ကျနော့်အကြောင်းမိတ်ဆက်

in #myanmar7 years ago

အားလုံးပဲ မဂ်လာပါခင်ဗျာ ကျနော့်နာမည်က ကိုဇော်မျိုးနိုင်ပါ ကျနော့်သူငယ်ချင်းတွေ အားလုံးကတော့ ကိုနိုင်လို့ပဲခေါ်ကြပါတယ် မင်းကွန်းတောင်ရိုးလမ်း ဆွမ်းဦးပုညရှင်စေတီတော်ကြီးတည်ရှိရာ စစ်ကိုင်းတောင်ရိုး သီတဂူဗုဒ္ဓတက္ကသိုလ် တည်ရှိရာ သာသနာ့နယ်မြေဖြစ်တဲ့ သောတာပန်ရပ်ကွက် မှာနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ဝါဆိုလပြည့်နေ့က စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ဘုရားပွဲတော် ရက် ဖြစ်ပါတယ်။ Steemit ပေါ်ကသူငယ်ချင်းများအားလုံးကို လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
ကျနော် ၂၀၁၁ ခုနှစ်က B.Sc: Maths နဲ့ကျောင်းပီးထားပါတယ်။ အသက်က ၂၇ နှစ်ပါ ၅-၂-၂၀၁၈ ရက်နေ့ ဆိုရင် ကျနော့်မွေးနေ့ပါ ၂၇ နှစ်ပြည့်ပြီး ၂၈ နှစ်ထဲ ရောက်ပါပီ ကျနော့်မွေးနေ့လေးကို ကျတော်အရမ်းချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ပြင်ဦးလွင် ပြည်ချစ်ဘုရားသို့ သွားပါမယ် Birthday Cake ကိုလဲ ပြင်ဦးလွင်မှာပဲ ခွဲမှာမို့ Steemit ပေါ်က သူငယ်ချင်းများ အားလုံးကို ဖိတ်ခေါ်ပါတယ်
ကျနော့်မှာ အဖေရယ်၊ အမေရယ်၊ ကျနော်ရယ်၊ ညီမလေးရယ် မိသားစုလေးယောက် ရှိပါတယ် ကျနော့်အဖေကတော့ ကိုယ်ပိုင်ဆေးသုတ်လုပ်ငန်းလုပ်ပါတယ်။ အမေကတော့ အိမ်စျေးဆိုင်လေးဖွင့်ထားပါတယ်။ ကျနော်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ပါ။ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မုံရွာ၊မန်းလေး အမြန်လမ်းမကြီး အောင်ချမ်းသာ၊ပဲကတိုးရွာ၏ လမ်းမြောက်ဖက်မှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ် ဘဏ္ဍာရေးရာဌာနမှာ စာရင်းကိုင်(၄) ရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်။ ညီမလေးကတော့ TTC ဒုတိယနှစ်တက်နေပါတယ်။
၁-၂-၂၀၁၃ ရက်နေ့မှ ၂၈-၂-၂၀၁၃ ရက်နေ့ထိ လုပ်အားပေးအနေနဲ့ တာဝန်စထမ်းခဲ့ပါတယ်။ ၁-၃-၂၀၁၃ ရက်နေ့မှာ သန့်ရှင်းရေး(တာဝန်မှူး) ရာထူးနဲ့ နယ်မြေဌာနမှာ တာဝန်ထမ်းဖို့ ခန့်စာရခဲ့ပါတယ်။ ကျနော့်လက်အောက်မှာ ဝန်ထမ်းငယ် (၆)ဦး ပေးထားပါတယ်။ စစ်ကိုင်းတက္ကသိုလ် ဂိတ်မကြီးမှစပြီး အဓိပတိလမ်းမကြီးတစ်ခုလုံးကို ဝန်ထမ်းငယ် (၆)ဦးနဲ့ သန့်ရှင်းရေးတာဝန်ကို ကြီးကြပ်ခိုင်းစေခဲ့ရပါတယ်။ တစ်ချိန်က ဂျုံဂိုဒေါင်အဖြစ်အသုံးပြုခဲ့တဲ့ သစ်သားဆောင် (၅)ဆောင်အတွက် သန့်ရှင်းရေး တာဝန်မှူးအဖြစ် ခန့်အပ်လိုက်တဲ့ သူတစ်ယောက်က တာဝန်လာရောက် မထမ်းဆောင်သောကြောင့် ထိုသစ်သားဆောင် (၅)ဆောင်မှာ တာဝန်ကျ သန့်ရှင်းရေး ဝန်ထမ်းငယ် (၆)ဦးကိုပါ တွဲဖက်တာဝန်ယူ ခိုင်းစေခဲ့ရပါတယ်။ နောက်ထပ်လဲ Internet Server Room မှာလဲ Computer (၄) လုံးကို Internet လာရောက်သုံးစွဲတဲ့သူတွေကို မှတ်တမ်းပြုပေးဖို့လဲ တာဝန်ထမ်းခဲ့ရပါတယ်။
