သာယာသောကမ္ဘာကြီးအဖြစ်အလှဆင်ပါ

in #myanmar7 years ago

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီး၏အထက် မျက်နှာကြက်တွင် အေးချမ်းမှုဆောင် အပြာရောင် ဆေးသားများဖြင့် သဘာဝကြီးက ဖန်ဆင်းပေးထားလျက် ရှိနေခဲ့ပါသည်။ တောစဉ်တောင်တန်းလေးများရဲ့အထက် မညီမညာတည်ရှိတတ်တဲ့ စိမ်းလန်းနေသော သစ်တောကြီးဆိုရင်ဖြင့် မြနှင့်ကျောက်စိမ်း ပေါင်းစပ်ကာခင်းထားသည့် ကဗ္ပလာကြီးအလား စိမ်းလန်းစွာဖြင့်တည်ရှိနေပါသည်။ အေးချမ်းလတ်ဆတ်သည့် သဘာဝရဲ့လေကလေးနှင့်အတူ လိမ့်ကာလိမ့်ကာဖြင့် ကမ်းစပ်သို့တစ်လိမ့်ချင်းလိမ့်တက်လာသော လှိုင်းကလေးများရဲ့အစ မျက်စိတစ်ဆုံးကြည့်မဆုံးနိုင်သည့် ပင်လယ်ပြာပြာကြီးရဲ့ အလှသည်ကား တည်ငြိမ်အေးချမ်းလျက်တည်ရှိနေခဲ့သည်။
ဤကမ္ဘာမြေကြီးသည်ကား နေမင်းကြီးကိုခြံရံလျက်ရှိသည့် ဂြိုလ်ကြီးကိုးလုံးထဲတွင်လည်း ပါဝင်လျက်ရှိပါသည်။ ထိုဂြိုလ်များအားလုံးအနက် ကမ္ဘာမြေကြီးရဲ့ ကိုယ်ပိုင်အဆင်းရောင်သည်ကား တစ်မူထူးခြားလျက် အေးချမ်းသည့်သဏ္ဍာန်ဆောင် အပြာရောင်ခြယ်သလျက်ရှိနေသည်။ ကမ္ဘာကိုခြံရံလျက် ကပ်ပါလျက်ရှိသည့် လကမ္ဘာသည်လည်း လည်ပတ်လျက်ရှိနေခဲ့ပါသည်။ ထို့အတူ လကမ္ဘာလေးနှင့်အတူ ခြံရံလျက်တည်ရှိတတ်ကြသော ဥက္ကာခဲ(သို့မဟုတ်)ကြယ်ဂြိုလ်ကလေးများသည်လည်း သည်ကမ္ဘာကြီးအား ဝန်းရံခစားလျက်ရှိနေကြတော့သည်။
ထိုပြာလဲ့လဲ့ကမ္ဘာလေးကိုမှီကပ်လျက် တည်ရှိနေတတ်ကျသော လူသတ္တဝါအပါအဝင် တိရိစ္ဆာန်ကလေးများလည်း သူ့သဘာဝနှင့်သူ သည်ကမ္ဘာကြီးအား အားထားကာနေထိုင်ကြရသည်။ နံနက်ခင်းချိန်မှသည် စရ်ျ ညနေအချိန်ခါအထိ အလင်းရောင်ပေးစွမ်းလျက်ရှိသည့် နေမင်းကြီးသည်ကား သစ်ပင်များရှင်သန်နိုင်ရန်အတွက် နေရောင်အနွေးဓါတ်ကို ပေးစွမ်းလျက်ရှိနေခဲ့ပါသည်။ ညနေမိုးချုပ် ချိန်မှသည်စရ်ျ နံနက်အာရုဏ်တက်အချိန်ထိတိုင်အောင် အေးချမ်းသော လကလေး၏ ဖြူစင်သော အလင်းရောင်ကလေးအား ပေးစွမ်းလျက်ရှိနေပါတော့သည်။ အေးချမ်းသောလကလေး၏ မှိန်ဖျော့ဖျော့ အလင်းရောင်ကလေူနှင့်အတူ ကောင်းကင်ယံ၏အထက် မရေတွက်နိုင်သော ကြယ်ကလေးများသည်လည်း ညအခါသံလိုက်အိမ်မြှောင်မပါသော လူအများအား လမ်းပြပေးလျက်ရှိပါသည်။
