Electrical Tool set

in #myanmar6 years ago

Made in china ဆိုတိုင်းလဲ ( ၁ )


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် လောက် က အမေရိကားရောက်ဖူး ပါတယ် ။ အဲဒီ မှာ ကျွန်တော်တို့ လူငယ် သဘာဝ လည်သာ jacket လိုချင်တော့ ကုန်တိုက် ကြီး super market ထဲ မှာ လိုက်ရှာ ကျတယ် ။ တွေ့ တော့ အကုန်လုံး က Made in china တွေ ချည်းပဲ ။ ကျွန်တော်တို့ လိုချင်တာ made in USA ဒါပေမဲ့ မရခဲ့ဖူး ။ဒါပေမဲ့ made in china ဆိုတာ ဘာလဲ မသိခဲ့ဖူး ။
နောက် မြန်မာပြည်မှာနေတော့ made in china တွေပဲ တွေ့ ရတယ် ။ ဈေးပေါ သလို အရည် အသွေး ကတော့ နိမ့်ပါတယ် ။ နောက်တော့ တရုပ်လုပ် တရက်စုတ် လို့ ပြောနေကျတယ် ။ ဘာလို့လဲ ။ကျန်တဲ့ နိုင်ငံတွေ က ဘာလို့ သုံးနေ ကျလဲ ။
အဖြေ ကတော့ အခုနောက်ပိုင်း သူငယ်ချင်းတယောက် က ပစ္စည်းတွေ သွင်းနေမှ ပဲ သိရတယ် ။ အဓိ ကကတော့ ဘယ် က ၀ယ်တယ်ဆိုတာပါပဲ ။ မြန်မာ ပြည်နယ်စပ် ကသွင်းရင် ဈေးပေါ ပြီး အရည် အသွေး မပြည့်တာ တွေ တွေ့ ရပါတယ် ။
တကယ် ကို Europe / America / Japan ပို့တဲ့ ပစ္စည်းတွေ ဆို ရင် စက်ရုံ ကတိုက်ရိုက် ၀ယ်ရင် ဈေးသက်သာ ပါတယ် ။ ပစ္စည်း အရည် အသွေးလဲ ကောင်းတယ် ။ အဲဒီ ပစ္စည်းတွေ ဆိုရင် ရောက်တဲ့ နိုင်ငံမှာဆိုရင်တော့ ဈေး က ကြီးသွားပါတယ် ။
ကျွန်တော် အခု လျပ်စစ် သမားတွေ သုံးတဲ့ screw driver set လေး တခု သွင်းဖို့ လုပ်နေပါတယ် ။ factory တိုက်ရိုက်ပါ ။ ကြား ကတော့ agent ခံ ရတာပေါ့ ။ online shopping တွေ ဖြစ်တဲ့ e-bay , amazon , Aliexpress တွေမှာ 16 to 18 US$ ရောင်းပါတယ် ။ အဲဒါ ကို ကျွန်တော် ဆီမှာ ၁၃၀၀၀ ကျပ် နဲ့ ရောင်းလို့ ရပါတယ် ။ Europe / America / Japan ပို့တဲ့ ပစ္စည်းပါပဲ ။ သူ့ အရေ အသွေး နဲ့ဆို တော်တော် ကောင်းပါတယ် ။
ပြောချင်တာ က China ပစ္စည်းတိုင်းလဲ မကောင်းတာ မဟုတ်ပါဖူး ။ ဘယ် က၀ယ်လဲဆိုတာ အရေးကြီး ပါတယ် ။
Safety နဲ့ ပတ်သက်တဲ့ လျပ်စစ် ပစ္စည်းတွေ ကိုလဲ Branded တွေပေါ့ ( Company ကြီးတွေ က China မှာ စက်ရုံတည်ပြီး ထုတ်တာတွေ ပါ - iPhone တွေလိုပေါ့ ) သွင်းပြီးရောင်ဖို့ စီစဉ်နေပါတယ် ။
ဥပမာ ELCB /RCBO လိုမျိုးဟာတွေပေါ့ ။ဈေး ချိုချိုနဲ့ ရောင်းရင် သက်သာရင် လူတွေ ၀ယ်နိုင် တပ်နိုင်မှာပါ ။ Schneider brand C 16 Amp 30 mA လို မျိုး ကို တသောင်းကျော်ကျော် နဲ့ ရောင်းနိုင်အောင် ကြိုးစားမှာပါ ။
ကျန်တဲ့ ကုန်ကျစရိတ်တွေ ဘာမှ မရှိတော့ technical ရတဲ့ ကျွန်တော်တို့ အဖို့ အဆင်ပြေပါတယ် ။ ဆိုင်ကြီးတွေ ဆို မရောင်း နိုင်ပါဖူး ။ ကျန်တဲ့ စရိတ်တွေ ရှိလို့ပါ ။ technical specification တွေ ကိုတော့ တဆင့်ခံ agent တွေနဲ့တော့ တော်တော် ပြောရတယ် ။နောက်ဆုံး စက်ရုံ က engineer တွေ အထိ ပြော မှာ လိုချင်တာ အဆင်ပြေပါတယ် ။
ဒီခောတ် ကြီးထဲ မှာ internet သုံးတတ်တာလဲ on-line ဈေးဝယ်တတ်တာ advance တခုပါပဲ ။
အားတဲ့ အချိန် ကိုယ်လဲ ပိုက်ဆံ ရ တိုက်ရိုက်ဖြန့တော့ ပြည် သူတွေလဲ quality မြင့် ပစ္စည်းတွေ ကို ဈေး သက်သက် သာသာ နဲ့ ရ။
Win-win situation လို့ မြင်ပါတယ် ။

image

ဖတ် ရူတဲ့ အတွက်ကျေးဇူးပါ
Kyaw Oo ( EI engineering )

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85