ကျနော်ကိုယ်တိုင်ကလဲ ဆေးကလဲသုတ်တတ်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လိုက်လံကြည့်ပြီး လိုအပ်တာစစ်ဆေးဖို့ ပါမောက္ခချုပ်ကိုယ်တိုင် ကျနော့်ကို တာဝန်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ကျနော် လုပ်သက်တစ်နှစ်ခွဲပြည့်တော့ ဆရာကြီးရဲ့ခွင့်ပြုချက်နဲ့ နယ်မြေဌာနကနေ ဘဏ္ဍာရေးရာ ပစ္စည်းဌာနထဲကို တာဝန်လွှဲပြောင်းထမ်းစေခဲ့ပါတယ်။ အခုဆိုရင် ကျနော်တစ်ယောက်တည်း စစ်ကိုင်းတက္ကသိုလ် ငွေလုံးငွေရင်းအသုံးစရိတ်နဲ့ ဝယ်ယူထားတဲ့ပစ္စည်းတွေနဲ့ စာရင်းဇယားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်နေပါပြီ။ ဒါကလဲ ကျနော့်ရဲ့လက်ဦးဆရာဖြစ်တဲ့ ဌာနစုမှူးနဲ့ ရုံးအုပ်အစ်မကြီးတို့ကျေးဇူးကြောင့်ပါ။ ကျနော်ရဲ့လက်ဦးဆရာများအားလုံးကို ကျနော်ဘယ်တော့မှ မမေ့ပါဘူး။ နာမည်နဲ့တကွ ဖော်ပြချင်ပေမယ့်လဲ အကြောင်းတရားတွေ အများကြီးရှိတာကြောင့် နားလည်ခွင့်လွတ်ပေးကြပါ။
ကျနော်တို့မိသားစုမှာ အရမ်းကိုကြမ်းတမ်းခဲ့တဲ့ ဘဝခရီးလမ်းကို ဖြတ်သန်းခဲ့ရဖူးပါတယ် ၁၀-၂-၂၀၀၉ ရက်နေ့မှာ ကျနော်တို့အိမ်ရဲ့တောင်ဖက်က အိမ်ကနေမီးစလောင်ခဲ့ပီး ကျနော်တို့အိမ်ကိုပါ မီးကူးကာ အိမ်မကြီးတစ်လုံး ဦးလေးတို့အိမ်တစ်လုံးနဲ့ ကျနော်တို့ အိမ်စျေးဆိုင်လေးရော မီးထဲပါခဲ့ရပါတယ်။ ရွှေတိုငွေစလေးပဲ ရလိုက်တဲ့ ကျနော်တို့မိသားစုကို ရက်ကွက်တစ်ခုလုံးက ဝမ်းသာပျော်ရွှင်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ဘကြီးဘုန်းကြီးကျောင်းမှာနေပြီး ပိုက်ဆံပြန်စုကာ အိမ်စျေးဆိုင်လေး ပြန်ဆောက်ခဲ့ပါတယ်။ မီးထဲပါသွားပြီးတာမှ မကြာသေးပဲ အိမ်စျေးဆိုင်လေးပြန်ဆောက်တော့ ရက်ကွက်ထဲက လူတွေအားလုံး မနာလိုကြဘူးပေါ့ဗျာ။ အဲ့ဒီအချိန်တုန်းက ကျနော်က ဒုတိယနှစ် ကျောင်းသားဘဝပဲရှိပါသေးတယ်။ ကျနော်လောကကြီးကို အရမ်းကိုနာကြည်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကျောင်းမှာစာမေးပွဲမရှိရင် ကျောင်းမသွားပဲ အဖေနဲ့ဆေးသုတ်လိုက်ခဲ့ ပိုက်ဆံစုခဲ့ပါတယ်။ ကျနော်နဲ့အဖေကလဲ မနားမနေ ဆေးသုတ်ခဲ့တယ်။ အမေကလဲ အိမ်စျေးဆိုင်လေးနဲ့ မိသားစုသုံးယောက်စလုံး မနားမနေ ကြိုးစားပြီး ပိုက်ဆံစုလာလိုက်တာ သိပ်မကြာခင်မှာပဲ လက်ထဲမှာငွေတော်တော်များစုမိခဲ့ပါတယ်။ ဒီလိုနဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အကူအညီနဲ့ ရေခဲချောင်းလုပ်ငန်းပါတိုးချဲ့ပီး ရေခဲသေတ္တာ (၆)လုံးထိ တစ်လုံးပြီး တစ်လုံး ဝယ်ခဲ့ပါတယ်။ မနာလိုတဲ့ပတ်ဝန်းကျင်က