သည်လောကသဘာဝတရားကြီးသည် မတူညီသောဆန့်ကျင်ဘက် အခြေနေနှစ်ခုကို ပေးစွမ်းလျက်ရှိပါသည်။ နေ့အချိန်လေးတည်ရှိသလို ညအချိန်လေးကလည်း ဒွန်တွဲလျက်ရှိသည်။ စိုစွတ်သောပင်လယ်ပြင်ကြီးတည်ရှိနေသလို ခြောက်သွေ့သောကန္တာရလည်းတည်ရှိလို့နေပါသည်။ ထို့နည်းတူစွာပင် မတူကွဲပြားသဘာဝတရားအတိုင်း ဖြစ်ပေါ်လျက်ရှိနေသော အဖိုရှိလျင် အမဆိုတာလည်းရှိပါသည်။ မီးဆိုသောအပူဓါတ်ကလေးရှိသလိုလည်း ရေဆိုသောအအေးဓါတ်ကလေး လည်းသည်ကမ္ဘာပေါ်တွင် ဖြစ်တည်လျက် ရှိနေခဲ့ပါသည်။
သည်ကမ္ဘာမြေကြီးအား အမှီပြုလျက်နေထိုင်တတ်ကြသော ပုံသဏ္ဍာန်အမျိုးမျိုးနှင့် သက်ရှိသတ္တဝါများသည် သူ့သဘာဝနှင့်သူ အသက်ရှင်သန်ရေးအတွက် နေထိုင်လျက်ရှိကြပါသည်။ထိုသတ္တဝါအားလုံးတို့အထဲတွင် လူဆိုသော သတ္တဝါသည် အသိဥာဏ်အရှိဆုံးသော သတ္တဝါဖြစ်ပါသည်။ ခေတ်အဆက်ဆက် လူသားတိုင်း၏ အသိဥာဏ်တိုးတက်မှုဖြင့် သည်ကမ္ဘာကြီးအား နည်းအမျိုးမျိုးဖြင့် ပြောင်းလဲလျက်ရှိရာ အကောင်းဆုံးအခြေအနေဘက်သို့ ဦးတည်လျက်ရှိသော ပြောင်းလဲမှုများရှိနေခဲ့သလို အဆိုးဆုံးသောပြောင်းလဲမှု အခြေနေများလည်းရှိနေလျက်ဖြစ်ပါသည်။
မတူညီသောပေါင်းစပ်မှုများ အတူယှဉ်တွဲလျက် တည်ရှိနေခဲ့သော သည်ကမ္ဘာမြေပေါ်တွင် ရုပ်အဆင်းသဏ္ဍာန်အမျိုးမျိုး နှင့်မတူကွဲပြားသော စိတ်ဓါတ်ပေါင်းမြောင်များစွာဖြင့် လောကကြီးကိုအလှဆင် အကျိုးပြုနေသူများရှိနေပါသော်လည်း ကမ္ဘာကြီးအား ဖျက်စီးအကျိုးယုတ်စေနိုင်သော လူသားများလည်းရှိနေကြပါသည်။ ထိုလောကကြီးနှင့်မိမိဝန်းကျင်ကို သာယာလှပအောင် ပြုလုပ်ကြသူများတို့သည် သစ်ပင်များစိုက်ပျိုးခြင်း ပတ်ဝန်းကျင်အေးချမ်းသာယာရေးအတွက် ကဏ္ဍအစုံမှလှုပ်ရှားဆောင်ရွက်ခြင်းများဖြင့် လူကောစိတ်ပိုင်းဆိုင်ရာဖြင့်ပါ အကျိုးပြုလှုပ်ရှားလျှက် အများအကျိုးအတွက် ဆောင်ရွတ်တတ်ကြပါသည်။
ထိုသို့သည်ကမ္ဘာမြေကြီးသာယာစည်ပြောအောင် နည်းလမ်းမျိုးမျိုးဖြင့် ဆောင်ရွက်နေကြပါသော်လည်း သည်ကမ္ဘာကြီးအား အကျိုးယုတ်ဖျက်စီးနေသောလူများမှာလည်း မိမိကိုယ်ကျိုးအတွက် အစဉ်တစိုက်လုပ်ကိုင်လျှက် တစတစ နှင့်သည်ကမ္ဘာကြီးပျက်စီးစေသော လမ်းကြောင်းများကို လုပ်ကိုင်လျှက်ကိုယ်ကြိုးအတွက် အများကိုနစ်နာစေလျှက်ရှိပါသည်။ အဓိကအားဖြင့် ရာသီဥတုအတွက် အစဉ်အမြဲ ထိန်းညှိပေးလျှက်ရှိသော သစ်ပင်ကြီးများကို ခုတ်ယူဖြိုလှဲကာ မိမိစီးပွားအတွက် နှစ်စဉ်တောများပြုန်းလျှက်ရှိနေပါသည်။ ထိုသစ်ပင်ကြီးများသည် လူများအတွက်အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အောက်ဆီဂျင်များကိုထုပ်လွှတ်လျှက် လူသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ထိန်းသိမ်းပေးလျှက်ရှိပါတော့သည်။
