောင်မြင်မှုတစ်မျိုးပါပဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.18
ETH 2610.29
USDT 1.00
SBD 2.83