အတောင်ပံ တစ်စုံ

in #myanmar8 years ago (edited)

adult-backlit-dawn-1106409.jpg

ခမ်းနားထည်ဝါသော ပြယုတ်တစ်ခု
မြင်ယောင်မိတဲ့ အာရုံတစ်ခုကလွဲလို့
စိတ်ကူးထဲမှာ ရှိနေဖို့မသေချာ ။

ဒါတောင် သူက လာလာဖမ်းစားနေတယ် ။

ခင်ဗျားတို့ပြောပြောနေတဲ့
စိတ်တူကိုယ်တူ ' လွမ်းခြင်း ' ဆိုတာ
ဘယ်လိုအကြောင်းအရာတွေကများ
အစပြုပါလိမ့်… ? ။

အပြာရောင် မျက်ဝန်းတွေကို လွမ်းခြင်း ။
ပန်းနုရောင် နှုတ်ခမ်းသားတွေကို လွမ်းခြင်း ။
ညှိုးငယ်နေသော မျက်နှာထုတွေကို လွမ်းခြင်း ။
ရီဝေနေသော အပြုံးတွေကို လွမ်းခြင်း ။
ချိုမြိန်သော စကားလုံးတွေကို လွမ်းခြင်း ။
ခါးသက်သက် နေ့ရက်များကို လွမ်းခြင်း ။
သူငယ်ချင်း လွမ်းဝေရဲ့ ကဗျာတွေကို လွမ်းခြင်း ။
' ရာဘင်နတ်တဂိုး ' ရဲ့
" ဒုက္ခနှင့်တခါကြုံတိုင်း ချစ်
သူလက်ကလေးကို တခါကိုင်ရပါလို၏"
ဆိုတဲ့ စာကြောင်းလေးကို လွမ်းခြင်း ။

အဲ့ဒီလို … အဲ့ဒီလို… မဆုံးနိုင်သော လွမ်းခြင်းတွေ
' ချင်ခြင်း ' တက်ရုံကလွဲလို့ ကျွန်တော့်ရဲ့
ကောင်းကင်ကြီးဟာ ညိုမှိုင်းမှိုင်းပေါ့ ။

beach-clouds-coast-1089850.jpg

" တငွေ့ငွေ့နဲ့ လောင်မြိုက်နေရတဲ့
ဝေဒနာ ' လွမ်းခြင်း' တွေ …
ဘယ်ဘက်ကို ဦးတည်ရမှန်းမသိ
ဝေခွဲရခက်နေတုန်းပါလား ။ ဆွံ့အတတ်သော
နှလုံးသားအစုံတွေ ။ သန်းခေါင်ယံမကျော်ခဲ့သော
အိပ်မက်ဆိုးတွေ ရှင်းပြဖို့ အနေသာသာ
လက်ကျန်အချိန်တွေကိုတောင်
မနည်းလုနေရတယ်

" ကျွန်တော်တို့တွေမှာ - ခံစားချက် ။ ခံစားမှု
ဆိုတာတွေ ကိုယ်စီရှိကြပါတယ် …

မှုန်ရီဝေဝါးနေသော ပိတ်ကားထက်က ဇာတ်ရုပ်တွေကို သင် ဘယ်လိုခံစားမလည်း ။
တိမ်ငွေ့တွေ အလူးအလိမ့်နဲ့ ဟိုး … အဝေးက
မှိုင်းညို့ညှို့တောင်တန်းတွေကို
သင် ဘယ်လိုခံစားကြည့်မလည်း ။
မပီပြင်သော အသံတွေ လွှင့်ထုတ်လိုက်တဲ့
ဓာတ်ပြားဟောင်း တေးသီချင်းတွေ
သင် ဘယ်လိုခံစားမလည်း ။
' မိုနာလီဇာ ' အပြုံး ကမ္ဘာကျော်သွားတယ်ဆိုတဲ့
ပန်ချီကားချပ်ကို သင် ဘယ်လို
ရှု့မြင်ခံစားကြည့်မလည်း ။

ကျွန်တော့်အတွက်တော့
ခံစားမှုတွေက ရိုးရှင်းပါတယ် ။ အရာအားလုံးကို
နေရာတကျ ( နေသားတကျ )
ခံစားပေးလိုက်ပါတယ်လေ ။

alone-boulders-idyllic-426893.jpg

" နေရောင်တွေ ဖြိုးဖြိုးဖြတ်ဖြတ် လင်းလက်လာဖို့ဆို
မစိုပြေသော မိုးသားတွေ
အဝေးရောက်ဖို့လိုတယ် ။ မတူညီသော ဘဝတွေ ။
မညီညာသော အလှတွေ ထပ်တူညီမျှဖို့ သိ ' မြင် ' ရှု့တတ်သော ခံစားမှု အလှတရားတွေ လိုတယ် ။ အနေအထားမတတ်သော ဘဝတွေ …
ဘဝတွေ … အရာအားလုံး ' ရောင်ရဲ ' တတ်
ဖို့လိုပြီလေ…"