ထိုသစ်ပင်ကြီးများသည် ပူလောင်သောအချိန်အခါများတွင်လည်း လူသာများအေးချမ်းစေရေးအတွက် အေးချမ်းသောအရိပ်အာဝါသများလည်း ပေးစွမ်းလျှက်ရှိပါသည်။ ထို့အပြင် မုန်တိုင်းအန္တရာယ်များကိုလည်း ကြံ့ကြံ့ခံရ်ျလူသားများ အန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရွက်လျှက်ရှိနေပါသေးသည်။ ထိုသစ်ပင်များ၏ အကျိုးကျေးဇူးများသည်ကား တောင်များမပြိုစေရန်အတွက် သူ၏သစ်မြစ်ကြီးများဖြင့် တောင်ကြီးများ၏မြေလွှာများကိုလည်း ထိန်းသိမ်းပေးတတ်ပါသေးသည်။ထိုမျှမက ရေကြီးစေသာ သဘာဝဆိုးကြီးများကိုလည်း ထိန်းသိမ်းပေးတတ်ပါသေးသည်။ ထိုမျှမက ရာသီဥတုများကိုပင် မှန်ကန်အောင် သစ်ပင်များ၏စွမ်းဆောက်ချက်များမှာ ကြီးမားလှပေသည်။
ထိုသစ်ပင်များသည် လူသားများအတွက်ပင်သာမကပဲ တိရိစ္ဆာန်လေးများအတွက်လည်း အထူးပင်အကျိုးဖြစ်ထွန်းစေရ်ျ သည်ကမ္ဘာမြေကြီးအား သာယာစည်ပင်စေပါသည်။
"သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား"
ဟုဆိုသောစကားပုံလေးကို ကြည့်လျှင် လ|ူတိရိစ္ဆာန်|သတ္တဝါများအားလုံးအတွက် သစ်ပင်များ၏ကဏ္ဍသည် အထူးပင်အရေးပါလှပေသည်။ သစ်တစ်ပင်အား မှီခိုနေထိုင် စားသောက်နေရသော တိရိစ္ဆာန်လေးများအတွက်သည်သစ်ပင်ကြီးက သဘာဝရဲ့ အိမ်လေးအဖြစ် ဖြစ်တည်လျှက် သည်ကမ္ဘာမြေကြီးအတွက် သာယာအလှဆင်လျှက်ရှိနေပါတော့သည်။
သည်လိုလှပသာယာနေသော ကမ္ဘာမြေကြီးအား အလှအပတရားတွေပျက်စီးရန်အလို့ငှာ ဖျက်စီးနေကြသောသတ္တဝါများအားလုံးထဲတွင် လူဆိုသောအသိဥာဏ်ရှိဆုံးသော သတ္တဝါများသည် မတူညီကွဲပြားသောစိတ်ရှိသော လူများကသည်ကမ္ဘာကြီးအား မိမိကောင်းစားရေးအတွက် ဖျက်စီးလျှက်ရှိပါသည်။ ထိုဖျက်စီးမှုများကြောင့်ပင် နှစ်စဉ်ရေလွှမ်းမိုးခြင်း ရာသီဥတုဖောက်ပြန်ခြင်း ကျေးငှက်တိရိစ္ဆာန်များရှားပါးလာခြင်း တောင်ပြိုခြင်းများ လေမုန်တိုင်းဒါဏ်အန္တရာယ်နှင့် တခြားသောဖောက်ပြန်မှုများကြုံတွေ့လျှက် ခံစားနေရပါတော့သည်။ ရာသီဥတုအပူဒါဏ်လည်း ဆိုးရွှားစွာခံစားရသည့်အပြင် နေရောင်ခြည်မှထွက်လာသော ခရမ်းလွန်ရောင်ခြည်များကြောင့် အသားအရေအတွက်အထူးပင် အန္တရာယ်ဖြစ်လျှက်ရှိနေပါတော့သည်။
