WY ကောင်းကျိုးနှင့် ဆိုးကျိုး

in #myanmar6 years ago

image
WY ဆိုသည်နှင့် မကောင်းသောအကြောင်းရာများကိုပြေးမြင်မိမည်းဖြစ်ပါသည်
ဟုတ်ပါတယ် ဆိုးကျိုးလည်းများသလို ကောင်းကျိုးတစ်ချို့လည်းရှိပါသည်
ထိုကြောင့် ကောင်းကျိုးတစ်ချို့နဲ့ ဆိုးကျိုးများကိုလည်းတွဲ၍ဖော်ပြပေးသွားမည်
ကောင်းကျိုး
WY သုံးစွဲပြီးပါက တစ်နေကုန် အပူချိန်၄၀ဒီဂရီအပူချိန်က်ုအမှု့ဘဲ အလုပ်လုပ်နိုင်ခြင်း လေဖြန်းခြင်းရောဂါကို ယူပစ်သလို ချက်ခြင်းပျောက်ခြင်းစသောကောင်းကျိုးအနည်းငယ်သာရှိပါသည်
ဆိုးကျိုး
WYသုံးစွဲလာပါက အသားအရေများခြောက်ကပ်ခြင်း၊ မှတ်ဥာဏ်များလျော့နည်းလာခြင်း၊ သွားများတဖြည်းဖြည်းကြွေလာခြင်းများဖြစ်လာပါသည်။ သုံးစွဲများလာပါက ညဖက်မအိပ်ဘဲ ကြောင်တောင်တောင်ဖြစ်လာသည်ကိုလည်းတွေ့ရသည်။
ပြောပြီးသောစကားများကိုလည်း အကြိမ်ကြိမ်အခါခါပြန်ပြောလေ့ရှိသည်။ ပိုဆိုးသည်က မိမိကိုယ်ကိုသတ်သေခြင်းနှင့် သူတပါးကို လက်နှက်၊ဓား၊တုတ်များကိုင်၍ ရန်ရှာခြင်းများလည်းကြုံတွေ့ရသည်။ပတ်ဝန်းကျင်ကိုအန္တရာယ်ပြုလာသည်။ဆေးသုံးရန် ငွေမရှိပါက မိသားစု၊ မိဘများကိုပင် ရန်ပြုပြီး ငွေများတောင်းလာသည်။ ကျေးရွာတစ်ရွာတွင် ကြုံတွေခဲ့ရသော အဖြစ်အပျက်တစ်ခုကို အနည်းငယ် တင်ပြပေးပါမည်။ တစ်နေ့ ရွာတစ်ရွာတွင် လူတစ်ယောက်က အငွေ့များရှုရှိုက်သည်ကိုအားမရဘဲ အချိုရည်ဖြင့်ရောသောက်လိုက်ရာ စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ အရူးတစ်ယောက်ကဲ့သို့ဖြစ်ကာ ကိုယ်လုံးတည်းဖြင့် တင်ပခွေထိုင်၍ ဓားကိုအရှေ့မှာစိုက်ကာ မိတ္ဆာများရှင်းလင်းနေသည်ဟူ၍ သားများကိုမောင်းလွတ်ခြင်း မိသားစုတစ်စုအား လင်ဖြစ်သူကိုသတ်၍ မိန်းကိုကို ယူမည်ဟု ခြိမ်းခြောက်ခြင်း များဖြစ်ပွားခဲ့သည်။သားဖြစ်သူများကို ကြိုးတုတ်၍ ဆေးရုံကြီးသို့ခေါ်ဆောင်ကာ ဆေးဖြတ်ပေးပြီး ဆေးသုံးစွဲစဉ် သူ၏ အဖြစ်အပျက်ကိုပြောပြရာ သူ့၌ထိုကဲ့သို့ စိတ်ထားမျိုးမရှိကြောင်း ဆေးသုံးစွဲခြင်းကြောင့် စိတ်ရိုင်းများဝင်ကာ ပြောမိရာ ရှက်သောစိတ်ဖြင့် အပြင်ကိုမထွက်ဝံ့ပေ။ ထိုနောက် ပြောဆိုမိသောမိသားစုနားကိုသွား၍ အကြိမ်ကြိမ်တောင်းပန်က ဆေးလုံးဝမသုံးစွဲတော့ဟု ကတိက၀တ်ပြု၍ ဆေးကိုဖြတ်လိုက်လေသည်။ ဆေးပြတ်သောအခါတွင် ယခင်ကဲ့သို့ စိတ်ကျန်းမာရေး ၊ လူကျန်းမာရေးများ ချူခြာ၍ နေထိုင်ထိုင်မကောင်းဖြစ်နေသည်ကိုတွေ့ရသည်။ထိုကြောင့် မူးယစ်ဆေးဝါးသည် လိမ္မာသော လူများကိုပင် ရိုင်းစိုင်းစေသောကြောင့် မသုံးစွဲသင့်ကြောင်းတင်ပြအပ်ပါသည်ခင်ဗျား။
မှတ်ချက်။. ။အဖြစ်မှန်ဖြစ်သောကြောင့် ကျေးရွာအမည်နှင့် လူနာမည်များကို ထည့်သွင်းမထားခြင်းကို တောင်းပန်အပ်ပါသည်။
image
ဆေးသုံးစွဲနေပုံ
Author - kopyayko
Myanmar steemit
Photo from google

Sort:  

Keep voting work as a team

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64867.61
ETH 3451.61
USDT 1.00
SBD 2.55