ကတိ သစ္စာ ပုံပြင်

in #myanmar7 years ago

Steemit က သူငယ်ချင်းများအားလုံးပဲ မင်္ဂလာပါခင်ဗျာ
ကျနော့်မှာ အရမ်းချစ်ရတဲ့ ချစ်သူလေးတစ်ယောက်ရှိပါတယ်။ ကျနော်သူ့ကိုဘယ်လောက်ထိချစ်လဲဆိုရင် ကျနော်ကိုယ်တိုင် မရေးတတ် ရေးတတ်နဲ့ ရေးထားတဲ့သီချင်းလေးတွေလဲ ဆိုပြခဲ့ဖူးပါတယ်။ ကျနော်ကိုယ်တိုင် ရေးထားတဲ့ ပုံပြင်လေးတွေကိုလဲ ပြောပြခဲ့ဖူးပါတယ်။ ကျနော့်ချစ်သူလေးကို ချစ်ရေးဆိုထားစဉ်ကာလကနေစပြီး ချစ်သူဖြစ်လာတဲ့အထိ ညစဉ်သီချင်းဆိုပြလေ့ရှိပါတယ်။ တစ်ခါတစ်လေ ကျနော့်စိတ်ကူးနဲ့ကျနော် ပုံပြင်ပြောပြလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ကျနော့်ချစ်သူလေးကို ပြောပြခဲ့ဖူးတဲ့ ပုံပြင်တွေထဲက (ကတိသစ္စာ) ဆိုတဲ့ပုံပြင်လေးကို သူငယ်ချင်းတွေကို ပြောပြချင်ပါတယ်။
ကျနော်ဒီနေ့ သူငယ်ချင်းတွေကို ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်။
" ကတိ၊ သစ္စာ "
အပိုင်း (၁)
""ဟိုးးးး ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲ့ဒီဘုရင်ကြီးမှာ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးတော်လေးတစ်ပါးရှိတယ်။ အဲ့ဒီဘုရင်ကြီးအုပ်ချုပ်တဲ့ တိုင်းပြည်ကြီးထဲက ရွာလေးတစ်ရွာမှာ အရမ်းကိုဆင်းရဲနွမ်းပါးတဲ့ တောသားလေးတစ်ယောက်ရှိတယ်။ အဲ့ဒီတောသားလေးမှာ အရမ်းကိုချစ်ဖို့ကောင်းပြီး အရမ်းကိုလိမ္မာတဲ့ ယုန်လေးတစ်ကောင်ရှိတယ်။
အဲ့ဒီတောသားလေးမှာ ဆွေမျိုးမိဘ တစ်ယောက်မှမရှိပါဘူး။ တစ်ယောက်တည်း နေ့စဉ်တောထဲကနေ ထင်းလေးတွေကောက်ပြီး အသက်ဝမ်းကြောင်းပြုပြီး နေထိုင်လျက်ရှိပါတယ်။ သူဟာအရမ်းကို ဆင်းရဲနွမ်းပါးပေမယ့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲတဲ့သူတစ်ယောက်ပါ။ သူ့မှာခင်တွယ်စရာသံယောဇဉ်ဆိုလို့ သူမွေးထားတဲ့ သူအရမ်းချစ်ရတဲ့ ယုန်လေးပဲရှိတာမို့ သူဟာသူ့ရဲ့ယုန်လေးကို သူ့အသက်ထက်မက ချစ်မြတ်နိုးပါတယ်။ သူတောထဲကို ထင်းကောက်သွားတိုင်း သူ့ရဲ့ယုန်လေးကို အဖော်အဖြစ်နဲ့ ခေါ်သွားလေ့ရှိပါတယ်။
