လက်ဆောင်
မရေရာသော အတွေးများနှင့်
ဘေးစကားတွေကို နားစွင့်ရင်း လောကဇာတ်
ခုံပေါ်သို့ ကျွန်တော်ဖြန့်ဝဲကြည့်လိုက်တယ် ။
မညီညာသော လမ်းတွေပေါ်မှာ
အသောမတတ်နိုင်သော ခြေလှမ်းတွေနှင့်
လူတွေ… လူတွေ …
တစ်စစီ တိုးဝှေ့ ရွေ့လျားနေကြပြီလေ ။
ကိုယ်လည်းရွေ့လျားခြင်းပေါင်းများစွာနှင့်
တဖြေးဖြေးလျှောက်လှမ်းလာခဲ့တာ
ကိုယ့်ရဲ့အတိတ်ကပုံရိပ်တွေ ပြန်ဆန်းစစ်ကြည့်
မိတိုင်း သိပ်ဘဝင်မကျလှပါဘူး ။
( ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ကြည့်ခြင်းပေါ့ ) ။
လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး
ဝေဖန် ဆန်းစစ်ကြည့်သင့်ပါတယ်။
ဒါမှ လောက သဘာဝကပေးလာတဲ့
အကြောင်း အကျိုးအလှတရားတွေကို
ပိုမြင်နိုင်မယ်လို့ ကျွန်တော်ယူဆမိ ။
အကြောင်း အကျိုးဖြစ်တည်ခြင်းတွေမှာ
ရွေ့လျားခြင်းပေါင်းများစွာ ရှိနိုင်တာပေါ့ …
ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်
သက်ဝင်လှုပ်ရှားမှုတွေရဲ့ အသက်ရှုသံတွေ ။
ပေးဆပ်ခဲ့ရသော ချွေးပေါက်တွေ ။
အနာတရရှိခဲ့သော ခြေထောက်တွေ ။
နူးညံ့သော ပေါင်မုန့်တစ်လုံးကို
ကိုင်ဆောင်နိုင်ခဲ့သော လက်ဖဝါးတွေ။
မဖြစ်မနေ ဖေါ်ဆောင်ခဲ့ရသော
အနာဂတ်ရဲ့ ပန်ချီကားချပ်တွေ ။
ဝေဖန်ခဲ့ကြသော နှုတ်ခမ်းသားတွေ ။
ကဲ့ရဲ့ရှုတ်ချတတ်သော အပ်ခိုးများနဲ့ လူသားတွေ ။
စမ်းတဝါးဝါးနဲ့ မပီပြင်ခဲ့သော နေ့စွဲတွေ ။
ရင်ဆိုင်ကျော်လွှားခဲ့ရသော ရက်ပေါင်းတွေ ။
အစရှိသော ရွေ့လျားခြင်းပေါင်းများစွာနှင့်
အကြောင်း အကျိုး ကောင်းမွန်စေဖို့
ဓမ္မနှင့်အဓမ္မကို မခွဲခြားနိုင်ခဲ့သော
အတွေး အမြင်များနှင့် ကျွန်တော်တို့တွေဟာ
' အန္ဓဗာလ ' လူသားတစ်ယောက်
ဖြစ်နေကြပြီလား ။
အရာရာပြည့်စုံတယ်ဆိုပြီး
မော်ကြွားချင်ယောင်ဆောင်ထားတဲ့
အပြုံးတစ်ခုကို ကျွန်တော်ဥပေက္ခာပြုရင်း …
ကိုယ့်ကိုယ်ကို ရှင်းလင်းပီသအောင်
အဓိပ္ပါယ်သတ်မှတ်ဖို့အတွက် ကိုယ်ကိုယ်
တိုင်ပြန်ပြီး ဘယ်လိုရှုမြင်သုံးသပ်ရပါ့ ။
( အဲ့ဒီလို စိတ်ကူးမျိုး ခင်ဗျားတို့ တွေး
မိခဲ့ကြသလား ) ။
ကိုယ်ကိုယ်တိုင် ပြန်ပြီးရှု့မြင်သုံးသပ်တဲ့အခါ
အကောင်းဆုံးဖြစ်နေဖို့ ကိုယ်ဖြစ်စေချင်တဲ့
အဓိကကျတဲ့ပုံစံမျိုးကို ပုံဖော်မြင်ကြည့်လိုက်ပါ ။
' ငါက ဒီလိုလူမျိုး ဖြစ်ရမယ် ' ငါဟာ
ဟိုလိုလူမျိုးမဖြစ်စေရ ' ဘူးဆိုတဲ့ အတွေးမျိုးတွေ
တွေးထားရင် ကိုယ့်ကိုယ်ကို ရှင်းလင်းပီသတဲ့