မှတ်ချက်= ကျွန်တော်၏ အတွေးမြင်
များသာဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက်…

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC . 259

Sort:  

အတွေးအမြင်စာစု ကဗျာမှုပြုထားတာ ကောင်းပါတယ်...
MSC မှ ကဗျာကို promotion ပေးဖို့ ထည့်မထားပါဘူး။
သို့ပေမယ့် စာလုံးရေ များသည့်အတွက် လက်ခံပြီး ပေးလို့
ရမှာပါ... လူသစ်ဖြစ်နေတာလည်း တစ်ကြောင်းပေါ့...
နောက်အပတ်များတွင်တော့ ဒီထက်ကောင်းတာ မျှော်လင့်မိပါတယ်...
ဝါသနာတူမို့ ယခုလိုစာကဗျာတွေကိုတော့ အားပေးပါတယ်။

အကြောင်းရာက ရေးနေရင်း ရေနေရင်းနဲ့ ကဗျာလိုလို ဖြစ်သွားတယ်ဗျာ ညီလေးတောင်းပန်ပါတယ်ကိုဟိန်း အခုလိုထောက်ပြဝေဖန်ပေးတော့ ညီလေးပိုအ
ဆင်ပြေသွားရပါတယ် ကျေးဇူးပါဗျာ ကိုဟိန်း

စကားလုံးတွေကတော့ မိုက်တယ်ဗျာ ဒါပေမယ့် စာလုံးရေပြည့်မပြည့်စစ်ကြည့်ဦးနော်

ဟုတ်ကိုကြီး ညီလေးဂရုစိုက်ပါ့မယ် ကျေးဇူးဗျာ ကိုသားပေါက်

တော်ကီကောင်းမဲ့ ပုံရှိတယ်ဗျာ။ စာသားတွေကလန်းတယ်။

ဟာ ကိုထွေးကပြောလာပြီ မဟုတ်ရပါဘူးဗျာ ညီလေးက ရိုးရိုးလေးရေးကြည့်လိုက်တာပါ ကျေးဇူးပါဗျာ
ကိုထွေး

အရေးသားတွေက လန်းလှချည်လားညီရ
ကဗျာလိုလိုစာလိုလိုလေးပေါ့နော့
စာလုံးရေ တစ်ထောင်နီးပါးရအောင်တော့ရေးနော်ညီ
Proတင်တာမို့ပါ

ဟုတ်ကိုမိုး ညီးလေးဒီထက်ပိုကောင်းလာအောင် ကြိုး
စားပါ့မယ်ဗျ

စာစီ စာကုံး​လေး​တွေက ဖက်​လို့အရမ်း​ကောင်းပါတယ်

ဟုတ်ကဲ့ကိုလင်း နောက်လည်း ပိုဖတ်ကောင်းလာ
အောင် ညီလေးကြိုးစားနေပါတယ်ခင်ဗျ

အင်း အ​ရေးအသား​တော့မိုက်​တယ်​ ပုံ​လေးထည့်​ညှပ်​ရင်​ပို​ကောင်းမယ်​ထင်​တယ်

ဟုတ်ပိုပြီး ဂရုတစိုက် ရေးသားပုံဖော်ပါ့မယ်ဗျ
ကျေးဇူးပါခင်ဗျ

အို စာသားတွေက ကြွေလောက်တယ်

ကြွေတယ်ဆို တကယ်ကို လေးလေးနက်နက်တွေးခဲ့
ရတာပါညီလေး ကျေးဇူးပါခင်ဗျ

ကဗျာက ကောင်းလှချည်လားဗျာ

မလည်းကို မလဲလို့ သတ်ပုံလေး ပြင်စေချင်ပါတယ်

ဟုတ်ကိုကြီးစော နောက်ဆို ဂရုတစိုက် ကြိုးစားရေး
ပါ့မယ် ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးစော

ခံစားချက်တွေ ပြင်းထန်ခဲ့မဲ့ပုံမျိုးပဲဗျာ
အရေးကလည်းထိသဗျာ

တစ်ခါတရံတော့ အဲဒီလိုမျိုးဖြစ်သွားတယ် ကိုကိုမိုး
ဟိန်းရေ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.085
BTC 60266.77
ETH 1581.59
USDT 1.00
SBD 0.42