တစ်နေ့မှာတော့ ဘုရင်ကြီးနဲ့ သမီးတော်လေးတို့ဟာ တောထဲကို တောကစားထွက်ခဲ့ကြတယ်။ တောသားလေးကတော့ ထုံးစံအတိုင်း သူ့ဝမ်းရေးအတွက် တောထဲမှာ ထင်းကောက်ဖို့ တောထဲကို ထွက်လာသတဲ့ကွယ်။ ဒီလိုနဲ့ တောသားလေး အဖေါ်အဖြစ်နဲ့ခေါ်လာတဲ့ ယုန်လေးကို မင်းသမီးလေးက မြှားနဲ့ပစ်လိုက်ပါတော့တယ်။ အဲ့ဒီမှာပဲ ယုန်လေးဟာ မင်းသမီးလေးပစ်လိုက်တဲ့ မြှားချက်ကြောင့်နေရာမှာတင်ပဲ အသက်ဆုံးရှုံးသွားသတဲ့။ အဲ့ဒီမှာပဲ တောသာလေးဟာ သူ့အသက်ထက်မက အရမ်းချစ်ရတဲ့ တစ်ဦးတည်းသော သံယောဇဉ်တွယ်ရတဲ့ သူ့ရဲ့ယုန်လေး သူ့မျက်စိရှေ့မှာပဲ မင်းသမီးလေးပစ်လိုက်တဲ့ မြှားချက်နဲ့ သေသွားတာကိုလဲ မြင်ရော အရမ်းကို ကြေကွဲဝမ်းနည်းစွာနဲ့ ငိုကြွေးတော့တာပေါ့။ အဲ့ဒီတော့မှ မင်းသမီးလေးဟာ သူပစ်လိုက်တဲ့ မြှားချက်ကြောင့် တောသားလေးရဲ့ယုန်လေး သေဆုံးသွားရတာမို့ သူ့ရဲ့အမှားအတွက် တောသားလေးကို ဝန်ချတောင်းပန်လေသတဲ့။ ဒါပေမယ့် ဘယ်လိုပဲပြောပြော တောသားလေးဟာ သူ့ရဲ့ယုန်လေးကို သူ့ရဲ့ရင်ခွင်ထဲမှာပိုက်ပြီး အဆက်မပြတ် ငိုကြွေးနေသတဲ့။ အဲ့ဒီအဖြစ်ကိုမြင်ပြီး မင်းသမီးလေးက တောသားလေးကို ကတိတစ်ခုပေးလိုက်လေသတဲ့။ " အသင်တောသား ကျွန်ုပ် ပစ်လိုက်သောမြှားချက်ကြောင့် သင်အရမ်းချစ်မြတ်နိုးရတဲ့ ယုန်လေး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ကျွန်ုပ်နဲ့ နန်းတော်ထဲကိုလိုက်ခဲ့ပါ။ ကျွန်ုပ် သင့်ရဲ့လိုအင်ဆန္ဒတွေအားလုံး ဖြည့်ဆီးပေးပါ့မယ်" ဆိုပြီး ကတိပေးကာ တောသားလေးကို နန်းတော်ထဲကို ခေါ်လာသတဲ့။
မင်းသမီးလေးဟာ သူ့ရဲ့ဖခင် ဘုရင်ကြီးကို အကြောင်းစုံရှင်းပြပြီး တောသားလေးရဲ့ လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆီးပေးဖို့ တောင်းဆိုသတဲ့။ ဒီလိုနဲ့ ဘုရင်ကြီးကလဲ သူ့ရဲ့သမီးတော်လေးကို အရမ်းချစ်မြတ်နိုးတာကြောင့် မင်းသမီးလေးပေးထားတဲ့ကတိ အတိုင်း တောသားလေးကိုထပ်ပြီးကတိပေးခဲ့ပါတယ်။
အဲ့ဒီတော့မှ တောသားလေးဟာ သူအရမ်းချစ်မြတ်နိုးတန်ဖိုးထားရတဲ့ ယုန်လေးအစား ဘုရင်ကြီးရဲ့သမီးတော် မင်းသမီးလေးကို အလိုရှိပါကြောင်း လျှောက်တင်လေတော့သည်။ တောသားလေးက သူ့ရဲ့ဆန္ဒကို လျှောက်တင်လိုက်သောအခါမှာတော့ မူးကြီးမတ်ရာတွေအားလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြတယ်။ တောသားလေးသည် ဘုရင်ကြီးကိုထပ်မံ လျှောက်တင်လေသည်။ အကျွန်ုပ်သည် မင်းသမီးလေးကို လက်ထပ်ပေါင်းသင်းလိုသောကြောင့် မဟုတ်ပါ။ သူရဲ့ယုန်လေးအစား သူအနားမှာ အဖော်အဖြစ်နဲ့သာ ရှိနေပေးရန်အတွက်သာဖြစ်ကြောင်း လျှောက်တင်လေသည်။ ဘုရင်ကြီးနဲ့သူ့ရဲ့သမီးတော် မင်းသမီးလေးတို့ဟာ သူတို့ကိုယ်တိုင် တောသားလေးတောင်းဆိုတာမှန်သမျှကို ဖြည့်ဆီးပေးပါမယ်လို့ ကတိခဲ့သောကြောင့် " မင်းမှာ သစ္စာ၊ လူမှာ ကတိ " ဆိုတဲ့စကား အတိုင်း တောသားလေးရဲ့ တောင်းဆိုမှုကို မငြင်းဆန်နိုင်ပဲ လိုက်လျောခဲ့ရတော့တယ်။ ။
Steemit ပေါ်က သူငယ်ချင်းများလုံးပဲ ဒါကတော့ ကျနော်အရမ်းချစ်သူလေးကို ကျနော်ကိုယ်တိုင်ရေးဆပ်ပြီးပြောပြခဲ့တဲ့ ပုံပြင်လေး အပိုင်း(၁) ပဲ ဖြစ်ပါတယ်။ တစ်နေ့တာ ပင်ပန်းခဲ့သမျှတွေအားလုံး မပြေပျောက်ရင်တောင်မှ တစ်နေ့တာ အမောလေးပြေမယ်ဆိုရင်ပဲ ကျနော်ကျေနပ်ပါတယ်။ ပုံပြင်လေးရဲ့ရည်ရွယ်ချက်ကတော့ လူတိုင်း၊ လူတိုင်း ကိုယ်ကိုတိုင်ပေးထားတဲ့ ကတိစကားတစ်ခွန်းကို လွယ်လွယ်မဖျက်ဆီးလိုက်ဖို့ ရည်ရွယ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်သူမှ ကိုယ့်ရဲ့ကိုယ်စား ကတိလာပေးမှာမဟုတ်ပါဘူး ကိုယ်ကိုတိုင် ပေးထားတဲ့ ကတိစကား ကိုတော့ တည်နိုင်အောင်ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
ကတိ၊ သစ္စာ တည်စေကာမူ နွယ်မြတ်သစ်ပင် ဆေးဖတ်ဝင်၏။ ဆိုတဲ့ ပုံပြင်လေးရဲ့ အပိုင်း(၂) ကိုတော့ နောက်ရက်ကျမှ ကျနော်ဆက်လက်တင်ပေးပါ့မယ်လို့ ပြောကြားရင်း ကျနော့်ရဲ့ပုံပြင်လေးကို ဒီမှာပဲ လက်စသတ်လိုက်ပါတယ်။
Steemit ပေါ်ကသူငယ်ချင်းများအားလုံး ဘဝအမောတွေပြေပြီး Steemit မှာ အမြန်ဆုံး အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
I LOVE STEEMIT.COM

Sort:  

အကိုရေ ပုံလေးတွေပါဝေဝေဆာဆာ ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ဟုတ်​ကဲ့ပါ

အကို​ရေဖိုက်​တင်းပါအား​ပေး​နေပါတယ်​ဗျ

Hello and welcome to the community. I followed you and would appreciate a follow back. I'm looking forward to see more posts! Have a great day and have fun. Welcome!

Please upvote, comment, resteem and follow @niteshbaniya
get back to back in touch for upvote

Coin Marketplace

STEEM 0.14
TRX 0.12
JST 0.025
BTC 54114.77
ETH 2331.62
USDT 1.00
SBD 2.13