လူတွေအတွက်ကတော့ မျက်စိဆံပင်မွှေးဆူးပြီပေါ့ဗျာ။ ဒီလိုနဲ့သိပ်မကြာခင်မှာပဲ ကျနော်တို့မိသားစုတွေ တက်ညီလက်ညီနဲ့ကြိုးစားခဲ့တာ အခုဆိုရင် သိန်း (၅၀၀) တန်ဖိုး ထိ ကုန်ကျခဲ့တဲ့ သုံးထပ်တိုက်ကြီးကိုပါ ဆောက်လို့ပြီးခဲ့ပါပြီ။ တစ်ရက်ကွက်ထဲသား အချင်းချင်း ရိုင်းပင်းကူညီရမယ့်အစား မနာလိုဝန်တိုပြီး နည်းမျိုးစုံသုံးပြီး ဒုက္ခပေးခဲ့ကြတဲ့ ပတ်ဝန်းကျင်ကလူတွေကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင် ပါတယ်။ ပတ်ဝန်းကျင်ကပေးတဲ့ ဖိနှိပ်ခဲ့ရတဲ့စိတ်ကြောင့် အခံချင်စိတ်တွေဖြစ်ခဲ့ရပါတယ်။ အဲ့ဒီမခံချင်စိတ်တွေကိုပဲ အားအင်အဖြစ်နဲ့အသုံးပြုပီး ကြိုးစားလာခဲ့တာအခုဆိုရင် ကျနော့်လက်ထဲမှာ ကိုယ်ပိုင်ပိုက်ဆံ (၃၅) သိန်းလောက်စုမိနေပါပီ။ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်ထားတဲ့ ဆိုင်ကယ်တစ်စီးရယ်၊ Laptop တစ်လုံးရယ်၊ လက်စွပ်တစ်ကွင်းရယ် MI Pro ဟန်းဆက်တစ်လုံးရယ် ရှိနေပါပီ။
တကယ်တော့ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက Online ပေါ်မှာငွေရှာတဲ့လုပ်ငန်းကို ကျနော်စတင် ဝင်ရောက်ခဲ့တာပါ အဲ့ဒီတုန်းကတော့ BTC Mine ဆိုဒ်တွေကို လုပ်ခဲ့ပါတယ်။ ကျနော်ကပဲကံမကောင်းခဲ့တာလား မသိပါဘူးဗျာ ကျနော် စလုပ်ပီး အရင်းထည့်လိုက်တော့မှ ဆိုဒ်တွေတော်တော်များ Scan ဖြစ်ဖြစ်သွားတယ်ဗျာ။ ဒါနဲ့ပဲ စိတ်ညစ်ပီး Online ပေါ်ငွေရှာတဲ့အလုပ်ကို နားခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၃) လလောက်ကစပြီးတော့မှ ပျင်းတာနဲ့ FREE BTC AUTO MINE APP လေးတွေကို ဒေါင်းလုပ်ဆွဲပြီး လုပ်ရင်းကနေပြန်ပြီး Online ပေါ်ငွေရှာတဲ့လုပ်ငန်းကို ပြန်လုပ်ဖြစ်ခဲ့ပါတယ်။
ကျနော်အခု Steemit.com ကို အရမ်းကို စိတ်ဝင်စားပါတယ်။ အားလုံးသောသူငယ်ချင်း များကိုလဲ ဒီစာလေးနဲ့အတူ ကျနော့်ကိုကျနော် မိတ်ဆက်ပါတယ်။ သူငယ်ချင်းများ အားလုံး ကျနော့်ကို လက်တွဲခေါ်ပေးကြပါ။ မသိနားမလည်တာများ ရှိရင်လဲ ပြောပြ ပေးကြပါ။ မသိနားမလည်လို့ အမှားပါခဲ့ရင်လဲ ခွင့်လွတ်နားလည်ပေးကြပါလို့ ကျနော်ဒီစာလေးနဲ့အတူ ဒီနေရာကနေပဲ တောင်းပန်ပါတယ်။
Steemit.com ပေါ်ကသူငယ်ချင်းများအားလုံး ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်တည်းပြည့်ဝကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Steemit.com မှာအားလုံးပဲ အောင်မြင်ကြပါစေ။
I LOVE STEEMIT.COM

Sort:  

steemit မှာအောင်မြင်ပါစေ

ကျေးဇူးပါ အကိုလဲ ​အောင်​မြင်​ပါ​စေ လက်​တွဲ​ခေါ်​ပေးပါ​နော်

Coin Marketplace

STEEM 0.14
TRX 0.12
JST 0.025
BTC 53615.59
ETH 2344.94
USDT 1.00
SBD 2.13