လူသားတစ်ယောက်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုဖို့
ရပြီလို့ ကျွန်တော် ထင်မြင်မိပါတယ် ။
ကိုယ့်ရဲ့ သက်ဝင်လှုပ်ရှားမှု ရွေ့လျားခြင်းတွေက
ကိုယ်ပိုင်ဆိုင်ရမယ့် အကြောင်း အကျိုးတွေပါပဲ ။
ကိုယ်မလိုချင်ဘဲ ရောက်လာခဲ့သော
အပြစ်တစ်ခုကို ငြင်းဆန်နိုင်ဖို့ ကိုယ်က
အဓိပ္ပါယ်ရှိသော အကြောင်း အကျိုးတွေ
ချပြနိုင်ဖို့လိုအပ်ပါတယ် ။
ဒီအတွက် ကိုယ့်ကိုယ်ကို
ယုံကြည်ချက်တွေနဲ့ ရှေ့ဆက်လှမ်းကြပါ ။
အဓိပ္ပါယ်ရှိခဲ့သော လူသားဘဝတွေအတွက်
အဓိပ္ပါယ်ရှိသော ယုံကြည်ချက်တွေ
လုံးဝမစွန့်လွှတ်ကြပါနဲ့လို့ ကျွန်တော်
အနူးအညွတ်တောင်းပန် အားပေးရင်း …
" ကျွန်တော် ယုံကြည်တယ် ။ အခိုင်အမာပဲ ။
ကျွန်တော်ရေးသော စာတွေ … စာတွေ …
အလင်းရဲ့အဆုံးမှာ အမှောင်ရှိတယ်ဆိုရင်
အမှောင်ထုထဲမှာ ကျွန်တော့်ရဲ့ စာတွေ
ပျံ့ဝဲနေချင်တယ် လင်းလက်လာမယ့်
အရောင်ဝါ ရှိလာတဲ့အချိန်ထိ ။
တွေးခေါ်နိုင်စွမ်းရှိသော လူသားတွေအတွက်
ကျွန်တော်ရေးသော စာတွေဟာ
အတောက်ပဆုံး ကြယ်တစ်ပွင့် မဖြစ်ခဲ့ရင်တောင်
ခပ်မှိန်မှိန် ကြယ်ကလေးတော့
ဖြစ်စေချင်ပါရဲ့ …"
မှတ်ချက် = ကျွန်တော်၏ အတွေးမြင်များသာ
ဖြစ်ပါသည် ။
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC . 259
Image credit က ယူသုံးတဲ့ပုံတွေဆီ တန်းမတွေ့ရဘူးနော်..
တစ်ပုံချင်းရဲ့ link ကို ပေးရင် ပိုကောင်းပါမယ်။
poto free သုံးခွင့်ပေးတဲ့ pexels ထဲက ယူသုံးထား
တာပါ ကိုဟိန်း
ကဗျာတွေတော့ သိပ်မခံစားတတ်ပါဘူးဗျ။ အားပေးခဲ့ပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုစော
Wooo ကာရံလေးတွေ အရမ်းဂွတ်တယ်ဗျာ... 👍
ကိုလင်းတို့ရဲ့ အားပေးမှု ကျေးဇူးအလှတရားတွေ
ကြောင့်ပါခင်ဗျာ
ကဗျာေ၇းတာလဲ ကောင်းပါတယ်ဗျာ
ကဗျာရယ်တော့မဟုတ်ဘူး ကိုကြီး ညီလေးအတွေး
များကို ဦးစားပေးထာတယ် ဆိုပါတော့
စိတ်ကူးတွေကို အမြင်တစ်မျိုးနဲ့ရေးသားပြခြင်းပေါ့ဟုတ်
ဟုတ်တယ် ကိုမိုး ညီလေးအတွေးများကို အကောင်း
ဆုံးပုံစံတွေဖြစ်အောင် ကြိုးစားနေရပါတယ်
နောက်ဆုံးဆုတောင်းလေးကိုအရမ်းကြိုက်တယ်ဗျာ
အလိုအပ်ဆုံး ဘဝတူတွေပဲ ကိုယ်ချင်းစာပါတယ်
ကိုကိုမိုးဟိန်းရေ
wow ... very good poem !
Thank you so much
ကြယ်ကလေးတောက်ပပါစေ
ပေးတဲ့ဆုနဲ့ ပြည့်ရပါစေခင်ဗျ
ကောင်းတယ်ဗျာကြိုက်သွာပြီ
ခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