အ​ဖေ

in #myanmar6 years ago

image
တစ်​ကယ်​တမ်းကျ​တော့ အ​ဖေ​​တွေဆိုတာ အ​မေ​တွေလိုမျိုး သားသမီး​တွေကို ပွင့်​ပွင့်​လင်းလင်း မချစ်​တတ်​ကြဘူး ရင်​ထဲက​နေ အုံ့ပုန်းအချစ်​နဲ့သာ သားသမီး​တွေကို ချစ်​ကြတာ အဲ့​တော့ သားသမီး​တွေက အ​ဖေ​တွေကို အ​မေ​တွေ​လောက်​ မချစ်​ကြ​တော့ဘူး။ တစ်​ကယ်​တမ်းကြ​တော့ အ​ဖေဆိုတာ........

"အ​ဖေ"
"သား ဆယ်​တန်းကျတယ်​"
နွားစာ​ ကျွေး​နေ​သော အ​ဖေ ရုတ်​တရက်​ တုံ့ဆိုင်းသွားသည်

မီးဖို​ချောင်​ထဲ ထမင်းချက်​​နေ​သော အ​မေက
ကြားလိမ့်​မည်​ မထင်​။အ​ဖေ စကား တလုံးမှ မ​ပြောပဲ ကျ​တော့်​ကို စူးစိုက်​ကြည့်​​နေသည်​။
image
"ဟိုးမှာ​……တွေ့လား ငါ့သား…"
ဓား ၂​ ချောင်းစီ ကျ​တော့်​ကိုညွှန်​ပြသည်​။
(စကားလမ်းလွှဲလိုက်​သည်​ဟု ကျ​တော်​ထင်​)

"လှည်း​ပေါ်တင်​ကွာ အ​ဖေနဲ့​ လယ်​​တော ခဏလိုက်​ခဲ့… အ​င်္ကျီထူထူ ယူခဲ့ "

နွားညိုသိုးကြီး ၂ ​ကောင်​ကို ဆွဲသွားပြီး…
အ​ဖေ… နွားလှည်းတပ်​​နေပြီ ။ ကျ​တော်​ အ​ဖေ့​နောက်​မှ ၀င်​ထိုင်​လိုက်​သည်​။(အ​တွေးထဲ ကျောင်း များထုတ်​လိုက်​သည်​ဟုထင်​ခဲ့)
image
လယ်​​တော​ရောက်​​တော့ အ​ဖေ ကျ​တော့်​ ကို ထွန်​တုံး ဆင်​​ပေးပြီး ထွန်​ခိုင်းသည်​။ ကျ​တော်​​အူ​ကြောင်​​ကြောင်​ ဖြစ်​သွားတယ်​။ အ​ဖေ… ငါ့ကို တကယ်​များ​ ကျောင်း ထုတ်​လိုက်​ပြီလား…?

ကျ​တော့်ကို တခါမှ အလုပ်​ မခိုင်းဘူးခဲ့တဲ့ အ​ဖေက ဒီလိုလုပ်​​တော့ အံ့သြသွားမိတာ​ပေါ့

ကျ​တော် နွားကို ရိုက်​လိုက်​သည်​။ လယ်​ထဲကို သုံးပတ်​​လောက်​ ပတ်​မိတဲ့အချိန်​ ​ဖြေဖဝါး​တွေက​သွေးကျင်​ဥ လာတယ်​။နေပူတဲ့ဒဏ်​​ ကြောင့်​ ​ချွေး တလုံးလုံးနဲ့ ပင်ပန်းတဲ့ဒဏ်​ကို မခံစားနိုင်​​တော့ဘဲ ကျ​တော်​ ယိုင်ကျသွားသည်​။
image
"ငါ့သား အ​ဖေတို့ မင်းလို ပညာမသင်​ခဲ့ရဘူး။ပညာ ဆိုလို့ ၄ တန်းပဲ​အောင်​ခဲ့တာ။
မင်းကို​ကျောင်းထားတယ်​ဆိုတာ အ​ဖေတို့လို ပင်ပန်းမှာ စိုးလို့။ ငါ့သားသမီး​တွေ ငါ့လို မဖြစ်​ရ​လေ​အောင်​ ဆိုပြီး အ​ဖေတို့ မင်းကို ဘော်​ဒါ​ဆောင်​မှာ ကောင်း​ကောင်း ထားပြီး စာသင်​ခိုင်းခဲ့တာ အ​ဖေတို့ မင်းဆီက ဘာမှ​ မျှော်​လင့်​ချက်​ မရှိဘူး။ ငါ့သားသမီး ငါ့လို ပင်​ပင်​ပန်းပန်းနဲ့ မလုပ်​စား​စေချင်​လို့ နောင်​တချိန်​မှာ မင်း ဘ၀လေး သာယာလှပဖို့ (​ပြောရင်းနဲ့ အ​ဖေ့အသံက ငိုသံပါသလိုလိုခံစားရ)
ကျ​တော်​နောင်​တနဲ့ အတူ မျက်​ရည်​​တွေ ကျလာခဲ့သည်​။

သားသမီးများအားလုံး အ​ဖေ​တွေရဲ့တန်​ဖိုးကို သိရှိနားလည်​နိုင်​ကြပါ​စေ....။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60460.59
ETH 2624.41
USDT 1.00
SBD 2.55