ထိုသစ်ပင်ကြီးများ၏ အကျိုးကျေးဇူးများသည်ကား ပြောစရာမကုန်အောင်များပြားလှပေသည်။ လူတစ်ခြို့၏ လောဘများကြောင့် ထိုလောဘအပူများကို ကျွန်တော်တို့ အပါအဝင်လူသားအများစု ခံစားနေရသည်မှာ လက်တွေ့ပင်ဖြစ်ပါသည်။ သစ်တစ်ပင် ကြီးထွားအောင်မြင်စေဖို့အတွက် နှစ်ပေါင်းမြောက်များစွာ ကြာမြင့်ပါသော်လည်း ထိုသစ်ပင်အား ခုတ်ယူဖျက်စီးသည့်အချိန်လေးမှာလတစ်ရက်ပင်မကြာလိုက်ပါ။ ထို့ကြောင့်သည်ကမ္ဘာကြီးသာယာအေးချမ်းလှပရေးအတွက် ကျွန်တော်တို့ လူသားအားလုံးတိုင်းတွင် အထူးပင်တာန်ရှိလှပါသည်။နှစ်ပေါင်းမြောက်များစွာစောင့်ဆိုင်ရ်ျ ကြီးထွားဖြစ်ပေါ်လာသောသစ်ပင်ကြီးများအား သဘာဝအတွက် မခုတ်ယူရန် အထူးပင်အရေးကြီးလှပါပေသည်။
ထို့ကြောင့်သည်ကမ္ဘာမြေကြီး စိမ်းလန်းသာယာလှပဖို့အရေးသည် ကျွန်တော်တို့လူသားတိုင်း၏ အရေးကြီးသောကဏ္ဍတစ်ရပ်အဖြစ် အထူးပင်ရှိလှပေသည်။ နှစ်ပေါင်းများစွာမှ ဖြစ်ပေါ်လာသော သဘာဝသစ်ပင်ကြီးများအား တစ်ခဏဆိုသော အချိန်တိုလေးတစ်ခုအတွင်းမှာ မခုတ်ယူကြပါရန် သည်စာကလေးနှင့် အထူးပင်မေတ္တာပန်ကြား ရေးသားလိုက်ရပါတယ်။ သစ်ပင်ကြီးများ မရှိတော့ရ်ျ ခံစားရတော့မည့် အန္တရာယ်များကိုလည်း အထူးပင် တွေးတောစိတ်ပူလှပါသည်။ ထို့ကြောင့်ကျွန်တော်တို့လူသားတိုင်းအနေဖြင့် လဲကျသွားသောသစ်ပင်ကြီးများအတွက် အစားထိုးကာပြန်စိုက်ရင်း သည်ကမ္ဘာကြီးအတွက် အလှဆင်ရန် ကျွန်တော်တို့အတွက် အထူးတာဝန်တရပ်ပင် ဖြစ်ပါကြောင်း အသိပေးရင်း အဆုံးသတ်ပါရစေခင်ဗျာ။
image
MSC 086

Sort:  

ကောင်းပါတယ်​ ညီ​လေး

ဟုတ်ကျေးဇူးပါအကို

စိတ်ကူးကောင်းတယ်နော်

ဒီလိုပါပဲအကိုစိတ်ထဲဖြစ်ပေါ်လာတာလေးကိုရေးထားတာပါ

ကောင်းတယိအကို

ဟုတ်ကျေးဇူးပါအကို

စိတ်​ကူး​ကောင်းချက်

အ​ရေးသား​လေး​ကောင်​လှပါလားစိတ်​ကူး​လေးအရမ်း​ကောင်းတယ်

ကျေးဇူးတင်ပါတယ်ဘုရား

Congratulations @kowinnhtunn! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

tahnk for award

Good Post
စိမ်းစို​နေတဲ့ပုံကိုမြင်​လိုက်​တာ​အေးချမ်းသွားပါသည်​။thank for photo

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59139.97
ETH 2676.50
USDT 1.00
SBD 2.44